ဟိုတယ် သရဲ

ဆူးMarch 16, 20111min713

ခရီးခဏခဏ ထွက်လို့ဘဲ ပြောရမလားဘဲ။ ဟိုတယ်တွေမှာ သရဲ ခြောက်တာ ခဏခဏ ကြုံဘူးပါတယ်။
ကိုရီးယား က ဟိုတယ် တခုမှာ ဟိုတယ်နာမည်တော့ မေ့သွားပြီး ခရီးထွက်တာ တညကို ဟိုတယ် တခု အိပ်တာ ဆိုတော့ ၂ရက်ဆက်တိုက် သရဲ ခြောက်တဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။
ဟိုတယ်တွေကတော့ အကောင်းစားတွေကြီးဘဲ အခန်းတွေကလည်း ဖွဲ့စည်းပုံက တော်တော် ကျယ်တယ်။ လူနေတိုက်ခန်း တခုလောက်နီးပါးကျယ်ပါတယ်။ ဟိုတယ် ရဲ့ အောက်ဘက် မြေအောက်ထပ်မှာ စူပါမားကတ် တွေ ရှိတတ်ပါတယ်။ အခန်းထဲမှာ ကုတင် ၂ခု အပြင် ရိုးရာ ပုံစံ ခင်းအိပ်လို့ရအောင် အခန်းသီးသန့် တခန်းပါသေးတယ်။ သူ့လူမျိုးတွေ ဓလေ့ အကြိုက် လုပ်ထားလို့ တော့ ပြောတာဘဲ။ အခန်းထဲမှာ မီးဖိုနဲ့ အိုးခွက် အနည်းငယ်စီပါ ပါတယ်။ မိသားစု ခရီးထွက်ရင် ပျော်ပျော်ရွင်ရွင် ချက်ပြုတ်စားသောက်နိုင်အောင် စီမံ ပေးထားတာ ဖြစ်ပါတယ်။
ပထမ တရက်ကတော့ သတိမထားမိဘူး ဒီလိုဘဲ အိပ်ခါနီး အိပ်လိုက်တာဘဲ။ ည ၁၂နာရီ ဝန်းကျင်လောက်မှာတော့ ဟိုတယ် တခုလုံး ဆူညံပြီး နေပြီး နေလို့.. ဘေးအခန်းက လူတွေ အဝင် အထွက် လုပ်နေတယ် ထင်မိတာပါဘဲ။ မနက်မိုးလင်တော့ ဘေးအခန်းကို ကြည့်တော့ ကိုယ့်လူတွေဘဲ ဘယ်က ကလေးမှ မရှိသလို ကပ်ရပ် အခန်းကလည်း သူလည်း အိပ်နေတာ သူကြားတဲ့ အသံက တခြားတဖက်က ဖြစ်နေတယ် တခြားတဖက်ကလည်း အခန်းနံပါတ်နဲ့ ကြည့်လိုက်တော့ အဖွဲ့ထဲက လူဖြစ်နေပြန်ကော.. ထို လူတွေကို သွားမေးတော့လည်း သူတို့လည်း အိပ်နေတာ ညက ဆူညံသံကြားလို့ ထကြည့်တာ ဘာမှ မတွေ့လို့ ပြန်အိပ်လိုက်တယ် စိတ်ထဲ ဘေးအခန်းက လူရောက်နေတယ် ထင်တယ်လို့ တွေးပြီး အိပ်လိုက်တာနဲ့.. အဲဒီတော့မှ သတိထားမိပြီး ရိတ်စားမိတော့တယ်။
နောက်တရက် နောက်ထပ် ဟိုတယ် တခုမှာ အခန်းသော့လက်ထဲ ရောက်တော့ အခန်းတံခါးဖွင့်ပြီး မီးဖွင့်တော့ မီးမလာဘူး ဒါနဲ့ မန်နေဂျာကို ခေါ်ပြီး ပြလိုက်တယ်။ အခန်းထဲမှာ နှစ်ရှည်လများ လူမနေဘဲ ပိတ်ထားလို့ ဖုန်တွေထူနေသလိုမျိုးနဲ့ အခန်းအတွင်းမှာ စီးဖို့ ပေးထားတဲ့ ဖိနပ်တွေကလည်း လမ်းလယ်ခေါင် ပိတ်လို့ ဟိုတိုးဒီတိုး လုပ်ထားတဲ့ ပုံစံမျိုးပါဘဲ။ မြင်ရတာတောင် စိတ်ခြောက်ခြားစရာ သရဲကား ထဲက အကွက်တွေလို ဖြစ်နေပါတယ်။ ဒီလိုနဲ့ မန်နေဂျာက လာပြီး ကြည့်တော့ သူလည်း လန့်သွားတယ်။ သူတို့ဆီက အခန်းတွေမှာ ဒီလို အခန်းတွေ ရှိလို့လား ပုံစံနဲ့ အခန်းလဲပေးလိုက်တယ်။ ည၁၂နာရီ ဝန်းကျင်လောက်မှာတော့ ကပ်ရပ် အခန်းတွေက အခန်းအတွင်းက ဆူညံသံတွေ ကြားနေရတော့တာပါဘဲ။

နောက် ပြည်တွင်းသွားတဲ့ ခရီးစဉ်မှာလည်း ပြည်မြို့မှာ ဟိုတယ် တခု ရှိတယ် မြို့ထဲက ဟိုတယ် အဲဒီ ဟိုတယ်မှာ အိပ်တော့ တညလုံး တကျိကျိနဲ့ ဆူညံနေတာ မနက်လင်းတော့ ကြည့်လိုက်တော့ အခန်းထဲမှာ ကြွက်က ရေချိုးခန်းထဲက ဆပ်ပြာယူပြီး ကိုက်နေတဲ့ အသံ ဖြစ်နေတယ်။

နောက်တခါ ပြည်မြို့ ရောက်တော့ ဟိုတယ် ပြောင်းတည်းတယ်။ အဲဒီတုန်းက အသစ် ဖွင့်ခါစဘဲ ရှိသေးတယ်။ အခန်းတွေ အများကြီးယူတော့ သူတို့ဆီမှာ အခန်းအကုန်ပြည့်နေပြီ တခန်းကတော့ ရေပူမရဘူး အဲဒါတော့ ရှိတယ် ယူမလားတဲ့။ ရတယ် ယူလိုက်မယ် အိပ်ယုံဘဲ ဆိုပြီး သော့ယူပြီး အခန်းထဲမှာ အထုတ်ချ အေးဆေး အိပ်နေတာ.. ည ၁၂နာရီ ဝန်းကျင်မှာ အခန်း တခန်းလုံး သိသိသာသာ ဆူညံနေပါတယ် တခန်းလုံး လိုက်ထု နေတာ.. ဒုံး ဒုံး ဒုံး ဒုံး ဆိုပြီး ထုနေတာ တခန်းလုံး နေရာ မလပ် ထုနေတာ အိပ်နေတာ နိုးသွားခဲ့တယ်။ အလှူရှိတော့ ပြင်ဆင်ဖို့ ၃နာရီ နိးစက်မြည်တော့ ထပြီး လှုပ်လှုပ်ရှားရှား လုပ်ကော အသံ မကြားတော့ဘူး။ တညလုံးတော့ အိပ်မရအောင် ထုပြီး လူတွေ ထတော့ မနေရဲလို့ ပြေးတာလား မသိဘူး။

နောက် တောင်ကြီး သွားတုန်းက ကလောက ဟိုတယ် တခုမှာပါ။ ကလောဟိုတယ်က ရှေးဟောင်းအိမ်ကြီးလိုမျိုး ဟိုးအရင်က ဆောက်ထားတဲ့ ဒီဇိုင်းမျိုး ပုံစံက သပ်သပ်ရပ်ရပ် ဆိုပေမဲ့ ထူးခြားပါတယ်။ အဲဒီ မှာ အဖွဲ့ထဲမှာ ပါတဲ့ လင်မယား နှစ်ယောက်က ညဘက် ဟိုတယ် အရှေ့မှာ လမ်းထွက်လျောက်တယ်။ အညောင်းပြေ လျောက်ရင်းနဲ့ ခရိယာန် သင်းအုပ် ဘုန်းတော် ကြီး တပါးကို တွေ့လိုက်တယ် သူတို့ ဘက်ကို လျောက်လာတာ မြင်တော့ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်မိတော့ မျက်နှာ မပါတာနဲ့ ကြောက်ကြောက်နဲ့ ထွက်ပြေးလာကြတယ်။ သူတို့ နဲ့ အနီးအနားမှာ လူတွေ ရှိပေမဲ့ ကျန်တဲ့လူတွေ အဲဒီ ဘုန်းကြိး ကို မမြင်ဘူး။ သူတို့ နှစ်ယောက်ဘဲ မြင်လို့ ပိုပြီး ထိတ်လန့်ပြီး တံခါးတွေ အလုံပိတ် ဘီဒိုတွေ အတင်းတွန်းပိတ်ပြီး တံခါးကနေ ဝင်မလာအောင် လုပ်လို့ အနီးအနား အခန်းတွေ အကုန် လန့်နိုးကုန်တော့တာဘဲ။

ကြုံခဲ့သမျှ ဟိုတယ် သရဲကတော့ အခု လတ်တလော မှတ်မိတာ ဒါအကုန်ဘဲ။

3 comments

  • bigcat

    March 17, 2011 at 2:40 am

    သရဲဘဝကလာသူတွေကြတော့ သရဲမကြောက်တဲ့အပြင် ပျက်ရယ်တောင်ပြုတတ်ကြသတဲ့။ ပြောင်းပြန်တွေးရင် နတ်ပြည်ကလာသူတွေကြတော့ ငရဲနတ်ပြည် ၃၁ဘုံဆိုတာကို လက်ခံကြသတဲ့။

  • meengelay

    March 17, 2011 at 9:26 am

    အကြောက်လွန်လို့လဲ ဖြစ်မှာပါ… သရဲတွေရှိတာတော့ တကယ်ပဲ ဒါပေမယ့် ကိုယ်ထင်ပြဖို့ကျတော့ သိပ်မလွယ်ဘူး

  • etone

    March 17, 2011 at 10:05 am

    ကိုယ်တိုင်တော့မကြုံဖူးပါဘူး အသံတော့ ကြားဖူးတယ် … ။

Leave a Reply