Enter the Blogging

zoxnetApril 27, 20101min1225
forblog-3

ကျွန်တော် ဘလော့ဂ်ဘက်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပို့စ်လေးကို ရေးခဲ့ပြီးပါပြီ။ ဒီပို့စ်လေးကို ဖတ်မိပြီး ဘလော့ဂ်ဂင်းဘက်ကို စိတ်ပါဝင်စားသူ ရှိသလို၊ ဖာသိဖာသာ နေသွားတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညံ့ဖျင်းချက်ကတော့ ဘလော့ဂ်ဘက်ကို လာဖု့ိသာခေါ်တဲ့ ပို့စ်ကိုရေးပြီး ဘယ်လိုဘလော့ဂ်ကို ဖန်တီးရမယ် ဆိုတာကိုတော့ ညွှန်ပြဖို့ မေ့ခဲ့မိပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ်ဂင်း ကို စိတ်ဝင်စားမယ့် သူငယ်ချင်းတွေအတွက် လမ်းညွှန်မှုလေးတွေ ပေးချင်ပါတယ်။
ကျွန်တော် ဘလော့ဂ်ကို စစချင်း byethost မှာ လုပ်ခဲ့တာပါ။ ကိုသင်္ကြန်ရဲ့ အီးဗုက်ထဲက အတိုင်းပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ byethost က hosting နဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ စိတ်မချရတာတွေ ရှိလာပါတယ်။ ခဏခဏ hosting ပြုတ်ကျပါတယ်။ ကျွန်တော်ရဲ့ zox-netmaze.iblogger.org ကို အဲဒီမှာ လုပ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဘလော့ဂ်ပါ။ အဲဒီ ဘလော့ဂ်လေးကို ရေးနေရင်း တန်းလန်းမှာပဲ ကျွန်တော် mmnetmaze.co.cc ကို webhost နဲ့ co.cc အားကိုးနဲ့ ကိုသင်္ကြန်ရဲ့ အီးဗုက် အသစ်အတိုင်း၊ သူရဲ့ လမ်းညွှန်မှုနဲ့ ထပ်မံ တည်ဆောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ တော်တော် အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဆရာကိုသင်္ကြန်ရဲ့ သတိပေးချက်အရ co.cc free domain အဖွဲ့ကနေ လူလည်ကျမှုတွေကို ကြားသိခဲ့ရပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ တဆင့်စကား၊ တဆင့်နားနဲ့ free hosting တွေရဲ့ အာမခံမဲ့ အဆင်မပြေမှုတွေကို သိလာရတဲ့နောက် ကျွန်တော်လည်း တော်တော်ခေါင်းခြောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် myanmargenius ကို စတင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ ဒါလည်း ကိုသင်္ကြန်ရဲ့ mmwordpress က လမ်းညွှန်မှုကြောင့်ပါပဲ။ မြန်မာတွေ အချင်းချင်း ဝန်ဆောင်မှုပေးတယ်။ အခမဲ့ ဘလော့ဂ်ပိုင်ဆိုင်မှုရမယ်။ အာမခံချက် ရှိတယ်ဆိုပြီး ကြားသိရတဲ့နောက် ကျွန်တော် mmgenius ကို ခုန်ကူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် စသုံးခဲ့တဲ့ အချိန်ကနေစပြီး အခုအချိန်အထိ အစစ အရာရာကို mmgenius မှာ လွယ်ကူခဲ့ပါတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဘလော့ဂ်ထပ်မံ ပေးတဲ့ ဆားဗစ်ကို အခုအချိန်မှာ ရပ်ဆိုင်းထားပါတယ်။ WordPress ဖန်တီးဖို့အတွက် ဆန္ဒရှိသူတွေ အနေနဲ့ ဒီလင့်က် လေးမှာ pdf ဖိုင်လေးကို ဒေါင်းယူ ကြည့်ရှုဖန်တီးနိုင်သလို Blog ဖန်တီးချင်သူတွေ အတွက်တော့ ဒီလင့်က် လေးမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ နှစ်သက်ရာ ကို အသုံးပြုပြီး အကျိုးရှိမယ့် ဘလော့ဂ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။

5 comments

  • kopauk mandalay

    April 27, 2010 at 3:29 pm

    ညီလေးကသာ ကျနော်ဆီကိုလင်.ပို.ပေးမယ်ဆိုရင်
    ညီလေး ထဲမှာ ကျနော်စာတွေ ဝင်ရေးချင်ပါတယ်

    • zoxnet

      April 28, 2010 at 5:11 am

      ဟုတ်.. အစ်ကို။ ကျွန်တော့် ဘလော့ဂ်က http://netmaze.mmgenius.com ပါ။ မိတ်ဆွေတွေ များပြီပေါ့ဗျာ

  • Rain girl

    April 28, 2010 at 3:46 am

    ဘလော့ကို တစ်ကယ်စိတ်ဝင်စားပါတယ်။(Blog ဖန်တီးချင်သူတွေ အတွက်တော့ ဒီလင့်က် လေးမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။) အဲ့ဒါလေးကတော့ Access Denied ဖြစ်နေတယ်။ ဘယ်လိုဖတ်ရမလဲ။ ကူညီပေးပါအုန်း။ ကျေးဇူးတင်ပါတယ်။

    • zoxnet

      April 28, 2010 at 5:17 am

      ဟုတ် အစ်မ။ အစ်မက ရန်ကုန်က သုံးနေတာ ထင်တယ်။ အဲဒါဆို အမြဲအဆင်ပြေသွားအောင် proxy ချိန်းလိုက်ပါ။ Mozilla browser ရဲ့ Tools Manu က တဆင့် advanced – Network ထဲက proxy နေရာမှာ 212.
      93.193.88 port 443 ရိုက်ထည့်လိုက်ပါ။ check box မှာ ကလစ် လုပ်လိုက်ပြီး အိုကေ နှိပ်ပါ။ ပြီးရင် ကျွန်တော် ပေးထားတဲ့ လင့်က် ကို ပြန်နှိပ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

      Zox
      http://netmaze.mmgenius.com

  • susunosuki

    April 28, 2010 at 4:58 am

    ကျေးဇူးပါခင်ဗျာ
    မြန်မာ အချင်းချင်းအားပေးအားမြှောက်လုပ်တဲ့အတွက်ကျေးဇူးပါ

Leave a Reply