Net ဆိုင်အတွင်း လူသားတစ်ဦး ဖန်တီးခြင်း

zoxnetMarch 19, 20111min27814
baby

Net ဆိုင်ဆိုတာ အားလုံးသိကြတဲ့ အတိုင်း အင်တာနက်ဆိုင်ကိုပဲ ပြောတာပါ။ အင်တာနက်ဆိုင် ဆိုတာကလည်း ရန်ကုန်မြို့မှာ ရှိတဲ့ အင်တာနက်ဆိုင်တွေ အများကြီးထဲက အခုတလော ကျွန်တော်ထိုင်ဖြစ်နေတဲ့ ဆိုင်ကြီးကြီး တဆိုင်ပါ။ ရှင်းရင်းနဲ့ ရှုပ်လာပြီ ထင်တယ်။ လူငယ်စုံတွဲ တစ်တွဲရဲ့ ဖြစ်စဉ်လေးက အဲဒီ အင်တာနက် ဆိုင်နဲ့ ပတ်သက်နေလို့ပါ။ ကျွန်တော် သုံးနေကျ အဲဒီအင်တာနက်ဆိုင်ရဲ့ ပိုင်ရှင်က လူငယ်ကောင်လေး တစ်ယောက်ပါပဲ။ အဲဒီ ဆိုင်ပိုင်ရှင်ကောင်လေး ဆီကို သူ့ရဲ့ သူငယ်ချင်း အခြားလူငယ် ကောင်လေးတွေ နေ့တိုင်းလိုလို လာတတ်ကျပါတယ်။ တစ်ချို့က လာရောက်သုံးစွဲကြတဲ့ လူတွေဖြစ်သလို အချို့ကတော့ လူငယ်သဘာဝ ဟေးလေးဝါးလေး လာလုပ်ကြတာပါ။ အဲဒီ့ သူ့သူငယ်ချင်းတွေ ထဲကမှ မောင်ပု ဆိုတဲ့ (နာမည်ရင်း မဟုတ်ပါ) ကောင်လေးကျတော့ ဆိုင်ကိုလာရင် သူ့ကောင်မလေး တစ်ယောက် ပါပါလာတတ်ပါတယ်။ အဲဒီ့ကောင်မလေး ဝတ်ထားတဲ့ ဝတ်စုံအရ သူမဟာ တက္ကသိုလ် ကျောင်းသူလေး တစ်ယောက်ပါ။ မောင်ပု ကများသောအားဖြင့် အဲ့ဒီဆိုင်မှာပဲ ညအိပ်တတ်ပါတယ်။ သူ့ကောင်မလေး ကတော့ နေ့တိုင်းလိုလို အဲဒီ နက်ဆိုင်ကို အစောကြီး ကျောင်းဝတ်စုံလေးနဲ့ ရောက်လာမယ်။ ဆိုင်ရောက်တာနဲ့ အပြင်ဝတ်စုံကို ကောက်လဲမယ်။ ညနေလောက်အထိ မောင်ပုနဲ့ အဲဒီဆိုင်မှာနေမယ်။ ညနေစောင်းကျရင် ကျောင်းဝတ်စုံလဲပြီး အိမ်ပြန်မယ်။ ကျွန်တော် အဲဒီဆိုင်မှာ သွားသုံးတိုင်း သူတို့ စုံတွဲကို အမြဲတွေ့နေရပါတယ်။ ဆိုးရွားတာက သူတို့ ၂ ယောက်ဟာ အနေအထိုင် ပက်စက်လွန်းပါတယ်။ သူတို့ ၂ ယောက်လုံးရဲ့ အသက်ဟာ ၁ရ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အင်တာနက်ဆိုင်ဆိုတာ ကလည်း အနည်းနဲ့အများ သုံးစွဲသူတွေက အချိန်ပြည့် ရှိနေကြတာပါ။ အဲ့လိုလူတွေ ကြားထဲမှာတောင် သူတို့နေထိုင်ပုံက အနောက်တိုင်းဆန်ကြပါတယ်။ နေ့ခင်းနေ့လည်ဆိုရင် ဆိုင်ရဲ့ ရေချိုးခန်းထဲမှာ နှစ်ယောက်တူတူ ရေချိုးကြပါတယ်။ အဲ့လိုချိုးမှာကို တခြားသူတွေ ကြားအောင် ပြောတတ်ကြပါသေးတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ သူတို့ ၂ ယောက်လုံးရဲ့ အသက်ဟာ ၁ရ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ၁ရ ဝန်းကျင်ဆိုတာ ၁ရ နှစ်ကနေ ၁၆၊ ၁၅ လောက်ကို ပြောတာပါ။ ၁ရနှစ် အထက်ကို ပြောတာမဟုတ်ပါဘူး။ တစ်ချို့ အချိန်တွေဆို ဆိုင်ရဲ့ မီးဖိုချောင်ထဲမှာ မျက်နှာချင်း တည့်တည့်ကပ်နေကြပါသေးတယ်။ အပေါ့အပါး သွားမယ့် သူတွေတောင် သူတို့ကို ကြောက်လို့ နောက်ဖေးခန်းကို မဝင်ပဲ အောင့်ထားကြရပါတယ်။ တစ်ခါတစ်ခါ မောင်ပုက အင်တာနက်ထဲက လှုံ့ဆော်မှုပုံတွေကို သူ့ကောင်မလေးကို ပေါ်ပေါ်ထင်ထင် ပြတတ်ပါတယ်။ လူသိရှင်ကြားပြတတ်ပါတယ်။ ဒီလိုနဲ့ နေစဉ်ရက်ဆက် ရေအတူတူချိုးတာ များလာတဲ့ အခါမှာ အားလုံးသိကြတဲ့ အတိုင်း ကောင်မလေး ဆီမှာ ပြသနာပေါ်လာပါတယ်။ သူတို့ဘာလုပ်ကြမလဲ။ တစ်ရက်မှာ မောင်ပုဆိုင်ကနေ ပျောက်သွားပါတယ်။ ခိုးပြေးသွားကြပြီလို့ သတင်းကြားရပါတယ်။ သုံးလေးရက်ကြာတော့ ကောင်မလေး မိဘတွေ ဆိုင်ကို ရောက်လာပါတယ်။ ဆိုင်ပိုင်ရှင်ကောင်လေးကို မေးလားမြန်းလား လုပ်ပါတယ်။ အဲဒီအခါမှ သိရတာက ဆိုင်ပိုင်ရှင်ကောင်လေး ကလည်း မောင်ပု အကြောင်း ပြည့်ပြည့်ဝဝ သိတဲ့သူ မဟုတ်ပါဘူး။ ဂျီတော့ခ်ထဲကနေ မောင်ပုနဲ့ ခင်တယ်။ သူ့ဆိုင်မှာ မောင်ပုက လာသုံးတယ်။ သုံးရင်း သုံးရင်းနဲ့ ပိုရင်းသွားကြတယ်။ လူငယ်တွေ ဆိုတော့လည်း မလိုအပ်သလို တစ်ယောက်အကြောင်း တစ်ယောက် သေသေချာချာ မမေးဖြစ်ကြတာလဲ ပါပါမယ်။ တကယ်တမ်း အမှုပတ်တော့ ဆိုင်ပိုင်ရှင် ကောင်လေးလည်း ပြောစရာ စကားရှားပါးသွားရပါတယ်။ ရက်အနည်းငယ် ကြာတော့ ကောင်မလေး နဲ့အတူ သူ့မိဘတွေ ထပ်ရောက်လာပြန်ပါတယ်။ မောင်ပုကတော့ ပြေးပြီထင်ပါတယ်။ ကောင်မလေးကတော့ မိဘလက်ထဲ ပြန်ပါလာပါတယ်။ မောင်ပုဇာတ်လမ်း ကတော့ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော် အဓိကပြောချင်တာက အခုခေတ်လူငယ်တွေပါ။ နောက် သူတို့ရဲ့ မိဘတွေပါ။ အင်တာနက်သုံးတယ် ဆိုတိုင်း အထင်ကြီးပြီး ကိုယ့်သားသမီးကို လွှတ်ထားတဲ့ မိဘတွေ။ အင်တာနက်ထဲကနေ ပေါက်ကရလူတွေနဲ့ ရည်းစားဖြစ်၊ အပြင်မှာ ချိန်းတွေ့၊ နောက်ပြသနာကြီးကြီး ဖြစ်လာတော့မှ ရှင်းစရာ အရှည်ကြီးတွေ ဖြစ်လာပါမယ်။ ဒီလို လွတ်လပ်တဲ့ဆိုင်တွေ ရှိနေရင် ဟိုတယ်မလိုပါဘူး။ လိုရာခရီးကို အလွယ်တကူ ရောက်အောင်သွားလို့ ရပါတယ်။ ကိုယ့်မွေးထားတဲ့ သားသမီးကို ချစ်ရင်၊ သူတို့ အင်တာနက် သုံးတဲ့အခါ တစ်ခါလောက်တော့ လိုက်ကြည့်စေချင်ပါတယ်။ အင်တာနက်ထဲကနေ ဘယ်လောက်တောင် အသိပညာတွေ ရှာဖွေဆည်းပူးနေသလဲ ဆိုတာ ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာပါ။ အဲ… အခုအချိန်ထိ ကျွန်တော်သိရသလောက် မောင်ပုရဲ့ ကောင်မလေး ဗိုက်ထဲမှာ ပြသနာတစ်ခုပါလာတယ် ဆိုတာ သူ့မိဘတွေ အခုထိ မသိသေးပါဘူး။ တစ်နေ့ပေါ်လာတဲ့ အခါကျရင် ဘယ်သူတွေ ရင်ကျိုးမလဲ။ ကျွန်တော် ထပ်ပြောပါမယ်။ ကောင်မလေးရဲ့ အသက်ဟာ ၁ရ ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။

14 comments

  • phantom

    March 20, 2011 at 8:07 am

    ခုခေတ်ကတော့ ပြောတော့ပါဘူး ကောင်မလေးတွေကလည်း အကုန်သိ အကုန်တတ် မတတ်ရင် သူငယ်ချင်းတွေ ဘဲတွေက သင် ဟူး…….. နောက်ဆုံးတော့

  • intro

    March 20, 2011 at 10:05 am

    လူငယ်တွေဆိုတော့ စဉ်းစားချင့်ချိန်နိုင်မှု အားနည်းတဲ့အချိန်မှာ အတုယူတာ မှားရင် ပျက်စီးနိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့၊ မိန်းကလေးတစ်ယောက်ဟာ တစ်ခါမှားယုံနဲ့တင် နောက်ဆက်တွဲ ပြသနာတွေ ရှိလာနိုင်ပါတယ်။ အရွယ်ရောက်လာရင် ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားတာဟာ သဘာဝ ဆိုပေမယ့် အလွန်အကျွံ မဖြစ်အောင်၊ မိမိကိုယ်မိမိ တန်ဖိုး ထားတတ်လာအောင် တစ်နည်းနည်းနဲ့ ပညာပေးတာမျိုး လုပ်သင့်ပါတယ်…

  • naywoonni

    March 20, 2011 at 12:16 pm

    သူ့ခောတ်နဲ့သူ

  • Ko Ko Aung

    March 20, 2011 at 2:46 pm

    ကြားရတာစိတ်မချမ်းသာစရာပါ။ အဲဒါမျိုးတော်တော်များနေပါပြီ။ လွပ်လပ်မှုနဲ့အတူ စဉ်းစားချင့်ချိန်နိုင်တဲ့အသိဉာဏ်ကိုပါ အမီလိုက်မြေတောင်မြှောက်ပေးသင့်တယ်ထင်ပါတယ်။

  • Gong Zhu

    March 20, 2011 at 5:15 pm

    အဲ့ထက်ဆိုးတာရှိသေးတယ် ပြီးမှပြောပြမယ် …

  • kai

    March 21, 2011 at 12:20 am

    အရွယ်တူချင်းမို ့ သိပ်ကြီးမားတဲ့ ပြသနာလို့ မထင်မိပါဘူး..။
    တခုပါပဲ..
    ဆေးမထိုးရဲရင်တောင်… အနည်းဆုံး ကွန်ဒုံလောက်တော့ သုံးသင့်ပါတယ်..။
    ယူအက်စ်၊ ပြင်သစ်၊ ဂျပန် ..စတဲ့နိုင်ငံတွေရဲ့ အထက်တန်းကျောင်းသူတွေ အိပ်ထဲရှာကြည့် .. အားလုံးမှာ တူတူတွေ့ရမှာက ..ကွန်ဒုံပဲ..။
    မြန်မာလူငယ်တွေလည်း.. ဆောင်ထားသင့်တယ်..။

    • etone

      March 21, 2011 at 4:00 am

      ပြသနာက အဲ့ဒါပါပဲ … ။ ဒီနိုင်ငံက အတုမခိုးသင့်တာတွေတော့ အတုခိုးပြီး တကယ်တမ်း ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတ ဆောင်ရန် ၊ ရှောင်ရန်တွေကျတော့ နည်းနည်းပါးပါး ကြားဖူးနားဝ ရှိတာတောင် အတုမခိုး တတ်ကြဖူးဖြစ်နေတယ် … ။ လူငယ်တွေကို ထိန်းလို့ မရမှတော့ ပညာပေး အစီစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်တယ် … ။ မျက်စိနဲ့ ကြည့်ယုံနဲ့ မသိနိုင်တဲ့ ရောဂါဆိုးကြီးကိုလည်း သူတို့ ကြောက်ရကောင်းမှန်း မသိဘူး ။
      ကိုခိုင်ပြောသလို တခြား နိုင်ငံက အထက်တန်းကျောင်းက ကလေးတွေ အိတ်ထဲ ဆောင်ကြတာ ပြသနာ မရှိပေမဲ့ … ဒီမှာ ကျတော့ မိဘက ကလေး အိတ်ထဲက ဒါမျိုးတွေ့လို့ကတော့ ကောင်းကောင်းပြသနာ တတ်မှာပါ ။ နောက်တစ်ခုက ဒီလို ပစ္စည်း အိပ်ထဲရှိနေတာကိုလည်း မဝံ့မရဲ ဖြစ်တတ်ကြပါတယ် … ရောင်းတဲ့လူက ရောင်းတာကို ဝယ်တာတောင် ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတဲ့ အရွယ်ရောက်ပြီးသား လူတွေအဖြစ်ကိုလည်း လမ်းလျှောက်ကာ မျက်စိသရမ်းပြီး မြင်ခဲ့ပါသေးတယ် … ။

  • onlinezz

    March 21, 2011 at 6:10 am

    တစ်ခုခုပြသာနာတက်ပြီဆို မိန်းကလေးဘက်က ဆုံးရှုံးတာများတယ်လေ။
    ယောကျာ်းလေးဘက်ကတော့ ရှောင်သွားမယ် ။ ငါမဟုတ်ပါဘူးဆိုတာနဲ ့တင်ဇာတ်လမ်းက ပြတ်သွားရော။အဲဒီတော့ ကိုယ့်ကိုကိုယ် ထိန်းနိုင်တာ အကောင်းဆုံးပဲ။ ဘယ်သူပြောတာကိုမှ မယုံနဲ ့ပေါ့။အထူးသဖြင့် ငယ်ရွယ်တဲ့သူတွေ ကိုယ့်ဘဝကို တန်ဖိုးထားတာ အကောင်းဆုံးပဲ 🙁

  • search123

    March 21, 2011 at 7:35 am

    မိန်းကလေးတွေ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြပါ။
    ခေတ်ကာလ မိန်းကလေးတွေ တော်တော်များများက ဒီကိစ္စကိုအလေးအနက်ထားစရာလို့မမြင်ကြတော့တာတွေ တွေ့နေရပါတယ်။
    အားလုံးကို မဆိုလိုပါ။
    ချစ်သူများနေ့မှာ ရန်ကုန်က hotel တွေ၊တည်းခိုခန်းတွေ ဈေးကြီးကြီးယူတာတောင်
    အခန်းတွေ အားလုံးနီးပါးပြည့်နေလို့၊ ထိုင်စောင့်ရတဲ့ စုံတွဲတွေတောင် ရှိတယ်ဆိုတော့လည်း…
    တားမရတော့ဘူးဆိုရင်တော့၊ပညာပေး အစီအစဉ်တွေ များများလုပ်ပေးနို်င်အောင်ပဲကြိုးစားရတော့မှာပေါ့။

  • dream

    March 21, 2011 at 8:09 am

    ဪ ကြားရ ကြားရ နားဝမသက်သာ 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 21, 2011 at 8:11 am

    အဲ့သည်မှာကျတော့
    ကာမေသုမိစ္ဆာ ဆိုတာနဲ ့နည်းနည်းလေး လွေးကြည့်မယ်
    ယဉ်ကျေးမှုလို ့ဆိုတဲ့ အလေ့အကျက်က တစ်မျိုးသွားပါမယ်။
    အဲ့သည်မှာဘဲ တွေ ့နေကြ မြင်နေကြ ကိစ္စတွေက ကြာလာတော့ရိုးသွားပြန်ပါရော
    ပွဲတွေ ့ အောင်ပုတို ့ကို ဒီချိန်မှာ ပါးစပ်ထည်း လက်လာထည့်ပေးတောင်မကိုက်ဘူး
    ပင်ပန်းလို ့စုပ်ဘဲစုပ်လိုက်တယ်
    ယနေ ့အနောက်တိုင်းတွေမှာ အရွယ်မရောက်ခင် အိမ်ထောင်ပြုကြတာကို နည်းနည်း မီးမောင်းထိုးပြလာကြတယ်
    ပြင်ဆင်လာကြတယ်
    ဒီမှာ သတိထားမိတာက ရောဂါ ကာကွယ်ရေးတွေမှာ တော်တော်စိတ်အေးလက်အေးရှိကြတယ်
    နောက်ပြီး အဓမ္မအမှုတွေဆိုတာ အထူးသဖြင့် အရွယ်မရောက်သူတွေရဲ ့ကိစ္စမှာ တော်တော်
    သေသေခြာခြာကိုင်တွယ်ကြတာကို တွေ ့ရတယ်
    သဘောတူလို ့ကတော့ သဘော သဘော စိတ်ရှိဘဲ
    သဘောတူလို ့ဖြစ်ကြတဲ့ကိစ္စကြောင့် ကာမေသုကင်းပါမယ်။
    အတွေ ့အကြုံတွေ ရှိကြလို ့ အဓမ္မလျှော့နည်းပြီး ကာမေသုကင်းပါမယ်။
    တစ်ခြားမကြည့်ပါနဲ ့
    ရန်ကုန်မြို ့ကြီးမှာတဲ့ စုံတွဲတွေချိန်းတာကို ထမင်းထုပ်နဲ ့သွားပြီးချောင်းကြသတဲ့
    ယ္ခုအောင်ပုတို ့ပင်လယ်ကမ်းခြေမှာ ရေသွားကူးတယ်
    အားဘားဘား
    ရောက်စတုန်းကများ ကိုယ့်ကိုယ်ကို
    မနည်းကြီးနှံနှပ်ယူရတယ် အကုသိုလ်
    ခုဆိုရင်တော့ မအကုသိုလ်တော့ဘူး ရိုးသွားပြီ
    မြင်ဘူးတာကို ပြောတာပါ
    တစ်ခြားကိစ္စတွေကတော့ တစ်ခါမှ မတစ်ခါဘူးဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးပါဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • etone

    March 21, 2011 at 8:50 am

    soemoekyaw.mdy@gmail.com ကလည်း ဒီပို့စ်ကို ကူးပြိး group တွေဆီကို ဖြန်ဝေနေတာ သိရတယ်… ။

  • zoxnet

    March 21, 2011 at 10:33 am

    ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ဖြန့်ဝေတဲ့ အတွက် လူတွေ အများကြီး သိသွားနိုင်မယ်ဆိုရင် ပြင်ဆင်မှုတွေ လုပ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကူးယူထားကြောင်းကို ခရက်ဒစ် တော့ ပေးပါလို့ မေတ္တာရပ်ခံပါရစေ ခင်ဗျာ။

  • dream

    March 21, 2011 at 10:55 am

    မမ etone ပြောတဲ့ အကောင့်က တခြားပိုစ့်တွေလဲ ကူထားတယ်

Leave a Reply