Administering the Standardized Network သင်တန်းဖွင့်လှစ်ရန် ကိစ္စ။

BayoteApril 28, 20103min722

၁။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် Assembler, Compu-Tech, M.S.T, BizNet Computer Centre တို့ ပူးပေါင်း၍ Administering the Standardized Network သင်တန်းကို MCF e-Learning Centre တွင် မေလ (၁၃) (၁၄) (၁၅) (၁၆) လေးရက် ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။ ဤသင်တန်းကို MCPA NA Exam (Jun) တွင် ဖြေဆို အောင်မြင်သူများ တိုးတက်လာစေရန်နှင့် စာမေးပွဲဖြေဆိုနိုင်ရန် အပြင် လက်တွေ့ Networking လုပ်ငန်းခွင်တွင်ပါ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စေရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် သင်ရိုး ရေးဆွဲ သင်ကြား မည်ဖြစ်ပါသည်။

၃။ သင်တန်း အချက်အလက်များ

(၁) သင်တန်းအမည် –                      Administering the Standardized Network

(၂) သင်တန်းနေရာ –                       Myanmar Info-Tech, MCF e-Learning Centre

(၃) သင်တန်းဖွင့်မည့်ရက် –                 မေလ (၁၃) ရက်နေ့မှ မေလ (၁၆) ရက်နေ့အထိ (၄) ရက်

(၄) သင်တန်းအချိန် –                       နံနက် ၈ – ၃ဝ နာရီမှ ညနေ ၅ – ၃ဝ နာရီအထိ

(၅) သင်တန်းကြေး –                        75,000 ကျပ် (ခုနှစ်သောင်းငါးထောင်ကျပ်တိတိ)

(မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)

(သင်တန်း ၄ ရက်အတွက် ညနေလ္ဘက်ရည်ပါပြီး)

(၆) သင်ကြားမည့် ပညာရှင်များ           ၁။ ဦးအောင်ဇော်မြင့်

၂။ ဦးဇော်ဝင်းထွန်း

၃။ ဦးရဲကျော်သိန်း

၄။ ဦးအောင်စိုးမိုး

(၇) Target Audience

ဤသင်တန်းသို့ အောက်ပါ ပုဂ္ဂိုလ်များတက်ရောက်လေ့လာ နိုင်ပါသည်။

– ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ Computer Network ချိတ်ဆက် ထိန်းသိမ်းမှုကို စိတ်ဝင်းစားစွာ လေ့လာ လိုသူများ

– ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Computer Network ဖြင့် နေ့စဉ် ထိတွေ့ လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန် များစွာ မပေးနိုင်သူများ

– ကွန်ပျူတာ သင်တန်းများ၊ တက္ကသိုလ်များမှ ကျောင်းဆင်းပြီး Computer Network ဘာသာရပ်ကို အထူးပြုလေ့လာ နေသူများ

– မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ စစ်ဆေးလျှက်ရှိသော Network စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် လေ့လာ နေသူများ

(၈) Course Content

Concept

1 What is Computer Network
2 Fundamental Networking Knowledge (LAN Connection Devices)
3 Understanding the OS and NOS
4 Understanding the IPV4 + IPV6 Network
5 Virtual Machine for Training and ISO image (Real world design)
6 Basic OSI 7 layer + Network Standard (IEEE)
7 Network Application
8 Wireless LAN (WiMax) + Hotspot
9 Understanding Info Security + Understanding WAN
10 Hardware Essential

Practical

1 Wire network configuration
2 Wireless network configuration
3 Structure Cabling (Patch Cable Practical) and Explain the cable standard
4 Structure Cabling (Patch Pannel Practical) and Explain the Standard
5 Virtual Machine installation (useful VMware for teaching method)
a.    Windows Server 2003 installation and configuration

b.    Linuxred hat 9 installation and configuration

–   Workstation XP Professional

6 Hotspot + VPN

2 comments

  • susunosuki

    April 28, 2010 at 4:56 am

    ခုလိုသိရတဲ့အတွက်ကျေးဇူးပါ
    မြန်မာပြည်မှာ ခုလိုသင်တန်းတွေများများဖွင့်လာတာ ပညာရှင်တွေများလာတဲ့သဘောပေါ့

  • moethiha

    May 26, 2010 at 4:48 am

    ၄ရက်ထဲသင်မှာပေါ့ဟုတ်လာ။တတ်ချင်လိုက်တာဗျာ။မန်တလေးမှာရောတစ်ခေါက်လောက်ဖွင့်ပေးပါလားဟင်။

Leave a Reply