ကျနော်မှာ ငယ်စဉ်တည်းက ခုချိန်ထိ မျက်လုံးထဲတွင်စွဲမြဲစွာ ထင်ကျန်နေသော ပုံရိပ်တစ်ခု ရှိ၏။
လူတိုင်းတွင် လဲ မျက်လုံးထဲတွင် ထပ်ခါထပ်ခါ မြင်နေရသော ပုံရိပ်များ ရှိကြပေလိမ့်မည်။
ကျနော် ထိုပုံရိပ်ကို စွဲစွဲမြဲမြဲ မြင်ယောင်နေခြင်းမှာ စွဲလမ်း ခဲ့လို့ လဲ မဟုုတ်၊ ထိုသို့ ဖြစ်ချင်လို့ လဲ မဟုတ်၊ တစ်စုံတစ်ခု ကို အားကျနေလို့ လဲ မဟုတ်၊ ဘာကြောင့် ထိုပုံရိပ်က မျက်လုံးထဲမှာ စွဲနေလဲ မသိ၊ အားလပ်သော အချိန်များမှာ၊ တစ်ယောက်တည်းနေသော အချိန်များမှာ ထိုပုံရိပ်က နေရာယူ နေတတ်သည်။
ထိုပုံရိပ်မှာ မိမိကို ခြောက်လှန့် နေသည် မဟုတ်သော်လဲ ၊ မိမိ စိတ်ကို လွှမ်းမိုးလွန်းလှသည်။ ထိုပုံရိပ်ကိုမြင်မိတိုင်း အင်းအား တစ်စုံတစ်ရာ ဖြစ်တည်လာသလို၊ အားအင် ပြည့်လာသလို၊ မိမိ ဆန္ဒ ၊ မိမိ ဖြစ်ချင်သည်များကို ဇွတ်အတင်း မဖြစ် ဖြစ်အောင် လုပ် ပစ်ချင်စိတ်များ၊ စိတ်ခွန်အားများ ဖြစ်ထွန်းစေခဲ့ပါသည်။
မိမိ၏ အဆင်မပြေမှုများ၊ ဖိနှိပ်မှုများ ဖြင့် ကြုံတွေ့ရချိန်များတွင် ထို ပုံရိပ်က မိမိ ကို ပြန်လည်နိုးထ စေခဲ့သည်။ ဖိနှိပ်မှုများကို ပြန်လည်တွန်းလှန်ရန်၊ အခက်အခဲ များကို ရင်ဆိုင် ကျော်ဖြတ်ရန်၊ အထောက်အကူ ဖြစ်စေခဲ့သည်။
မိမိ အမှန်တကယ် ကျရှုံးနေသည့် တိုင်အောင် ထိုပုံရိပ်က မိမိကို စိတ်ဓါတ်ပျက်ပြားမသွားစေရန် အတွက် တနေ့ အောင်နိုင်ရမည် ဆိုသော စိတ်၊ မျှောင့်လင့်ချက် ကို လမ်းပြပေးနေသေးသည်။
ထိုပုံရိပ်ကား မိမိ၏ အားဆေးတစ်ခွက် ဆိုရင်လဲ မမှားချေ။
ကျနော် သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဖြင့် လက်ထဲတွင် ဓါး ရှည် ခိုင်မြဲစွာ ဆုတ်ကိုင်ပြီး ၊ မိမိကဲသို့ ချပ်ဝတ်တန်ဆာ ဆင်ထားသော ၊ မိမိထက် ခွန်အား ကြီးမားသော ရန်သူ၏ ရင်ဝ ကို ဓါးရှည်ကြီး ထိုးသွင်းခဲ့ပြီး၊ ဘယ် ခြေထောက်ဖြင့် ရန်သူ၏ရင်ဝကို ကန်ကာ ဓါးကို ညာလက်ဖြင့် ပြန်လည် ဆွဲထုတ်နေသော ပုံရိပ် ပင် ဖြစ်သည်။

About ရွှေ မင်း သား

kyansitthar101 has written 69 post in this Website..