ကျွန်တော်ဒီတခါပြောပြချင်တာ က ၅၁ အကြောင်းပါ

၅၁ ဆိုလို့၂လုံးပေါက်ဂဏန်းပေးတယ်ထင်ပြီးနက်ဖန်

ပြေးထိုးလို့ကထိုးတဲ့သူတာဝန်နော် ဒါ၂လုံးဂဏန်းအကြောင်း

မဟုတ်ပါဖူး

ဒီရက်ပိုင်းရွာကလူတွေမန္တလေးစက်မှုဇုန်ကိုဆက်သွယ်ရန်

အကြောင်းကိစ္စကြီးငယ်ရှိလို့ဖုန်းဆက်ရင် ဖုန်းခေါ်သံ သံရှည်

မည်သံကြားရပေမဲ့ဖုန်းခေါ်လို့ရမှာမဟုတ်ပါဖူး

အကြောင်းကမန္တလေးစက်မှုဇုန်မှာတပ်ဆင်ပေးထားတဲ့

၅ နံပါတ်နဲ့စတဲ့ဖုန်းတွေနံပါတ်တွေပြောင်းကုန်လို့ပါပဲ

ပြောင်းတာက နဂိုလ်နံပါတ်ရဲ့အရှေ့မှာ ၅၁ ကိုထည့်ခေါ်မှ

ခေါ်လို့ရမှာပါ

အကြောင်းစုံ

စုံစမ်းကြည့်လိုက်ရာ စက်မှုဇုန်တွင်ချထားပေးသောဖုန်းများ

နံပါတ်ပြောင်းရန်ဖုန်းဖြင့်ဆက်သွယ်ပြောဆိုလာတယ်လို့ဆို

ပါတယ် ဖုန်းပိုင်ရှင်များကိုဆက်သွယ်ရေးကရုံးသို့ခေါ်ယူပြီး

၁၅၀၀၀၀ သွင်းခိုင်းကြောင်း ဘယ်နေ့တွင်ပြောင်းမည် ဘာနံပါတ်ပြောင်းမည်မပြောလိုက်ကြောင်း

စက်မှုဖုန်းများခေါ်ဆိုမရ၍အချင်းချင်းပြောဆိုရာမှ

နံပါတ်ပြောင်းသွားပြီဖြစ်ကြောင်း နဂိုလ်နံပါတ်ရှေ့မှ ၅၁ နံပါတ်ကိုအရင်ရိုက်ရကြောင်း

ဥပမာ နဂိုလ်၅၀၀၀၀ နံပါတ်ကိုရှေ့မှ၅၁ ခံ၍ ၅၁၅၀၀၀၀

ဟုခေါ်ဆိုမှရကြောင်း

စက်မှုနယ်မြေမှလူများကဖုန်းနံပါတ်ပြောင်းရာပိုက်ဆံပေး

ရ၍စိတ်မရှင်းဖြစ်ရကြောင်း ၈၀၀ ဖုန်းများ၀၂ မှ၀၉ပြောင်းရာ

ပိုက်ဆံလုံးဝမပေးရပဲစက်မှုဖုန်းများနံပါတ်ပြောင်းမှပိုက်ဆံ

၁၅၀၀၀၀သွင်းရကြောင်း ပိုက်ဆံသွင်းရန်ရုံးသို့ဖုန်းခေါ်ပြီး

လာခိုင်းကြောင်း နံပါတ်ပြောင်းပြီးစတင်သည့်နေ့ကျတော့

အဘယ်ကြောင့်ဖုန်းဖြင့်ပြန်လည်းအကြောင်းမကြားပေးသည်

ကိုမသိရကြောင်း တဦးချင်းအကြောင်းမကြားနိုင်လျှင်

မန္တလေးသတင်းစာများမှသတင်းအဖြစ်ဖော်ပြလျှင်လည်းဖြစ်

ကြောင်းစသဖြင့်ပြောဆိုနေကြကြောင်းပါခင်ဗျာ

 

 

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)