In the name of God,the compessionate blessing upon our prophet Mohammad

timothyMarch 8, 20111min670

ရောင် ရင်း တို့ရေ။

အဲဒါကတော့ Network of Free Ulema-Libya က ဘာသာရေးခေါင်းဆောင်များရဲ့ကြေငြာစာတမ်းပါ။

အာဏာရှင်ဂဒါဖီးကပြည်သူလူထုကိုဝေဟင်ကနေပြီးဒုံးကျည်လက်နက်များသုံး၊ဗုံးကျဲပြီးသတ်ဖြတ်နေတာ၊

သွေးသံရဲရဲနဲ့လူမြင်လို့မကောင်းပါဘူး။

အနောက်နိုင်ငံများ၊ကုလသမဂ်ဂတိုးကလဲလစ်ဗျားလေပိုင်နက်ထဲမှာအာဏာရှင်ရဲ့ဗုံးကြဲတိုက်လေယာဉ်များ၊

မပျံသန်းနိုင်အောင်လေကြောင်းပိတ်ဆို့မှုဥပဒေထုပ်ဘို့လုပ်နေရပြီ။

လူအများကိုရက်ရက်ရောရောသွေသံရဲရဲသတ်ဖြတ်နေတာဘယ်သူကကိုနဲ့မဆိုင်ဘူးဆိုပြီးလက်ပိုက်ကြည့်နေနိုင်မလဲ။

အာရပ်လိဂ်, Gulf Cooperation Council တို့က ဂဒါဖီးရဲ့သတ်ဖြတ်နေမှုများကိုပြင်းထန်စွာရှုံ့ချတဲ့အပြင်၊

Crime against Humanity လူသားတွေကိုသတ်ဖြတ်တဲ့ရာဇဝတ်သားဂဒါဖီးလို့ကြေငြာကြတယ်။

အဲဒါကို Free Ulema-Libya အဖွဲ့ကဘာသာရေးခေါင်းဆောင်ကြီးများကအိမ်နီးချင်းနိုင်ငံများကိုကျေးဇူးတင်ကြောင်း၊

ဆက်လက်ပြီးတော့လစ်ဗျားပြည်သူများရဲ့တော်လှန်ရေးကိုထောက်ခံကြဘို့လဲမေတ္တာရပ်ခံလိုက်ပြန်တယ်။

လူအများကြီးကိုအာဏာရှင်ကရက်ရက်စက်စက်သတ်ဖြတ်နေတာ၊

ပြည်သူလူထုကဒေါသ၊သတ္တိဗျတ္တိအပြည့်နဲ့အာဏာရှင်ကိုရရာလက်နက်ဆွဲပြီးတော်လှန်ကြတာ၊

လူသာမန်များကလဲတသက်မှတကိုယ်လက်နက်ကိုမမြင်ဘူးမထိဘူးသူတွေက၊

အခုတော့နိုင်ငံအတွက်အသက်ပေးပါရစေဆိုပြီး၊လက်နက်သင်တန်းစစ်သင်တန်းရက်တိုတက်ပြီးစစ်ထဲဝင်တော်င်္လန်တာတွေ၊

အဲဒါတွေကိုဘာသာရေးခေါင်းဆောင်များလဲခေါင်းရှောင်နေလို့မရတော့ပါဘူး။

ဘာသာအရားရဲ့သွန်သင်မှုကြောင့်မူစလင်စစ်သားများလဲကိုယ့်လူမျိုးမူစလင်များကိုရက်ရက်စက်စက်၊

မသတ်ရဲတော့ဘူး။မပြစ်ရဲတော့ဘူး။

စစ်တပ်အမျာအပြားလဲတော်လှန်သောပြည်သူလူထုရဲ့တရားသောစစ်၊အာဏာရှင်ဖြုတ်ချရေးမှာဝင်ပါလာကြပြီ။

ဘာသာအရားရဲ့သွန်သင်မှုကြီးမားသောဗမာပြည်မှာလဲစစ်သားများဟာအာဏာရှင်သန်းရွှေကိုစွန့်ခွါတဲ့နေ့မလွဲမသေရောက်လာမှာဘဲ။

ပြစ်ခတ်သေကြေကြတဲ့ပြည်သူလူထုကိုမထောက်ခံတဲ့သူဟာရူးသွတ်နေသောအာဏာရှင်ဘဲရှိပါတယ်။

ဂဒါဖီကအခုအာဏာကဆင်းပေးပါ့မယ်။သူနဲ့သူ့မိသားစုရဲ့လုံခြုံရေး၊စီးစိမ်ချမ်းသာမှုတွေကိုတော့လွတ်လပ်ခွင့်ပေးဘို့၊

တော်လှန်သောလစ်ဗျားယာယီအစိုးရအဖွဲ့ကိုတောင်းပန်နေပြီလို့နောက်ဆုံးသတင်းထွက်နေပြီ။

ဒါကိုတော်လှန်သောပြည်သူလူထုကပယ်ချလိုက်တယ်။

ဂဒါဖီးတယောက်တော့ဟစ်တလာ့လမ်းစဉ်လိုက်ရတော့မယ်။

သူ့အတွက်အချိန်နှောင်းသွားရှာပြီ။သူအသေဆိုးနဲ့သေပြီးတဲ့နောက်သူ့မိသားစုရဲ့ကံကြမ္မာကတော့မတွေးဝင့်စရာအြဖြစ်လို့ဘဲပြောပါရစေ။

ဗိုလ်သန်းရွှေလဲဂဒါဖီးနဲ့မိသားစုရဲ့မလှမပဇာတ်သိမ်းခန်းကိုရင်လှိုက်သဲဖိုရှုစားရင်း၊

ငါဘယ်လမ်းလိုက်မလဲ၊ငါ့ချစ်လှစွာသောကြိုင်ကြိုင်နဲ့မိသားစုငါ့မိုက်တွင်းနက်မှုတွေကြောင့်ရေနက်ထဲနစ်ကိန်းဘဲ။

စာဖတ်သူများလဲဘယ်လိုမြင်ပါလဲ။