ကြုံခဲ့ရသော

zoxnetApril 27, 20101min961
rotating_wind_power_tower_dubai_05

တစ်ခေါက်ကပေါ့ဗျာ။ သဘောင်္ကျင်းတစ်ခုရဲ့ General Worker အလုပ်နဲ့လာမယ့် သူတစ်ယောက်ကို ဗီဇာတင်ပေးရပါတယ်။ နှစ်လလောက်အကြာမှာ ဗီဇာကျသွားတယ်ပေါ့ဗျာ။ အလုပ်တည်နေရာက Fujairah ဆိုတဲ့နေရာမှာပါ။ ဗီဇာကိုအီးမေးလ်ကနေတဆင့် အဲဒီကာယကံရှင်ရဲ့ အကောင့်ထဲကို ပို့ပေးလိုက်ပါတယ်။ ဗီဇာရတဲ့နေ့ကနေ တစ်လအတွင်းလာခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီသူကလည်း ယူအေအီးကို မြန်မြန်သွားချင်တယ်ဆိုပြီး ပြင်ဆင်စရာရှိတာတွေကို အလျင်အမြန်ပြင်ဆင်ပါတော့တယ်။ ဒီလိုနဲ့ ပြင်လို့ဆင်လို့ပြီးလို့ (ငြုပ်သီးကြော်၊ အမဲကြော်နဲ့ ငါးခြောက်တွေ ပါကင်ပိတ်ပြီးလို့) အနီးကပ်ဆုံးရက်တစ်ရက်ကို ဘွတ်ကင်လုပ်ဖို့ Airticket ရုံးကိုသွားပါတယ်။ Ticket Agency တစ်ခုကိုသွားတာပါ။ ယူအေအီးက ပို့လိုက်တဲ့ Work Permit Visa ကိုပြပြီးတော့ YGN-BKK-DXB လတ်မှတ်တခြမ်းကို ဝယ်ပါတယ်။ ဒါပေမယ့် အဲဒီအေဂျင်စီက ဝန်ထမ်းကဒီဝေါ့က်ပါမစ်တစ်ခုတည်းနဲ့ လတ်မှတ်ရောင်းပေးလို့မရကြောင်း၊ ယူအေအီးဘက်က အလုပ်ဌာနရဲ့ တာဝန်ရှိသူတစ်ယောက်ယောက်က ဒူဘိုင်းမှာရှိနေတဲ့ TG ရုံးကိုသွားပြီး ဒီအလုပ်သမားကို တကယ်ခေါ်တာဖြစ်ကြောင်း သွားရောက်အကြောင်းကြားပေးပြီး TG ရုံးကဒီဘက်ကို ရောင်းခွင့်ပေးမှသာ ရောင်းပေးမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါနဲ့သူလည်း အဲဒီကိစ္စကို ကျွန်တော်တို့ဘက်ကို လှမ်းအကြောင်းကြားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဗီဇာလုပ်ငန်းတွေကို ကိုင်တွယ်တဲ့မိတ်ဆွေက အဆင်ပြေအောင်ဆိုပြီး Original Visa ကို ရန်ကုန်ပြန်မယ့် လူကြုံနဲ့ထည့်ပေးလိုက်ပါတယ်။ အဲဒီလူကြုံရန်ကုန်ရောက်မယ့်နေ့မှာပဲ ကာယကံရှင်က တခြားအေဂျင်စီတစ်ခုမှာ ညှိနှိုင်းလတ်မှတ်ဝယ်ပြီး ဒီကိုရောက်လာပါတယ်။ ဒီရောက်တော့ Visa Section က Original Visa နဲ့ဒီဘက်မှာ ကြိုမယ့်သူမရှိတဲ့အတွက် နိုင်ငံထဲပေးမဝင်ပါဘူး။ သူလည်းကျွန်တော်တို့ကို ဖုန်းဆက်အကြောင်းကြားတော့ ကျွန်တော်တို့လည်း ရန်ကုန်ကိုပြန်အကြောင်းကြားပြီး ရန်ကုန်ကနေဗီဇာကို DHL နဲ့အမြန်ဆုံးပြန်ပို့ခိုင်းရပါတယ်။ ရန်ကုန်ကရှိတဲ့ သူ့မိဘတွေလည်း စိတ်ပူပြီးချက်ချင်းပဲ DHL ကိုသွား၊ FEC 88 နဲ့ဗီဇာကို ဒီပို့လိုက်ပါတယ်။ (၃) ရက်အကြာမှာ ကျွန်တော်တို့ဆီ ရောက်လာတဲ့အတွက် ကျွန်တော်တို့လည်း ရောက်ရောက်ချင်းသွားကြိုကြပါတယ်။ သူကတော့ Airport မှာ(၃) ရက်နေလိုက်ရပါတယ်။ နောက်တော့အဆင်ပြေသွားပါတယ်။ အမှတ်တမဲ့ကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

One comment

  • kopauk mandalay

    April 27, 2010 at 5:50 am

    ညီလေးတို.လို. နိုင်ငံခြားမှာ အခုလိုကြုံခဲ.ရတာလေးတွေကိုပြောပြတာ အဘိုးတန်ပါတယ်။
    နောက်လူတွေအတွက် အဆင်ပြေတာပေါ.နော်

Leave a Reply