အရင်းပိုင်းကြီး ရှိသေးတယ်

ဆူးMarch 16, 20111min1066

ကိုမြ တယောက် ခါတိုင်းလိုဘဲ တောထဲ သစ်ခုတ်သွားခဲ့ပါတယ်။ ထိုနေ့မှာတော့ သူခုတ်စရာ မလိုဘဲ သစ်ပင်ကြီး တပင် လဲနေတာတွေ့ပြီး ခုတ်ထားသူ မည်သူ မည်ဝါ မသိတော့ ထို သစ်ပင်ကြီးရဲ့ အဖျားပိုင်းကို တုံးတစ်ပြီး အိမ်ကို သယ်လာခဲ့ပါတယ်။ ထိုအချိန်မှာ မောမောနဲ့ အိမ်က မိန်းမကို သတိရလာမိပါတယ်။ အတွေးထဲမှာတော့ မိန်းမလုပ်သူက အိမ်ဦးခန်းမှာ သနပ်ခါး မျက်နှာမှာ အဖွေးသားနဲ့ ဆေးလိပ်တိုပြီး ဖွာပြီး ခပ်တည်တည် နဲ့ အိမ်မှာ ထိုင်နေမှာကို တွေးပြီး စိတ်ထဲ မနာလို ဖြစ်မိတယ်။ ငါ့မှာတော့ သစ်ခုတ်တဲ့ လုပ်ငန်းနဲ့ ပင်ပင်ပန်းပန်း ကြိုးစား လုပ်ရသလောက် သူကတော့ အိမ်မှာ ဇိမ်ကျကျနဲ့ နေပြီး ငါရှာတာ စားပြီး တနေ့တနေ့ သနပ်ခါး လူးပြီး ညာခိုင်းတယ် ဆိုပြိး အတွေးတွေ တွေးရင်း မနာလို ဖြစ်လာပြီး အတွေးထဲမှာတော့ ဒီမိန်းမ ကြောင့် ငါပင်ပန်းနေရတာ ဒင်းကို ငါ ကောင်းကောင်း ပြသနာ ရှာရမယ်။ အိမ်ပေါက်ဝ ရောက်တော့ ထမ်းလာတဲ့ သစ်တုံးကြီးကို ဝုန်းဆို ပြစ်ချလိုက်ပါတယ်။ အတွေးမှာတော့ ငါပင်ပန်းလာတယ် ငါကို နိပ်ပေးစမ်း ဆိုပြီး အပြုစု ခံရန် အကြံထုတ်လာခြင်းဖြစ်သည်။ လက်တွေ့ သစ်တုံးကြီး ပြစ်ချလိုက်တဲ့ အချိန်မှာ မိန်းမက အိမ်က ထွက်လာပြီး အကို မောလာလား။ ရေနွေးကြမ်းလေးသောက် ဆိုပြီး အိမ်ထဲ ဝင်သွားတယ်။ တလမ်းလုံး အိမ်မှာ သောင်းကြမ်းမယ် ဆိုပြီး တွေးလာသမျှ ရေနွေးကြမ်း သောက်လိုက်ဦး ပြောတဲ့ စကားမှာတင် တခါတည်း လျောကျလို့ အေးကွာ.. ငါသစ်ပင် တပင်တွေ့ခဲ့တာ အခု အဖျားပိုင်ဘဲ သယ်ခဲ့ရတယ်။ ဒီတော့ မိန်းမက အကိုရယ် မနက်ဖြန်အတွက် အလုပ်ရှိတာပေါ။ အရင်းပိုင်းကြီး ရှိပါသေးတယ်လေ။

6 comments

  • bigbird

    March 16, 2011 at 4:49 pm

    တစ်နေ ့ကျရင် ကိုယ်ကိုယ်တိုင်လဲ ကိုမြ မိန်းမလိုပြောသင့်ပြောရလိမ့်မယ်။
    ကြိုတင်လေ့ကျင့်ထားရင် မမှားဘူး အန်တီဆူးရေ..

  • shwe

    March 16, 2011 at 9:13 pm

    ဟာဟာ ဆူးရေ ပိုက်ဆံချေးနော် ;P

  • dream

    March 17, 2011 at 2:51 am

    အဟိ အတုယူသင့်တာတွေ ယူထားရမယ် 😛

  • manawphyulay

    March 17, 2011 at 3:45 am

    ဘယ်လိုပဲဖြစ်ဖြစ်လေ အပြောတတ်ရင် အောင်မြင်တာ လက်တွေ့ဖြစ်သွားတာပေါ့ ဟိဟိ

  • meengelay

    March 17, 2011 at 9:42 am

    အဟိ.. ခိုင်းတတ်လိုက်တာကွယ်

Leave a Reply