သတင်း၏ နောက်ကွယ်၌

khunmyomyatApril 28, 20101min914

ခေတ်မှီတိုးတက်သော ယနေ့ခေတ်ကြီးတွင် ကျွန်တော်တို့ အခက်အခဲ မျိုးစုံကြုံကြရသည်။ အတွေ့အကြုံ မျိုးစုံ ရကြရသည်။ ဝေသနာ ပေါင်းစုံခံစားရသည်။ ပျော်ရွှင်မှုက ၁၀၀% မှာ ၃ဝ ပင်မပြည့်အောင် လူတိုင်းရရှိမှုနည်းကြသည်။ လူ့အဖွဲ့အစည်း၏ တိုးတက်မှု များပြားလာသည်နှင့်အမျှ ပြဿာနာ ပေါင်းစုံသည်လည်း စိန်ခေါ်လာပါတော့သည်။

အထူးသဖြင့် ယခုခေတ်အချိန်အခါလို စီးပွားပျက်ကပ်ကြောင့် တစ်ကမ္ဘာလုံး အုပ်အော်သောင်းနင်း ငွေကြေး ရှာဖွေမှု ကြပ်တည်းနေချိန်တွင် လုပ်မိလုပ်ရာတွေ လုပ်ကိုင်ကုန်ကြသည်။ စားဝတ်နေရေး ခက်ခဲမှု၏ ဒုက္ခကြောင့် လူတို့သည် ပိုက်ဆံကို အချိန်နှင့် တပြေးညီ ရှာဖွေရခြင်းကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနေခဲ့ကြသည်။ ထိုရှာဖွေမှုတွင် အဆင်ပြေသွားတာလည်း ရှိသည် ၊ အဆင်မပြေနေတာလည်း ဖြစ်နိင်သည်။ ဘာပဲဖြစ်ဖြစ် ထို့အတွက် စိတ်အနည်းနှင့် အများတော့ ညစ်ကြရသည်။

ထိုအခါလူသည် ထွက်ပေါက်ရှာလာ တက်ပါသည်။ မကြံစည်သင့် မကြံစည်အပ်သည်များ ၊ မလုပ်သင့် မလုပ်ထိုက်သည်များ လုပ်လာတက်ကြသည်။ ဒါက လူနည်းစုအပိုင်း။ လူအများစု အပိုင်းမှာတော့ စိတ်ညစ်စရာ ကြံလာလျှင် ပျော်စရာ ရှာလာတက်သည်။ မိဘဆွေမျိုး အသိုင်းအဝိုင်း ၊ ကိုယ်မွေးဖွားရာ ဒေသနှင့် ဝေးကွာ နေသူများအဖို့ အင်တာနက်သာလျှင် စိတ်ထွက်ပေါက် တခုဖြစ်လာသည်။ အင်တာနက် စာမျက်နှာတွေမှ တဆင့် ကမ္ဘာပေါ်ကို ဖြန့်ကျတ်ကြည့်ရှုကြသည်။

ဒါသည် အရေးမဟုတ် ။ လူတိုင်းအားလုံးလိုလို ပြုလုပ်နေကြသည်။ အရေးသည်ကား သတင်း။ သတင်းဆိုသည်မှာ လမ်းထိပ်က ခွေး နှစ်ကောင်ကိုက်တာက အစ ၊ ရပ်ကွက်ထဲ ဆယ်အိမ်ခေါင်း လူကြီးက မယားငယ် နေသည်အထိ ထိုအရာ အားလုံးကို သတင်းဟု ခေါ်ဆိုနိင်သည်ဟု ကျွန်တော်သင်ကြားဖူးသည်။ ထိုအသေးအမွှား သတင်းငယ်လေးများမှ တဆင့် အချက်အလက်များကို စုစည်းပြီး ခိုင်လုံသည် ကောက်ချက် ချရသည်။

ယနေ့မြန်မာ့စာမျက်နှာများတွင် သတင်းများလည်း ရှိသည် ၊ အတင်းများလည်း ရှိသည်ဟု ထင်မြင်မိပါသည်။ အထူူးသဖြင့် မည်သူကြီးကပဲ ရေးရေး ထိုအကြောင်းအရာသည် ကိုယ်မသိသည့် အကြောင်းအရာဖြစ်ပါက မျက်စိမှိတ်မယုံကြည်သင့်ပါ။ ထိုသတင်း နောက်ကွယ်၌ မည်သည့်အကြောင်းအရာများ ပါဝင်ပတ်သက်နေပါသလဲ ။ ဘာကိုဆိုလိုချင်ပါသလဲ။ သိအောင် စဉ်းစားကြည့်စေချင်ပါသည်။ တိကျခိုင်လုံသော သတင်းတစ်ခုရဖို့ ယနေ့ခေတ်ကြီးတွင် မထူးဆန်းပါ။ သို့သော် ထို့အတွက် အချိန်ပေးရသည်။ ခိုင်မာအောင် တည်ဆောက်ရသည်။ သတင်းအချို့မှာ သူ့ထက်ငှာ ဦးအောင် တင်နေရခြင်းကြောင့် မှန်ကန်မှု ပမာဏမှာ ၅ဝ % ခန့်သာ ရှိတော့သည်ကို တွေ့ရပါသည်။

သတင်းအားလုံးကို မှားသည်ဟု မဆိုလိုပါ။ သို့သော် သတင်းကို သတင်းလို အရင်ဖတ်ပါ။ ဖတ်ပြီးမှ ဖြစ်နိင် မဖြစ်နိင် သေချာစွာ စဉ်းစားကြည့်ပါ။ လူမှုဒုက္ခအဝဝဖြင့် ပွေလီလှသော လောကီအင်တာနက်ခေတ်ကြီးတွင် စီးပွားရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စများ ကြုံတွေ့နေစဉ်အတွင်း စိတ်မသက်စေသည့် သတင်းများ ကြားမိသည့်အခါ မိမိသာလျှင် ပိုမိုစိတ်ဆင်းရဲပေတော့မည်။ ထိုကြောင့် သမားရိုးကျ ကိစ္စများ မဟုတ်သည့် သတင်းများ ပေါ်လာပါက လုံးဝမှန်ကန်သည်ဟု မယူဆစေချင်ပါ။ လူတိုင်း အမှန်တရားကို လိုချင်ကြသည်။ လက်ခံချင်ကြပါသည်။ ကျွန်တော်တို့ လူတော်တော်များများသည် အစွဲစိတ်အခံ ၊ မကျေနပ်မှု အခံ ၊ ဂလဲ့စား ချေချင်မှုအခံလေး တွေလည်း ရှိနေတက်ကြသည်။ ထို့အတွက် အကြောင်းအရာ တခုကို ၊ လူတစ်ယောက်ကို အကောင်းမြင်နိင်ဖို့ အင်မတန် ခဲယဉ်းတက်ကြပါသည်။ စကားလှအောင်တော့ လူသားတိုင်း ပြောတက်ကြသော်လည်း အတွင်းစိတ် သဏ္ဍာန်မှာတော့ တစ်မျိုးစီခံယူထားကြသည်။ အမှန်တရားကို နည်းပါကြသည်။ မိမိလုပ်တာကို အမှန်တရားဟုဆို၍ မိမိခံရလျှင် မမှန်တရား ဖြစ်တက်ကြတာ သဘာဝပင် ဖြစ်သည်။ ( ဤစကားသည် ကျွန်တော် လူသားအားလုံးကို ဆိုလိုပါသည် )။
အပြောနှင့် အလုပ်ညီစေချင်သည်။ အမှန်တရားကို လေးစားစေချင်သည်။ လောကကြီးကို ဘောင်ခတ်၍အဆိုးတွေကို မကြည့်ရှုဘဲ ၊ စေသနာ သဒ္ဒါတရား ထက်သန်ပြီး
အကောင်းမြင် စိတ်ထားကာ လူသားချင်း စာနာမှု ရှိပါကြပါစေရန် တင်ပြအပ်ပါသည်။

စာဖတ်သူအား အစဉ်လေးစားလျက်

ဇက်ခွန်မျိုးမြတ်

4 comments

  • susunosuki

    April 28, 2010 at 4:54 am

    ဟုတ်ပါတယ်
    အင်တာနက်ဆိုတာမြန်ဖို့စိတ်ချရပေမယ့်
    အမြဲမှန်ဖို့ဆိုတာ မလွယ်သေးပါဘူး

  • Shwemannmay

    May 10, 2010 at 4:28 am

    ပာုတ်တယ် အင်တာနက်မှာပါတိုင်းလည်းမှန်တယ်လို ့ယူဆလို ့မရပါဘူး။ မြန်တာတော့သူ ့ရဲ ့အားသာချက်ပဲ

  • windtalker

    October 4, 2011 at 8:41 pm

    မြန်မာ တရုတ် ဖက်စပ် ထုပ်တဲ့
    ချယ်ရီဝဂွန် ကားတွေ
    တစ်စီး၅၅ သိန်းကျပ် နဲ ့
    တစ်ယောက်တစ်စီး လွတ်လပ်စွာ ဝယ်ယူလို ့ရနိုင်ပါပြီ
    ဟီဟိ

  • luzaw

    October 4, 2011 at 9:50 pm

    windtalker ပြောတာ သတင်းအမှန်ဟုတ်ပါသလား ၊
    သိချင်ပါသည်၊ ကျနော်က နယ်ကပါ ၊

Leave a Reply