မျက်မမြင်ကျောင်းကလူတွေကိုုဘုရားမြတ်က အကန်းလိုု့မမိန့်ဘူး

venthuApril 26, 20101min962

ရဟန်းတို့…..
(1) စုံလုံးကန်းနေတဲ့လူ
(2)တစ်ဖက်ကန်းနေတဲ့လူ
(3)နှစ်ဖက်မြင်တဲ့လူ…. ဆိုပြီး
လောကမှာ ဒီလူသုံးယောက်ဟာ တကယ်ရှိကြတယ်

ရဟန်းတို့…….
(1)လူတစ်ချို့ဟာ မရသေးတဲ့ ချမ်းသာကြွယ်ဝမှု့တွေကို ရဖို့
ရပြီးသားချမ်းသာကြွယ်ဝမှု့တွေကို တိုးတက်များပြားအောင်ကြိုးစားဖို့
ဦးဏှောက်မရှီကြဘူး….၊
ကုသိုလ်အကုသိုလ်တရား -အပြစ်ရှိ အပြစ်မဲ့တရား-အယုတ်အမြတ်တရား-အမည်းအဖြူတရား-တွေကိုသိစွမ်းနိုင်တဲ့
ပညာမျက်လုံးလည်းမပါကြဘူး
အဲဒီလိုလူမျိုးကို အကဏ်းလူ လို့ ငါဘုရားသတ်မှတ်တော်မူတယ်….။

(သူဟာ ပစ္စည်းဥစ္စာတွေကိုရှာဖွေနိုင်တဲ့ဦးဏှောက်၊
ကုသို်လ်ကောင်းမှုု့ကိုသိစွမ်းနိုင်တဲ့အသိဉာဏ်မျက်လုံးမရှိတာကြောင့်
ဒီဘဝအတွက်ရော သံသရာအတွက်ပါ အရှုံးရနေတဲ့
ချောက်ကမ်းပါထဲက အမှောင်အကာဏ်းသမားဖြစ်တယ်)

ရဟန်းတို့…..
(2)တစ်ချို့လူတွေကျတော့ မရသေးတဲ့ ချမ်းသာကြွယ်ဝမှုတွေကိုဖော်ဆောင်ဖို့
ရပြီးသားချမ်းသာကြွယ်ဝမှု့တွေကို အခိုင်အခန့်တိုးတက်များပြားဖို့
ဦးဏှောက်ရှိတက်ကြတယ်။
ဒါပေမယ့်………. ကုသ်ိုလ်အကုသိုလ်တရား-အပြစ်ရှီအပြစ်မဲ့တရား-အယုတ်အမြတ်တရား-
အမည်းအဖြူတရားတွေကိုသိစွမ်းနိုင်တဲ့ ပညာမျက်လုံးကျတော့ သူ့မှာ ပါမလာဘူး
အဲဒီလို လူမျိုးကို တစ်ဖက်လပ်နေတဲ့ အကာဏ်း လူ အဖြစ် ငါဘုရားသတ်မှတ်တော်မူတယ်

(သူဟာ…. ကိုသ်ို်လ် အကုသိုလ် အဖြူအမည်း အယုတ်အမြတ် တရားတွေကိုဆုံးဖြတ်နိုင်စွမ်းတဲ့
ဉာဏ်မျက်လုံးမရှိတာကြောင့် တရားတဲံ့နည်းနဲ့ရော မတရားတဲ့ နည်းနဲ့ပါ ပစ္စည်းဥစ္စာတွေကို
ရှာဖွေလိမ့်မယ်၊
စဉ်းလဲ ကောက်ကျစ်မှု့သုုံးပြီးတော့လည်း ပိုက်ဆံတွေကိုရှာဖွေလိမ့်မယ်၊
ခို်းဆိုးတိုက်ခိုက်ပြီးတော့လည်းပိုက်ဆံရအောင်လုပ်လိမ့်မယ်၊
လိမ်လည်လှည့်ဖျားပြီးတော့လည်း ချမ်းသာအောင်လုပ်လိမ့်မယ်၊
ရလာတဲ့ ကြွယ်ဝမှုတွေနဲ့ ကာမဂုဏ်ခံစားဖို့အတွက်လည်း ကျွမ်းကျင်လိမ္မာတဲ့ အသင့်အနေထားလူဖြစ်လိမ့်မယ်၊
(အမှန်တရားကိုဆုံးဖြတ်နိုင်စွမ်းတဲ့ အသိတရားမှ သူ့မှာ မပါဘဲကို )
အဲဒါကြောင့် …..
ဒီဘဝကနေ သံသရာခရီးကိုထွက်ခွာ ရပြီဆိုတဲ့အခါ အကုသိုလ် ရိက္ခာတွေပဲ
သူ့မှ ာ အပြည့်အသိပ်ပါလာတယ်၊
သူဟာ… မီးထက်ပူတဲ့လောက်မြိုက်မှု့တွေနဲ့
အမှောင်ညတွေမှာညှော်နံ့တစ်သင်းသင်းထရတော့မယ့်တစ်ဖက်ကာဏ်းသမားဖြစ်တယ်..)

ရဟန်းတို့…….
(3)တစ်ချို့လူတွေကျတော့.. မရသေးတဲ့ပိုင်ဆိုင်ကြွယ်ဝမှု့တွေကိုဖွဲ့ဆည်းတည်ဆောက်ဖို့
တည်ဆောက်ပြီးသားပိုင်ဆိုင်ကြွယ်ဝမှု့တွေကိုလည်း အခိုင်အမာ များပြားဖို့ ဦးဏှောက်လည်းပါရှိကြတယ်
ကုသ်ိုလ် အကုသိုလ်-အပြစ်ရှိအပြစ်မဲ့-အယုတ်အမြတ်-အဖြူအမည်းတရားတွေကိုလည်း
ပညာမျက်လုံးနဲ့ထွင်းဖောက်သိစွမ်းနိုင်ကြတယ်.၊
အဲဒီလိုလူမျိုးကို မဇ္ဈိမပဋိပဒါလမ်းမပေါ်က စွမ်းရည်ပြည့်ဝတဲ့
နှစ်ဘက်ရလူအဖြစ် ငါဘုရားကျစ်ကျစ်လျစ်လျစ်ချီးမွမ်းတော်မူတယ်….၊

(သူဟာ……
တရားတဲံ့ချွေးပေါက်တွေနဲ့
ရင်းနီးတည်ဆောက်ခဲ့ရတဲ့ ပြည့်စုံဖြိုးမောက်မှု့တွေကို
ကိုယ်တိုင်လည်းသုံးစွဲတယ်
လောကအတွက်လည်း ထွန်းညှိထိန်လင်းပေးထားတယ်၊
မြင့်မြတ်တဲ့သမ္မာသင်္ကပ္ပနဲ့
စွန့်လွှတ်ပေးကမ်းခြင်းတိုက်ပွဲတွေမှာ ရဲရင့်ပြတ်သားတယ်..၊
သူဟာ သံသရာခရီးလမ်းမပေါ်မှာ…
လမင်းတစ်ထောင်လင်းတဲ့ညတွေကိုဖန်ဆင်းပြီး
ပန်းရနံ့တစ်သင်းသင်းနဲ့ နှစ်ဘက်လင်းလူသားဖြစ်တယ် ..၊)

ရဟန်းတို့…. စုံလုံးကန်းနေတဲ့လူ တစ်ဖက်ကာဏ်းလူတွေကိုဝေးဝေးကနေ ရှောင်လိုက်ကြ၊
(သင်တို့ မဖြစ်စေကြနဲ့)
နှစ်ဘက်ထက်တဲ့လူတော်လူမြတ်ကို ဦးညွတ်ဆည်းကပ်လိုက်ကြ..၊
(သင်တို့ကိုယ်တိုင်ဖြစ်အောင်ကြိုးစားကြ)

တိကင်္ဂုတ္တရ-ပါ-၁၂၆၊ ဋ္ဌ-၂-၉၆—-ပုဂ္ဂလဝဂ်-အန္ဓသုတ် ကိုစိတ်ကူးတည့်သလိုဘာသာပြန်ပါသည်
အားနည်းလစ်ဟာချက်တွေ့ရှီပါက ကျွန်တော့် အသိဉာဏ်၏အသူုံးမကျမှု့ဖြစ်ပါသည်
လွပ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှီပါသည်။

ဗန်သူ

2 comments

  • susunosuki

    April 26, 2010 at 3:49 pm

    မျက်လုံးနှစ်လုံး လုံးမြင်ဖို့ဆိုတာ တော်တော်ကြိုးစားရဦးမှာပဲ

  • kopauk mandalay

    April 27, 2010 at 4:21 pm

    မျက်လုံးမကောင်းလို. လောကကြီးကိုမမြင်ရတာထက်
    အသိဉာဏ်ကန်းနေလို. အမှန်ကိုမမြင်တာက
    ပိုလို.ဆိုးပါတယ်

Leave a Reply