ယဉ်ကျေးလိမ္မာတရားစခန်းဖွင့်မည်

ဦးကောက်March 21, 20111min907

ယဉ်ကျေးလိမ္မာတရားစခန်းဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာ၊

ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၌

 

၂၀၁၀-၂၀၁၁တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများအတွက်သာ

ယဉ်ကျေးလိမ္မာတရားစခန်းကိုဖွင့်လှစ်မည်ဖြစ်ရာဧပြီလ ၄ရက်မှ ရရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး

တရားစခန်းသို့ မွန်းလွဲ ၁နာရီအရောက် လာကြရမည်ဖြစ်သည်။

တရားစခန်းသို့ဝင်ရောက်လိုသူများသည် ၂၀၁၁ခုနှစ် မတ်လ ၂၁မှ ၂၅ရက်အတွင်း

အောက်ဖော်ပြပါ email လိပ်စာသို့မိမိ၏

  1. ပညာအရည်အချင်း၊
  2. အမည်၊
  3. မိဘအမည်၊
  4. နေရပ်လိပ်စာနှင့်
  5. email လိပ်စာ    တို့ကို အချက်အလက် ပြည့်စုံမှန်ကန်စွာ

အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

dhammadutajetavana@gmail.com

 

လက်ခံနိုင်သည့် အရေအတွက်ထက်ပိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့်

ရွေးချယ်လက်ခံပါမည်။ ဝင်ခွင့်ရသူများစာရင်းကိုတရားစခန်းဝင်ရောက်ရမည့်ရက်မတိုင်မီ အကြောင်းပြန်ကြားပါမည်။

ဝင်ခွင့်ရသူများသည်……..

  1. ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ  နှင့်
  2. ကျောင်းသားကတ်(သို့မဟုတ်)မှတ်ပုံတင်မိတ္တူ တစ်စောင်စီ ယူဆောင်လာကြရန်ဖြစ်သည်။

ဓမ္မပူဇာအစီအစဉ် များကိုပူဇော်ထားပါသည်နှိပ်ကြည့်နိုင်ပါသည်။

နှစ်သစ်မှာပျော်ရွင်ချမ်းမြေ့ကြပါစေ

7 comments

  • manawphyulay

    March 22, 2011 at 3:22 am

    ဘယ်အရွယ်တွေမှ လျှောက်ခွင့်ရှိတာလဲမသိဘူးနော်။ အသက်အကန့်အသတ်ကော ထားထားသလား သိချင်ပါတယ်ရှင်….

  • morenyan

    March 22, 2011 at 3:46 am

    မိဘတွေက ကိုယ့်ကလေးကို ယဉ်ကျေးအောင်မသင်ပေးနိုင်တော့လို့ထင်ပါရဲ့နော်

  • search123

    March 22, 2011 at 8:14 am

    ဓမ္မဒူတ ဆရာတော်ရဲ့ တရားစခန်းက တော်တော် အကျိုးရှိပါတယ်။
    လူငယ်၊လူလတ်၊လူကြီးတရားစခန်း ဝင်သူတိုင်း အကျိုးရှိတယ်လို့သိရပါတယ်။
    လူငယ် နဲ့ လူလတ ်တရားစခန်းတွေ ဖွင့်မယ်ဆိုရင်လည်း ပြောပေးပါဦး။

  • ဆူး

    March 22, 2011 at 1:58 pm

    ဆရာတော် လုပ်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ တော်တော် ကို အောင်မြင်နေတဲ့ အတွက် ဝမ်းသာစရာ ကောင်းပါတယ်။

  • Gong Zhu

    March 23, 2011 at 7:37 am

    ည အိပ်ရမှာလား … အဲ့ဒီမှာ ..

  • char too lan

    March 23, 2011 at 10:03 am

    မန်ဘာရေ… ကူးပီးဖြန့်လိုက်အုံးမယ် ခွင့်ပြုပါအုံးနော် 🙂

  • ukok44

    March 23, 2011 at 11:29 pm

    ၂၀၁၀/၂၀၁၁ တက္ကသိုလ်တန်းဖြေဆိုထားသူများအတွက်ပါခင်ဗျာ…သူငယ်ချင်းကဖြေထားရင်လျှောက်လို့ရပါတယ်…
    ညအိပ်ရပါမယ်ခင်ဗျာ… ၃ ည အိပ်ရပါမယ်…ကျောင်းသား၊သူ ဦးရေသတ်မှတ်ထားလို့ပါခင်ဗျာ.

Leave a Reply