Internet Manual

zoxnetApril 27, 20101min1496
images

ကျွန်တော်လည်း ဒီအကြောင်းတွေကို ခဏခဏ မပြောချင် တော့ပါဘူးဗျာ။ အားအားရှိ အရည်မရ အဖတ်မရ ဂျီတော့ခ် ထိုင်ထိုင် ပြောနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ကိုယ်နဲ့မှ မဆိုင်တာ၊ မင်းဟာမင်း အေးအေး ဆေးဆေး နေပါလားလို့ ပြောမယ် ဆိုလည်း ခံရမှာပဲ။ ကျွန်တော့်ကို ကလည်း မနေတတ်တာ။ အခု ဒီပို့စ်ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့်ဘေး ကပ်ရပ်မှာ ကျူနေတာလား၊ အကျူခံနေတာလား မသိရတဲ့ ကောင်မလေး တစ်ယောက်တောင် လောလောလတ်လတ် ရှိနေသေးတယ်။ ကျွန်တော် အပါအဝင် ကျွန်တော့်မိတ်ဆွေ ဘလော့ဂါ ညီအစ်ကို၊ မောင်နှမ တော်တော်များများ လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးပြီးခဲ့ကြပါပြီ။ ဒါတွေကို သူတို့ မဖတ်မိလို့လား။ မဖတ်ချင်တာလား။ ဖတ်ပြီး ဖာသိဖာသာ နေနေကြတာလား။ မပြောတတ်တော့ပါဘူး။ ဂျီတော့ခ်က အရမ်းကောင်းပါတယ်။ အရမ်းလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် အသုံးပြုတတ်ဖို့ လိုတယ် ဆိုတာ သူတို့ မသိကြတာလား။ အင်တာနက် ဆိုတာကို ဂျီတော့ခ်သုံးခြင်းလို့ပဲ သူတို့စိတ်ထဲမှာ သိနေကြတာလား ကျွန်တော် မပြောတတ်တော့ပါဘူးဗျာ။ အင်တာနက်မှာ ထိုင်တယ်။ Headphone က မိုက်ကို ပါးစပ်ထဲမှာ ငုံထားတယ်။ (သူတို့ ကျူနေတာကို သူမျုားသိမှာ လည်း စိုးသေးတယ်။ ဒါပေမယ့် အားလုံး သိကြပါတယ်။) ဘေးက လူတွေကို ဂရုမစိုက်၊ ချွဲချွဲပြစ်ပြစ် အသံတွေနဲ့ ပြောမယ်။(ဒါက အရှိန်တက်လာရင် ကျယ်လာတဲ့ အသံတွေပါ။) သူတို့ ပြောနေတဲ့ သူတွေထဲမှာ ၁ဝ ယောက်မှာ ၁ ယောက်လောက်တောင် အပြင်မှာ တွေ့ဖူးချင်မှ တွေ့ဖူးကြမယ်။ သူခိုး၊ ဂျပိုး လည်းပါမယ်။ ၁၀၉၊ ၁၁ဝ လည်းပါမယ်။ ဘာညာတွေလည်း ပါမယ်။ အိမ်မှာတော့ မိဘက လူကြီး၊ လူကောင်း။ သူတို့ သားသမီးတွေ အလေနတော တွေနဲ့ ပြောနေတာ လုံးဝမသိ။ ငါ့သားလေး၊ ငါ့သမီးလည်း ခေတ်မှီလိုက်တာ၊ တော်လိုက်တာ။ အင်တာနက်ကနေပဲ စာတွေဖတ်၊ ပညာတွေရှာနေတယ် လို့ ထင်နေကြတယ်။ တစ်ချို့ဆို သိပ်နားမလည်တဲ့ မိဘတွေကို လိမ်ညာ၊ ဆရာက အင်တာနက်မှာ သချင်္ာပုစာ္ဆရှာတွက်ခိုင်းထားတယ် ဆိုပြီး စာကို ဘန်းပြ၊ အင်တာနက်ဆိုင်မှာ ထိုင်ကြောင်(ထိုင်အကြောင်ခံ) နေတာလည်း ရှိသေးတယ်။ ကြုံဖူးလို့ပါ။ သူတို့ အတွက် ဘာအကျိုးများ ရှိကြသလဲ။ တချို့ဆို ဓါတ်ပုံတွေ ရိုက်၊ ကွန်ပျူတာမှာ ဆေ့ဗ်ပြီး ဂျီတော့ခ်မှာ တစ်ပုံပြီး တစ်ပုံတင်ပြ။ ပြန်တော့ အဲဒီ ဓါတ်ပုံတွေက စက်ထဲမှာ ကျန်ခဲ့။ လက်ကမြင်းတဲ့ သူနဲ့တွေ့ရင် သူတို့ ဓါတ်ပုံတွေ ခေါင်းပြတ်မှာ သေချာပါတယ်။ တခါက ကျွန်တော် ပြောခဲ့သလိုပေါ့။ အင်တာနက်သာ သုံးနေတယ်။ Google ကနေ ဓါတ်ပုံတောင် မရှာတတ်သေးဘူး။ အခုလည်း တော်တော် များများရှိပါတယ်။ Documents File တွေကို Google မှာ ဘယ်လို သိမ်းလည်း မသိသေးဘူး။ ပြောရင်တော့ ပြောမကုန်ပေါ့ဗျာ။ မြန်မာဘာသာ နဲ့ ဘလော့ဂ်တွေ၊ ဝဗ်ဆိုဒ်တွေ အများကြီးပါ။ တန်ဖိုးရှိတဲ့၊ ပညာရမယ့် ဟာတွေ ဒုနဲ့ဒေး။ ဖိုရမ်တွေဆို ဘယ်လောက် အဆင်ပြေလဲ။ ဘာအခက် အခဲရှိရှိ၊ ဝင်မေးလိုက်။ သိသူတစ်ယောက်ယောက် ကတော့ ဖြေပေးသွားတာပဲ။ အဲ… အဲလို ဖိုရမ်ဆိုတာ ကိုတောင် ဘာမှန်း မသိတဲ့ သူတွေရှိသေးတယ်ဗျ။ မပြောချင်တော့ ပါဘူးဗျာ။ ကျွန်တော့် ဆရာ မောင်မိုး က ပို့စ်ကို အရှည်ကြီး တင်ရင် လူဖတ်ပျင်းတယ်တဲ့။ လူပျင်း မဖတ်ဘူးပေါ့ဗျာ။ လူပျင်း မဖြစ်အောင် အဆုံးထိ ဖတ်ကြပါဗျာ။ အဟိ။

6 comments

  • kopauk mandalay

    April 27, 2010 at 3:49 pm

    တစ်ခါက ကျနော်အသိတစ်ယောက်အိမ်မှာ ကြက်သားကိုလောက်ကျအောင်အပုတ်ခံပြီးထားပါတယ်။
    အပေါ်ကပြုတ်ကျလာသော လောက်ကလေးတွေကိုအောက်က ဂျုံတွေနဲ.ခံထားပါတယ်။
    ကျလာသောလောက်ကလေးတွေက ဂျုံစားပြီးကြီးလာမှ အဲဒီအကောင်လေးတွေကိုကြော်စားပါတယ်။
    သည်လိုပါဘဲလောကကြီးမှာ လတ်ဆတ်မှစားကောင်းတာ မှန်ပေမဲ.တစ်ချို.က ပုတ်နေတာကိုကြိုက်တယ်လေ။
    ငပိ ငံပြာရေ နံတယ် သွေးတိုးတယ် ဒါပေမဲ.စားတယ်။
    ဒူးရင်းသီးနံတယ် အပူကန်တယ်နော် စားတာဘဲ။
    ဒိန်ညင်းသီး ကျောက်ကပ်သမားစားရင် သေပေတော. အဝင်နံအထွက်နံ ဒါလဲအုပ်တာဘဲ။
    ညီရေးလောကမှာ ကိုယ်သန်ရာကို်ယ်လုပ်ကြပါတယ်။
    ကျန်စစ်သား က စောလူးမင်းကို ငရန်မာန်ကန်းလက်က ကယ်သလိုပေါ.။
    သူသေမှာစိုးလို.ကယ်တာကိုမလိုက်ချင်တော. ထားခဲ.ရတာပေါ.။
    စေတနာနဲ.ပြောတာကို အလေးမထားတဲ.သူတွေ ဘေးတွေ.ပြီဆိုမှ ဒန် ဒန်. ဒန် ပေါ.ညီလေးရေ။
    ကို်ယ်စိုက်တာသာ ကိုယ်ရမှာပါညီလေးရေ။
    ကျနော်ကော်မင်.ကရော ရှည်သွားသလားမသိဘူးနော်။

    • zoxnet

      April 28, 2010 at 5:30 am

      အဟဲ.. ဥပမာပြ နှိုင်းယှဉ်ချက်တွေက ရှည်လို့ရှည်မှန်း မသိအောင် ထိမိလွန်းပါတယ် အစ်ကို။ ကျွန်တော်တောင် ဘာထပ်ပြောရမှန်း မသိတော့ဘူး။

  • Rain girl

    April 28, 2010 at 3:45 am

    မှန်၏ မှန်၏။ တစ်ခါလောက်ခံဖူးရင် တော့ သိသွားလိမ့်မယ်ကွယ် အတတ်နို်င်ဆုံးတော့ လက်လှမ်း မှီသမျှကိုတော့ လိုက်ပြောနေတာပါပဲကွယ်။

  • susunosuki

    April 28, 2010 at 5:17 am

    g talk ကိုစွဲစွဲမြဲမြဲသုံးတဲ့သူ ဆယ်ယောက်မှာ ၈ ယောက်ဟာ အားနည်းချက်ရှိသူတွေပါပဲ
    ရုပ်အရမ်းဆိုးရင်ဆိုး၊ အလုပ်အကိုင်မရှိရင်မရှိ၊ အိမ်ထောင်ရှိရင်ရှိ၊ ဒါမှမဟုတ်ရင် အသက်ငယ်ငယ်မို့အပြင်မှာရည်းစားမထားရဲသေးတဲ့ ကလေးအရွယ်တွေများပါတယ်

    • zoxnet

      April 28, 2010 at 5:32 am

      ဟုတ်လိုက်လေဗျာ။ အစ်ကိုပြောတာကိုလည်း ပုံနှိပ်ပြီး လက်ကမ်းစာရွက်ဝေရင် အဲ့လိုလူတွေ တော်တော် ပပျောက်သွားလိမ့်မယ်ဗျ။

  • Shwemannmay

    May 10, 2010 at 5:15 am

    အင်း ပာုတ်တယ် အဲဒီလို အင်တာနက်ဆိုင်မှာထိုင်ပြီး အရည်မရအဖတ်မရ အပာိ တွေ အပာင့်တွေကို အတော်ကြီးစိတ်ပျက်စရာကောင်းစွာမြင်တွေ ့ရပါတယ်။
    ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် တတ်နိုင်သလောက်စေတနာထားပြီး ပြောပြသော်လည်း သူနဲ ့ဘာဆိုင်တာမှတ်လို ့ဆိုတဲ ့အကြည့်အောက်မှာ စေတနာစကားလုံးတွေ ဆွ ံ့အသွားခဲ့ဖူးပါတယ်။ သို ့သော်လည်း တတ်နိုင်သလောက်တော့ တော်တော်ရင်းနှီးတဲ ့သူ အထူးသဖြင့် ကလေးတွေကိုပေါ့နော် နည်းနည်းရှည်ရှည်ဝေးဝေးပြောပြဖြစ်ပါတယ်။ ဒီတိုင်းကြည့်နေတာထက်စာရင်တော့ပိုကောင်းမယ်မှတ်တာကိုးနော်။
    ဒီကောမန် ့လည်းသိပ်မရှည်ဘူးနော် ။ရှေ ့ကတင်ခဲ့သမျှတွေကိုအဆုံးတိုင်ဖတ်ပြီးမှ ဝင်တော့ထားတာပါ ပာိ 😀

Leave a Reply