ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုုပ်မည် ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း ထုုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တိုု့ ဆက်သွယ်မေးမြန်းလိုုက်ပါသည်။

zaw mgMarch 16, 20111min550

ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုုပ်မည်

ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း ထုုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တိုု့ ဆက်သွယ်မေးမြန်းလိုုက်ပါသည်။အိမ်သာနတ်။ ။ ဟုုတ်ကဲ့ ဦးတင့်လွင်ခင်ဗျာ အခုုကြေညာချက်ကိုု ဘာလိုု့ထုုတ်ပြန်ဖြစ်သလဲဆိုုတာ ဦးစွာ သိပါရစေခင်ဗျာ။

ဦးတင့်လွင်။ ။ ကျနော်တိုု့ မြန်မာ့ဆက်သွယ်ရေးကနေ ဒီ VoIP တွေကိုု လုုပ်စားနေတဲ့ ကုုမ္ပဏီ ၁၈ ခုုကိုုစပြီးနှိပ်ကွပ်ရာကနေ စိတ်ကူးစရတာဗျ။ အခုုဆိုု ရန်ကုုန်၊ မန္တလေးမြို့တွေမှာ Pfingo အကောင့်တွေကိုု စီးပွားဖြစ်ရောင်းနေတဲ့အေးဂျင့်တွေ ရှိတယ်လေ။ လူတွေက အင်တာနက်ကနေ နိုုင်ငံခြားနဲ့ စကားပြောလိုု့ ရနေတော့ ကျနော်တိုု့ ဆက်သွယ်ရေးက ဖုုန်းခေါ်ခတွေကျတယ်ဗျာ။ လက်ကိုုင်ဖုုန်းတွေဆိုုလဲ အက်ဖ်အီးစီ ဒေါ်လာတွေနဲ့ ကောက်တော့ အဲဒီ့မှာလဲ ဝင်ငွေထိခိုုက်လာတယ်ဗျာ။ ဒီကြားထဲ အေးဂျင့်တွေက VoIP ဆားဗစ်တွေရောင်းစားလာတော့ ဒါ နိုုင်ငံတော်ကိုု ကွက်ကျော်ရိုုက်တာပဲဗျာ။ အဲဒီ့တော့ ဘယ်လိုုလဲဆိုုတော့ အနောက်နိုုင်ငံတွေက ထုုတ်တဲ့ ဆားဗစ်တွေကိုု တန်ပြန် ဆန်းရှင်းလုုပ်ဖိုု့ လုုပ်တယ်။ ဒါကလဲ အမျိုးသားရေး ဦးတည်ချက် အရပါ။

အိမ်သာနတ်။ ။ ဟုုတ်ကဲ့။ ဘယ်လိုုမျိုးလုုပ်ဖိုု့ အားထုုတ်ပါသလဲ။

ဦးတင့်လွင်။ ။ ကျနော်တိုု့ မြန်မာနိုုင်ငံမှာ အင်တာနက်ကိုု နိုုင်ငံတော်ကပဲ လုုပ်တာလေ။ ဒီတော့ အင်တာနက်ပေါ်က အနောက်နိုုင်ငံ လွှမ်းမိုုးမှုတွေကြီးစိုုးတဲ့ ဒီ VZO Pfingo Skype Gtalk ဆားဗစ်တွေကိုု ဆန်းရှင်းလုုပ်ပီး ပိတ်မယ်ဗျာ။ ဂျီတော့ထက် သာတဲ့ ဆားဗစ်ကိုု မြန်မာ့ဆက်သွယ်ရေးက လုုပ်မှာပါ။

အိမ်သာနတ်။ ။ ဟုုတ်ကဲ့။ ဘယ်လိုုသာတဲ့ ဆားဗစ်လဲဗျာ။

ဦးတင့်လွင်။ ။ ဟာ ဒါကလဲ ဒေါ်လာနဲ့သုုံးရမယ့်မယ့် ဆားဗစ်ပါ။ ဒါမှလဲ နိုုင်ငံ့တော်ဝင်ငွေ တိုုးလာမှာပါ။ ကွန်နက်ရှင်လဲ စိတ်ချ ပိတ်ကောင်းစေရမယ်။ မြန်မာ့ ရုုပ်မြင်သံကြားအတုိုင်း ကြည်လင်ပြတ်သားစေရမယ်။ ခုုလောလောဆယ် အဲဒီ့ဆားဗစ်ကိုု နာမည်ပေးဖိုု့ ရွေးနေကြတယ်။

ဂျီတော့ထက် သာအောင် မြန်အောင် ဒရယ်တော့ (သိုု့) သမင်တော့ (သိုု့) သားပိုုက်ကောင်တော့ ဆိုုပြီးတော့လေ။ မြန်မာ့ဆက်သွယ်ရေးရဲ့ စေတနာတွေပေါ့ဗျာ။

အိမ်သာနတ်။ ။ ဟုုတ်ကဲ့ အခုုလိုု စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ရော စေတနာတွေအတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

တီတီတီတီတူတူတူတူ တောက်

(အိမ်သာနတ် ဆက်သွယ်မေးမြန်းထားသည်)

http://www.burmastrangenews.com/ မှကူးယူဖေါ်ပြလိုက်ရပါသည်။