ကြက်ဖကြီး ဘယ်လိုအော်

ဆူးMarch 13, 20111min19212

တနေ့မှာဥက ပေါက်စ ကြက် ပေါက်လေး က သူ့မိခင် ကြက်မကြီးကို မေးတယ်။

အမေ သားတို့ ဘယ်လို ဖြစ်လာကြတာလဲ။

ဒီတော့ မိခင် ကြက်မကြီးက.. နင့်တို့ အဖေ ပေါ့အေ.. တနေ့တနေ့ အရှက်မရှိ အိမ်ခေါင်ပေါ် တက်တက် အော်ပြီး ဥကြီးကြီးဥ ဆိုပြီး အော်တာ..

ငါလည်း ရှက်တာပေါ့.. တနေ့တနေ့ အော်နေတာ စိတ်ညစ်လိုက်တာလွန်ပါရော အဲလို ရှက်ရှက်နဲ့ သူကို အောက်ကနေ လှမ်းပြီးတော့ ပိရော ပိရော ဆိုပြီး ပြန်အော်တာပေါ့။

ဒီလိုနဲ့ မင်းတို့ အဖေ အော်လွန်းလို့ ငါ မင်းတို့ကို ဥထားတာ သားရဲ့။ ဒါကြောင့် မင်းတို့လည်း ဥက ပေါက်တာနဲ့ ကြားနေကြ စကား ဖြစ်တဲ့ ပိရော ပိရော လို့ ဝိုင်းအော်ကြတာပေါ့။


ကြက်ပေါက်လေး အတွေးများနေချိန်မှာ အမေ ကြက်မကြီးက.. လာပါ သားရယ် အစာကောင်းကောင်း ရှာစားကြမယ် လာလာ အတွေးမများနဲ့ အနောက်က မှီအောင် လိုက်ခဲ့ လို့ ခေါ်ပြီး ဆက်သွားကြတယ်။

ကြက်ပေါက်ကလေးကတော့ သူတတ်တဲ့ စကား တခွန်းကို ပြန်ပြောလိုက်ပါတယ်။ ပိရော ပိရော.. ဆိုပြီး နောက်ကနေ လိုက်သွားပါတယ်။

12 comments

  • unclegyi1974

    March 13, 2011 at 3:23 pm

    ဒါကြောင့်မို့လည်း ကြံကြံဖန်ဖန်ရန်ကုန်သူ
    သီချင်းဖြစ်လာတာပါ

  • bigbird

    March 13, 2011 at 3:32 pm

    ရွှေဘို သွားလို ့ အသားမဲပြီးပြန်လာတဲ့ရန်ကုန်သူကို ပြောတာလား
    အန်ကယ်ကြီး။..သနပ်ခါးတုံးတွေယူလာရင် လက်ဆောင်ပေးဖို ့မမေ့နဲ ့နော်.
    ရန်ကုန်သူဒေါ်ကြီးဆူးရေ…

  • ဆူး

    March 13, 2011 at 3:34 pm

    ဟီးဟီး.. အဲဒီ ပုံပြင်ကို သူများ ပြောတာ ကြားဖူးတာ ကြာပေါ့။ ဒီနေ့မှာ သေချာတွေးပြီး ပြန်ရေးပေးလိုက်တာ။ သူများ ကြံကြံဖန်ဖန် ပြောတာ မှတ်ထားပြီး ပြန်ပြောပြတာပါ။

  • shwe

    March 13, 2011 at 3:41 pm

    har har ။ဆူ။ ကတော့ ကြံကြံဖန်ဖန်

  • weiwei

    March 13, 2011 at 5:58 pm

    အခုခေတ်မှာတော့ ကြက်ဖကြီးလဲ ညဘက်မှာ တစ်ခါမက ခဏခဏ ဥကြီးကြီးဥ လို့ ထထအော်နေလို့ ကြက်မကြီးလဲ စိတ်ညစ်ပြီး အစားတွေချည်း ထထစားနေရတယ်တဲ့ … တစ်ရေးနိုးတိုင်း အစားထထစားလိုက်တာ အသားတွေအမြန်တိုးလို့ ဥတောင်မဥရသေးခင် ဟင်းအိုးထဲ ပေါက်ပါလေရော …

  • bigcat

    March 14, 2011 at 1:37 am

    ကြက်ဖကြီးက ဥကြီးကြီးဥလို့အော်၊ ကြက်မကြီးက ပိရောပိရောနဲ့ ကြာတော့ကုလားကြီးက နားညီးလာပြီး နှစ်ကောင်လုံးကို ဒန်ပေါက်အိုးထဲ ထည့်ချက်ပစ်ထည့်လိုက်သတဲ့။ အဲဒါကို သဂျီးကအားပါးတရစားပြီး ကုလားကြီးကို သဘာဝကျကျ ချက်တတ်တယ်ဆိုပြီး ချီးမွမ်းသတဲ့…

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 14, 2011 at 2:49 am

    ကြက်သားသားလေးတွေအော်တာတော့သိဘူး
    ကြက်ဖတွေအော်တာက
    ဆီများများ……….ထည့် …………………..
    အိုက်ဒီလိုအော်တော့ နောက်တစ်ကောင်က အားကျမခံ
    နူးနူးလေး..ပြုပ်……..
    အိုက်ဒလို

  • photwenty

    March 14, 2011 at 6:33 am

    ကြက်ဖကြီးကပြောတယ် “ဥကြီးကြီးဥ”တဲ.
    ကြက်မကြီးကပြန်ပြောတယ်ဗျ ” တော်ကလဲတော် ။ တော်ကလဲတော်” တဲ.
    အဲ.ဒီမှာ ကြက်သားလေးကပြောလိုက်သေးတယ် ” ဖေကြီး ပိကျိ” ဆိုပဲ

  • dream

    March 16, 2011 at 6:09 am

    ကြက်စကားနားလည်ကြတဲ့ ရွာသူရွာသားတွေပဲ 😛

  • cobra

    March 16, 2011 at 6:52 am

    ရွာထဲမှာစုံလင်တယ်နော်….
    ကြက်စကားတတ်တဲ့သူတွေလည်းရှိတာပဲ…
    နည်းနည်းလောက်သင်ပေးကြပါလား..။

  • naywoonni

    March 16, 2011 at 10:28 am

    မြွေဟောက်ကိုတော့ သင်ပေးရဲဘူးလေ………..

  • ဆူး

    March 16, 2011 at 1:51 pm

    ကြက်ဥ ဆိုတာ မြွေဟောက် အကြိုက်ပေါ့။
    အလုံးလိုက်ကို မြိုတာ.. ပြီးမှ အဖတ်တွေ ပြန်အန်ထုတ်တာ မြင်ဘူးတယ်။

Leave a Reply