ပန်းရောင်းတဲ့ကလေးလေး

မမေလးMarch 13, 20111min1426

အလုံမီးပွိုင့်မှာပါ မီးပွိုင့်မိနေတုန်း ကလေးလေး တစ်ယောက် သုံးတန်းကလေး အရွယ်လောက်ပေါ့  စံပယ်ပန်းလာရောင်းပါတယ် … ဒါနဲ့ သနားလို့ဆိုပြီး ၅၀ဝ ဖိုး ဝယ်ပြီး ပန်းကို မယူတော့ဘူးလို့ ပိုက်ဆံက မုန့်ဝယ်စားလိုက်လို့ပြောတော့ ကလေးလေးက ပြန်ပြောပါတယ် … ပန်းလေးယူသွားလိုက်ပါတဲ့ … ပန်းကိုမယူတော့ဘူး ပိုက်ဆံလည်းပြန်ပေးစရာ မလိုုဘူးလို့ ထပ်ပြောလိုက်ပါတယ် … ကလေးလေးက ငိုမဲ့မဲ့နဲ့ပြောပါတယ် ။ ယူသွားလိုက်ပါအစ်မရယ်တဲ့ ။ ဘာလို့လဲလို့မေးလိုက်တော့ … သားတို့ကို ပန်းမကုန်ရင်ပြန်မလာနဲ့လို့ပြောထားလို့ပါတဲ့ … မီးပွိုင့်ကလည်း စိမ်းနေပြီဆိုတော့ ပန်းလေးကို ယူခဲ့လိုက်ပြီး ပန်လိုက်ပါတယ် … ကလေးလေး ကောင်မလေးတစ်ယောက်က ဟိုဘက်ကားလမ်းမှာရောင်းနေပါတယ် ။ ညဘက် ရး၃ဝ ၈ နာရီလောက်ပေါ့ … ကလေးလေးတွေ သနားပါတယ်နော် … ပန်းမကုန်သေးလို့ အိမ်မပြန်ရဲဘူး ငိုမဲ့မဲ့လေးနဲ့ … နောက်တစ်ခုက အလုံက Feel Garden မှာပါ မနက်စာသွားစားတာ ရးဝဝ လောက်ပေါ့ .. ကလေးလေးတွေ သုံးလေးယောက်လောက် ရွှေပန်းရောင်းနေကြတာ ကျောင်းစိမ်းအကျီင်္လေးနဲ့  … သနားတာနဲ့ ခေါ်ပြီး ဝယ်လိုက်တယ် ။ ၂၀ဝ ဖိုး ပြီးတော့ မေးကြည့်လိုက်တယ် ဘယ်နှတန်းလဲလို့ … သားက ရ တန်းပါတဲ့  ။ ကျောင်းမသွားဘူးလားလို့မေးတော့ ရောင်းပြီးရင် သွားမှာတဲ့ သားအဖေက ဆိုက်ကားနင်းတယ်လေ ပြီးရင် အဖေက ကျောင်းကိုလိုက်ပို့မှာတဲ့ … သမီးရဲ့ အစ်ကိုကလည်း ပန်းဘာလုပ်မှာလဲ ပြန်ပေးလိုက်ဆိုပြီး ၅၀ဝ ပေးခဲ့လိုက်ပါတယ် ။  ဆင်းရဲတဲ့လူတွေကျတော့လည်း ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ကြရရှာတယ်နော် … တစ်လောကလုံးကို ချမ်းချမ်းသာသာဖြစ်စေချင်လိုက်တာနော် . . . လူသားအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းအပေါင်းမှ ကင်းကြပါစေ …

6 comments

  • bigbird

    March 13, 2011 at 3:27 pm

    တောင်းတဲ့ဆုနဲ ့ အမြန်ဆုံးပြည့်ပါစေ.Gong Zhu ရေ..

  • ဆူး

    March 13, 2011 at 3:33 pm

    ပန်းမကုန်ရင် အိမ်ပြန်နဲ့ ပြောတာ ဘယ်သူလဲ ဆိုတာကော မေးခဲ့ရဲ့လား။
    မိဘ အရင်းတွေကို အဲလောက် ကြောက်ကြရပါ့မလား။
    မင်းသမီးလေး တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေ။

  • unclegyi1974

    March 13, 2011 at 3:35 pm

    zhu ရေလောကမှာအမှန်အကန်တွေရှိသလို
    အကြံအဖန်တွေလည်းအများကြီးနော်
    မြတ်စွာဘုရားတောင်မှသတ္တဝါတွေကိုကုန်အောင်
    မချွတ်နိုင်ဖူး သူ့အကြောင်းနဲ့သူလာတဲ့သူတွေ
    ရှိတယ်လေ
    တကယ်ကံအကြောင်းမလှလို့လုပ်စားနေတဲ့ကလေး
    ဆိုအကြောင်းမဟုတ်ဖူး
    သူများခိုင်းစားနေတဲ့ကလေးဆိုပြီးရော

  • beez

    March 13, 2011 at 3:40 pm

    ခုလေးပဲ တွံတေးဘက်က ကျောင်းဝတ်စုံနဲ့ ကလေးလေးတယောက် တွေ့ခဲ့သေးတယ် ။ တပြည်လုံးတောင် မဟုတ်သေးဘူး ။ နီးစပ်ရာ စာရင်းကောက်ရင်တောင် .. ဒီလို ကလေးတွေ မနည်းဘူး ။ သွားရင်းလာရင်း စာရင်းကောက်ထားသင့်တယ် ။ ကိန်းဂဏန်း အချက်အလက်တွေက တချိန်ချိန် တနည်းနည်းနဲ့ တချို့အတွက် အထောက်အကူရလိမ့်မယ်။
    သူတို့လေးတွေရဲ့ အနာဂတ်ကိုလည်း ဝိုင်းစဉ်းစားပေးဖို့ ကူညီပေးဖို့ ဖြစ်ကောင်းတဲ့ အထောက်အကူပေါ့ ။

  • Gong Zhu

    March 13, 2011 at 3:44 pm

    အဲ့ဒါတော့ မသိဘူး မမဆူးရ မီးပွိုင့်မှာဆိုတော့လေ … ဒီနေ့ ကော်နက်ရှင်မဆိုးဘူးနော် … မနေ့ကတော်တော်ဆိုးတယ် … စကားမစပ်လေ ဂျပန်မှာရေကြီးတာ ကားတွေ ရေထဲမှာ မျောနေတာနှမြောစရာကြီးနော် … လူတွေလည်းသနားပါတယ် အိမ်ခေါင်မိုးပေါ်မှာ ဆံပင်တစ်ခေါင်းလုံးဖြူနေတဲ့ အဘိုးအိုက ငုတ်တုတ်လေးနဲ့ … ရင်ထဲမကောင်းဘူးနော် … ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေ မမဆူးနဲ့ ကိုငှက်ကြီး … ဝိုင်းဆုတောင်းပေးဦးနော် …

  • Gong Zhu

    March 13, 2011 at 4:04 pm

    စကားမစပ်ပြောပြရဦးမယ် … အဲ့ဒါဘာလမ်းမပါလိမ့် … သိပ်တောင်မမှတ်မိတော့ဘူး … အမှိုက်တွေပုံထားတာကို ကောင်လေးနှစ်ယောက် ၊ မိန်းမကြီးတစ်ယောက်က အမှိုက်ပုံထဲက ဘူးတွေထဲကဟာတွေကို ရှာစားနေတာ တွေ့ဖူးတယ် တော်တော်တော့ကြာပါပြီ … ပြီးတော့ ကောင်လေးနှစ်ယောက်ကတူတွေကို လိုက်စုတယ် … ဘာလုပ်ဖို့လဲတော့ မသိဘူး …

Leave a Reply