အိုင်အိုဒင်းဆိုရာဝယ်

naywoon niMarch 19, 20111min1228

အရင်ကသိထားမှတ်ထားတာလေး ဝင်ပြောချင်လို့ပါ။ ပြောချင်ဇောနဲ့ ဆိုတော့ မှားရင်လည်း ပြင်ပေးကြပေါ့ နော့။
ဘယ်ဆားမဆို အိုင်အိုဒင်းဓါတ်က ပါပြီးသားပါ။ ပြီးတော့ ရေစပ်စပ်မှာ ပေါက်တဲ့ အရွက်တွေ အပင်တွေမှာလည်းပါတတ်ပါတယ်။ ဥပမာ ကန်စွန်းရွက်တို့ … ဟင်းနုနွယ်တို့… မှာလည်းပါပါတယ်။ ရာနှုန်းနဲပါးစွာပါကြတာပါ။ ထားပါ။ ဆားမှာတော့ အိုင်အိုဒင်းဓါတ်ကို ဖြည့်စွက်ပေးထားလို့ရပါတယ်။ ဒါပေမဲ့ ဆားအနုမှာ ချွတ်ဆေးနဲ့သန့်စင်ပြီး သးဖြူဖွေးနေတဲ့ဆားမှာ ထည့်လို့မရပါဘူးတဲ့။ ဆားအတုံးအခဲ ပေါ်မှာပဲထည့်လို့ ဖြည့်စွက်လို့ရပါသတဲ့။ ဒါကြောင့်လည်း ပလပ်စလစ်ပေါ်မှာ တံဆိပ်ရိုက်ပြီး ပါကင်ထုတ်ထားတဲ့ အိုင်အိုဒင်းဆားတွေဟာ နဲနဲကြမ်းနေတတ်ပါတယ်။ အဲဒိဆားထုတ်တွေက စပြီးထုတ်ခါစကတော့ တစ်ကီလို (61.111)ကျပ်သားရှိပါတယ်။ နောက်တော့ ဈေးမတက်ပဲ ဆားပဲလျော့သွားတာ ခုဆို ငါးဆယ်သားတောင်မပြည့်တတ်တော့ဘူး။ ဈေးကလည်းအများသုံးဆားရဲ့ နှစ်ဆလောက်ဖြစ်သွားပါတယ်။ အများသုံး ဆားဆိုတာကတော့ ပိဿာချိန်ငါးဆယ်ပါတဲ့ အိတ်ကြီးဆားတွေပါ။ အဲဒိမှာလည်း အိုင်အိုဒင်းဆိုတာကြီးက ပါတာပါပဲ။ အဲဒိတော့ ဆားနုနုကိုကြိုက်တဲ့သူနဲ့ အိုင်အိုဒင်းဆားမှ သုံးတာ ဆိုချင်တဲ့သူနဲ့ ဆိုတော့ နှစ်မျိုးလုံး ဈေးကွက်ပေါ်မှာတည်နေတာပဲလေ။ ဆားဆိုမှအိုင်အိုဒင်းပါပြီးသားပဲလို့ တွက်ထားတဲ့သူကတွေကတော့ ဈေးသက်သာရာ သုံးတာလည်းပါတာပေါ့။ ဒါပေမဲ့ ကျွန်တော်သိထားတာကတော့ အိုင်အိုဒင်းဓါတ်ဟာ အပူနဲ့တွေ့ရင် အငွေ့ပြန်သွားတယ်ဆိုတာပါပဲ။ ဟင်းချက်တဲ့အခါဆားခပ်ရင် မီးဖိုပေါ်မှာ တည်ထားတုန်းခပ်ခဲ့မယ်ဆိုရင် အငွေ့ပြန်သွားမှာသေချာတာပေါ့။ ပြီးတော့ လူမှာ တစ်သက်တာအတွက် အိုင်အိုဒင်းဓါတ်လိုအပ်ချက်က သူ့ရဲ့ လက်မလက်သည်းခွံ ပမာဏပါတဲ့။ အဲဒိလောက်ပဲလိုအပ်ပါတယ်။ ဒါကိုရေးကြီး ခွင့်ကျယ်လုပ်နေကြသူတွေ သတိထားကြဖို့ပါ။ ခန္ဓာကိုယ်ထဲမှာလည်း ဒီအိုင်အိုဒင်းဓါတ်ကို တစ်သက်စာ သိုမှီးမထားနိုင်ပါဘူး။ ထားစရာနေရာလည်းမရှိပါဘူး။ ဒီတော့ ခန္ဓာကိုယ်က လိုအပ်တာထက် ပိုတဲ့ အိုင်အိုဒင်းဓါတ်ကို အညစ်အကြေးထဲ စွန့်ထုတ်ပစ်ပါတယ်။ နှမြောစရာနော်။ တကူးတက ရှာဖွေပြီးလည်းဖြည့်ဆည်းပေးရသေးတယ်။ လိုတာထက်ပိုတော့လည်း သိမ်းထားမပေးဘူး ။ သူမျု့မစာမနာလို့ မတွက်လိုက်ပါနဲ့။
ချက်ပြုတ် ကြော်လှော်လိုက်တဲ့ အထဲမှာ မီးအပူနဲ့ ကြာရှည်တွေ့ရင် အိုင်အိုဒင်းဓါတ်က အငွေ့ပြန်သွားတယ်ပြောပါကောလား။ အဲဒိတော့ လက်ကျန်ဓါတ်ကလေးနဲနဲပဲ ခန္ဓာကိုယ်ထဲရောက်သွားတာ။ ဒီတော့ ဟင်းမှာဆားခပ်မယ်ဆို မီးဖိုပေါ်ကချပြီး နဲနဲအေးသွားမှခပ်သင့်ပါတယ်။ နော်……..။ ရွာထဲက အိမ်ရှင်မတွေကော ဟင်းချက်ရင် ဆားဘယ်လိုခပ်သလဲမသိဘူး။ ထမင်းဆီဆမ်း ဆားဖြူးစားတဲ့ လူတန်းစားကတော့ ဆားထဲပါတဲ့ အိုင်အိုဒင်းအပြည့်အဝရသွားမှာပေါ့နော့။ အော် မေ့တော့မလို့ ဆားတစ်ပိဿာမှာ အိုင်အိုဒင်း ပါဝင်တဲ့အချိုးက ငါးမူးသားလောက်ပါနော်။
ကဲ အဲဒိတော့ ဆားထဲပါတဲ့ မဖြစ်စလောက် အိုင်အိုဒင်းနဲ့ ဘာတွေကို ကုစားမှာလဲ? ဘာတွေကာကွယ်မှာလဲ?
သူများယောင်လို့ လိုက်သာယောင်ရတယ် ဆိုတာလိုဖြစ်မှာစိုးလို့ ဝင်ပြီး လျှာရှည်ကြည့်တာနော်

နေဝန်းနီ

8 comments

  • ဆူး

    March 19, 2011 at 7:03 am

    မနေ့ကဘဲ မေးမြန်းခန်းတခုမှာ ဖြေသွားတာ ကြားတယ် အိုင်အိုဒင်း ဆား ကာကွယ်ဖို့ စားမယ်ဆိုရင် တနေ့ကို လက်တဆုပ် စားမှ ဖြစ်မှာပါတဲ့။ အဲဒီတော့ အိုင်အိုဒင်း ဆား စားပြီးတော့ ရောဂါကာကွယ်ရန် စားတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါတဲ့။

  • char too lan

    March 19, 2011 at 8:01 am

    ဘနီ အဲ့လိုလျှာရှည်လွန်း သဂျီးက ပါးစပ်ချူပ်ထားတာနေမှာ (AVATAR) 🙂

  • can shout very nice real news

    March 19, 2011 at 8:22 am

    ဆား ဆို လှည့်ကိုမကြည့်ချင်ဘူး .. ဈေးတက်နေလို ့လေ ဟီးဟီး

  • kai

    March 19, 2011 at 8:55 am

    အိုင်အိုဒင်းနဲ့ဆိုင်တဲ့သတင်းလေးတက်လာလို့.. ကိုရင်နေကို ..မြှောက်ပေးလို်က်တာ..။
    ကျုပ်တို့ဆီမှာတေ့ ..အိုင်အိုဒင်းဆားကြိုက်သလောက် သွားဝယ်လို့ရတယ်..။
    http://www.walgreens.com/store/c/morton-iodized-salt/ID=prod371-product?V=G&ext=frgl_Google_Grocery
    ၂၆အောင်စ တဗူး ၁ဒေါ်လာမပေးရဘူး.။ ဘယ်သူမှလည်း အခုထိတော့ဝယ်တာမတွေ့ရဘူး..။ 🙂

    UPDATE 1-Japan advised iodine for people near plant – IAEA
    Sat Mar 19, 2011 3:47am EDT

    * Higher radiation levels near plant since quake – IAEA

    * Levels at plant “significantly higher” than normal

    * But still in range allowing continued recovery work

    (Adds quotes, details, background)

    By Fredrik Dahl

    VIENNA, March 19 (Reuters) – Japanese authorities earlier this week issued a recommendation that people leaving the area near a tsunami-crippled nuclear power plant should ingest iodine, the U.N. nuclear watchdog said on Saturday.

    Taken as pills or syrup, stable iodine can be used to help protect against thyroid cancer in the case of radioactive exposure in a nuclear accident.

    The International Atomic Energy Agency (IAEA) also said radiation at the damaged Fukushima Daiichi plant had stabilised at “significantly higher” levels than normal, but these were still in a range allowing onsite recovery measures.

    At the site on Saturday, engineers attached a power cable to the outside of the facility in a desperate attempt to get water pumps going that would cool down overheated fuel rods and prevent the deadly spread of radiation.

    Earlier this week, the Vienna-based U.N. agency said Japan had provided 230,000 units of stable iodine to evacuation centres as a precautionary measure in the nuclear emergency.

    Its statement on Saturday said the authorities had successfully completed the evacuation of people from a 20 km (32 km) zone around the stricken plant. People within a 30 km area have been advised to stay indoors.

    On March 16, “Japan’s Nuclear Safety Commission recommended local authorities to instruct evacuees leaving the 20-kilometre area to ingest stable (not radioactive) iodine,” the IAEA said.

    The order recommended a single dose of pills for adults and syrup for children — with the amount dependent on age — but that it was not necessary for people older than 40.

    Radiation levels at the plant spiked three times since last week’s earthquake, but have stabilized since March 16, it said.

    “Radiation levels near Fukushima Daiichi and beyond have elevated since the reactor damage began,” it said.
    “However, dose rates in Tokyo and other areas outside the 30-kilometre zone remain far from levels which would require any protective action. In other words they are not dangerous to human health,” it said.

    A World Health Organization study two decades ago of the 1986 meltdown at Chernobyl, the most recent nuclear accident that affected a large population, estimated that up to 9,000 people could eventually die as a result of radiation exposure from the power plant.

    About 4,000 people developed thyroid cancer as a result of the accident, most of whom had been children or adolescents in 1986. But survival rates for this type of cancer are high — about 99 percent so far, based on figures in Belarus.

    (Editing by Mark Trevelyan)
    http://www.reuters.com/article/2011/03/19/japan-nuclear-iodine-iaea-idUSLDE72I03K20110319?pageNumber=2

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 19, 2011 at 9:54 am

    အိုင်အိုဒင်း ဆိုတာ ဘာအဓိပ္ပါယ်လဲတော့တိဝူး
    ငယ်ငယ်တုန်းကတော့ နာဂတောင်တန်းကလူတွေ ဆားအငန်ဓာတ် စားသုံးမှုအားနည်းလို ့
    လည်ပင်းကြီးတာလား ဘာကြီးတာလား သဂျီးတာလား မသိဘူး
    ကြီးတာတော့ ကြီးတာဘဲ ဒါကြောင့် အိုင်အိုဒင်းဆားပြား ကလေးတွေကို ပို ့ပေးရတယ်လို ့မှတ်သားဘူးသဗျ
    ဟိုတုန်းက လမ်းပန်းဆက်သွယ်ရေး က ခက်သတဲ့ ခုကလွယ်တယ်လေ :):)
    ဆားမှာ အုပ်စု သုံးမျိုး ရှိတယ်
    ပင်လယ်ရေကနေ အဆင့်ဆင့်နေလှန်းစနစ်နဲ ့ပြုလုပ်တဲ့ နေလှန်းဆားကြမ်းဆိုတာ တစ်မျိုး
    ( ပါးစပ်ကနေလွယ်လွယ်လေးပြောလိုက်တာ လွယ်လွယ်ရတယ်တော့မထင်နဲ ့ကိုယ်တွေ ့ )
    အဲ့သည် ဆားကြမ်းကို ကြိက်စက်တွေနဲ ့ပြန်ကြိတ်လိုက်တဲ့အခါ ကြိတ်ဆားဆိုပြီး ခေါ်တယ်
    တစ်ချို ့ကလည်း ဟင်းချက်တဲ့အခါသုံးတယ်
    အဲ့သည်ကြိတ်ဆားက အငန်ဓာတ်ပိုများတယ်
    အထူးသဖြင့် ပင်လယ်ထွက်ပစ္စည်းတွေထုတ်လုပ်တဲ့
    ငပိ၊ ငါးခြောက်၊ ငန်ပြာရည် စသည်တွေမှာသုံးတာ
    နောက်တစ်ခုက အခုပြောတဲ့ အိုင်အိုဒင်းဆားလို ့ခေါ်မလား
    ပင်လယ်ရေကို အဆင့်ဆင့် အငွေ ့ပြန်စေပြီးရင်
    သူတို ့မှာ တိုင်းတဲ့ ဒီဂရီပြဒါးတိုင်တစ်မျိုး ရှိတယ်
    25 ဒီဂရီ အဲ့သည်အတိုင်းတာထိရလို ့နေလှန်းရင် ဆားဖြစ်ပြီ
    အဲ့သည်မှာ တစ်ချို ့ကို ရေကန် အကြီးကြီးတွေတူးပြီး ကန်ထဲမှာ ထည့်လှောင်ထားတာ
    ပြီးရင် လေးထောင့်ပတ်လည် သံပြားအထူကြီးတွေနဲ ့လုပ်ထားတဲ့ ဘာလို ့ခေါ်သတုံး
    လေးထောင့် ဇလားအိုးကြီးတွေပေါ့
    အဲ့ဒါကို မီးဖိုတွေသေခြာလုပ်ပြီး မီးရှို ့တာ အောက်ကနေ
    ခုနကပြောတဲ့ လေးထောင့်သံဇလားဘောင်ကြီးထည်းကို 25 ဒီဂရီဆားရည်တွေထည့်ပြီး။
    အိုင်အိုဒင်းဆားဖြစ်ဘို ့ကတော့ ဘာဆေးလည်းမသိဘူး ချွတ်ဆေးလားဘာလားမသိ
    အတိုင်းတာနဲ ့ထည့်ရတယ်
    ရှင်းရှင်းလေးပါဘဲ
    နောက်ဆုံး ရေတွေခန်းသွားရင် ဆားဖြစ်တယ်ဗျ
    အဲ့ကောင်ကို ချက်ဆား သို ့မဟုတ် ဆားချောလို ့ခေါ်ကြပါလေရော
    တစ်ခါ ဗရုတ်သုတ်ခ လူတစ်ယောက်ကိုတွေ ့ဘူးတယ်
    လယ်တောထည်းမှာ မိုးတွေကလည်းအရမ်းကြီးနေတယ်
    ငါးဘတ်တစ်ကောင် ရတယ်
    ခုတ်ထစ်ပြီး ငရုပ်သီးတွေဘာတွေထောင်းပြီး
    အချိုမှုန် ့တွေ ဆီတွေထည့်ပြီး လုံးလဲ ့ပြီး ချက်လို ့ဟင်းဆူလို ့မြည်းကြည့်တော့
    ဆားမထည့်ရသေးဘူး
    မထည့်ရသေးဆို ဆားက လုံးလုံးကုန်သွားတာ
    ငပိ ငန်ပြာရည်ကလည်း မရှိတော့ ဆားမရှိတဲ့ဟင်းတော့
    အဖြစ်မခံဘူးဆိုပြီး
    သေးပန်းထည့်ပါလေရော
    ဒါပေမယ့် သူတစ်ယောက်တည်း စားပါတယ်။

  • kai

    March 19, 2011 at 7:37 pm

    သေးကငန်တယ်လို့ … ဘယ်လိုယူဆလိုက်သလဲဟင်..။
    ကိုရင်အောင်ပုရော သိတယ်လား..။
    ==
    လယ်ပင်းကွင်းတွေပါတ်ထားတဲ့.. ပဒေါင်တွေ..လယ်ပင်းကြေးကွင်းပတ်ရတဲ့အဓိပါယ်က … အိုင်အိုဒင်းချီု့တဲ့လို့..ကြီးလာတဲ့လယ်ပင်း ကာကွယ်ချင်လို့ဖြစ်တယ်လို့..စာထဲဖတ်ရဖူးတယ်..။
    အခုတော့.. တိုးရစ်စိတ်ဝင်စားတာမို ့..တမင်တကာလုပ်နေကြပြီ..။
    ကောင်းတယ်ဗျို ့

  • naywoonni

    March 20, 2011 at 10:03 am

    ဒီကနေ့တော့ ဆားကုန်သည်တွေက လူလည်ကျတယ်ဗျို့..။ လက်လီလည်းတစ်ပိဿာ 400 ကျပ်နဲ့ရောင်းတယ်။ အချိန်ငါးဆယ်ပါ အိတ်ကိုလည်း 20000ကျပ်နဲ့ပဲရောင်းတယ်။ သူတို့ချည့်ပဲ ရောင်းတော့မယ်ပေါ့။ ဈေးထဲက လက်လီဆိုင်တွေက ငုတ်တုတ်ပေါ့။ အဲဒိတော့ ဘာတွေပြောနေသလဲ သိလား? ဆားဈေးတက်တာ သောက်ရူးတွေကြောင့် တဲ့ ။မလိုရင်မဝယ်ကြနဲ့ဦးတဲ့။ နောက်လေးငါးရက်နေရင် ဈေးပြန်ကျမှာတဲ့။ လက်လီဆိုင်တွေက ပြောတဲ့စကား။ ဒီနေ့ဆား ဝယ်သူလည်း သိပ်မရှိပါဘူး။ အိမ်မှာ ဆားပြတ်တဲ့သူလောက်ပဲ မဖြစ်မနေဝယ်ကြတယ်။ ဆားလက်တစ်ဆုတ်စားရမယ်ဆိုတာ မကြားသေးဘူးနဲ့တူရဲ့။ နေ့တိုင်းသာ ရက်ရှည် စားရင်တော့ ရောဂါ ကာကွယ်တာ မကာကွယ်တာ အပထား ဝမ်းလျောပြီး မာကလီးယားကုန်မှာ သေချာသလောက်ပဲ။ တန်ဆေးလွန်ဘေးတဲ့..။။။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆရာဝန်မလေး တို့လို နားလည်သူတွေ ကပြောရင်ပိုကောင်းမယ်နဲ့တူရဲ့..။ သူမလည်း ရွာထဲရှိပုံမရဘူး။ မြို့တက်ပြီး ဆေးခွဲတမ်း ထုတ်ပြီး BPI နဲ့ တရုတ်ဆေးနဲ့ လဲနေသလားမသိဘူး။ 😛

  • Gong Zhu

    March 20, 2011 at 5:28 pm

    ရိုးရိုးဆား ၂၀ဝ က နေ ၃၀ဝ တက်လို့တဲ့ အောက်လမ်းမှာ လူတွေ တန်းစီပြီးဝယ်နေတယ်လို့ သတင်းရရချင်း မာမားတောင် City Mart မှာ ဆားတွေ ရှိသမျှဝယ်ထားမယ်ဆိုသွားတာ … City Mart မှာ ယိုးဒယားဆားလား ဘယ်နိုင်ငံကဆားလဲ မသိဘူး နှစ်ထုပ်ပဲရခဲ့တယ်တဲ့ … မြန်မာဖြစ်ကတော့ ၄ ထုပ်ပဲရခဲ့တယ်လို့ပြောတယ် …

Leave a Reply