အလုံမီးပွိုင့်မှာပါ မီးပွိုင့်မိနေတုန်း ကလေးလေး တစ်ယောက် သုံးတန်းကလေး အရွယ်လောက်ပေါ့  စံပယ်ပန်းလာရောင်းပါတယ် … ဒါနဲ့ သနားလို့ဆိုပြီး ၅၀၀ ဖိုး ၀ယ်ပြီး ပန်းကို မယူတော့ဘူးလို့ ပိုက်ဆံက မုန့်ဝယ်စားလိုက်လို့ပြောတော့ ကလေးလေးက ပြန်ပြောပါတယ် … ပန်းလေးယူသွားလိုက်ပါတဲ့ … ပန်းကိုမယူတော့ဘူး ပိုက်ဆံလည်းပြန်ပေးစရာ မလိုဘူးလို့ ထပ်ပြောလိုက်ပါတယ် … ကလေးလေးက ငိုမဲ့မဲ့နဲ့ပြောပါတယ် ။ ယူသွားလိုက်ပါအစ်မရယ်တဲ့ ။ ဘာလို့လဲလို့မေးလိုက်တော့ … သားတို့ကို ပန်းမကုန်ရင်ပြန်မလာနဲ့လို့ပြောထားလို့ပါတဲ့ … မီးပွိုင့်ကလည်း စိမ်းနေပြီဆိုတော့ ပန်းလေးကို ယူခဲ့လိုက်ပြီး ပန်လိုက်ပါတယ် … ကလေးလေး ကောင်မလေးတစ်ယောက်က ဟိုဘက်ကားလမ်းမှာရောင်းနေပါတယ် ။ ညဘက် ၇း၃၀ ၈ နာရီလောက်ပေါ့ … ကလေးလေးတွေ သနားပါတယ်နော် … ပန်းမကုန်သေးလို့ အိမ်မပြန်ရဲဘူး ငိုမဲ့မဲ့လေးနဲ့ … နောက်တစ်ခုက အလုံက Feel Garden မှာပါ မနက်စာသွားစားတာ ၇း၀၀ လောက်ပေါ့ .. ကလေးလေးတွေ သုံးလေးယောက်လောက် ရွှေပန်းရောင်းနေကြတာ ကျောင်းစိမ်းအကျီင်္လေးနဲ့  … သနားတာနဲ့ ခေါ်ပြီး ၀ယ်လိုက်တယ် ။ ၂၀၀ ဖိုး ပြီးတော့ မေးကြည့်လိုက်တယ် ဘယ်နှတန်းလဲလို့ … သားက ၇ တန်းပါတဲ့  ။ ကျောင်းမသွားဘူးလားလို့မေးတော့ ရောင်းပြီးရင် သွားမှာတဲ့ သားအဖေက ဆိုက်ကားနင်းတယ်လေ ပြီးရင် အဖေက ကျောင်းကိုလိုက်ပို့မှာတဲ့ … သမီးရဲ့ အစ်ကိုကလည်း ပန်းဘာလုပ်မှာလဲ ပြန်ပေးလိုက်ဆိုပြီး ၅၀၀ ပေးခဲ့လိုက်ပါတယ် ။  ဆင်းရဲတဲ့လူတွေကျတော့လည်း ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ကြရရှာတယ်နော် … တစ်လောကလုံးကို ချမ်းချမ်းသာသာဖြစ်စေချင်လိုက်တာနော် . . . လူသားအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းအပေါင်းမှ ကင်းကြပါစေ …

About မမလေး

has written 129 post in this Website..