ဘဝဆိုတာဘဝပါပဲ

manawphyulayMarch 13, 20111min662

အငိုနဲ့စ
လူ့ဘဝဝယ်
ကျင်လည်ဝန်းကျင်
ပျော်ရွှင်သမျှ
ကာလနီဂုံး
ငိုရဦးမည်။ တဲ့၊(အမည်မသိစာဆို)
နောက်တစ်ခုက-
ဘဝဆိုတာဧည့်သည်ပါ
လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး။
လာပြီးတော့နား ပြန်မသွားခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ကြ ပြုံးရယ်နဲ့ငို
မလိုဒေါသ လိုလောဘဖြင့်
ဘဝဇာတ်ခုံ ကကြိုးစုံအောင်
နေဝင်မိုးချုပ် သုတ်သုတ်နှင်ကာ
တို့လျင်ဧည့်သည်ပါတကား..။
မင်းကွန်းဆရာတော်ဘုရားကြီး
ပညာရှင်များက လူဘဝကို အမျိုးမျိုးဖွင့်ဆိုကြ၏။ ထိုတွင် မင်းကွန်းဆရာတော်ဘုရားကြီးကား “ဘဝဆိုတာဧည့်သည်ပါ´´ဟုဖွင့်ဆိုခဲ့ပါသည်။ သီတဂူဆရာတော်ကား “ဘဝဆိုတာအလုပ် လုပ်ခြင်းပါပဲ´´ဟုဖွင့်ဆိုခဲ့၏။ ဆရာတော်ကြီးများသည် မိမိတို့ဖွင့်ဆိုခဲ့ကြသည့်အတိုင်း လုပ်ဆောင်ခဲ့ကြ၏။ ဘဝနဲ့ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီး၏အမြင်ကား ဤသို့ဖြစ်ပါသည်—“ငါတို့ဖြစ်ရ၊ ဤလောကကာား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ ´´ဟုဖွင့်ဆိုခဲ့ပါသည်။ ဟုတ်ပါသည်။ မြတ်စွာဘုရားရှင်ကလည်း“လူ့ဘဝဆိုတာ ဒုက္ခနဲ့စတင်ပြီးဒုက္ခနဲ့အဆုံး သတ်ရတဲ့ဘဝတစ်ခုပါ´´မိန့်တော်မူခဲ့၏။ ဘဝနဲ့စပ်လျဉ်း၍ သင့်၏အမြင်ကိုလည်း သိချင်ပါသည်။ ကျွန်ုပ်၏အမြင်ကား–“ဘဝဆိုတာဘဝပါပဲကွာ´´ဟုသာ ပြောချင်ပါတော့သည်။

2 comments

  • bigbird

    March 13, 2011 at 2:57 pm

    ဘဝဆိုတာ ဘာလဲလို ့တွေးမယ့်အစား ဘဝဆိုတာ ဘယ်ကဖြစ်လာတာလဲလို့
    တွေးရင် ပိုကောင်းမယ်ထင်တယ် မနောရေ..
    တဏှာ ပစ္စယာ ဥပဒါနံ။ ဥပဒါန ပစ္စယာ ဘဝ။ ဘဝ ပစ္စယာ ဇာတိ။

  • bigcat

    March 14, 2011 at 1:44 am

    ငယ်ငယ်တုန်းက သူငယ်ချင်းတဦးပြောတာ ဘဝဆိုတာလေးမျိုးပဲရှိတယ်တဲ့။
    ၁။ ဘဝ ၂။ ဝဘ ၃။ ဘိ ၄။ဘွ
    ကြိုက်တာသာရွေးကြပေတော့…

Leave a Reply