အစိုးရ ဝန်ကြီးများ ရာထူးမှနှုတ်ထွက်

BayoteApril 28, 20101min1025

ဝန်ကြီးချုုပ် ဗိုလ်ချုပ်သိန်းစိန် အပါအဝင် အနည်းဆုံး ဝန်ကြီး နှစ်ဆယ်သုံးဦးခန့်နှင့် ၎င်းတို့၏ လက်ထောက်အရာရှိကြီးများ ယနေ့ တနင်္လာနေ့နှောင်းပိုင်းတွင် ၎င်းတို့၏လက်ရှိရာထူးများမှ အသီးသီးနှုတ်ထွက်သွားကြကြောင်း စစ်တပ်သတင်းရပ်ကွက်များ၏အဆိုအရ သိရသည်။ အဆိုပါ နှုတ်ထွက်သွားကြသူများထဲတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်သန်းရွှေနှင့် အနီးစပ်ဆုံးဟုလူသိများသည့် ဗိုလ်ချုပ်ဌေးဦးအပြင် ပြည်ထဲရေးဝန်ကြီး တို့လည်း ပါဝင်ကြောင်းသိရသည်။ နောက်နေ့များမှာလည်း ရာထူးမှ အနားပေးသည့်ကိစ္စ ဆက်လက်ဖြစ်လာနိုင်ဖွယ်ရှိပြီး ယနေ့အနားပေးလိုက်သည့် အုပ်စုကတော့ ပထမဦးဆုံး အသုတ်ဖြစ်ကြောင်းသိရသည်။
၎င်းတို့ ယခုလို နှုတ်ထွက်သွားကြခြင်းမှာ လာမည့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လုပ်ဆောင်သည့် ခြေလှမ်းများဖြစ်နိုင်သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး စစ်အစိုးရချုပ်ကိုင်သည့် သတင်းဌာနမှ အတိအကျ သတင်းထုတ်ပြန် ကြေငြာချက်မရှိသေးဟုသိရသည်။

Ref : AFP

5 comments

  • koko

    April 28, 2010 at 3:17 am

    (ကဲ… အခုတော ့ဘာပြောမလဲ…..)…:P….သီချင်းဆိုတာနော်…

  • susunosuki

    April 28, 2010 at 4:44 am

    တကယ်လားဗျာ
    ဘာလုပ်ဖို့များလဲ

  • thwe zin

    April 30, 2010 at 9:28 am

    အကို ဟုတ်လို့လား ဟုတ်မှလဲရေုးအုံး တော်နေ …..။

  • laypyay

    May 6, 2010 at 11:11 am

    ချမှတ် ပုဒ်မတွေ တသီကြီး ဖေါက်ဖျက်ပြီး ရွေးကောက်ပွဲများ ဝင်အုံးမတဲ့ .။

  • aungkyawswar

    July 30, 2010 at 9:26 am

    24 hr မီးမပျက်စေရပါဘူးလို့အာမခံတဲ့ပါတီကိုပဲမဲပေးမယ်

Leave a Reply