ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင် ၊

manawphyulayMarch 15, 20112min1653

1. သတိပေးချက် ၊
2. ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင် ၊
3. နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း ၊
4. ဂျပန်ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ အရေအတွက် ၁၀၀၀ဝ ကျော်လာနိုင် နျူစက်ရုံမှ ဓာတ်ရောင်ခြည် ပျံ့နှံ့နိုင်မှုနှင့် ထပ်မံပေါက်ကွဲမှု ဖြစ်မည်ကို စိုးရိမ်နေ ၊
5. ဂျပန်ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ သောင်းဂဏန်းအထိ ရှိနိုင် ၊
6. ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀ဝ နီးပါး ဘေးလွတ်ရာ တိမ်းရှောင် ၊
7. ငလျင်ကြောင့် ဂျပန် Fukushima အမှတ်-၁ ဓါတ်အားပေး စက်ရုံ နူကလီးယား သိုလှောင်ကန် တစ်ခု ပေါက်ကွဲ… ၊
8. Fukushima Nuclear လျှပ်စစ်ဓာတ်အားပေး စက်ရုံ အရေးပေါ် အခြေအနေ ၊
9. Breaking News — ဂျပန်ငလျင်ဘေးထိရာ ဒေသတွင် နူကလီးယား စက်ရုံတစ်ခု ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွါး၊ ဂျပန်နိုင်ငံမှ အပ ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်နေသော ဒေသတွင်းနိုင်ငံများက ဆူနာမိ သတိပေးချက်များအားလုံး ပြန်လည် ၊
10. ဂျပန် စု န မိ ငလျှင် ဒဏ်ကြောင့် ညူကလီးယား ဓတ်အားပေးစက်ရုံ ပေါက်ကွဲ ၊
11. ငလျင်ကြီး ၁၆ ခုအနက် ၁၅ ခုက ပိစိဖိတ် ဒေသမှ ဖြစ် ၊
12. Breaking News — ဂျပန်ငလျင်ဘေးထိရာ ဒေသတွင် မြန်မာလူမျိုးများ သေဆုံးသည့် သတင်းမကြားရသေး၊ နူကလီးယား စက်ရုံတစ်ခု ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွါး ၊

သတိပေးချက်

ဂျပန်နိုင်ငံFukumi နြူကလီယား စက်ရုံသည် ဒီနေ့ မနက် ၄း၃ဝ အချိန်တွေပေါက်ကွဲသွားပါသည် ။ ဒါကြောင့် အာရှနိုင်ငံများတွေအက်ဆစ်မိုးရွာနိုင်ခြေများစွာဖြစ်ပေါ်နေပါသည် ။ ဒီနေ့ ၊မနက်ဖြန် ၊ နောက်ရက်များတွင်မိုးရွာခဲ့ပါ က အပြင်မထွက်ကြရန် နှိုးဆော်အပ်ပါသည် ။
ထိုမိုးရေများသည် ရေဒီယိုအဆိပ်သင့်နေသည့်အက်ဆစ်မိုးရေများဖြစ်သောကြောင့် မိုးရေနှင့်ထိမိပါက အရေပြားများလောင်ကျွမ်းပျက်ဆီခြင်း ၊ ဆံပင်များကျွတ်ခြင်း ၊ ကင်ဆာရောဂါများကိုဖြစ်ပေါ်စေနိုင်ပါသည် ။
ထို့ကြောင့် မိုးရွာထဲတွင်မထွက်ကြရန်နှင့်
မလွှဲသာလို့ထွက်ရမယ်ဆိုလျှင် လုံခြုံစွာ မိုးကာဆောင်းပီးမှထွက်ကြရင် မိမိနဲ့နီးစပ်ရာကိုနှိုးဆောပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ…

ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင်

သုံးခွ- ဖလေးဘုရား

r- ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ရ ဒဿမ ၂ ရစ်ချ်စတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေသည်ဟု ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ်နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေးသော်လည်း ငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာနေကြောင်း၊ ၁၉၃ဝ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည် သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင်များက သတ်မှတ်ထားသဖြင့် အသေးစိတ် လေ့လာမှုကို ၂၀၀၂ – ၂၀၀၃ နှင့် ၂၀၀၈ – ၂၀၀၉ ခုနှစ်တို့တွင် ပြုလုုပ်ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆိုသည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာ ဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

“အခုချိန်မှာ အန္တရာယ် ရှိနေပြီလို့ ပြောလို့ရတယ်။ ပမာဏကြီးတဲ့ ငလျင်ကြီး မလှုပ်ရင်တောင် ပမာဏတစ်ခုခုနဲ့ ငလျင်လှုပ်နိုင်ခြေ ရှိတယ်။ အမြဲ သတိထားသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ ယင်းပြတ်ရွေ့တွင် ငလျင်ကြီး ဖြစ်ပေါ်ပါက ၎င်း၏ ဂယက်ကို ရန်ကုန်မြို့ပါ ခံစားရနိုင်မည် ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုသည်။ ရန်ကုန်မြို့၏ ငလျင်သဘာဝမှာ စိတ်မချရ၊ အသင့်အတင့် သွက်သည့် ငလျင်ရပ်ဝန်း အတွင်းတွင် တည်ရှိနေသဖြင့် မကြာခဏ ခံရမည် ဖြစ်သော်လည်း အင်အား မပြင်းထန်ကြောင်း ရန်ကုန် ဝန်းကျင်ကို ဗဟိုပြု၍ မကြာခဏ လှုပ်နေခြင်းကြောင့် ရန်ကုန်မြို့နံဘေး (ဝါ) မြို့အောက်တွင် အားနည်းသော မြေကြောတစ်ခု ရှိနေသည်ဟု ယူဆနိုင်ကြောင်း၊ ပဲခူးမြို့မှာမူ အလွန်သွက်သည့် ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည် ဖြစ်၍ ခံရလျှင် ရန်ကုန်ထက် ပိုနာတတ်ကြောင်း ပဲခူးတွင် ငလျင် ခပ်ပြင်းပြင်း ခံရသည်မှာ ၃၂ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသော ဦးမင်းထွေးနောင် (ပညာရေး) ရေးသည့် မြန်မာ့ငလျင် စာအုပ်တွင် ဖော်ပြထားသည်။

ယင်းပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၏ သဘောမှာ အကြမ်းဖျင်း နှစ် ၁၆ဝ အတွင်း တစ်ကျော့ပြန် ငလျင် ပြန်လှုပ်တက်သည့် ရာခိုင်နှုန်း များသည်ဟု ဆိုသည်။ သုံးခွမြို့ ၉ ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ငယ်စဉ်မှစ၍ ယခု ၃၅ နှစ်အထိ သုံးခွတွင် ငလျင်ပြတ်ရွေ့ ရှိသည်ကို လူကြီးသူမများ ပြောသည်ကိုလည်း မကြားမိကြောင်း လွန်ခဲ့သော ၁၅ နှစ်ခန့်က ငလျင်အနည်းငယ် လှုပ်သောကြောင့် သုံးခွမြို့နယ် ဘုရားကြီးကျေးရွာမှ ဘုရားကြီး ဘုရားထီးတော် ဆောင်းသွားသည်ကိုသာ သိရှိကြောင်း သုံးခွ မြို့သူမြို့သားတို့၏ စကားထဲတွင် ငလျင်ဆိုသည့် ဝေါဟာရကို ပြောလေ့ပြောထ မရှိသည်မှာ သေချာကြောင်း ပြောသည်။ သုံးခွမြို့ပေါ်မှ အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက လွန်ခဲ့သော ၃၅ နှစ်ခန့်က အတန်အသင့်ပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသော်လည်း ပျက်စီးသေဆုံးမှု မရှိဟု ဆိုသည်။

“မနှစ်က ရန်ကုန်နဲ့ ပဲခူးမှာ ငလျင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဝပ်ရှော့တွေ လုပ်ခဲ့တယ်။ သုံးခွတို့လို မြို့တွေအထိတော့ မလုပ်နိုင်သေးဘူး။ အန္တရာယ်ဇုန် အတွင်းက မြို့နယ်တွေမှာ အသိပညာပေးဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ငလျင်ကော်မတီ အနေနဲ့ အကုန်လုံး လိုက်မလုပ်နိုင်ဘူး။ မြို့နယ်တွေက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေကို လူမှုဝန်ထမ်းနဲ့ပေါင်းပြီး သင်တန်းပေးတာမျိုး ရှိပေမယ့် သူတို့ကနေ လူထုဆီ အဆင့်ဆင့် ပညာပေးတာမျိုး မရှိသလောက် ဖြစ်နေတယ်” ဟု ငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရမ်းသုံးခွမြို့ပေါ်တွင် ယခင်က သစ်သားအိမ်များသာ အဓိက ဆောက်လုပ်ကြသော်လည်း ၂၀၀ဝ ခုနှစ်ကျော် ကာလမှ စတင်ကာ တိုက်အိမ်ဆောက်လုပ်မှု များလာသည်ဟု သိရသည်။ သုံးခွမြို့ပေါ်မှ အိမ်ဆောက်ပေးရသူ တစ်ဦးက “ခရမ်းသုံးခွက အိမ်တွေကို အခုနောက်ပိုင်း ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီတွေက လာဆောက်တာ ရှိပေမယ့် နည်းတယ်။ ကျွန်တော်တို့ မြို့ပေါ်ကပဲ အဓိက ဆောက်ပေးတာ။ ကျွန်တော်တို့က အတွေ့အကြုံအရ ကျွမ်းကျင်လာတာဆိုတော့ ငလျင်ဒဏ်ခံ အဆောက်အအုံမျိုး ဘယ်လိုဆောက်ရမယ် ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။

သုံးခွမြို့နယ် စစ်ပင်ကန်ရွာနှင့် ဖရုံရွာမှ ရွာသား ၅ ဦးအား ငလျင်အန္တရာယ် ရှိသည်ကို သိ၊ မသိ မေးမြန်းခဲ့ရာ မသိပါဟု တညီတညွတ်တည်း ပြောကြားခဲ့သလို ခရမ်းမြို့ပေါ်မှ ကုန်သည်တစ်ဦးကလည်း မသိရှိပါဟု ပြောသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝ ဘေးအန္တရာယ် တည်မြဲမိန့်ကို ပြဋ္ဌာန်းထားပြီး ထိုအမိန့်တွင် ပြည်သူများအား သဘာဝ ဘေးအန္တရာယ် အသိပညာပေးမှုကို ဆင့်ကဲပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ပေါ်လစီသဘောသာ ရှိနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြင်းထန်အား အများဆုံးဟု သတ်မှတ်ထားသော ငလျင်ဇုန်များမှာ ပဲခူး၊ ဖြူး၊ မန္တလေး – စစ်ကိုင်း၊ တကောင်း၊ ပူတာအို တနိုင်းနှင့် ကလေးမြို့ – ဟုမ္မလင်း ဒေသတို့ ဖြစ်သည်။

မှ/ရတနာပုံ

နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း

မြေငလျင်ဒဏ် ခံထားရတဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် စက်ရုံထဲက ဓာတ်ပေါင်းဖို ၃ ခုကို အချိန်မီ ထိန်းချုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။

ဓာတ်အားပေးစက်ရုံရဲ့ အအေးခံစနစ် ပျက်စီးသွားခဲ့ပြီးနောက် ဒီနေ့ အမှတ် ၃ ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး ခေါင်မိုးတွေ၊ အပြင်ဘက် နံရံတွေ ပျက်စီးသွားပါတယ်။

ဒုတိယ ဓာတ်ပေါင်းဖိုမှာလည်း အပူလွန် လောင်စာချောင်းတွေ အရေပျော်မသွားအောင် ပင်လယ်ရေကို အသုံးပြုပြီး အင်ဂျင်နီယာတွေ ကြိုးစား ဆောင်ရွက်နေကြပါတယ်။ အဲဒီ အမှတ် ၂ ဓာတ်ပေါင်းဖိုမှာ အပူထိန်း ကိရိယာတွေ အားလုံး အငွေ့ပျံသွားတဲ့အတွက် လောင်စာချောင်းတွေ ပေါ်လာပြီး ပျော်ကျနိုင်တဲ့ အခြေအနေ ရောက်မှာကို ငြင်းလို့မရဘူးလို့ စက်ရုံလည်ပတ်နေတဲ့ Tokyo Electric ဓာတ်အားပေး ကုမ္ပဏီက NHK သတင်းဌာနကို ပြောပါတယ်။

ပင်လယ်ရေသုံးပြီး အပူမလွန်ကဲလာအောင် ကြိုးစား ဆောင်ရွက်မှုက အခြေအနေကို ထိန်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဂျပန်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဖူကူရှီးမားစက်ရုံအပြင် တခြား အန္တရာယ်ရှိနိုင်တဲ့ စက်ရုံတွေနားမှာ နေထိုင်နေကြသူ ၂၀၀,၀၀ဝ နီးပါးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားပါတယ်။

နျူကလီးယားအရေး စိုးရိမ်မှုဘက်ကို အာရုံစိုက်နေကြချိန်မှာ ငလျင်နဲ့ ဆူနာမီ ဒီလှိုင်းကြီးတွေရဲ့ဒဏ်ကြောင့် အစားအသောက်နဲ့ အပူပေးစနစ် မရှိဘဲ ၄ ညမြောက်ရက်ကို ကျော်လွန်ကြဖို့ ရင်ဆိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အတွက်ကိုလည်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၀,၀၀ဝ ကျော်လိမ့်မယ် ဆိုပြီးတော့လည်း မျှော်လင့်ထားကြပါတယ်။

ဂျပန်ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ အရေအတွက် ၁၀၀၀ဝ ကျော်လာနိုင် နျူစက်ရုံမှ ဓာတ်ရောင်ခြည် ပျံ့နှံ့နိုင်မှုနှင့် ထပ်မံပေါက်ကွဲမှု ဖြစ်မည်ကို စိုးရိမ်နေ

w62427
မီယာဂီစီရင်စု၊ တာဂါဂျို ဆိပ်ကမ်းတွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို မတ်လ ၁၃ ရက်က တွေ့ရစဉ်

w62428
တာဂါဂျိုတွင် ငလျင်ကြောင့် ကားများပျက်စီးနေမှုကို မတ်လ ၁၃ ရက်က တွေ့ရစဉ်

မတ် ၁၁ ရက်က လှုပ်ခတ်ခဲ့သော ဂျပန်ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီ လှိုင်းလုံးများကြောင့် သေဆုံးသူမှာ ၁၀၀၀ဝ ကျော်အထိ ရှိလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက မတ်လ ၁၃ ရက်တွင် ပြောကြားသည်။ နိုင်ငံအရှေ့မြောက်ပိုင်း ကမ်းရိုးတန်းရှိ အသက်ရှင်ကျန်ခဲ့သူ သန်းပေါင်းများစွာမှာ သောက်သုံးရေ၊ လျှပ်စစ်မီးနှင့် စားစရာများ မရှိဘဲ နေထိုင်နေရကြောင်း ၎င်းကပြောကြားသည်။ ငလျင်ပြင်းအားကြောင့် ဂျပန်နိုင်ငံမှာ အရှေ့ဘက်သို့ ရှစ်ပေခန့် ရွေ့သွားခဲ့ကြောင်းလည်း သိရသည်။

ဒုတိယကမ္ဘာစစ်အပြီး ၆၅ နှစ် အတွင်း အပြင်းထန်ဆုံး သဘာဝဘေးအန္တရာယ် ခံရသော ဂျပန်နိုင်ငံ အနာဂတ်မှာ ယင်းအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် မူတည်နေကြောင်း ဝန်ကြီးချုပ် နာအိုတိုကန်က ပြောကြားသည်။ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံရသော နေရာသုံးခုတွင် ပါဝင်သည့် လူဦးရေ ၂ ဒသမ ၃ သန်းခန့် နေထိုင်သည့် မီယာဂီစီရင်စုတွင် သေဆုံးသူ ၃၇၉ ဦး ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း သေဆုံးသူ ၁၀၀၀ဝ ကျော်လာ နိုင်ကြောင်း ယင်းစီရင်စု ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂိ္ဂုလ် ဂိုစုဂါဝါရာက ပြောကြားသည်။

ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ အရေအတွက်မှာ မတ်လ ၁၃ ရက်က ထပ်မံတွေ့ရှိခဲ့သည့် အလောင်း ၂၀ဝ အပါအဝင် ၁၄၀ဝ ကျော်ရှိကြောင်း၊ လူ ၁၇၀ဝ ခန့် ဒဏ်ရာရခဲ့ပြီး လူ ၁၀၀၀ဝ ကျော်မှာ ပျောက်ဆုံးနေကြောင်း တရား ဝင် ထုတ်ပြန်ချက်အရ သိရသည်။ ရက်ပိုင်းအတွင်း လျှပ်စစ်မီး ရရှိဦးမည် မဟုတ်ဘဲ လိုအပ်သည့် နေရာများကို အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံဧရိယာ အများအပြားမှာ ရေလွှမ်းမိုး ခံနေရပြီး သွားလာရန် ခက်ခဲနေကာ ဓာတ်ဆီဆိုင်များမှာလည်း ပိတ်ထားရသည်။ ငလျင်ကြောင့် ထိခိုက်ခဲ့သော နိုင်ငံအရှေ့မြောက်ပိုင်းရှိ နျူဓာတ်ပေါင်းဖို အနီးတွင် နေထိုင်သူ ၁၇၀၀၀ဝ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကုလဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီက ထုတ်ပြန်သည်။ နျူဓာတ်ပေါင်းဖို အတွင်းပိုင်းတွင် အအေးခံ ထိန်းသိမ်းသည့်စနစ် ချို့ယွင်းမှု ဖြစ်ပေါ်ပြီး နျူလောင်စာတောင့်များ အပူလွန်ကဲကာ ဓာတ်ရောင်ခြည် ဖြာထွက်သည့် Meltdown ဖြစ်စဉ် ကြုံတွေ့နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှု ဖြစ်ပေါ်နေသည်။

ဖူကူရှီးမား နျူစက်ရုံ အမှတ်(၁)မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ဓာတ်ပေါင်းဖိုနှင့် ထိန်းချုပ်စနစ်မှာ ထိခိုက်ခြင်း မရှိကြောင်း သိရသည်။ ယင်းစက်ရုံအနီး လေထုထဲတွင် မတ်လ ၁၃ ရက် အထိ အန္တရာယ်ကြီးသည့် ဓာတ်ရောင်ခြည် ပျံ့နှံ့မှု မဖြစ်သေးကြောင်း၊ သို့သော် ထပ်မံပေါက်ကွဲနိုင်သည့် အခြေအနေ ကြုံရနိုင်ကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယူကီအိုအဲဒါနိုက ပြောကြားသည်။ မတ်လ ၁၃ ရက်အထိ ဓာတ်ရောင်ခြည်သင့်မှု ခံစားရသူ ၁၆ဝ ဦးကို စမ်းသပ် တွေ့ရှိထားသည်။

ဂျပန်ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ သောင်းဂဏန်းအထိ ရှိနိုင်

ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။
ဓာတ်ပုံ AP

ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။

ဂျပန်နိုင်ငံမှာ သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မီယာဂီ (Miyagi) ခရိုင်တခုအတွင်းမှာတင် သေဆုံးသူ အရေအတွက်ဟာ ၁၀,၀၀ဝ ကျော်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ကလည်း သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့က ကျိုဒို သတင်းဌာနက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လောလောဆယ် သေဆုံးသူ၊ ဒါမှမဟုတ် ပျောက်ဆုံးသူ အရေအတွက်ဟာ ၂,၀၀ဝ ရှိတယ်လို့ ဆိုပါတယ်။ လူပေါင်း ၂၁၀,၀၀ဝ ကျော်လည်း အရေးပေါ် ကယ်ဆယ်ရေးဌာနကို ပို့ထားရတယ်လို့ ရဲက ပြောပါတယ်။

ဒီအတောအတွင်း ဒီငလျင်ဒဏ်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပြဿနာ အခက်အခဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ညီညွတ်ကြဖို့ ဝန်ကြီးချုပ် နာအိုတို ခန်က တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့က တိုကျိုမြို့ မြောက်ပိုင်းမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ပျက်ဆီးမှု ရှိခဲ့တဲ့အပေါ် အင်ဂျင်နီယာတွေက စစ်ဆေးနေတဲ့ ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မယ့် အလားအလာ ရှိနေတာကိုလည်း တနင်္ဂနွေညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ပြည်သူလူထုရဲ့ စွန့်လွှတ် အနစ်နာခံမှုက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ဒီအတောအတွင်း ဖူကူယာမာ (Fukuyama) နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အအေးဓာတ်ပေးတဲ့ စက်ထဲကို အင်ဂျင်နီယာတွေက ပင်လယ်ရေတွေ စုပ်ထည့်နေတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မနေ့က စနေနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ ဓာတ်အားပေးစက်ရုံရဲ့ ပြင်ပနံရံတွေ ပျက်ဆီးသွားခဲ့ပေမဲ့ ပင်မကိုယ်ထည်ကြီးကတော့ ဒီအတိုင်းပဲ ရှိနေသေးတာကြောင့် အတွင်းပိုင်းမှာ ဘယ်တိုင်းအတာအထိ ပျက်ဆီးတယ်ဆိုတာ ကျွမ်းကျင်သူတွေ သိနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေရပါတယ်။

အစောပိုင်းတုန်းကတော့ စက်ရုံအပြင်မှာ ရေဒီယို ဓာတ်သတ္တုကြွ ဓာတ်တွေဟာ သတ်မှတ်စံချိန်ထက် အဆပေါင်း ၄၀ဝ လောက် များနေတာကို တွေ့ရတယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီလို ရေဒီယို ဓာတ်သတ္တု ယိုထွက်လာတာကြောင့် အနည်းဆုံး လူပေါင်း ၁၉ ယောက်လောက် ရေဒီယို ဓာတ်သတ္တုတွေနဲ့ ထိတွေ့ခဲ့ပြီး အဲဒီအရေအတွက်ဟာ ၁၆ဝ လောက်အထိ ရှိကောင်းရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀ဝ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွဓာတ်တွေ ပျံ့နှံ့မှာကို စိုးရိမ်ကြတဲ့ ဂျပန်နိုင်ငံသား ၁၇၀,၀၀ဝ ကျော်ဟာ သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်သွားနေကြပါတယ်။

နျူကလီးယား ဓာတ်အားပေးစက်ရုံ တရုံနားက ဖူတာဘေးမြို့လေးမှာ နေထိုင်သူတွေ ဝေးရာကို ရွှေ့ပြောင်းနေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် စစ်ဆေးပေးနေပါတယ်။

သောကြာနေ့က ငလျင်ကြီးနဲ့အတူ ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ဆင့်ကဲ ငလျင်ဒဏ်တွေကြောင့် အဏုမြူ ဓာတ်ပေါင်းဖိုတွေက အအေးပေးစက်တွေ ချို့ယွင်းခဲ့ပြီး တက်လာတဲ့ အပူချိန် ကျစေဖို့ စက်ရုံတာဝန်ခံတွေ ကသုတ်ကရက် ကြိုးပမ်းခဲ့ကြရပါတယ်။ အပူရှိန်ကြောင့် တက်လာတဲ့ ဓာတ်ပေါင်းဖိုတွေက ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အေးအောင် လုပ်ခဲ့ကြရပါတယ်။

အခုလို ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ပျံ့နှံ့မှာ စိုးရိမ်နေရသလို ဂျပန်နိုင်ငံ အရှေ့ဘက်တလွှားမှာရှိတဲ့ အခြား လျှပ်စစ်ဓာတ်အားပေး ဓာတ်ပေါင်းဖိုတွေကိုလည်း ပိတ်ထားရမယ့် အခြေအနေ ရှိနေပါတယ်။ လျှပ်စစ်ဓာတ် မလောက်ငမှုကြောင့် မီးဖြတ်ဖို့ ရှိတယ်လို့လည်း လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေက သတိပေးကြပါတယ်။

ဂျပန်နိုင်ငံမှာ အခုကြုံတွေ့ခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀ဝ ကျော်သွားပြီ ဖြစ်သလို သန်းနဲ့ချီတဲ့ လူထုဟာလည်း ရေနဲ့ အစားအသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုကြုံတွေ့ခဲ့ရတဲ့ ငလျင်တွေနဲ့ ဆက်တိုက်ကြုံရတဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) က နိုင်ငံတော် ရုပ်သံကနေ ကြေညာပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ သူတွေအတွက် တတိယနေ့အဖြစ် ရုတ်တရက် ထိုးကျသွားတဲ့ အအေးဒဏ်ကိုလည်း ခံစားနေကြပါတယ်။

ငလျင်ကြောင့် ဂျပန် Fukushima အမှတ်-၁ ဓါတ်အားပေး စက်ရုံ နူကလီးယား သိုလှောင်ကန် တစ်ခု ပေါက်ကွဲ…
လွန်ခဲ့သောနေ့က အင်အား ၈.၉ မဂ္ဂနီကျူ့ ပြင်းအားရှိ အင်အာကြီး ငလျင်လှုတ်ရှားခဲ့မှုကြောင့် နယူးကလီးယား စွမ်းအင်သို့ အအေးပေးစနစ်များ ဆောင်ရွက်သည့် အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့သဖြင့် စွမ်းအင် သိုလှောင်ကန်တစ်ခု ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့သည်။

ပေါက်ကွဲမှုကြောင့် လုပ်သား ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး နူကလီးယား ပါဝင်သော အဖြူရောင် မီးခိုးငွေ့များသည် Fukushima အမှတ်-၁ ဓါတ်အားပေး စက်ရုံသို့ ဖြန့်ကျက် ဖုံးလွှမ်းသွားခဲ့သည်။

အနီးဝန်းကျင်၌ ရှိကြသော လူအများမှာ ဓါတ်ရောင်ခြည်သင့်မှု နှင့်ပတ်သက်သည့် အန္တရာယ်ကို အလွန်စိုးရွံ့ ထိပ်လန့်ရသော အနေအထားတွင် ရှိပြီး သာမန်ထက် အဆ ၂ဝ အထိ ရောင်ခြည်သက်ရောက်မှု ရှိနေသည်။

Fukishima ၏ ပြောရေးဆိုခွင့်ရှိသူ Masato Abe က ပြောကြားခဲ့ရာတွင် အဆောက်အဦး၏ ပြိုကျမည် မပြိုကျမည်ကို ရှင်းရှင်းလင်းလင်း မပြောနိုင်သေးသော်လည်း ဂျပန်ရုပ်မြင်သံကြား ဖေါ်ပြချက်များတွင် စက်ရုံအဆောက်အဦး၏ နံရံများ တစ်စမှ မကျန်သည်အထိ ပြိုကျနေပြီး သံဘောင်များသက်သက် သာ ကျန်ရှိနေတော့သည်ကို တွေ့မြင်ရသည်။

နူးကလီးယားစွမ်းအင် ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အေးဂျင်စီ၏ ပြောကြားချက်အရ ရေဒီယို သတိ္တကြွနေသော ရေငွေ့များသည် တွန်းကန်အားကို သာမန်ထက် ၂ ဆ ပိုမိုလာစေပြီး အဆောက်အဦးကို ဖိအားတစ်ခုအနေဖြင့် ထိုးခွဲပစ်နိုင်သည် ဟူ၏။

သိုလှောင်ကန်အနီး၌ နေထိုင်ကြသော ပြည်သူများသည် တိုကျို လျပ်စစ်ကုမ္မဏီ၏ အကူအညီဖြင့် ပေါက်ကွဲမှုအပြီး အခန်းပိတ် ပုန်းခိုနေရာမှ ထွက်ပြေးခဲ့ကြရသည်။

ဂျပန်အစိုးရ ပြောရေးဆိုခွင့် ရှိသူ Yukio Edano က “အခုတော့ ပေါက်ကွဲမှုရဲ့ အရင်းအမြစ်ကို သိရအောင် စတင်စုံစမ်းစစ်ဆေး နေပါပြီ။ အနီးဝန်းကျင်မှာ ရှိတဲ့ ပြည်သူတွေ တစ်ယောက်မကျန် အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ပေးနေပြီး လိုအပ်သည်များကိုလည်း မေးမြန်းစုံစမ်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။” ဟုပြောသည်။

၁၂ မိုင်အကွာအတွင်းရှိ နူကလီးယား ရောင်ခြည်သင့်နိုင်ဖွယ် ရှိသည့် ထောင်ပေါင်းများစွာသော ပြည်သူများကိုမူ အရေးပေါ် ကြေငြာချက်များ ထုတ်ပြန်၍ သယ်ယူပို့ဆောင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

ဓါတ်ပေါင်းဖို ၅ ခုအနက်မှ ၂ ခုမှာ အလွန်စိုးရိမ်ရသော အန္တရာယ်ကြီးမားသည့် အခြေအနေတွင် ရှိနေပြီး အအေးပေးစနစ်မှာ ငလျင်ဒဏ်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ရုရှားနိုင်ငံမှ နူကလီးယား ကျွမ်းကျင်သူများက ချာနိုဗိုင်း နူကလီးယား စက်ရုံ၏ ယိုစိမ့်မှုနှင့် လုံးဝ ဆင်တူခြင်း မရှိသည့် အခြေအနေဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။ ချာနိုဗိုင်းတွင် ပထမဦးဆုံး ယိုစိမ့်စဉ်က ဓါတ်ရောင်ခြည် ပြန့်နှံ့မှုမှာ တမဟုတ်ချင်းပြန့်နှံ့ကဲ့ခြင်းမျိုး မဟုတ်ဘဲ မြေကြီးအတွင်း၌သာ ပျော်ဝင်သွားခဲ့ခြင်းမျိုးဖြစ်သည်။ ယခုကဲ့သို့ ပေါက်ကွဲမှုလည်း ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

ဂျပန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ်များမှာ အလွန်ရှုပ်ထွေးလျက် ရှိပြီး ရာပေါင်းများစွာသော ပြည်သူများကို ကယ်ဆယ်ရေးနှင့် အရှေ့မြောက်ဖက်သို့ အမှိုက်များနှင့်အတူ လွှင့်စင်သွားသည့် အစိတ်အပိုင်းများကို လိုက်လံ ဆယ်တင်ရသည့် အလုပ်များကိုလည်း တရစပ် လုပ်ကိုင်နေရသည်။

ဝန်ကြီးချူပ် Naoto Kan က စစ်သည် ငါးသောင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး ပေ ၃ဝ အမြင့်ရှိသော ဆူနာမီ လှိုင်းလုံးကြီး ခြေမွခံရသည့် မြို့များ၊ လေဆိပ်များ နှင့် မိုးပျံ လမ်းမကြီးများကို ရှင်းလင်းဖယ်ရှားပေးနေကြောင်း သိရသည်။ တရားဝင် ထုတ်ပြန်ချက်များအရ လူပေါင်း၅၇၄ ဦး သေဆုံးသွားပြီး ၇၈၄ ဦးမှာ ပျောက်ဆုံးလျက် ရှိနေဆဲ ဖြစ်ပြီး လူပေါင်း ၁၀၀ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

mutdfan.comမှဖော်ပြသည်

Fukushima Nuclear လျှပ်စစ်ဓာတ်အားပေး စက်ရုံ အရေးပေါ် အခြေအနေ

အရေးပေါ်အခြေအနေ ကြေငြာထားရသော Fukushima Nuclear လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် Tokyo မြို့ အရှေ့မြောက်ဘက် မိုင်ပေါင်း ၁၇ဝ အကွာတွင် ရှိ၍ ယခုအခါ တာဝန်ရှိသူများက စက်ရုံနား ပတ်ဝန်းကျင် ၁ဝ ကီလိုမီတာ အတွင်းရှိ ဒေသခံ ၃၀၀ဝ ခန့်ကို လွတ်ကင်းရာသို့ ရွှေ့ပြောင်း ခိုင်းထားပါသည်။ Nuclear စက်ရုံတစ်ခုသည် ပုံမှန်အားဖြင့် ၎င်း အသုံးပြုနေသော Radioactive Core များကို အအေးခံပေးသည် ့ Cooling System ၏ Motors ၊ Valves နှင့် Instruments များကို မောင်းနှင်ရန် AC Power လိုအပ်ပါသည်။ ယခုအခါ အင်အားပြင်းထန်လှသော Sendai ငလျင်နှင့် ဆူနာမီ လှိုင်းလုံးများသည် Fukushima Nuclear စက်ရုံ၏ Cooling System ကို အဓိက Power ပေးနေသော Off-site Power Supply နှင့် Diesel Generator များကို ဖျက်ဆီး ပစ်ခဲ့သောကြောင့် Cooling System လည်ပတ်မှု ချို့ယွင်း သွားခဲ့ရသည်။

အကျိုးဆက်အနေဖြင့် Radioactive Core များသည် အပူချိန်မြင့်တက်၍ အရည်ပျော်ကာ ဓာတ်ပေါင်းဖိုများအတွင်း Radiation Level သည်လည်း ပုံမှန်ထက် အဆတစ်ထောင်ခန့် မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ဓာတ်ပေါင်းဖိုများအတွင်း ဖိအားသည်လည်း မူလ ခံနိုင်ရည်ထက် ၂ဆ ကျော်ခန့် ပိုမို မြင့်တက် သွားခဲ့သွားပါသည်။ အဆိုပါ အခြေအနေများသည် ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ကာ Nuclear Radiation ဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်ဖွယ် အနေအထား တစ်ရပ် ဖြစ်ပါသည်။ သို့သော် တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုအခြေအနေသည် စက်ရုံလုပ်သားများ စက်ရုံကို စွန့်ခွာထားခဲ့ရမည့် အန္တရာယ်အရှိဆုံး အနေအထားတစ်ရပ်သို့ မရောက်ရှိသေးကြောင်း သိရှိရပါသည်။

Fukushima Nuclear စက်ရုံ Plant No. 1 ( Dai-Ichi)

Fukushima Nuclear စက်ရုံသည် Plant No. 1 ( Dai-Ichi) နှင့် Plant No. 2 ( Dai-Ni) ဟူ၍ စက်ရုံ နှစ်ရုံ ရှိပါသည်။ ယခုစိုးရိမ်ဖွယ် ယိုစိမ့်မှု ဖြစ်ပွားနေသော စက်ရုံသည် Dai-Ichi စက်ရုံအမှတ်(၁) ဖြစ်ပါသည်။ လက်ရှိ Fukushima စက်ရုံ၏ အခြေအနေနှင့် ပတ်သက်၍ တိုကျိုတက္ကသိုလ်မှ Professor နာအိုတို ဆဲ့ကိမူရ က ယခုအချိန်ထိ Radiation ယိုစိမ့်မှုသည် အနည်းငယ်သော ပမာဏမျှသာ ဖြစ်သောကြောင့် ကြီးမား ပြင်းထန်သော ရေဒီယို သတ္တိကြွမှု ဖြစ်ပွားရန် ဖြစ်နိုင်ခြေ နည်းကြောင်း၊ Dai-Ichi ကဲ့သို့ Light Water Reactor မျိုးတွင် ကမ္ဘာကျော် ချာနိုဘိုင်း Nuclear စက်ရုံ ပေါက်ကွဲမှုမျိုးကဲ့သို့ မဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို cooling system ချို့ယွင်းမှုသည် ဓာတ်ပေါင်းဖိုအတွင်း အပူချိန်မြင့်တက်မှု ဖြစ်စေမည် မှန်သော်လည်း နောက်ထပ်ဖြစ်ပွားမည့် Radioactive လောင်စာများ၏ ဓာတ်ပြုမှုကိုလည်း ရပ်တန့်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး ၎င်းက ဖြစ်ပေါ်လာနိုင်သော အဆိုးဆုံးအခြေအနေနှင့် ပတ်သက်၍လည်း ပမာဏနည်းပါးသော ယိုစိမ့်မှု အချို့နှင့် စက်ရုံ၏ Equipment ပိုင်း ပျက်စီးမှုသာ ဖြစ်နိုင်ပြီး ပေါက်ကွဲမှု မဖြစ်နိုင်ကြောင်း၊ ဂရုတစိုက်နှင့် ကိုင်တွယ် ဆောင်ရွက်ပါက ယိုစိမ့်မှုမှာ စက်ရုံပတ်ဝန်းကျင် သုံးကီလိုမီတာ အတွင်းသာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အခြား စက်ရုံတစ်ခု ဖြစ်သည့် Dai-Ni တွင်လည်း ဓာတ်ပေါင်းဖိုအချို့၏ ဖိအားမှာ Dai-Ichi စက်ရုံမှာကဲ့သို့ပင် ထိန်းချုပ် မထားနိုင်တော့ကြောင်း၊

ကျိုဒို သတင်းဌာန၏ ထုတ်ပြန်မှုအရ ယခုအခါတွင် အခြား စက်ရုံတစ်ခု ဖြစ်သည့် Dai-Ni တွင်လည်း ဓာတ်ပေါင်းဖိုအချို့၏ ဖိအားမှာ Dai-Ichi စက်ရုံမှာကဲ့သို့ပင် ထိန်းချုပ် မထားနိုင်တော့ကြောင်း၊ ဓာတ်ပေါင်းဖိုများ အတွင်းဖိအားမှာ တည်ငြိမ်သော အခြေအနေတွင် ရှိသော်လည်း Radiation ဖြစ်ပွားမှုကို ထိန်းချုပ်ပေးသော containment vessel များတွင်ရှိ ဖိအားမှာ မြင့်တက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ Dai-Ni စက်ရုံအနီးရှိ ဒေသခံ ၂၀,၀၀ဝခန့်ကို အာဏာပိုင်များက ရွှေ့ပြောင်းပေးလျက် ရှိကြောင်း သိရပါသည်။ နိုင်ငံတကာ အနုမြူ စွမ်းအင်အေဂျင်စီ(IAEA) ညွှန်ကြားရေးမှူးချူပ် ယူကိယ အာမာနိုကလည်း ကြုံတွေ့နေရသော Nuclear ယိုစိမ့်မှု အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဂျပန်နိုင်ငံက အကူအညီ တောင်းခံမှုရှိခဲ့ပါက မည်သည့် နည်းပညာဆိုင်ရာ ထောက်ပံ့မှုမျိုးမဆို ပေးရန် အသင့်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

ဂျပန်နိုင်ငံသည် ကမ ္ဘာပေါ်တွင် အမေရိကန်နှင့် တရုတ်ပြီးလျှင် တတိယမြောက် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်၍ နိုင်ငံလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃ဝရာခိုင်နှုန်းကို Nuclear စွမ်းအင်မှ ရရှိပါနေသည်။ ယခုအခါတွင် တစ်နိုင်ငံလုံး Nuclear စွမ်းအင်၏ ၁၈ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေသော စက်ရုံနှစ်ရုံအား Sendai ငလျင်ကြောင့် ဖြစ်ပွားသည့် ယိုစိမ့်မှုပြဿနာကြောင့် လည်ပတ်မှု ရပ်ဆိုင်း ထားလျက်ရှိပါသည်။

Reference:
-http://edition.cnn.com/2011/WORLD/asiapcf/03/11/
japan.nuclear/index.html?hpt=T2 (CNN News)
-http://tvnz.co.nz/world-news/radioactive-steam-
released-quake-hit-nuclear-plant-4058834(NHK News)
-Wikipedia/ Energy in Japan mutdfanမှ ဖော်ပြသည်

Breaking News — ဂျပန်ငလျင်ဘေးထိရာ ဒေသတွင် နူကလီးယား စက်ရုံတစ်ခု ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွါး၊ ဂျပန်နိုင်ငံမှ အပ ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်နေသော ဒေသတွင်းနိုင်ငံများက ဆူနာမိ သတိပေးချက်များအားလုံး ပြန်လည်

ဂျပန်နိုင်ငံတွင် လွန်ခဲ့သော ၈.၃.၂၀၁၁ (အင်္ဂါနေ့) က အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုသည် ဟွန်ရှူးကျွန်း အနီးတွင် စတင် လှုတ်ခတ်ခဲ့ရာမှ ဆင့်ကဲ ငလျင်လှုတ်မှုများ ဆက်တိုက် ဖြစ်ပွါးခဲ့ရာ ၁၁.၃.၂၀၁ဝ ရက်နေ့ကမူ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ Sendai မြို့တော်ကို ဗဟိုပြုပြီး အင်အား ၈.၉ အဂ္ဂနီကျူ့ ရှိ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အင်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူပေါင်း တစ်ထောင်ကျော် သေကျေ ပျက်စီးနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသေလို ပျောက်ဆုံးသွားသူ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ဆင့်ကဲ ငလျင်များ ဆက်တိုက် လှုပ်နေသေးရာ မနေ့ညက အချိန်အထိ တစ်ညလုံး ငလျင်လှုပ်မှုများ ဖြစ်ပေါ် နေသေးသလို Sendai မြို့တွင်သာ မက တိုကျိုမြို့တွင်း ၌ လည်း လျပ်စစ်မီးများ ပြတ်တောက်ခြင်း ရေကြီးခြင်းများ အပြင် အပျက်အစီးများမှ တဆင့် မီးလောင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေလျက် ရှိနေသည်။

ဂျပန်နိုင်ငံ၌ မြန်မာလူမျိုး များစွာ နေထိုင်အလုပ်လုပ်ကိုင် လျက်ရှိသဖြင့် ပြည်တွင်းရှိ မိသားစုဝင်များက ဂျပန်နိုင်ငံရှိ မိသားစုဝင်များအား စိုးရိမ်ပူပန်လျက် ရှိနေကြသဖြင့် Mutdfan.com က ဂျပန်နိုင်ငံနေသူ အချို့ကို ဆက်သွယ် သတင်းရယူခဲ့သည်။

“ကျွန်မက အိုဆာကာမှာ နေတာပါ။ အခုဖြစ်တဲ့ နေရာနဲ့တော့ မိုင်ပေါင်း ၁၉ဝ လောက်ဝေးတယ်။ ကျွန်မနေတဲ့ နေရာကတော့ အထိအခိုက် သိပ်မရှိဘူး။ ဒါပေမယ့် ရထားတွေ ကားတွေနဲ့ အဆက်အသွယ်တွေ အကုန်ပြတ် နေပါတယ်။ အိုဆာကာမှာ လှုပ်နေတဲ့ ငလျင်ကတော့ သိပ်မပြင်းဘူး။ မြန်မာတွေ များတာကလည်း နာဂိုရာ နဲ့ တိုကျိုမှာ များတယ်။ တိုကျိုကတော့ ငလျင်ဒဏ် အတော်လေး ခံနေရတယ်။ မနေ့ညက တစ်ညလုံး ခဏခဏ လှုပ်နေသေးတယ်လို့ သတင်းတွေမှာ ကြားရတယ်။ နူကလီးယား စက်ရုံသတင်းတွေက နည်းနည်းတော့ ကြားတယ်။ သိသာတာကတော့ အခု အပူချိန်တွေ အရမ်းတက်နေတယ်။ ဆူနာမီ သတင်းပေးချက်ကလည်း ရှိနေတုန်းဘဲ။ အားလုံးကတော့စိုးရိမ် နေဆဲပါဘဲ။ မြန်မာတွေ ထိခိုက် ဒဏ်ရာရတဲ့သတင်းတော့ အခုအချိန်အထိ မကြားရသေးဘူး။” ဟုပြောကြား ခဲ့သည်။

နောက်ဆုံးရ သတင်းများအရ သေဆုံးသူပေါင်း ၄၃ဝ တိတိ ရှိသွားပြီဟု အတည်ပြုနိုင်ပြီး လူပေါင်း ၅၇၃ ဦးမှာလည်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း လူပေါင်း ၇၀၃ ကျော်မှာလည်း ပျောက်ဆုံးနေသည်ဟု ဂျပန် Chief Cabinet Secretary ဖြစ်သော Yukio Edano က ပြောကြားခဲ့သည်။

ဂျပန်အစိုးရက ဂျပန်နိုင်ငံ မြောက်ပိုင်း Fukushima Prefecture ရှိ နူကလီးယားစက်ရုံ ဓါတ်ပေါင်းဖို ၄ လုံး မှ နူကလီးယား ယိုစိမ့်မှု ရှိနေသဖြင့် အနီးကို ရှင်းလင်းနေကြောင်း အဆိုပါ နူကလီးယား ယိုစိမ့်မှုမှာ ၃ ကီလို မီတာမှ ၁ဝ ကီလိုမီတာအထိ သက်ရောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ဂျပန် နူကလီးယား နှင့် စက်မှုဆိုင်ရာ လုံခြုံရေးအေဂျင်စီမှ တာဝန်ရှိသူများအဆိုအရ Fukushima ရှိ အမှတ် ၂ ဓါတ်ပေါင်းဖိုမှာ ဖိအားများလွန်းလာပြီး ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ကြောင်း ထို့ကြောင့်လည်း လေထုထဲသို့ နူကလီးယား ဓါတ်ငွေ့များ ထွက်သွားခဲ့ကြောင်း စက်ရုံအနီးနေ လူများ အမြန်ရွှေ့ပြောင်းရန် လိုအပ်ကြောင်းလည်း သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးှဌါနမှ စစ်သားပေါင်း ၂၀၀၀ဝ ကျော်က ငလျင်လှုပ်ခတ်ရာ ဒေသအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြသည်ဟု သိရပြီး ကျန်းမာရေး ဝန်ကြီး၏ အဆိုအရ ဆေးရုံများမှ ကျန်းမာရေး အဖွဲ့ပေါင်း ၅၂ ဖွဲ့က ငလျင်ဘေးသင့်ရာ ဒေသများတွင် ထိခိုက် ဒဏ်ရာရသူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဂျပန် မိုးဇလ ဌါနက ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မှာ သောကြာနေ့ည သန်းခေါင်ယံ အချိန်က အမြင့်ဆုံးဖြစ်ကြောင်း ပင်လယ်နှင့် ထိစပ်နေသော ဒေသများအားလုံးအနေဖြင့် အမြင့်ဆုံး အဆင့်အထိ သတိရှိနေကြရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေငြာထားသည့်အပြင် ၈.၈ မဂ္ဂနီကျူ့ အဆင့်ရှိ ငလျင်ကြီးတစ်ခု နောက်ထပ် လှုပ်လာနိုင်ချေ ရှိသေးသည်ဟု NHK သတင်းအရ ထပ်မံ သိရသည်။

၁၉၂၃ ခုနှစ်က တိုကျိုတွင် လှုတ်ခတ်ခဲ့သော ငလျင်ကြီးမှာ လူပေါင်း တစ်သိန်းကျော်ကို သေဆုံးစေခဲ့ဖူးသည်။

Latest News – 12.3.2011, 1:24 PM ဂျပန် နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည် ဟု သတိပေးချက် ထုတ်ပြန်ထားသည့် ပစိဖိတ် ဒေသတွင်း နိုင်ငံများ၏ ဆူနာမီ သတိပေးချက်များ အားလုံးကို ပြန်လည် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။mutdfan.comမှဖော်ပြသည်

ဂျပန် စု န မိ ငလျှင် ဒဏ်ကြောင့် ညူကလီးယား ဓတ်အားပေးစက်ရုံ ပေါက်ကွဲ

Fears of nuclear meltdown after plant blast
Breaking News
Fears of nuclear meltdown after plant blast

[ဂျပန် နိုင်ငံ တွင် နိုင်ငံ အရေးပေါ် အခြေအနေ ကြေငြာထားရသည်။ ပုံတွင် ဂျပန် ကျေးရွာ တစ်ခု ရေအောက် မရောက် ခင် တွေ ့ရစဉ် ။ ]

ဂျပန် နိုင်ငံ တွင် နိုင်ငံ အရေးပေါ် အခြေအနေ ကြေငြာထားရသည်။ ပုံတွင် ဂျပန် ကျေးရွာ တစ်ခု ရေအောက် မရောက် ခင် တွေ ့ရစဉ် ။
[စုနမိ ငလျှင်ကြောင့် လမ်းတံတားများ ဤသို ့ပျက်စီးခဲ့ရသည်]

စုနမိ ငလျှင်ကြောင့် လမ်းတံတားများ ဤသို ့ပျက်စီးခဲ့ရသည်

[A father and child who lost their home stand in front of debris in Sendai, northern Japan Saturday, March 12, 2011 after Japan’s biggest recorded earthquake slammed into its eastern coast Friday. (AP Photo/Kyodo News) MANDATORY CREDIT, NO LICENSING ALLOWED IN CHINA, HONG KONG, JAPAN, SOUTH KOREA AND FRANCE]
A father and child who lost their home stand in front of debris in Sendai, northern Japan Saturday, March 12, 2011 after Japan’s biggest recorded earthquake slammed into its eastern coast Friday. (AP Photo/Kyodo News) MANDATORY CREDIT, NO LICENSING ALLOWED IN CHINA, HONG KONG, JAPAN, SOUTH KOREA AND FRANCE

ဂျပန် နိုင်ငံ၏ ညူကလီးယား ဓာတ်အားပေး စက်ရုံမှာ စုနမိ ငလျှင် ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီး ခဲ့ပြီး ညူကလီးယား
လောင်စာ များ ယိုစိမ့် ထွက်မှု ဖြစ်ပေါ် နေသည် ဟု ဂျပန် သတင်း ဌာန တစ်ခု ဖြစ်သည့် NHK ရုပ်သံတွင် ဖော်ပြထားသည်။
ငလျှင် ဒဏ်ကြောင့် လူလေးရာကျော် သေဆုံး ပြီး နှစ် ထောင် ကျော် ဒဏ်ရ ရှိသည်။ ငလျှင် နှင့် စုနမိဒဏ် ခံရသည့် ဒေသ
များ သို ့ဂျပန် ဝန်ကြီး ချုပ် ကိုယ်တိုင် သွား ရောက် တွေ ့ဆုံ အားပေးသည်။ ငလျှင် ဒဏ်ကြောင့် ပျက်စီး ဆုံး ရှုံးခဲ့သည့် ဒေသ
များ သို ့ ဂျပန် စစ်တပ် မှ ကယ်ဆယ် ရေး လုပ်ငန်းများ သွားရောက် လုပ်ကိုင် ပေးနေ သည်။

ဂျပန် နိုင်ငံ တွင် စုနမိ နှင့် နောက် ဆက်တွဲ ငလျှင် ဒဏ်ကြောင့် တောင် ပြိုကျမှု၊ ရောကတာ များ ပျက်စီးမှု နှင့် ၊တံတား
များ ပြိုကျမှု များ ဖြစ်ပေါ် နေရာ ငလျှင်ဒဏ် ခံရသူများ မှာ အခက်အခဲ များ နှင့် ရင်ဆိုင် နေရသည်။

Tsunami Japan Leave Devastated (Watch Live TV Channel)
Japanese TV Coverage of Earthquake and Tsunami Disaster

ငလျင်ကြီး ၁၆ ခုအနက် ၁၅ ခုက ပိစိဖိတ် ဒေသမှ ဖြစ်

မတ် ၁၁ ရက် ဂျပန်ကျွန်း အရှေ့မြောက်ဖက် ကမ်းရိုး တန်းကို ၈.၉ ပြင်းအားရှိ ငလျင်ကြီး လှုပ်ခဲ့ ပြီးနောက် ရ မီတာ အမြင့်ရှိ ဆူနာမီ ရေလှှိုင်းကြီးများ ဖြစ်စေခဲ့သည်။ ယခု ငလျင်မှာ ဂျပန်နိုင်ငံမှာ လှုပ်ခဲ့သမျှအနက်

အကြီးဆုံးဖြစ်ပြီး၊ ၁၉၀ဝ ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့ ကမ္ဘာ့ ငလျင်ကြီးများတွင် ပဉ္စမမြောက် အကြီးဆုံး ဖြစ်သည်။

အမေရိကန် ဘူမိဗေဒ လေ့လာဌာန တစ်ခုဖြစ်တဲ့ Geological Survey မှတ်တမ်းများအရ ကမ္ဘာ့ အကြီးဆုံး မြေငလျင် ၁၆ ခုအနက် ၁၅ ခုက ပိစိဖိတ် သမုဒ္ဒရာကမ်းခြေ နိုင်ငံများတွင် လှုပ်ခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာပင် ‘မီဂါငလျင် ကြီးများ’ မှာ လူနေထူထပ်မှု နည်းပါးတဲ့ နေရာများတွင် လှုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဇယားတွင် ၁၉၀ဝ ခုနှစ်မှ စတင် လှုပ်ခဲ့တဲ့ မြေငလျင်ကြီးများရဲ့ ပြင်းအားပမာဏ၊ နေရာ၊ ခုနှစ်တို့ကို မှတ်တမ်း အဖြစ် တင်ပြလိုက်ရပါသည်။

မောက္ခ ဘူမိဗေဒ

Breaking News — ဂျပန်ငလျင်ဘေးထိရာ ဒေသတွင် မြန်မာလူမျိုးများ သေဆုံးသည့် သတင်းမကြားရသေး၊ နူကလီးယား စက်ရုံတစ်ခု ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွါး

(ဂျပန် ငလျင်ဘေး Update သတင်းများကို နောက်ဆက်တွဲအဖြစ် သတင်းအောက်ပိုင်း၌ ထပ်မံ ဖြည့်စွက်သွားမည် ဖြစ်ပါသည်။)

ဂျပန်နိုင်ငံတွင် လွန်ခဲ့သော ၈.၃.၂၀၁၁ အင်္ဂါနေ့က အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုသည် ဟွန်ရှူးကျွန်း အနီးတွင် စတင် လှုတ်ခတ်ခဲ့ရာမှ ဆင့်ကဲ ငလျင်လှုတ်မှုများ ဆက်တိုက် ဖြစ်ပွါးခဲ့ရာ ၁၁.၃.၂၀၁ဝ ရက်နေ့ကမူ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ Sendai မြို့တော်ကို ဗဟိုပြုပြီး အင်အား ၈.၉ အဂ္ဂနီကျူ့ ရှိ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အင်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူပေါင်း တစ်ထောင်ကျော် သေကျေ ပျက်စီးနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသေလို ပျောက်ဆုံးသွားသူ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ဆင့်ကဲ ငလျင်များ ဆက်တိုက် လှုပ်နေသေးရာ မနေ့ညက အချိန်အထိ တစ်ညလုံး ငလျင်လှုပ်မှုများ ဖြစ်ပေါ် နေသေးသလို Sendai မြို့တွင်သာ မက တိုကျိုမြို့တွင်း ၌ လည်း လျပ်စစ်မီးများ ပြတ်တောက်ခြင်း ရေကြီးခြင်း အပြင် အပျက်အစီးများမှ တဆင့် မီးလောင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေလျက် ရှိနေသည်။

ဂျပန်နိုင်ငံ၌ မြန်မာလူမျိုး များစွာ နေထိုင်အလုပ်လုပ်ကိုင် လျက်ရှိသဖြင့် ပြည်တွင်းရှိ မိသားစုဝင်များက ဂျပန်နိုင်ငံရှိ မိသားစုဝင်များအား စိုးရိမ်ပူပန်လျက် ရှိနေကြသဖြင့် mmDailyNews က ဂျပန်နိုင်ငံနေသူ အချို့ကို ဆက်သွယ် သတင်းရယူခဲ့သည်။

“ကျွန်မက အိုဆာကာမှာ နေတာပါ။ အခုဖြစ်တဲ့ နေရာနဲ့တော့ မိုင်ပေါင်း ၁၉ဝ လောက်ဝေးတယ်။ ကျွန်မနေတဲ့ နေရာကတော့ အထိအခိုက် သိပ်မရှိဘူး။ ဒါပေမယ့် ရထားတွေ ကားတွေနဲ့ အဆက်အသွယ်တွေ အကုန်ပြတ် နေပါတယ်။ အိုဆာကာမှာ လှုပ်နေတဲ့ ငလျင်ကတော့ သိပ်မပြင်းဘူး။ မြန်မာတွေ များတာကလည်း နာဂိုရာ နဲ့ တိုကျိုမှာ များတယ်။ တိုကျိုကတော့ ငလျင်ဒဏ် အတော်လေး ခံနေရတယ်။ မနေ့ညက တစ်ညလုံး ခဏခဏ လှုပ်နေသေးတယ်လို့ သတင်းတွေမှာ ကြားရတယ်။ နူကလီးယား စက်ရုံသတင်းတွေက နည်းနည်းတော့ ကြားတယ်။ သိသာတာကတော့ အခု အပူချိန်တွေ အရမ်းတက်နေတယ်။ ဆူနာမီ သတင်းပေးချက်ကလည်း ရှိနေတုန်းဘဲ။ အားလုံးကတော့စိုးရိမ် နေဆဲပါဘဲ။ မြန်မာတွေ ထိခိုက် ဒဏ်ရာရတဲ့သတင်းတော့ အခုအချိန်အထိ မကြားရသေးဘူး။” ဟုပြောကြား ခဲ့သည်။

နောက်ဆုံးရ သတင်းများအရ သေဆုံးသူပေါင်း ၄၃ဝ တိတိ ရှိသွားပြီဟု အတည်ပြုနိုင်ပြီး လူပေါင်း ၂၀ဝ ကျော်မှာလည်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း လူပေါင်း ၇၀၃ ကျော်မှာလည်း ပျောက်ဆုံးနေသည်ဟု ဂျပန် Chief Cabinet Secretary ဖြစ်သော Yukio Edano က ပြောကြားခဲ့သည်။

ဂျပန်အစိုးရက ဂျပန်နိုင်ငံ မြောက်ပိုင်း Fukushima Prefecture ရှိ နူကလီးယားစက်ရုံ ဓါတ်ပေါင်းဖို ၄ လုံး မှ နူကလီးယား ယိုစိမ့်မှု ရှိနေသဖြင့် အနီးကို ရှင်းလင်းနေကြောင်း အဆိုပါ နူကလီးယား ယိုစိမ့်မှုမှာ ၃ ကီလို မီတာမှ ၁ဝ ကီလိုမီတာအထိ သက်ရောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ဂျပန် နူကလီးယား နှင့် စက်မှုဆိုင်ရာ လုံခြုံရေးအေဂျင်စီမှ တာဝန်ရှိသူများအဆိုအရ Fukushima ရှိ အမှတ် ၂ ဓါတ်ပေါင်းဖိုမှာ ဖိအားများလွန်းလာပြီး ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ကြောင်း ထို့ကြောင့်လည်း လေထုထဲသို့ နူကလီးယား ဓါတ်ငွေ့များ ထွက်သွားခဲ့ကြောင်း စက်ရုံအနီးနေ လူများ အမြန်ရွှေ့ပြောင်းရန် လိုအပ်ကြောင်းလည်း သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးှဌာနမှ စစ်သားပေါင်း ၂၀၀၀ဝ ကျော်က ငလျင်လှုပ်ခတ်ရာ ဒေသအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြသည်ဟု သိရပြီး ကျန်းမာရေး ဝန်ကြီး၏ အဆိုအရ ဆေးရုံများမှ ကျန်းမာရေး အဖွဲ့ပေါင်း ၅၂ ဖွဲ့က ငလျင်ဘေးသင့်ရာ ဒေသများတွင် ထိခိုက် ဒဏ်ရာရသူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဂျပန် မိုးဇလ ဌာနက ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မှာ သောကြာနေ့ည သန်းခေါင်ယံ အချိန်က အမြင့်ဆုံးဖြစ်ကြောင်း ပင်လယ်နှင့် ထိစပ်နေသော ဒေသများအားလုံးအနေဖြင့် အမြင့်ဆုံး အဆင့်အထိ သတိရှိနေကြရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေငြာထားသည့်အပြင် ၈.၈ မဂ္ဂနီကျူ့ အဆင့်ရှိ ငလျင်ကြီးတစ်ခု နောက်ထပ် လှုပ်လာနိုင်ချေ ရှိသေးသည်ဟု NHK သတင်းအရ ထပ်မံ သိရသည်။

3 comments

  • white

    March 15, 2011 at 6:13 am

    အခုလိုအချိန်မှာ သိတာလေးတွေ ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    မြန်မာ နိုင်ငံဟာ ငလျင် အချိန်မရွေးလှုပ်နိုင်တဲ့ ဒေသထဲမှာ ပါတဲ့ အတွက် မဖြစ်ခင်ကတဲက ဘယ်လိုလေ့ကျင့်မယ် ဘယ်လိုပြင်ဆင်ထားမယ် ဖြစ်လာရင် ဘာတွေလုပ်မယ်ဆိုတာ ကြိုတင်လေ့ကျင့် ထား အသင့်ပြင်ဆင်ထားသင့်ပါတယ်
    ဒါပေမဲ့ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်ပညာရှင် မှ ဘယ်နေ့ ဘယ်အချိန် ငလျင်လှုပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးပါ ဖြစ်နိုင်ခြေကိုဘဲ ခန့်မှန်းလို့ ရပါသေးတယ် ပတ်ဝန်းကျင်ကိုလဲ သတိပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်
    ဘာဖြစ်လို့လဲ ဆိုတော့ အက်ဆစ် သတင်းကြောင့် တုန်လှုပ်နေတဲ့သူတွေ ပတ်ဝန်းကျင်မှာတွေ့ နေရလို့ပါ တော်ကြာ ဘယ်နေရာ ဘယ်အချိန်မှာ ငလျှင်လှုပ်တော့မယ် ဆိုတာတွေ ဖြစ်မှာစိုးလို့ပါ

  • etone

    March 15, 2011 at 7:33 am

    Group က အ ီးမေလ်းဝင်လာ လို့ ဖတ်တုန်းကလည်း စိတ်ပူမိသေးတယ်… ။
    အခု ထပ်ဖတ်မိတော့ လည်း စိတ်ပူတုန်းပဲ ။

  • zoxnet

    March 15, 2011 at 8:35 am

    စိတ်ပူနေတဲ့သူတွေ အတွက် http://www.tunlwin.com ကနေပြီး ပြန်လည် ဝေမျှလိုက်ပါတယ်။ အောက်မှာ ဖတ်ကြည့်လိုက်ကြပါ။

    မုန်တိုင်း ဖြစ်နေ ပြီလား? အက်ဆစ် မိုးတွေ ရွာတော့ မှာလား? (၁၄-၃-၂၀၁၁ ည ၉ နာရီအချိန်)

    ဒီကနေ့တစ်နေ့လုံး သာဂိတော့ ကံမကောင်းပါဘူးဗျာ။ ဆက်လိုက်ကြတာ မေးလိုက်ကြတာ။ တစ်နေကုန် ပါဘဲ။

    မုန်တို်င်းဖြစ်မယ်ဆိုတာ ဟုတ်ပါသလား ? တဲ့။

    ဂျပန်က နျူကလီယာဓါတ်ပေါင်းဖိုတွေပေါက်ကွဲကုန်လို့ မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာမယ်၊ အာဆီယံနိုင်ငံတွေ အားလုံး ထိခိုက်ကုန်လိမ့်မယ်ဆိုတာ ဟုတ်ပါသလား ? တဲ့။ အင်ဒိုနီးရှားကစပြီး သတင်းထုတ်တာတဲ့။

    ကဲဗျာ။ တစ်ခုချင်း စဉ်းစားကြရအောင်။

    ဘင်္ဂလားပင်လယ်အော်ထဲမှာ အခုအချိန်အထိ ဘာမုန်တို်င်းမှ မရှိပါဘူးဗျာ။ မုန်တိုင်းဝေးလို့ လေဖိအားနည်းရပ်ဝန်းတောင် ပီပီပြင်ပြင်မရှိသေးပါဘူး။ လောလောဆယ် မုန်တို်င်းစမယ့်အလားအလာ ပြနေတာကတော့ အိန္ဒိယသမုဒ္ဒယာ (ကမ္ဘာ့တောင်ဖက်ခြမ်း)ဘဲရှိပါတယ်။

    နောက်တစ်ခါ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ဖက်ပိုင်းမှာ အင်အား ၉.ဝ လောက်ရှိတဲ့ ရေအောက်ငလျင်ကြီးလှုပ်လို့ ဆူနာမီရေလှိုင်းတွေ တက်လာရာမှာ ဂျပန်နိုင်ငံမှာ အကြီးအကျယ် ထိခိုက်သေကျေ ခဲ့ရပါတယ်။ အဆိုးဆုံး ကတော့ နျူကလီယာဓါတ်ပေါင်းဖို(၅)ခုအနက် Fukushima Power Plant မှာရှိတဲ့ Reactor လေးခုကို မြေငလျင်လှုပ်ရှားမှုဒဏ် နဲ့ ဆူနာမီရေလှိုင်း ဒဏ် ခံခဲ့ရလို့ ဓါတ်ပေါင်းဖိုတွေရဲ့ cooling system တွေ ပျက်ပြားသွားခဲ့ရခြင်းဖြစ်ပါတယ်။ ဒီအအေးခံတဲ့ စံနစ်တွေပျက်ပြားသွားခဲ့တဲ့အတွက် ရေတွေခမ်းသွားပြီး၊ ဓါတ်ပေါင်းဖိုအတွင်းမှာ ရှိကြတဲ့ (၄)မီတာ အရှည်ရှိတဲ့ သံမဏိချောင်းတွေ အပူချိန်မြင့်တက်လာစေပါတယ်။ နောက်တော့ အရည်ပျော်ကျကုန်တယ်။ ဒီနေရာမှာ စက်မှာတပ်ဆင်ထားတဲ့ အရေးပေါ်အအေးခံစံနစ်တွေနဲ့ အလိုအလျောက် အအေးခံပေးခဲ့ရာမှာ အဲဒီအရေးပေါ်စံနစ်ကပါ ပျက်စီးသွားခဲ့ရပြန်ပါတယ်။ ဒီတော့ တတိယအဆင့် SR(Safety Relief) ကိုသုံးပြီး အအေးခံစေခဲ့ပြန်ပါတယ်။ ဒီလိုသုံးရာမှာလည်း ပထမ Nuclear Plant ကတော့ တပ်ဆင်ထားတဲ့ reactor ဟာ ပေါက်ကွဲသွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ တစ်ခါ ဒုတိယ Plant မှာ reactor ထပ်ပေါက်ကွဲသွားပြန်ပါတယ်။ အခုနောက်ဆုံး တတိယ Reactor ပါ ပေါက်ကွဲသွား ပြန်ပါတယ်။

    အခုတော့ ပင်လယ်ရေများကို သွင်းပြီးအအေးပေးတဲ့စံနစ်ကို သုံးခဲ့ပြန်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ 4 m ရှည်တဲ့ Fuel Rod တွေကို ထက်ဝက် 2 m ခန့်ရေမြုပ်အောင် လုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ စိတ်ချရပြီလို့ မပြောနိုင်သေးပေမယ့် အန္တရာယ်ရှိမှုဟာ သာမာန် အဆင့်ထက် မကျော်သေးဘူးလို့ ဆိုပါတယ်။

    အဲဒီမှာ သတင်းတွေက ဝင်လာတော့တာဘဲ။ နျူကလီယာဓါတ်ပေါင်းအိုးတွေပေါက်လို့ မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ် တဲ့။ မိုးရေတွေ မချိုးကြပါနဲ့တဲ့။ အပြင်မထွက်ကြပါနဲ့တဲ့။

    ကဲဗျာ။ တိုတိုဘဲပြောပါရစေတော့။

    (၁) Nuclear Plant ကနေ Radioactive ဓါတ်ငွေ့တွေ ယိုစိမ့်မှုဖြစ်လာရင် ဒါဟာ အလွန်အန္တရာယ်ကြီးမားပါတယ်။ ဥပမာ Chernobyl Incident ဟာ အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အများအားဖြင့် local incident တွေသာ ဖြစ်ပါတယ်။

    (၂) ဂျပန်နိုင်ငံမှာတောင် လောလောဆယ်မှာ radiation level ဟာ အန္တရာယ်အဆင့် မရှိသေးပါဘူး။ စောင်ကြည့်နေဆဲ ဖြစ်ပါတယ်။

    (၃) Nuclear Plant တွေဟာ ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိနေပြီး၊ အဲဒီ နေရာနဲက အနီးဆုံးနိုင်ငံဟာ ရုရှားနိုင်ငံအရှေ့ဖက်အစွန်းဒေသဖြစ်ပါတယ်။ အဲဒီမှာ လည်း radioactivity level ဟာ အခုအထိ ပုံမှန်ရဲ့အောက်မှာဘဲ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် alert တော့လုပ်ထားပါတယ်။ ဒါပေမယ့် ထိခိုက်မှုကတော့ အနည်းဆုံးသာဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    (၄) Nuclear Plant က Nuclear Bomb လို ပေါက်ကွဲမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့တွေ ယိုစိမ့်လာပြီး လူတွေကို ဓါတ်ရောင်ခြည်သင့်စေမှာကိုသာ စိုးရိမ်ရတာဖြစ်ပါတယ်။

    (၅) လောလောဆယ် ဂျပန်အပေါ်မှာတိုက်ခတ်နေတဲ့လေတွေဟာ အားကောင်းတဲ့ အနောက်လေစီးကြောင်းတွေသာဖြစ်တဲ့ ရေဒီယိုသတ္တိကြွဓါတ်တွေဟာ ဂျပန်ရဲ့ အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာထဲကိုသာ ရွေ့စေမှာဖြစ်ပါတယ်။

    ဒီတော့ ယခုအချိန်အထိ မြန်မာနိုင်ငံမှာ ဘာမှ စိုးရိမ်စရာမရှိတဲ့အပြင် မြန်မာနိုင်ငံကို အကျိုးသက်ရောက်ဖို့ အခြေအနေ အလွန်နည်း (လုံးဝမရှိ သလောက်)ပါဗျာ။

    http://www.tunlwin.com/latestdetail.php?myanmar=262

Leave a Reply