ဘယ်လောက်ကြာကြာပိတ်မှာလဲ …….သင်္ကြန် ပိတ်ရက်ရှည်

etoneMarch 31, 20111min24522

လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပြောင်းလဲ သတ်မှတ်လိုက်ပြီးဖြစ်သော နှစ်သစ်ကူး ရုံးပိတ်ရက်တိုင်း အစိုးရရုံးများ ၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ လက်ခံလိုက်နာကာ ရက်ရှည် နှစ်သစ်ကူး ပိတ်ရက် အဖြစ် သတ်မှတ်ကြရပါသည် ။

သို့ရာတွင် အချို့သော အစိုးရရုံး၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ မှ လုပ်သားများ မဖြစ်မနေ အရေးတကြီး တာဝန်ထမ်းဆောင်ရန် အချိန်ပိုဆင်းရသည် ။ ပိတ်ရက်များတွင် အချိန်ပိုဆင်းရမည့် လုပ်သားများအနေဖြင့် အချိန်ပိုကြေး နှစ်ဆရရှိမည်ဟုလည်း သိရသည် ။ အများစုသော အလုပ်များ ပိတ်သည့် နှစ်သစ်ကူး အားလပ်ရပ်တွင် ထမင်းချိုင့်ဆွဲ အလုပ်ဝင်နေရသည့် အချိန်ပို ဝန်ထမ်းများအား ကိုယ်ချင်းစာမိပါသည် ။
ရေပက်ကစားကြသော သင်္ကြန်ကာလတွင် လိုင်းကားများ ရှိသော်လည်း လမ်းပိတ်ခြင်း သာများပြီး နေရာတကာ ရေပက်နေခြင်းကြောင့် လုပ်ငန်းခွင်ဝင်မည့်သူများ သွားလာရခက်ခဲခြင်းမျိုး  စိတ်ကသိကအောက်ဖြစ်ကြရသည် ။  သို့သော် တာဝန်အရေးကြီးသည့်အတွက် မသွားမဖြစ် သွားရသည်ဟုသာ ကျမစိတ်ထဲ ယုံကြည်ထားခဲ့သည် ။

ယခုနှစ်တွင်တော့ ပုဂ္ဂလိကပိုင် အလုပ်များမှ လုပ်သားများအား  အစိုးရသတ်မှတ်ထားသည့်  နှစ်သစ်ကူး ပိတ်ရက်ရှည်အတိုင်း မပိတ်တော့ပဲ … သက်မှတ်ရက်ထိ စောကာ အလုပ်ဆင်းစေကြောင်း သိရသည် ။ အချိန်ပိုကြေးမှာလည်း သတ်မှတ်ထားသော နှုန်းအတိုင်း ၂ဆရသည်မဟုတ်ပဲ သာမန်အတိုင်းသာရကြောင်းသိရသည် ။  အလုပ်ရှင်များဘက်ကတော့ ရက်ရှည်ပိတ်ရက်မျိုးကို ကြိုက်ကြလိမ့်မည်မဟုတ် …. အချိန်ပိုကြေး ၂ဆ မပေးချင်သောကြောင့်သာ ပိတ်ခြင်းဖြစ်မည် ။ အချို့သော အလုပ်များတွင် နှစ်သစ်ကူး ရုံးပိတ်ရက်ကို ပိတ်ပေးသော်လည်း သတ်မှတ်ထားသော ရက်မတိုင်ခင် အလုပ်ခွင် ပြန်ဝင်ရကြောင်းသိရသည် ။ တာဝန်ရှိသူများမှ သေချာစွာ မစိစစ်သဖြင့် အလုပ်ရှင်များ တနှစ်ထက်တနှစ်ပိုကာ အခွင့်ရေးယူနေကြသည် ။

ယခုနှစ်တွင်လည်း အချို့သော အလုပ်များမှာ သတ်မှတ်ထားသော ပိတ်ရက် မတိုင်မှီကပဲ စောစီးစွာ အလုပ်ခွင်ဝင်ရန် ကြေညာကြောင်း သိရသည် ….. ။  အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း ….. ။ မည်သူ့တွင် တာဝန်ရှိပါသလဲ ။ မည်သူကရော တာဝန်ယူ ဖြေရှင်းပေးနိုင်ပါသလဲ … ။ အလုပ်ခွင် စောစီးစွာဝင်ခိုင်ခြင်း ၊ သတ်မှတ်ရက်ပြည့်မှီစွာ အားလပ်ရက်မပေးခြင်းကြောင့် နောက် ဆယ်စုနှစ်တစ်ခုအတွင်း သင်္ကြန်ပိတ်ရက် ရက်ရှည်မှာ ပပျောက်သွားပြီး အစောပိုင်းနှစ်များကဲ့သို့ ရေပက်ကစားကြသည့် ရက်များတွင်သာ အလုပ်ပိတ်သော ကာလတစ်ခု ပြန်ရောက်လာတော့မည်ဟု ထင်မိပါတော့သည် ။

22 comments

  • babymay

    April 1, 2011 at 2:41 am

    မှန်ပါတယ်။ အလုပ်ကို စောပြီးပြန်ဆင်းခိုင်းတာမျိုးကို အလုပ်သမားတွေအနေနဲ့ ပြင်းထန်စွာကန့်ကွက်သင့်ပါတယ်။ ဒီလိုကိစ္စမျိုးဆိုရင် အလုပ်သမားဘက်မှတာဝန်ရှိသူတွေက ခေါင်းရှောင်မနေဘဲ အလုပ်ရှင်ကို ရှင်းပြပေးသင့်ပါတယ်။

    • etone

      April 1, 2011 at 5:03 am

      ကျွတ်ကျွတ်တွေ ..ဝါးနေပါတယ် ဗျို့ .. ဒါကြောင့် ဒါကြောင့် … (ကိုကြောင်ကြီးရဲ့ ကြောင်ပုစွန်စား ၊ကြွတ်ကြွတ်ဝါးခြင်းကို ပြောတာမဟုတ်ပါ ) 😀

  • bigcat

    April 1, 2011 at 3:42 am

    နောင်ငါးနှစ်အကြာတွင် ရွေးချယ်မည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း (ဇွတ်) လွှတ်မျှော် သဂျီးကိုယ်စား အကြောင်းပြန်လိုက်သည်။

  • unclegyi1974

    April 1, 2011 at 4:09 am

    ဘယ်သူ့မှာတာဝန်ရှိသလဲဆို
    အလုပ်သမားဝန်ကြီးဌါနတွင်တာဝန်ရှိကြောင်းပြန်
    ကြားပေးလိုကပါတယ်ကွယ်

    • etone

      April 1, 2011 at 10:08 am

      သိဒယ်သိဒယ်…….. အဲ့ဒီလို အသံလေးကြားချင်လို့ 😀

  • char too lan

    April 1, 2011 at 9:08 am

    ကြားဖူးဒယ် လူ ့အခွင့်ရေး အလုပ်တမားအခွင့်အရေး ကျောင်းတားအခွင့်အရေး ဘာအရေး ညာအရေး …. ပေါ့ ကြားဖူးဒါနော် ဘာဂိုကြောဒါလဲ တေချာဒေါ့တိဝူး

  • meelay

    April 1, 2011 at 9:45 am

    မီးတို့ဆီမှာတော့ ဘယ်တော့မှ ရုံးပိတ်ရက်မရှိဘူး … 🙁

  • antimoe

    April 1, 2011 at 3:26 pm

    နေပြည်တော်က..အစိုးရဝန်ထမ်းတွေမှာ…အလှည့်ကျတာဝန်တွေနဲ့…
    အိမ်မပြန်နိုင်ဖြစ်နေရတာတွေ…။
    အပိုကြေးလဲ..မရပါဘူးနော်။
    သူ့ဝန်ကို…ထမ်းရတော့…သူ့သဘောပါကွယ်ရို့။။

  • kopauk mandalay

    April 1, 2011 at 4:23 pm

    သူများနဲ့ဆန့်ကျင့်ဘက်ပြောတာတော့ မဟုတ်ပါဘူး။
    ပိုက်ဆံအပိုမရှိဘဲ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အချို့သောလူတန်းစားတွေက
    သင်္ကြန်လိုရက်ရှည်ပိတ်ရင် ထမင်းတစ်လုပ်အတွက် တွေးလို့ ပူရပါတယ်။

  • myuemyue

    April 7, 2011 at 6:53 am

    စလုံးက မြန်မာသံရုံးကတော့ မြန်မာသင်္ကြန်ဆိုလဲပိတ်.. တရုတ်နှစ်ကူးဆိုလဲပိတ်နဲ့.. ဟန်ကိုကျလို့.. ခေါစာသွားပစ် (အခွန်သွားဆောင်) မယ်ဆိုရင် မြန်မာပြည်က ရုံးပိတ်ရက်တွေကိုပါ သတိထားနေရတယ်.. း(

    • kai

      April 7, 2011 at 7:51 am

      ဆက်ကြေးပေးတယ်လို့ ပြောကြတာ.အခုတော့ ..ခေါစာသွားပစ်ဆိုပဲ..။
      သူတို့ခမြာ… မှင်စာ နတ်ဆိုးတွေဖြစ်ကုန်ပြီ…။

  • nigimi77

    April 7, 2011 at 8:18 am

    သင်္ကြန်ပိတ်ရက်ရှည် အတွင်း တိုင်းပြည်ရဲ ့ GDP ဘယ်လောက် ဆုံးရှုံးသလဲ ဆိုတာ နားလည်တဲ့
    ပညာရှင်များ ရှိရင် ရှင်းပြပေးစေလိုပါတယ်။

    • etone

      April 7, 2011 at 9:53 am

      တိုင်းပြည်ရဲ့ GDP ဆုံးရှုံးတာ မဆုံးရှုံးတာ စိတ်မဝင်စားပါ … ငယ်ငယ်ကတည်းက သင်ခဲ့ဖူးတဲ့ ကစားချိန်မှာ ကစားပါ ၊ နားချိန်မှာ နားပါ ဆိုတာ မကြာဖူးဘူးလား ။ အဲ့ဒီလိုပဲ အလုပ်လုပ်ချိန်မှာ လုပ်ပြ ီး နားရက်မှာ နားနေခွင့် ရသင့်တာပါ .. ။ တပတ်ကို 1ရက်ခွဲပဲ ပိတ်တာပါ … ဒါတောင် အိုဗာတိုင်းမ်ဆင်း ပါဆိုတာ တမျိုး … အပြင်ရောက်တော့မှ ပြန်လာခဲ့ပါ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာက တမျိုး …သေတော့မလို ဖြစ်နေပြီး ပြန်ခေါ်ခိုင်းနေတာ လူလည်း နွားရုပ်ပေါက်နေပြီ ။ စိတ်တွေ အရမ်းကြပ်လာလျှင် အလုပ်ထွက်လိုက်တော့မယ် … အဲ့ဒီအခါမှ ှကိုယ်လုပ်ပေးခဲ့တဲ့ ရှိတဲ့ ဖိုင်တွေ အကုန်ဖျက်ခဲ့မယ် … မှတ်ပီလား လို့ 😛

    • bigcat

      April 8, 2011 at 1:49 am

      ရှိတဲ့ဂျီဒီပီကို မေးတာလား၊ မရှိတဲ့ ဂျီဒီပီကို မေးတာလား တပ်မ၇ရ ရေ။ ရှိတဲ့ဂျီဒီပီကို မေးရင် မရှိဘူးဗျို့။ မရှိတဲ့ဂျီဒီပီကိုမေးရင် ဘီလီယံ ရာနဲ့ချီဆုံးရှုံးတယ်ဗျို့….

  • kai

    April 7, 2011 at 8:25 am

    အဲဒီလောက်လည်း ..မတွက်ပါနဲ့ ကိုရင်နိဂိမိရယ်..။
    လူဆိုတာက..တပါတ်မှာ ၂ရက်နား..။ တနှစ်မှာ ပိတ်ရက်ရှည်တခု ရသင့်ပါတယ်..။ ဒါကို အစိုးရတွေက ဖန်တီးလုပ်ပေးရတာပဲ..။
    ဘယ်နှယ် ..အလုပ်ချည်းစွတ်လုပ်နေတော့ ..နိုင်ငံသားတွေ.. လူဖြစ်ရတာ ရှုံးမှာပေါ့…။

    တကယ်တော့ .. ယူအက်စ်မှာ အစိုးရရုံးပိတ်ရက်တချိူ ့ ပုဂ္ဂလိက အလုပ်တွေ ပိတ်ချင်မှပိတ်တာပါ..။
    ပိတ်ချင်လည်း ပိတ်ပါတယ်..။
    သူတို့ ကုမ္ပဏီ .. သူတို့လစာပေးရတာမို ့… သူတို့သဘောပါ..။
    အလုပ်သမားမှာ.. ခွင့်ခံစားခွင့်ရှိပါတယ်.. အဲဒီထဲက ဘောင်ဝင်နေရင်ပြီးတာပါပဲ..။

    မြန်မာပြည်ပုံစံက… ကြည့်ရတာ.. အလုပ်သမားတွေ..ဝန်ထမ်းတွေရဲ့ သမဂ္ဂလိုနေတာပါ..။
    မကြာခင်မှာတော့.. စံနစ်တကျဖွဲ ့စည်းတည်ထောင်လာမယ်ထင်မိပါတယ်..။

  • etone

    April 7, 2011 at 9:16 am

    မီဒီယာတွေက ဘယ်လောက်ပဲ အော်အော် သူတို့က သောက်ရေးတောင် မလုပ်ဘူး သိသိကြီးနဲ့ ဇွတ်လုပ်နေကြတာ … သူတို့ စီးပွာဖြစ်ထွန်းဖို့ကိုပေ့ါ … ။ဟိုလူတွေကိုလည်း ရက်ရောထားတော့ ဘယ်သူမှ လူမိုက်ဝင်မလုပ်ဘူး ……..မုန်းတယ် ဒီနှစ် 3ရက်စောပြီး ရုံးတက်ရမယ်တဲ့ … 🙁

  • eros

    April 7, 2011 at 9:37 am

    အတူတူ ပါပဲကွယ်တို့

  • etone

    April 8, 2011 at 5:26 am

    ပိတ်ရက်ဆိုတာ ဟန်ပြပဲ ရှိတယ် … စက်ရုံတွေက လိုက်မှ မလိုက်နာပဲ … ။ တကယ် စိတ်ပိန်တယ် .. ။

  • နွယ်ပင်

    April 8, 2011 at 7:13 am

    နွယ်ပင်တို့ အလုပ်ကတော့ ဒီနှစ် (10) ရက်လုံး ပိတ်မယ်တဲ့ (22) ရက်နေ့တော့ ပြန်တပ်ဖြစ်အောင်တက်ရမယ် ဘာဆင်ခြေမှ မလိုချင်ဘူး အလုပ်မတက်နိုင်လို့ကတော့ မှတ်လောက်အောင် ဒဏ်တပ်မယ်ဆိုပဲ .. ဘာပဲဖြစ်ဖြစ် သင်္ကြန်ပိတ်ရက်လေး ပိတ်ပေးတာကိုပဲကျေးဇူးတင်နေရတယ် ..

  • eros

    April 8, 2011 at 10:50 am

    သင်္ကြန် ပိတ်ရက် အတွင်း အေးအေးဆေးဆေး အင်တာနက်ဆိုင် သွားမှာပါ။ ရေပက်တဲ့ရက် အတွင်း ဘယ်မှာ အင်တာနက်ဆိုင် ဖွင့်မလဲဗျို့။ သိရင်ပြောပါဦး။

  • moegyothwar

    April 8, 2011 at 3:40 pm

    ကျွန်တော်တို့ကတော့အကြိုနေ့ကစပိတ်ပြီးနှစ်ဆန်း(၂)ရက်မှာအလုပ်ပြန်ဆင်းခိုင်းထားပါတယ်။ ဆင်းရင်လစာ ၂ ဆ၊ မဆင်းရင်လဲ ရပါတယ်။ ဝန်ထမ်းတွေက တော့ပျင်းလို့အလုပ်လာကြမယ်တဲ့။ ၂ ဆကြီးများတောင်ပေးရတော့မယ်။

    • etone

      April 9, 2011 at 2:00 am

      အဲ့ဒါမျိုး ရွေးချယ်လို့ ရလျှင် တော်သေးတာပေါ့ … ။
      သူများတွေက အေးဆေးနားချင်တာကို ။

Leave a Reply