ပုံရိပ်

ကျနော်မှာ ငယ်စဉ်တည်းက ခုချိန်ထိ မျက်လုံးထဲတွင်စွဲမြဲစွာ ထင်ကျန်နေသော ပုံရိပ်တစ်ခု ရှိ၏။
လူတိုင်းတွင် လဲ မျက်လုံးထဲတွင် ထပ်ခါထပ်ခါ မြင်နေရသော ပုံရိပ်များ ရှိကြပေလိမ့်မည်။
ကျနော် ထိုပုံရိပ်ကို စွဲစွဲမြဲမြဲ မြင်ယောင်နေခြင်းမှာ စွဲလမ်း ခဲ့လို့ လဲ မဟုုတ်၊ ထိုသို့ ဖြစ်ချင်လို့ လဲ မဟုတ်၊ တစ်စုံတစ်ခု ကို အားကျနေလို့ လဲ မဟုတ်၊ ဘာကြောင့် ထိုပုံရိပ်က မျက်လုံးထဲမှာ စွဲနေလဲ မသိ၊ အားလပ်သော အချိန်များမှာ၊ တစ်ယောက်တည်းနေသော အချိန်များမှာ ထိုပုံရိပ်က နေရာယူ နေတတ်သည်။
ထိုပုံရိပ်မှာ မိမိကို ခြောက်လှန့် နေသည် မဟုတ်သော်လဲ ၊ မိမိ စိတ်ကို လွှမ်းမိုးလွန်းလှသည်။ ထိုပုံရိပ်ကိုမြင်မိတိုင်း အင်းအား တစ်စုံတစ်ရာ ဖြစ်တည်လာသလို၊ အားအင် ပြည့်လာသလို၊ မိမိ ဆန္ဒ ၊ မိမိ ဖြစ်ချင်သည်များကို ဇွတ်အတင်း မဖြစ် ဖြစ်အောင် လုပ် ပစ်ချင်စိတ်များ၊ စိတ်ခွန်အားများ ဖြစ်ထွန်းစေခဲ့ပါသည်။
မိမိ၏ အဆင်မပြေမှုများ၊ ဖိနှိပ်မှုများ ဖြင့် ကြုံတွေ့ရချိန်များတွင် ထို ပုံရိပ်က မိမိ ကို ပြန်လည်နိုးထ စေခဲ့သည်။ ဖိနှိပ်မှုများကို ပြန်လည်တွန်းလှန်ရန်၊ အခက်အခဲ များကို ရင်ဆိုင် ကျော်ဖြတ်ရန်၊ အထောက်အကူ ဖြစ်စေခဲ့သည်။
မိမိ အမှန်တကယ် ကျရှုံးနေသည့် တိုင်အောင် ထိုပုံရိပ်က မိမိကို စိတ်ဓါတ်ပျက်ပြားမသွားစေရန် အတွက် တနေ့ အောင်နိုင်ရမည် ဆိုသော စိတ်၊ မျှောင့်လင့်ချက် ကို လမ်းပြပေးနေသေးသည်။
ထိုပုံရိပ်ကား မိမိ၏ အားဆေးတစ်ခွက် ဆိုရင်လဲ မမှားချေ။
ကျနော် သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဖြင့် လက်ထဲတွင် ဓါး ရှည် ခိုင်မြဲစွာ ဆုတ်ကိုင်ပြီး ၊ မိမိကဲသို့ ချပ်ဝတ်တန်ဆာ ဆင်ထားသော ၊ မိမိထက် ခွန်အား ကြီးမားသော ရန်သူ၏ ရင်ဝ ကို ဓါးရှည်ကြီး ထိုးသွင်းခဲ့ပြီး၊ ဘယ် ခြေထောက်ဖြင့် ရန်သူ၏ရင်ဝကို ကန်ကာ ဓါးကို ညာလက်ဖြင့် ပြန်လည် ဆွဲထုတ်နေသော ပုံရိပ် ပင် ဖြစ်သည်။

13 comments

  • စိန်ပေါက်ပေါက်

    February 8, 2012 at 1:18 pm

    ကျမပုံရိပ်ထဲမတော့ ကီမီုနိုဝတ်စုံကြီးကိုပက်၊ငှက်ကြီးတောင်ကြီးကိုင်..ဆံပင်ကြီး ဆံထုံးထုံးပြီး ညာလက်နဲ ့ ဓါးကိုတအားလွှဲ
    ဝါးရုံထဲက မျှစ်ကြီးကို အာယားပါယားခုတ်နေတဲ့ ဆာမူရိုင်းကြီးပင် ဖြစ်ပါတော့တယ်..အမရေ

    • Thel Nu Aye

      February 8, 2012 at 1:48 pm

      ဒေါ်စိန်ပေါက်။ မျှစ်ချဉ်တည်ပြီးနဲနဲလောက်။

  • blackchaw

    February 8, 2012 at 1:31 pm

    ရွှေမင်းသား ရေ။
    ဝင်ဖတ်သွားပါတယ်ဗျာ။
    ကျွန်တော့်မှာလည်း အဲဒီလို စွဲနေတဲ့ ပုံရိပ်လေးတွေ ရှိပါတယ်ဗျာ။

  • Diamond Key

    February 8, 2012 at 1:34 pm

    ပုံရိပ်ကြီးက ကြောက်ချာကြီး 😯
    ကိုယ် ကြိုက်တဲ့ ပုံရိပ်တစ်ခုကတော့ ကျောက်တောင်ကြမ်းကြမ်းကြီး ထိပ်အစွန်းကို ဆွဲတက်လာတဲ့ သန်မာတဲ့ လက်ကြီးတစ်ဖက်ရဲ့ ပုံရိပ် 😀

  • MaMa

    February 8, 2012 at 2:46 pm

    ကြည့်ရတာ ဆာမူရိုင်း ဝင်စားတာ ထင်တယ်။
    😛

  • manawphyulay

    February 8, 2012 at 3:16 pm

    လူတိုင်းမှာတော့ သူ့ပုံရိပ်နဲ့ သူရှိကြပါတယ်လေ… ပုံရိပ်က လှပဖို့တော့ လိုတာပေါ့။

  • aye.kk

    February 8, 2012 at 5:32 pm

    လူကိုစိတ်ကအုပ်စိုး၍..
    စိတ်ကိုစဉ်းစားတတ်သော..
    အသိဉာဏ်ကအုပ်စိုးသည်..
    အသိဉာဏ်ကိုဗဟုသုတကအုပ်စိုး၍..
    ဗဟုသုတကိုစာပေကအုပ်စိုးသည်ဟုပညာရ
    ှိအပေါင်းတို့သဘောကိုက်ညီကြသည်။(ပီမိုးနင်း)
    အဲဒီစာလေးကိုပြန်သတိရမိတယ်၊ပုံရိပ်လေးနဲ့
    ဆက်စပ်ကာတွေးထင်မြင်မိသွားပါကြောင်းပြောပြလိုက်ပါရစေ။

  • လူငယ်ဘဝမှာ သူလေးစားအားကျတဲ့ပုံရိပ်က အရေးကြိးပါတယ်။
    ငယ်စဉ်က အားကျလေးစားတဲ့ပုံရိပ်မှားလို့ကတော့
    ဘဝပျက်ပြိသာ မှတ်လိုက်ပေတော့။
    ဒါကြောင့်လေးစားအားကျစရာကောင်းသောခေါင်းဆောင်များဓါတ်ပုံကို
    အိမ်မှာရုံးမှာချိတ်ထားကြတာပေါ့။

  • TTNU

    February 8, 2012 at 7:52 pm

    ကိုရွှေရေ.. တရုပ်ကားအကြည့်များသွားတာလားကွယ်။

  • thit min

    February 8, 2012 at 10:06 pm

    ပိတ်ယုံလို့
    ပုံရိပ်ဖြစ်တာမို့
    နမိတ်ပုံလို့
    အယုံစိတ်ဖြစ်ကာပ
    အဟုန်စိတ်ပွါးကာဘဲ
    မမှားတခါထဲဖြစ်လာပြီ
    လူ့ဘဝနဲ့အညီ။
    စီရီကာတကယ်ဖြစ်တာမို့
    မကြည်မသာမရယ်ဖြစ်တဲ့အခါ
    အလီလီအခါခါတွယ်ရစ်ခဲ့ပုံရိပ်မို့
    အငုံစိတ်နဲ့ ထိ
    အဲဒါပုံရိပ်ရဲ့ အငြိ။
    ———————–
    ကျနော် တချိန်ကစိတ်မှာရှိခဲ့တဲ့ ပုံရိပ်ရဲ့ ဘဝကိုဒီကနေ့ရ နေပါတယ်။
    ခုပုံရိပ်တမျိုးပြောင်းနေပါပြီ။
    အဲဒီ ပုံရိပ်ကိုနောင်တချိန်မှာရောက်မယ်လို့ယုံကြည်စွာရှိပါကြောင်း။—–

  • shweminnthar

    February 8, 2012 at 11:41 pm

    မြန်မာလိုရွှေမင်းသားရေ..
    အင်္ဂလိပ်လို shweminnthar က
    အားပေးသွားပါတယ်ဗျာ..

  • ရွှေ မင်း သား

    February 9, 2012 at 9:11 am

    ကျနော် ပုံရိပ် အကြောင်းပြောပြလိုက်လို့ ကျနော်ကို လူရိုင်းကြီးတစ်ယောက်လို့ ထင်သွားကြလားမသိဘူး။
    ဒါနဲ့ မိပေါက် ရေ.. ဝတ်သားနဲ့ မျှစ်ချဉ် ချက်ထားလိုက်ပါကွာ……
    ရွာထဲက လူကြီးတွေ ကျွေးပြီး ကုသိုလ် ယူရအောင်လေ။
    လူတိုင်းလူတိုင်းမှာ အဲလို မတူညီတဲ့ ပုံရိပ်တွေ ရှိကြတယ်နော်။ ပုံရိပ်တွေ အမျိုးမျိုး ကွဲကြသလို၊ အဲဒီပုံရိပ်အပေါ် ခံယူတဲ့ ခံယူချက်ချင်းလဲ မတူနိုင်၊ ပုံရိပ်ချင်းတူ အုန်းတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း မတူနိုင်ပါ။
    the last samurai, troy. တို့လို ဇာက်ကားမျိုးတွေ ကျနော် ကြိုက်တယ်။ ထပ်ခါထပ်ခါ ကြည့်တတ်တယ်။
    နောက်ပြီး ကိုဒီးယား ဇာတ်လမ်းတွဲ တွေထဲမှာ ဆို ဂျူမုံ ဇာတ်လမ်း တစ်ခု ဘဲ အစအဆုံးကြည့်ဖူးတယ်။
    တရုတ် ဇာတ်လမ်းတွဲ တွေ တော့ သိပ်မကြိုက်ဘူးဗျ။
    နောက်ပြီး ငယ်ငယ်တုန်းက အရေမရ အဖတ်မရ ဝယ်စုခဲ့တဲ့ ဓါး လှလှ လေးတွေ အခုထိရှိသေးးတယ်။
    ဒါတောင် တချို့ ဓါးတွေ အိမ်က ပြန်သိမ်းသွားလို့ …. ဖွတ်ထားတာလေးတွေတော့ ကျန်နေသေးတယ်။

  • ဖွတ်ထားတာလေးတွေတော့ ကျန်နေသေးတယ်။
    ဗမာရွှေမင်းသားရေ အဲဒိဖွတ်ထားတာလေးတွေ
    သိမ်းထားနော် တော်ကြာ ပန်ကန်ပြားလို မီးအိမ်လို တန်ဘိုးတက်လာရင် အပီဘဲကွ။

Leave a Reply