ဖြူလွလွငွေရည်ကလေးများ
သစ်ရွက်ကလေးပေါ်တွဲလွဲခိုရင်း
မြေပြင်ကိုတစက်ချင်းဆင်း
နှင်းငိုချင်းချနေသလိုပါလား။
အလွမ်းတွေဝေနေတဲ.ဆောင်း
အဖြစ်ဟောင်းလေးတွေကိုသတိရအောင်၊
သူမို.မြင်သူလွမ်းအောင်လုပ်ရက်တယ်။
ဒီအကြောင်းပြန်ပြောင်းပြောပြတော.
သူပြန်ပြောတဲ.စကား
“‘ဒါဆန်းသလား သဘာဝပါ”တဲ.

ခဲံသားရောင်ကောင်းကင် ထက်က
မြေပြင်ကို အတင်းခုန်ဆင်းချင်ကြတဲ.မိုးရေစက်
သူငိုချက်ကတော.ရက်စက်တယ်
သစ်ရွယ်တွေတောင်မျက်ရည်စို.ပြန်သတဲ.
ဒီလိုလေးပြောပြ ပြန်တော.
သူပေးလိုက်တဲ.မှတ်ချက်
“ပေါရက်လိုက်တာ”တဲ.။

မနက်ခင်းထွက်တဲ.နေလုံးနီ
ညပြန်ဝင်တဲ.နုတ်ဆက်နေ
ကိုယ်စားချန်ထားခဲ.တဲ.ငွေလမင်း
ဖြည်းညင်းစွာသီချင်းဆိုရင်းစီးဆင်းတဲ.မြစ်မင်း
၇ွက်ကြွေနဲ.အတူအလွမ်းတွေကိုသယ်ယူတဲ.နွေလေပြင်း
ခပ်သင်းသင်းလေးမွေးတဲ.ပန်းရနံ.
ချစ်ခြင်းကိုသီကျူးတဲ.သီချင်းငှက်
သာယာသော အကြောင်းပေါင်းများစွာကိုတင်ဆက်တဲ.
ကျွန်တော်ကို စိတ်သိပ်ပျက်နေတဲ.ပုံနဲ.
သူကျနော်.ကိုအားပေးလိုက်ပုံက
ို ရိုဆိုကြော်ငြာမှာနေတိုးကိုမိုးဟေကို
နှာခေါင်းရုံ.ပြလိုက်တဲ.အတိုင်းပါဘဲ

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။