ပြတ်တောက် သွားသည့် လက်ချောင်း များကို ခြေညှိုးဖြင့် ပြန်လည် အစားထိုး ပေးနေ

BayoteApril 26, 20101min711

အကြောင်း အမျိုးမျိုး ကြောင့် ပြတ်တောက် သွားသည့် လက်မ အပါအဝင် လက်ချောင်း များကို ခြေညှိုးဖြင့် ပြန်လည် ဆက်ပေ းနေပြီး ကုသမှု ၁ဝ နှစ်တာကာလ အတွင်း လူနာ ၁၂ ယောက် ကုသပေးပြီး ဖြစ်ကြောင်း ရန်ကုန် အရိုး ရောဂါ အထူးကု ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ် ကုသမှုဆောင် မှ သတင်း ရရှိ ပါသည်။ ” မတော်တဆ ဖြစ်ပွားမှု၊ လုပ်ငန်းခွင် ထိခိုက်မှု အပါ အဝင် အကြောင်း အမျိုးမျိုးကြောင့် ပြတ်တောက် သွားတဲ့ လက်မ အပါအဝင် လက်ချောင်း တွေကို ခြေညှိုးနဲ့ အစားထိုး ကုသပေး နေပါတယ်။ လူတစ်ယောက် အတွက် လက်က လုပ်ငန်း တာဝန် ဆောင်ရွက်တဲ့ အခါမှာ အများကြီး အရေးပါတယ်၊ မွေးရာပါ ရရှိတဲ့ လူတစ်ယောက်ရဲ့ အရေးကြီး အင်္ဂါ အစိတ် အပိုင်းပါ။ လက်ပိုင်းဆိုင်ရာ အစားထိုး ကုသမှု ခံယူ လိုက်တဲ့ အတွက် သူတို့ ဆုံးရှုံး သွားတဲ့ လက်ရဲ့ အသုံးဝင်မှု စွမ်းအား တွေကို ပြန်လည် ရရှိ မှာပါ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တွဲဖက် ပါမောက္ခ၊ ထိခိုက် ဒဏ်ရာ နှင့် လက်ပိုင်း ဆိုင်ရာခွဲ စိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်မြင့်က ပြောကြား ခဲ့ပါသည်။

အဆိုပါ ကုထုံးသည် နိုင်ငံ တကာမှ နည်းပညာကို အခြေခံကာ မြန်မာ ပြည်တွင်း၌ ၂၀၀ဝ ပြည့်နှစ်မှ စတင် ကုသ ပေးနေကြောင်း သိရှိ ရပါသည်။ ” အသက် ၁၈ နှစ်က နေ အသက် ၆ဝ အတွင်း လူနာ တွေကို လက်ပိုင်း ဆိုင်ရာ အစားထိုး ခွဲစိတ် ကုသ ပေးနေ ပါတယ်။ ၁၉၇၃ ခုနှစ် လက်ပိုင်း ဆိုင်ရာ ခွဲစိတ်မှု ဌာနမှာ စတင်ခဲ့ ပါတယ်။ အဲဒီနောက် ၂၀၀ဝ ပြည့်နှစ်က စပြီး လက် အစားထိုး ခွဲစိတ် ကုသ ပေးခဲ့တာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အထိ ၁ဝ ယောက် ရှိခဲ့ပြီး လက်ရှိ အချိန်ထိ ၁၂ ယောက် ကုသ ပေးပြီး ပါပြီ။ လက် အစားထိုး ကုသမှု ခံယူ လိုက်တဲ့ အတွက် ပုံသဏ္ဍာန်ပျက် ယွင်းမှု မရှိဘဲ၊ လုပ်ငန်း တာဝန်တွေ ဆောင်ရွက် နိုင်ပါတယ်။ ကုန်ကျ စရိတ်ကလည်း သိပ် မကုန်ကျ ပါဘူး။ သက်ကြီးပိုင်း အရွယ် ကျတော့ အစား ထိုး ခွဲစိတ်ကုသမှု အချိန် ကြာနိုင်ပါ တယ်”ဟု အဆိုပါ ဆေးရုံမှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြခဲ့ ပါသည်။

”ကျွန်တော်က ၂၀၀ရ ခုနှစ်က နိုင်ငံခြားမှာ အလုပ် လုပ်ရင်း လုပ်ငန်း ခွင်မှာ လက်မ ပြတ်ခဲ့ ပါတယ်။ မလေးရှားမှာပဲ ခါးရိုးက အသား နဲ့ ပြန်ခွဲ စိတ်ပေးတာ မအောင်မြင် ခဲ့ဘူး။ ဒါကြောင့် အခု မြန်မာပြည် ပြန်လာပြီး အစားထိုး ကုသမှု ခံယူ ခဲ့တာ ပါ။ အခု အချိန် နှစ်လကျော်လ ာပါ ပြီ၊ သုံးလ ကျော်ရင် လက်ထဲမှာ ထည့်ထားတဲ့ စတီးချောင်း ထုတ် ပြီးရင် အလုပ် ပြန်လုပ် မှာပါ”ဟု ခွဲစိတ် ကုသမှု ခံယူခဲ့သူ ဦးမောင်မောင်စိုးက ပြောကြား ခဲ့ပါသည်။အစားထိုး ကုသမှု ခံယူခဲ့သူ ဦးညွန့်မောင် ကလည်း ”ကျွန်တော်က ငါးဖမ်း သင်္ဘောမှာ အလုပ် လုပ်ပါ တယ်။ အဲဒီမှ ာအလုပ်လုပ်ရင်း ထိခိုက်မှု တစ်ခုကြောင့် လက်ညှိုး အပါ အဝင် လက်လေးချောင်းလုံးပြတ် သွားခဲ့ ပါတယ်။ ဒါကြောင့် ဒီအရိုး ဆေးရုံကြီးမှာ လာရောက် ကုသ ခဲ့တာပါ။ အခု လက်ကို ပြန်အသုံးပြု နိုင်ဖို့အတွက် ခြေညိုးနဲ့ အစားထိုး ပေးထား ပါတယ်”ဟု ပြောပြ ခဲ့သည်။

လက်ပိုင်း ဆိုင်ရာ ခွဲစိတ် ကုသမှုကို ယေဘုယျ အားဖြင့် သွေးကြော ရောဂါ၊ ကျောက်ကပ် ရောဂါ၊ နှလုံး နှင့် ပတ်သက်သည့် ရောဂါများ၊ ဆီးချို စသည့် ရောဂါများ ရှိနေလျင် ၎င်း ရောဂါ များကို ထိန်းချုပ် ထားပြီးမှ ပြုလုပ် နိုင်ကြောင်း၊ ယင်း အစားထိုး ခွဲစိတ် ကုသ မှုသည် Microscope ကို အသုံး ပြု၍ ခွဲစိတ် ကုသ ရသော ပညာ (Microsurgery) ဟု ဆိုကြောင်း၊ ကမ္ဘာ့ နိုင်ငံ အချို့တွင် လက်ချောင်း ကလေးများ၊ လက်ကောက် ဝတ်မှ လက်မောင်းရင်း အထိ အကြောင်း အမျိုးမျိုး ကြောင့် ပြတ်တောက်မှု များကို အဆိုပါ Microsurgery နည်းပညာကို အသုံးပြု၍ ပြန်လည် ဆက်ပေး သည်မှာ ဆယ်စု နှစ်လေး စုပင် ကျော်လွန် ခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ ”မြန်မာနိုင်ငံမှာ လက်ပိုင်း ဆိုင်ရာ အစားထိုး ပေးနိုင်တာကို သိရှိသူ နည်းပါး နေသေး ပါတယ်။ ၂၀၀ဝ ပြည့်နှစ် ကနေ အခုချိန်ထိ ၁၂ ယောက်ပဲ ရှိသေး ပါတယ်။ ဒါ ကြောင့် အနယ်နယ် အရပ်ရပ်က အကြောင်းကြောင်းကြောင့် လက်ပြတ် ထားသူ တွေက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကနေ တစ်ဆင့် ရန်ကုန် အရိုး ဆေးရုံကြီး မှာ ကုသမှု ခံယူနိုင် ပါတယ်”ဟု ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကထိက၊ အရိုး အထူးကု ဆရာဝန် ဒေါက်တာ ကျော်ဇေယျက ရှင်းပြ ခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။

One comment

  • moethiha

    May 26, 2010 at 3:02 am

    ကောင်းလိုက်တာဗျာ။အလုပ်ကြမ်းသမားတွေအတွက်အဆင်ပြေတာပေါ့နော်။

Leave a Reply