I Need some help

ပန်းနုMarch 17, 20111min1978

800MHz CDMA နဲ့တွဲသုံးဖို့ Modem ဝယ်ချင်ပါတယ်
ဘယ်အမျိုးအစားကောင်းမှန်းမသိပါ။
ဘာအချက်တွေကို ကြည့်ပြီးရွေးချယ်ရမှန်းလဲမသိပါ။
အတွေ့အကြုံရှိသော ရွာသူရွာသားများထံမှ အကြံဉာဏ်လိုချင်ပါတယ်။

8 comments

  • weiwei

    March 17, 2011 at 5:13 am

    modem နဲ့ သုံးရင် ဖုန်းကတ်ကို ထုတ်ရ ထည့်ရ ခဏခဏလုပ်ရတာနဲ့ အဆင်မပြေဖြစ်ပါတယ်။ ဈေးအပေါဆုံးဝယ်ရင်တောင် သုံးသောင်းတော့ ပေးရပါလိမ့်မယ်။
    ကျွန်မအကြံပေးချင်တာကတော့ ဟန်းဆက် ဈေးသက်သာတဲ့ Huawei C5700 ခုနှစ်သောင်းတန် ဝယ်သုံးလိုက်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

  • dream

    March 17, 2011 at 6:06 am

    ဟုတ်ကဲ့ မဝေဝေ
    အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 🙂

  • Gong Zhu

    March 17, 2011 at 7:05 pm

    C5700 က Touch လား … ကိုDream လသာလမ်းမှာ သွားမဝယ်မိအောင် ရှောင်နော် … တော်ကြာ သမီးလို ရန်တွေ့နေရမယ် ဆိုင်ကို …

  • dream

    March 18, 2011 at 2:18 am

    ညီမလေး Gong Zhu ကျေးဇူပါ ဒါနဲ့ ကိုDream မဟုတ်ပါ မDream ပါ

    • bigcat

      March 18, 2011 at 2:41 am

      ဟေ့ မdreamနဲ့ဆိုလည်း dreamမှာပြ။ ဒါလူတွေရဲ့ မွေးရာပါ အခွင့်အရေးကွ။ မင်းကဘာကောင်လဲ… တပ်ရှုပ်ကြီးဘိုးအေမိုလို့ လာအာဏာပြနေတာလား….

  • shweminthar

    March 18, 2011 at 2:26 am

    800 MHz CDMA နဲ့ အင်တာ နက်သုံးတာ အဆင်ပြေလား
    အခုမှ ရုံးသွားလျှောက ်ရင် ဘယ်လောက် မကျလဲ

  • dream

    March 18, 2011 at 2:46 am

    shweminthar 800MHz CDMA နဲ့ အင်တာနဲ့လျှောက်ရင် ရုံးမှာ ဖောင်ဖိုး ၁၅၀ဝ ဘဏ်မှာ ၃၀၀၀ဝ အပြင် ၁၀၀ဝ က under table ဆက်သွယ်ရေးရုံးမှာ ၅၀ဝ ဆိုတော့ ၃၃၀၀ဝ ကျပါတယ်။ အင်တာနက် သုံးတာ အဆင်ပြေမပြေတော့ မသိသေးပါ မသုံးရသေးပါ။

  • အာဖျံ ကွီး

    March 18, 2011 at 7:49 am

    မိုဘိုင်းနဲ.သုံးတဲ့ အင်တာနက်လိုင်းကတော့ ကောင်းတဲ့အချိန်ဆို ဖလန်းဖလန်းကိုထလို. …

    အဲ … မကောင်းဘူးဆိုလဲ … အဝီစိမှာ ဂျိုးကပ် …

    ပြောသာပြောတာပါ .. သုံးရတာ အဆင်ပြေတာများပါတယ် …

    Huawai C5700, C5900 အမျိုးအစားတွေကတော့ မိုဘိုင်းနဲ.သုံးရင် သိပ်အဆင်မပြေဘူး …
    PC နဲ.ချိတ်မှ ကောင်းတာ …

    Touch Screen လေးတွေဆိုရင်တော့ မိုက်တရ် … ဈေးလဲသိပ်မကြီးဘူး .. တစ်သိန်းနှစ်သောင်း/သုံးသောင်း ဝန်းကျင်ပါပဲ … PC နဲ. မချိတ်လဲ အဆင်ပြေတရ် …

Leave a Reply