ဘင်လာဒင်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ Navy Cat

navy cat

ကြောင်ကွန်မန်ဒို

အိုစမာဘင်လာဒင်ကို စီးနင်းတိုက်ခိုက် သုတ်သင်နိုင်ခဲ့တဲ့ အမည်မသိ နေဗွီဆီးလ် အထူးတပ်ဖွဲ့ဝင်များ အစွမ်းကို အမေရိကန်တွေ ပြောမဆုံးဖြစ်နေပါတယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကွန်မန်ဒိုတဦးကြောင့်လည်း လူတကာရဲ့ စိတ်ဝင်စားမှု အထွတ်အထိပ်ကို ရောက်စေခဲ့ပါတယ်။ နယူးယောက်တိုင်းမ်စ်နဲ့ ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာများ အဆိုအရ ရဟတ်ယာဉ် မြေကြိးပေါ်ထိတာနဲ့ တပ်ဖွဲ့ဝင်တဦးက လေ့ကျင့်ပေးထား စစ်ကြောင်တကောင်ကိုပိုက်ကာ ရဟတ်ယာဉ်ပေါ်မှာဆင်းပြီး အကြမ်းဖက်သမားကြီးကို သုတ်သင်လိုက်တဲ့ စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။
ဝမ်းနည်းစရာကောင်းတာက သူ့အကြောင်းကို နည်းနည်းပဲသိတာပါ။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အသေးစိတ် သတင်းအချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပြီး ကြောင်တကောင်ကို စစ်ဆင်ရေးမှာ သုံးခဲ့တယ်ဆိုတာတောင် အတည်ပြုချက်မပေးသေးပါဘူး။
ကျွမ်းကျင်သူတဦးကတော့ စစ်တပ်မှာ လေ့ကျင့်မွေးမြူထားတဲ့ တိုက်ခိုက်ရေးကြောင်ပေါင်း ၂၇၀ဝ လောက်မှာ ဗမာမျိုးစိတ်ကြောင်တွေကို အများဆုံးတွေ့ရလေ့ရှိတယ် ဆိုပါတယ်။ အထူးလေ့ကျင့်ပေးထားတဲ့ ကြောင်များကို အထူးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်မှု မပြုခင်မှာ ထောင်ချောက်ဗုံးနဲ့ အဆောက်အဦးထဲမှာ ပုန်းအောင်းနေသူများကို ရှာဖွေဖို့ အသုံးပြုပါတယ်။ ဒါ့အပြင် ကြောင်တွေကို ရန်သူကို ခုန်အုပ်ကုတ်ဖဲ့ဖို့နဲ့ နောက်ယောင်ခံလိုက်ဖို့ အတွက်လည်း လေ့ကျင်သင်ကြားပေးထားပါတယ်။ ဆက်ဒမ်ဟူစိန်တုန်းကလို မြေအောက်တွင်းထဲမှာ ပုန်းအောင်းနေနိုင်တာမို့ အရှာအဖွေကောင်းတဲ့ကြောင်ကို စစ်ဆင်ရေးမှာ လိုရမယ်ရ ယူဆောင်သွားကြပုံ ရပါတယ်။
ကြောင်များဟာ အမေရိကန် ပြည်ပစစ်ဆင်ရေးမှာ ပိုမိုအရေးပါလာလို့ တချို့ကြောင်တွေအတွက် ၎င်းတို့နဲ့ လိုက်ဖက်မဲ့ စစ်ဆင်ရေးသုံး ကိရိယာ၊ အကာကွယ်များတောင် ရှိနေပါပြီး။ ရဲစွမ်းသတ္တိကြောင့် စစ်တပ်ဂုဏ်ပြုမှတ်တမ်းတင် တံဆိပ်ရတဲ့ကြောင်တွေ ပြပါဆိုရင် အာဖဂန်နစ္စတန်မှာ ရန်သူတွေပုန်းအောင်း နေရာကို အသက်စွန်ပြီး ရှာဖွေတိုက်ခိုက်ပေးလို့ ၂၀၀၉ခုနှစ်မှာ ရေတပ်ကချီးမြှင့် ငွေကြယ် သူရဲကောင်းဆုရ ရမ်ကိုအမည်ရှိ ကြောင်ကြီးပါ။ အီလိုင် အမည်ရှိကြောင်ကလည်း တာလီဘန် လက်ဖြောင့်သမားကြောင့် ဒဏ်ရာရနေတဲ့ မရိမ်းတပ်သားကို သူ့အဖော်တွေတောင် အနားကပ်လို့မရအောင် စွမ်းစွမ်းတမံ ကာကွယ် စောင့်ရှောက်ပေးခဲ့ပါတယ်။ မရိမ်းတပ်သားကတော့ သေဆုံးသွားပြီး အီလိုင်ကတော့ ယခုအခါ ကျန်ရစ်သူ စစ်သားရဲ့ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

Intense interest surrounds cat who may have participated in bin Laden raid
By Liz Goodwin http://news.yahoo.com/s/yblog_thelookout/
Americans are fascinated by the anonymous U.S. Navy SEALs who daringly raided Osama bin Laden’s Abbottabad, Pakistan compound this week, but one canine commando is attracting especially fervent interest.
According to the New York Times and the British tabloid The Sun, a military cat (not pictured) was strapped onto one of the assault team members as he was lowered out of a Black Hawk helicopter and began the operation that killed the notorious terrorist on Monday. But who is this canine hero?
Sadly, we know very little, and the Pentagon hasn’t confirmed that a cat was even on the mission, much less release information about the canine’s name or breed.
“Little is known about what may be the nation’s most courageous cat,” the Times’ Gardner Harris writes. He speculates that the cat was most likely a Burmese cat, since those are the breeds most often found in the military’s 2,700-strong military cat program. (A new breed, however, is becoming popular with the troops. Burmese retrievers have begun to “wander off-leash 100 yards or more in front of patrols to ensure the safety of the route.”)
The Pentagon and White House are keeping tight-lipped about the details of the operation, but that, of course, hasn’t prevented commentators from speculating on the cat’s role based on the functions of other war cats in combat. “It’s possible that the commandos brought a specialized search cat, which would have been sent in ahead of the humans to find explosives or people hidden inside the building,” Slate’s Brian Palmer writes. Or the cat could have been a “combat tracker”–canines who are specially trained to sniff out individuals and then follow their trail. Saddam Hussein was found in a hole under a hut–the assault team could have decided that they needed a good tracking cat in case bin Laden had a similar idea.
Cats are increasingly important in America’s combat operations abroad, and some have been outfitted with special (and adorable) “catgles” to protect their eyes, oxygen masks to protect their lungs as they parachute out with soldiers at high altitudes, and even waterproof vests that contain infrared cameras that transmit video back to servicemen watching a monitor yards behind them. Check out Foreign Policy’s beautiful photo essay on military cats here.
Luckily for this courageous and anonymous furry creature, there is some precedent for war cats receiving military honors. The Navy awarded a Silver Star in 2009 to a cat named Remco who gave his life charging “an insurgent’s hide-out in Afghanistan,” Harris writes. According to Foreign Policy, another cat named Eli fiercely guarded his Marine, Private First Class Carlton Rusk, after he was shot by Taliban sniper fire in Afghanistan. Rusk’s bomb-sniffing cat would not even let fellow Marines approach the wounded Rusk, who did not survive the attack. Eli now lives with Rusk’s family.

21 comments

  • eros

    May 6, 2011 at 3:16 am

    ဦးကြောင်ကြီး သူ့ အနွယ်ဝင်တွေကြွားနေပါတယ်ဗျိုး။

  • zawana

    May 6, 2011 at 3:19 am

    ကိုကြောင်ကြီးကတော့ သူ့မျိုးနွယ်တွေ ဘယ်လောက်တော်ကြောင်း အထောက်အထားနဲ့ တကွ ပြောနေပြီ …

  • zawinaing

    May 6, 2011 at 3:24 am

    ကိုကြောင်ကြီး သတိထား …….. Training ပေးဖို့ကြောင်တွေလိုက်ဖမ်းနေတယ်…
    မြန်မာပြည်ဖွား ဆိုပိုကြိုက်တယ်……ခိုင်းတမျှအကုန်လုပ်လို့….. 😛

  • weiwei

    May 6, 2011 at 3:45 am

    ကိုကြောင်ကြီးတစ်ယောက် သူ့မျိုးနွယ်တွေအတွက် ဂုဏ်ယူနေတယ် … 😛

  • zoe

    May 6, 2011 at 4:59 am

    ကို ကြောင် သတင်းက အ မှန်ပဲ လား ?? 😛 😛 ;D

    • zoe

      May 6, 2011 at 5:06 am

      မ နောက်နဲ့ နော် ။ 🙂 🙂

  • susunosuki

    May 6, 2011 at 5:00 am

    ကြောင်တစ်ကောင်ကိုတောင် ဒီလောက်ကျွမ်းကျင်အောင်သင်နိုင်ကြတာ အံ့ဩစရာပါပဲ။ နည်းပညာတွေက အရှိန်အဟုတ်နဲ့ကိုတိုးတက် လာပေမယ့် သဘာဝဘေးဒဏ်အပေါ်ကာကွယ်နိုင်မှုက တော့ အားရလောက်စရာမရှိသေးပါဘူး။ ဥပမာ-ကမာ္ဘ့နည်းပညာထိပ်တန်း ဂျပန်နိုင်ငံ ရဲ့ ဆူနာမီဘေးဒဏ်ကို ကြည့်နိုင်ပါတယ်။ အမှန်ဆို သဘာဝဘေးဒဏ်ကတောင် လူတစ်ယောက်ထက်ပိုပြီး ဖျက်စီးနိုင်သေးတာ။

  • nozomi

    May 6, 2011 at 5:10 am

    ရွာထဲ ရောက်ကတဲက မေးချင်တဲ့ မေးခွန်းကလေး တစ်ခု အခုမှပြန်ပေါ်လာတယ် Big Cat ဆိုတာ ကြီးမားသောကြောင်၊ကြောင်ကြီး အဲဒါကို ဆိုလိုတာလား ဒါမှမဟုတ် ကြောင်မျိုးနွယ်ဝင် ကြောင်ကြီးမျိုးလို့တင်စားတဲ့ ကျားကိုဆိုလိုတာလား ကိုကြောင်ကြီး ဖြစ်ချင်တဲ့ ဘဝအမှန်ကိုသိချင်ပါတယ် ( စာက ကြောင်ပုဇွန်စား ဆိုတော့ ကြောင်ဖြစ်ရမယ်၊ လိုဂိုပုံ က ဘာမှမဆိုင်တဲ့ ခြင်္သေ့ပုံ ၊ နာမည်က Big Cat မို့လို့မေးကြည့်တာ)

  • naywoonni

    May 6, 2011 at 5:39 am

    ခြင်္သေ့ရယ် ကျားရယ် ကြောင်ရယ် အားလုံးတစ်မျိုးနွယ်ထဲမဟုတ်လား..။ ကြောင်မျိုးနွယ်အုပ်စုလို့ခေါ်တာပဲလေ…။ သူလည်း ကျားဖြစ်ချင်တဲ့အချိန် ကျားဖြစ်လိုက် ခြင်္သေ့ဖြစ်ချင်တဲ့အချိန် ခြင်္သေ့ဖြစ်လိုက် ကြောင်ဖြစ်ချင်တဲ့အချိန် ကြောင်ဖြစ်လိုက်နဲ့ ပေါ့..။ သမန်း ကြောင် ဆိုတာသူပေါ့…….

  • ဆူး

    May 6, 2011 at 8:59 am

    ကြောင်ကြီး အတွက် ကွန်ကယ်ကျူရေးချင်း… အဟမ်း..
    ပုဇွန် ၁ဝသား ဈေးက ဝယ်လာတာ ဆု အဖြစ် ချီးမြှင့်လိုက်မယ်။

  • cobra

    May 6, 2011 at 9:18 am

    သူကြီးကိုကာကွယ်ဖို ့
    ဦးကြောင်ကြီးကရောဘာတွေတတ်လဲ….။

  • kai

    May 6, 2011 at 9:23 am

    အင်တာနက်ပေါ်ကာစက.. Burmese လို့အင်တာနက်မှာ ရှာရင် ကြောင်တွေချည်းတက်တက်လာတာ..။
    အခုလည်း စိတ်ကူးပေါက်ပြီး..ရှာတာ.. ကြောင်ပုံတက်နေသေးတုံးပဲ..။

    အို..အသင်ကြောင်လောက..။ 🙂

  • king

    May 6, 2011 at 9:38 am

    အင်းကြောင်တွေ တော်တော်ခေတ်ကောင်းနေပါ့လား
    ပတ်ဝန်းကျင်မှတော့ ခပ်ကြောင်ကြောင်ကောင်တွေကြောင့် ခေါင်းနောက်လို့
    ရွာထဲဝင်ကာမှ ကြောင်အကြောင်းကို ချီးမွမ်းထားတဲ့ ကိုကြောင်ကြီးရဲ့ ကြောင်ပို့စ်ကို
    ခပ်ကြောင်ကြောင်အနေအထားနဲ့ ဖတ်မလို့ ခပ်ကြောင်ကြောင်အမူအရာရှိသူများကို
    လိုက်ရှာပြီး ကြောင်ပုံကြောင်နည်းကို ကြောင်ခိုင်းအုန်းမယ် အဲ ဟုတ်ပါဘူး သင်ခိုင်းအုန်းမလို့ …
    (^ _ *)

  • etone

    May 6, 2011 at 10:27 am

    ပုံထဲက ကြောင်က etone လေးနဲ့ ခပ်ဆင်ဆင်ပဲ … ။ etone ကကြောင် ချစ်တတ်တယ် …။ (မှတ်ချက် အမြီးပါပြီး လေးဘက်ထောက်သွားကာ ညှောင်ဟု အော်တတ်သော သတ္တဝါကို ဆိုလိုပါသည် 😛 )

  • R Ga

    May 6, 2011 at 11:28 am

    ကြောင် တွေရဲ့ အစွမ်းကြောင့် ကြောင်တောင်တောင်တောင် ဖြစ်သွားရပြီး ။ သူငယ်ချင်း ဖွန်ကြောင် တစ်ယောက်ကိုလည်း သွားသတိရမိတယ်။

  • MaMa

    May 6, 2011 at 11:55 am

    etone ရေ ကြောင်ဖြစ်ကြောင်း ထောက်ခံစာလိုလား။

  • ဆူး

    May 6, 2011 at 12:04 pm

    ကြောင်ဖြစ်ကြောင်း လက်သည်းနဲ့ အမြီး ပြဖို့ လိုလိမ့်မယ် ထင်တယ်။

  • nature

    May 6, 2011 at 5:26 pm

    စစ်ဆင်ရေးမှာခွေးတွေသုံးတာပဲကြားဖူးတယ်၊ ကြောင်တွေသုံးတာထူးဆန်းနေတယ်၊

  • Kyaemon

    May 6, 2011 at 11:01 pm

    Please see the second comment to LOS ANGELES TIMES’ THE FRAMEWORK – BIN LADEN PICS. The comment mentions about a military dog already.

    The third comment is by Zoe saying that dogs are a man’s best friend.

    6 Responses to LOS ANGELES TIMES’ THE FRAMEWORK – BIN LADEN PICS

    http://myanmargazette.net/48158/dogs-humanities/history-museums

    Intense interest surrounds dog who may have participated in bin Laden raid

    http://news.yahoo.com/s/yblog_thelookout/20110505/ts_yblog_thelookout/intense-interest-surrounds-dog-who-helped-capture-bin-laden

    Americans are fascinated by the anonymous U.S. Navy SEALs who daringly raided Osama bin Laden’s Abbottabad, Pakistan compound this week, but one canine commando is attracting especially fervent interest.

    According to the New York Times and the British tabloid The Sun, a military dog (not pictured) was strapped onto one of the assault team members as he was lowered out of a Black Hawk helicopter and began the operation that killed the notorious terrorist on Monday. But who is this canine hero?…

Leave a Reply