WordPress banner အလွယ်တကူ ပြောင်းဖို့

zoxnetApril 27, 20101min842
images

WordPress banner တွေ၊ Theme တွေ ခဏခဏ ပြောင်းပြီး၊ ကလိချင်နေတဲ့ သူတွေ အတွက် ဒီပို့စ်လေးကို ရည်ရွယ်ပါတယ်။ ကျွန်တော့်ကို လမ်းညွှန်ပေးတာကတော့ ကျွန်တော့် ဆရာ မောင်သားဖြိုး ပါ။ ကျွန်တော်တို့လို ကလိတာ ဝါသနာပါ သူတွေအတွက် လွယ်ကူစေဖို့ ကျွန်တော် ပြန်လည် ဝေမျှပါမယ်။ ဖြတ်လမ်းနည်းလေး တစ်ခုပါခင်ဗျာ။ ကျွန်တော်တို့ အရင်က မိမိသုံးထားတဲ့ သီးမ်စ်တွေမှာ ဘန်နာပြောင်းချင်ရင် FTP ကို Run ဦး၊ ဟို့စ်တင်းကို သွားဦး၊ အဲဒီထဲမှာမှ Image ဖိုင်ကို ဝင်ဦးနဲ့ တဆင့်ပြီး တဆင့် အလုပ်ရှုပ်ရပါတယ်။ ဒီကြားထဲ ကော်နက်ရှင်က မကောင်းရင် FTP ကလည်း ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့် အဲဒီလို ရှည်ရှည်ဝေးဝေး သွားနေစရာမလိုပဲ ကိုယ့်စက်ထဲမှာတင် ဘန်နာကို ပြောင်းပြီး သီးမ်စ်ထဲ ထည့်နိုင်မယ့် နည်းလမ်းလေးကို ဖောက်သည်ချ လိုက်ပါတယ်။ ကိုယ်ဘန်နာ ပြောင်းချင်တဲ့ သီးမ်စ်ကို အရင်ဆုံး ဒေါင်းလုဒ် ချထားရပါမယ်။ (လက်ရှိအဲဒီ သီးမ်စ် သုံးထားရင်တော့ တခြား သီးမ်စ်တစ်ခု ခဏပြောင်းထားလိုက်ပါ။) သီးမ်စ်ကို ဒေါင်းလုဒ်ချပြီးရင် ဇစ်ဖြေပါ။ အဲဒီဖြေထားတဲ့ ဖိုင်ကို ဖွင့်ပါ။ အဲဒီမှာ သီးမ်မှာပါဝင်တဲ့ image တွေရဲ့ image ဖိုင်တွေ့ပါမယ်။ အဲဒီဖိုင်ကို ထပ်ဖွင့်ပါ။ အဲဒီထဲမှာ မူရင်းတင်ထားတဲ့ ဘန်နာ image ကိုတွေ့ပါမယ်။ အဲဒီဆိုဒ်ကို သေသေချာချာ မှတ်သားထားပါ။ အဲဒီ image ရဲ့ နံမည်ကို လည်း မှတ်သားထားပါ။ ပြီးရင် ကိုယ်တင်မယ့် ဘန်နာပုံကို အဲဒီ image ဆိုဒ်အတိုင်း ပြင်ပါ။ နံမည်ကိုလည်း သူ့အတိုင်း ပြန်ပေးပါ။ (ဥပမာ.. မူရင်းက title ဆိုရင် ကိုယ်ကလည်း title လို့ပေးရပါမယ်။) ကိုယ့်တင်မယ့် ဘန်နာကို စိတ်ကြိုက်ပြင်ဆင် လို့ပြီးရင် ခုန သီးမ်စ်ထဲက image file ထဲက မူရင်းပုံကို ဖျက်လိုက်ပါ။ ပြီးရင် ကိုယ့်ပုံကို အစားထိုးပါ။ (တခါတခါ မူရင်း image တွေက ၂ ပုံစီ ပါတတ်ပါတယ်။ ၂ ပုံပါရင် ၂ ပုံတင်ပေးပါ)။ အစားထိုးပြီးရင် အဲဒီ Zip ဖြေထားတဲ့ သီးမ်စ်ဖိုင်ကို Zip file ပြန်ထုပ်ပါ။ Zip file ဖြစ်ရပါမယ်။ Rar မဖြစ်ဖို့ သတိထားပါ။ ပြီးသွားရင် မိမိ WordPress ရဲ့ Dashboard – Appearance – Install a Theme ကနေ အဲဒီ သီးမ်စ်ကို တင်လိုက်ပါ။ Theme ထဲရောက်သွားတာနဲ့ Activate လုပ်ပါ။ ကိုယ်ဖန်တီးထားတဲ့ ဘန်နာနဲ့ တင်လိုက်တဲ့ သီးမ်ဟာ စိတ်ကျေနပ်စရာ လှပနေတာကို တွေ့ရပါမယ်ခင်ဗျာ။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

2 comments

  • သာဦး

    April 27, 2010 at 8:17 pm

    ကျေးဇူးတင်ပါတယ်။နောက်လည်းရေးပေးပါဦး။တချိုကကပြောတယ်။အင်တာနက်မတက်ပဲကိုယ့်ကွန်ပျူတာကနေစာတွေဘလော့ပေါ်တန်းတင်လို့ရတယ်တဲ့။ရေးပေးပါဥိး

  • zoxnet

    April 28, 2010 at 5:35 am

    အစ်ကို ပြောတာ WordPress Locally ထင်တယ်။ ကျွန်တော် ပို့စ်တင်လိုက်မယ်။ အစ်ကို ဖတ်ကြည့်ပေါ့။ အဲဒါကတော့ စာတန်းတင်တာ မဟုတ်ဘူး အစ်ကိုရ။ အင်တာနက်ပေါ် မတင်ခင် ကိုယ့်စက်ထဲမှာ ပြင်ဆင်မှု လုပ်တာ။

Leave a Reply