http://myanmargazette.net/wp-admin/media-upload.php?post_id=44291&type=image&TB_iframe=1

ဓါတ်ပုံတင်ပေးလိုက်ပါတယ်၊ ကွန်နက်ရှင်မကောင်းဖြစ်နေသည့်အတွက် ပုံမပေါ်လျှင်လည်းသည်းခံ ခွင့်လွှတ်ပေးပါရှင့်၊
သံတွဲမြို့မှပြည်သူများမှာကြီးစွာသောဒုက္ခရောက်နေကြပါတယ်၊ ကပ်ဖားရဲ့နောက်ဆက်တွဲ ဒုက္ခပေးမှုကြောင့် ယ္ခုအခါ
အဆိုးဆုံးအခြေအနေသို့ပြောင်းလဲသွားရပါပြီရှင်၊
သံတွဲမြို့တွင်ခေတ်အဆက်ဆက်မှ နေထိုင်ကြပါသော.အစ္စလာမ် ဘာသာဝင်များအား ခရီးသွားလာခွင့် (ဗီစာ) ကို မည်
သူတစ်ဦး တစ်ယောက်မှ မပေးတော့ဘဲ လုံးဝပိတ်လိုက်ကြောင်းသတင်းဆိုးတင်ပြလိုပါတယ်၊
ယ္ခုသော် မကျန်းမမာ နေမကောင်းဖြစ်သူများ မှာ အသက်ပင်အသေခံကြရတော့မည့်အခြေအနေ ကဒ်ဆိုး ကျရောက်
ခြင်းခံနေကြရပါကြောင်း အများပြည်သူများသိရှိရလေအောင် တင်ပြရခြင်းဖြစ်ပါတယ်၊
ဤကဲ့သို့ဖြစ်ရခြင်းမှာ လ.ဝ.က ခရိုင်မှုးက ၎င်းအား အင်တာနက်ပေါ်သို့တင်ခြင်းအတွက် လက်စားချေ လိုက်သည့်သဘော
မျိုးဟု သိရှိရပါသည်၊
လ.ဝ.က ခရိုင်မှုး နှင့် ပူးပေါင်းကြံစည်သူမှာ အများသိကြသည့် “ကပ်ဖား ထွန်းသန့်ကျော်” ဖြစ်ပါသည်၊ ကျမ အားသွေး
ဆောင်ဖျားယောင်းသိမ်းသွင်းခဲ့သူလည်းဖြစ်ပါသည်၊ ၎င်း၏ စီးပွါးရေးလုပ်ငန်းများ ဖြစ်သော ရဲအောင်လံကားဂိတ်၊ ရွှေသံတွဲ
ကားဂိတ် အစရှိသည်တို့တွင် မိန်းကလေးဝန်ထမ်းများကိုသာလျှင်ရွေးချယ်ခန့်ထားပါသည်၊
ကပ်ဖားလူယုတ်မာ ထွန်းသန့်ကျော် သည် ဝန်ထမ်းမလေးများအားနေ့စဉ် အကြောင်းအမျိုးမျိုးပြကာ သွေးဆောင်ဖျားယောင်း
၍သိမ်းသွင်းရန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်၊
လ.ဝ.က မှုးနှင့် ကပ်ဖားကြီး သည် မကြာခဏ တွဲသွားတွဲလာ ပြုလုပ်နေကြခြင်း ကို မြို့သူမြို့သားများ မျက်မြင်ကိုယ်တွေ့ပင်
ဖြစ်ပါသည်၊ အင်တာနက်ပေါ်တွင်တင်ခံရခြင်းအတွက် ဒေါသထွက်နေသော ခရိုင်မှုးအား အားပေးနှစ်သိမ့်၍ အစ္စလာမ် ဘာသာ
ဝင်များအပေါ် ဒုက္ခပေးရန်နေ့စဉ် ကြံစီလျှက်ရှိနေကြောင်း သတင်းရရှိခဲ့ပါသည်၊
သတင်းရခဲ့ပြီး မကြာခင်လေးမှာ ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း လ.ဝ.က ရုံး၏ ဝှိုက်ဘုတ် တွင်ရေးထားကြောင်းသိရပါသည်၊
သက်ဆိုင်ရာမှလည်း အင်တာနက်ပေါ်တွင်ပါဝင်သည့်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စစ်ဆေးနေပါကြောင်းသိရပါသည်၊
ကပ်ဖားကျော်ကျော် အား ဟိုးယ္ခင် အခါ ကလည်းစစ်ဆေးခံခဲ့ရဘူးပါသည်၊ ကျမကြားသိရသည်မှာ ယ္ခင်စစ်ဆေးခဲ့သော စစ်ဆေး
ရေးအဖွဲ့ အား သိန်း ၇၀ ခန့်အကုန်အကျခံ၍ ကပ်ဖားယပ်ဖား လုပ်လာဘ်ငွေထိုးခဲ့သောကြောင့် ထောင်ကျမည့်အရေးမှလွတ်
မြောက်ခဲ့ပါသည်၊
သူပြောခဲ့သောစကားများကို ယ္ခုတိုင်ကြားယောင်နေပါသည်၊ သူပြောခဲ့ပုံမှာ ” ဟဲဟဲ..ဘယ်ရမလဲကွာ..ငါ့ကို မလောက်လေး
မလောက်စားအကောင် တွေက..ပျင်းတောင်ပျင်းသေးတယ် ” ဟူ၍ဖြစ်ပါသည်ရှင့်၊
ယ္ခုလည်း အရင်တုန်းက ၇၀ ခု ၁၀၀ ကုန်သွားလဲ ဘာမှမဖြစ် အသေးသုံးသာလျှင်ဖြစ်ကြောင်းပြောဆိုနေသံများကြားနေခဲ့ရ
ပြီဖြစ်ပါသည်၊
စစ်ဆေးသည့်အဖွဲ့ မှာသံတွဲမြို့မှ ရဲအရာရှိများဖြစ်နေသောကြောင့် ကပ်ဖား၏ လာဘ်ငွေအကျိုးကျေးဇူးမှကင်းလွတ်၍ အမှန်
အတိုင်းဖြစ်လာစေရန် မဝံ့မရဲ ဆုတောင်းနေရုံမှတစ်ပါးမည်သို့မှမတတ်နိုင်တော့ပါကြောင်းတင်ပြလိုက်ရပါသည်ရှင်။

About ဂဂျီဂဂျောင် ပျိုတို့မောင်

has written 2 post in this Website..