သဘာဝကိုချစ်တတ်အောင်ဘယ်လိုသင်ရပါ.

ဖြူလွလွငွေရည်ကလေးများ
သစ်ရွက်ကလေးပေါ်တွဲလွဲခိုရင်း
မြေပြင်ကိုတစက်ချင်းဆင်း
နှင်းငိုချင်းချနေသလိုပါလား။
အလွမ်းတွေဝေနေတဲ.ဆောင်း
အဖြစ်ဟောင်းလေးတွေကိုသတိရအောင်၊
သူမို.မြင်သူလွမ်းအောင်လုပ်ရက်တယ်။
ဒီအကြောင်းပြန်ပြောင်းပြောပြတော.
သူပြန်ပြောတဲ.စကား
“‘ဒါဆန်းသလား သဘာဝပါ”တဲ.

ခဲံသားရောင်ကောင်းကင် ထက်က
မြေပြင်ကို အတင်းခုန်ဆင်းချင်ကြတဲ.မိုးရေစက်
သူငိုချက်ကတော.ရက်စက်တယ်
သစ်ရွယ်တွေတောင်မျက်ရည်စို.ပြန်သတဲ.
ဒီလိုလေးပြောပြ ပြန်တော.
သူပေးလိုက်တဲ.မှတ်ချက်
“ပေါရက်လိုက်တာ”တဲ.။

မနက်ခင်းထွက်တဲ.နေလုံးနီ
ညပြန်ဝင်တဲ.နုတ်ဆက်နေ
ကိုယ်စားချန်ထားခဲ.တဲ.ငွေလမင်း
ဖြည်းညင်းစွာသီချင်းဆိုရင်းစီးဆင်းတဲ.မြစ်မင်း
ရွက်ကြွေနဲ.အတူအလွမ်းတွေကိုသယ်ယူတဲ.နွေလေပြင်း
ခပ်သင်းသင်းလေးမွေးတဲ.ပန်းရနံ.
ချစ်ခြင်းကိုသီကျူးတဲ.သီချင်းငှက်
သာယာသော အကြောင်းပေါင်းများစွာကိုတင်ဆက်တဲ.
ကျွန်တော်ကို စိတ်သိပ်ပျက်နေတဲ.ပုံနဲ.
သူကျနော်.ကိုအားပေးလိုက်ပုံက
ို ရိုဆိုကြော်ငြာမှာနေတိုးကိုမိုးဟေကို
နှာခေါင်းရုုံ.ပြလိုက်တဲ.အတိုင်းပါဘဲ

2 comments

  • susunosuki

    April 26, 2010 at 4:20 pm

    ကိုယ့်ဆရာက လိုင်းစုံပဲနော်

  • kopauk mandalay

    April 27, 2010 at 4:08 pm

    လိုင်းစုံတာမဟုတ်ပါဘူးညီရယ်
    ကိုယ်သိတာလေးတွေကို သူငယ်ချင်းချင်း ညီအကိုမောင်နှမချင်းအေးအေးလူလူ
    စကားစမြည်ပြောသလိုလေး သဘောထားပြီး စာတွေရေးပေးနေတာပါ ညီရေ။
    တတ်လို.တော.မဟုတ်ပါဘူး။
    ဝါသနာအရပါ။
    နောက်ပြီး စိတ်ထဲမှာ အတွေးတွေလှနေတုန်း ကျန်းမာရေးကောင်းနေတုန်း အချိန်လေးတွေအားနေလို.အဆင်ပြေနေတုန်း
    တွန်းရေးနေတာပါ။
    ကျနော်ရေးတဲ.စာတွေကို
    စစချင်း မြန်မာသူငယ်ချင်းများ
    နောက်တော. ထာဝရသူငယ်ချင်းများ အနာဂတ်အိမ်မက်များ အဖြူရောင်အချစ်များမှာရေးပါတယ်။
    နောက်တော. အခုမြန်မာဂေဇက်များကနေပြီးစာပို.တာနဲ.သင်္ကြန်အပြီးကစလို.ရေးဖြစ်ပါတယ်။
    ရေးနေအုန်းမှာပါ ညီရေ။

Leave a Reply