ကြားဖူးတဲ့ ပီယဆေးလေးပါ

မမေလးMarch 23, 20111min44823

အရင်က ကြားဖူးတာပါ
၁ ။ ဘယ်သူမှ မသိတဲ့ အချိန်မှာ ဘယ်သူမှမတွေ့အောင်  ငှက်ပျောပင်မှာ လက်ကိုင်ပုဝါ သွားစီးလိုက်ပါ ။ ညဘက် ၁၂ နာရီကျရင် အဲ့ဒီ လက်ကိုင်ပုဝါကို သွားပြန်ယူပါ ။ အဲ့ဒီလက်ကိုင်ပုဝါကို ဆောင်ပြီး ကိုယ်ချစ်တဲ့ ကောင်မလေး ၊ ကောင်လေး ကိုတို့ရင် မြန်မြန် အဆင်ပြေပါလိမ့်မယ်တဲ့ ။
၂ ။ အိမ်မြှောင် အမြီးနှစ်ခွကိုရှာပြီး အဲ့ဒီ အမြှီးကိုဖြတ် ရေမွှေးထဲ ထည့်စွတ်ရင် ဆော်ကြည် ၊ ဘဲကြည်လိမ့်မယ်တဲ့ ။
၃ ။ မိတ်လိုက်နေတဲ့ မြွေနှစ်ကောင်ကို လက်ကိုင်ပုဝါသွားတင် ပြီးရင် အဲ့ဒီလက်ကိုင်ပုဝါကို ပြန်ယူ ပြီး စကားပြောရင် တို့တို့ပြောပါတဲ့ ။ ( နောက်ကနေ မြွေလိုက်ခံရရင် လက်ကိုင်ပုဝါ ပစ်ချလိုက်ပါ မြွေက လက်ကိုင်ပုဝါနဲ့ လုံးပြီးကျန်နေခဲ့လိမ့်မယ်တဲ့ )
၄ ။ ခဲလုံးတစ်လုံးကိုယူ ကိုင်ထားလိုက်ပါ မျက်လုံးကိုမှိတ်ပြီး သူ့ရဲ့ မျက်နှာကို ပေါ်အောင်ကြည့် ပြီးရင် ဆုတောင်းပါ သူ့တစ်ယောက်တည်းကိုပဲ သစစာရျိရှိချစ်ပါမယ် ။ သူကျွန်တော့ကို ပြန်ချစ်လာပါစေ လို့ပြောပြီး ရေနဲ့ ရ ရက်တိတိစိမ်ပြီး အဲ့ဒီရေကိုသောက်ပါတဲ့ ။
၅ ။ နောက်တစ်ခုကတော့ မိန်းကလေးတွေပဲလုပ်လို့ရတာပါ ။ မိန်းကလေး လစဉ်ဖြစ်ရင် အဲ့ဒီဟာကို ယူပြီး ကွမ်းယာ သို့ တစ်ခုခုတည်း မသိအောင်ကျွေးလိုက်ရင် ကောင်လေးတွေက သူမှသူ စွဲလမ်းတတ်တယ်တဲ့ ။ ကောင်လေးတွေ သတိထားနော် … သူငယ်ချင်းရဲ့ သူငယ်ချင်းကတော့ အဲ့ဒီနည်းကိုစမ်းပြီး သူ့ကို မုန်းတဲ့ကောင်လေးနဲ့ ခုဆိုညားလို့ ကလေးတစ်ယောက်ရနေပြီတဲ့ ။ ဒါပေမယ့် ကောင်လေးက ဘုန်းနိမ့်တတ်ပြီး ကောင်လေး ဘုန်းကံမြင့်ရင် ကိုယ်က ပြန်ခိုက်တတ်တယ်လို့ ဆိုပါတယ် ။
၆ ။ မိန်းကလေးတွေ အတွက်ပါ လင်ဗန်းကိုယူ ကိုယ်ဝတ်ထားတဲ့ နားကပ်ကို ချွတ် ပြီးရင် ရေလောင်းလိုက်ပေါ့နော် … ပြီးရင် အဲ့ဒီရေကို ကောင်လေးကိုတိုက်လိုက်ပါတဲ့ ။ အိမ်မှာ မကပ်ချင်တဲ့ကိုယ့်ရဲ့ ယောကျား ၊ ကိုယ့်နားမနေချင်တဲ့ကိုယ့်ရည်းစားတွေက လင်ဗန်းဆိုတာ လင်ဖမ်းတဲ့ဓါတ်ပေါ့ နားကပ်ဆိုတယ ကိုယ့်နားမှာ ကပ်နေအောင်လို့ ဆိုလိုပါတယ် ။
ရ ။ လပြည့်ည ညောင်ပင်တို့လို အကြီးစား အပင်အောက်မှာ မှန်ကိုယူ ပြီးရင် ထိုင်ကြည့် အရင်ဆုံး သရဲတွေတွေ့ရမယ် ။ ပြိးမှ ကိုယ့်ဖူးစာရှင်က ပန်းလာပေးလိမ့်မယ်တဲ့ ။ အဲ့ဒီအချိန်ကျရင် မှန်ပြင်ကနေမ ပန်းလေးကို လှမ်းယူလိုက်ပါတဲ့ ။
၈ ။ သူများ အိမ်ကဖြစ်ဖြစ် ကိုယ့်အိမ်ကဖြစ်ဖြစ် kiss me quick ပန်း တစ်ခိုင်မှာ မ ဂဏန်းနဲ့ ပွင့်ရပါမယ် ။ အဲ့ဒီပန်းကို ဘယ်သူမှ မတွေ့အောင် နောက်ပြန်ယူ ပြီးရင် ခေါင်းဥိးအောက်ထဲထည့်အိပ်ရင်လဲ ဖူးစာရှင်တွေ့လိမ့်မယ်တဲ့ ။
၉ ။ ဒါကတော့ လူတိုင်းလိုလိုသိပါတယ် ။ လပြည့်ညမှာ ဘဲဥကို ရောင်းသူ ဝယ်သူပဲသိစေပြီး ဘယ်သူမှမမြင်အောင် ဖွက်ယူပါ ။ အိမ်မှာ ဘယ်သူမှမသိအောင် ခိုးပြုတ်ပါ ။ ပြီးရင် ဘယ်သူမှမသိအောင် ည ၁၂ နာရီ မှန်ရှေ့မှာ ခွါပြီး ဆားတို့ပြီး အလုံးလိုက်စားပါ ။ ပြီးရင် ရေမသောက်ရဘူး ။ ရေနဲ့ ခွက်နဲ့ ကိုယ့်ဘေးမှာထားအိပ်လိုက်ပါ အိပ်မက်ထဲမှာ ဖူးစာရှင် ရေလာတိုက်လိမ့်မယ်တဲ့။
ကျန်သေးတယ် နောက်မှ ပြောပြမယ်နော် … အမှားပါရင် ခွင့်လွှတ်ပါနော်  ။

23 comments

  • dream

    March 23, 2011 at 8:51 am

    ဟိဟိ တော်တော်စုံတာပဲ
    kiss me quick ပန်းကို နောက်ပြန်ခူးလို့ကတော့ ဆူးဆူးမှာ သေချာတယ်
    ဘဲဥစားပြီး ရေမသောက်ပဲ အိပ်ရင် ရေလာတိုက်တဲ့သူက မသိစိတ်က စွဲလမ်းနေတဲ့သူ ဖြစ်နိုင်တယ်နော်
    တစ်နည်းမှ သက်သာတာမတွေ့တော့လို့ ကိုယ်ချစ်တဲ့ကောင်လေးကို ကိုယ့်ဖာသာကိုယ်ပဲ ဖွင့်ပြောလိုက်တော့မယ်ကွယ်။ 🙂

  • kai

    March 23, 2011 at 8:59 am

    ကျုပ်မှာတော့ .. ပီယဆေးကျမ်းကြီးရှိတယ်..။ စာအုပ်ကဆွေးပြီး… တော်တော့ကို ကြာနေပြီ..။
    အဲဒီမှာ .. အသက်မပြည့်တဲ့ အပျိုစင်မိန်းကလေးကို အဝတ်တွေချွတ်… ပေါက်တပ်ကရတွေလုပ်ပြီး .. ဖေါ်တဲ့ဆေးလုံးအကြောင်းလည်းပါတယ်..။
    မသိနားမလည်သူတွေကို… အယုံသွင်းဖျက်စီးတဲ့ ယုတ်မာတဲ့နည်းတွေပဲ..။

    အဲဒီလိုနဲ့.. မြန်မာတောသူလေးတွေ..ဘယ်နှယောက်ဘဝပျက်ခဲ့သလည်းမသိ..။ 🙁

  • kyawmonkhant

    March 23, 2011 at 9:49 am

    နောက်တနည်းကျန်သေးတယ်ဗျို့-
    ယုန်ဂျို လိပ်မွေး ပုဇွန့်သွေး ဖြုတ်သဲ တမတ်သား ဆတူရောပြီးဆောင် ပိယအလွန်အောင်
    ခုထိတော့ အဲဒီဆေး မဖော်နိုင်သေးလို့ လွတ်လွတ်လပ်လပ်ဘဲနေရတုန်း

  • natthamee

    March 23, 2011 at 10:06 am

    လပြည့်ညမှာ ညောင်ပင်အောက်မှာ မှန်ကြည့်ရင်း သူရဲတွေ့လို့လန့်ပြီးသေ။ နောက်ဘဝမှာ သူရဲဖူးစာရှင်နဲ့ပေါင်း ဟုတ်လား …..

  • natthamee

    March 23, 2011 at 10:07 am

    လပြည့်ညမှာ ညောင်ပင်အောက်မှာ မှန်ကြည့်ရင်း သူရဲတွေ့လို့လန့်ပြီးသေ။ နောက်ဘဝမှာ ဖူးစာရှင်သူရဲနဲ့ပေါင်း ဟုတ်လား …..

  • bigbird

    March 23, 2011 at 10:48 am

    မင်းသမီးလေးရေ..တော်ကြာတစ်ချို့မပြည့်တဲ့သူတွေက တကယ်ထင်ပြီးလျှောက်လုပ်နေပါအုံးမယ်။

  • shweminthar

    March 23, 2011 at 10:57 am

    ကျနော်မှာ ပီယာဆေး တစ်ခု ရှိတယ်။
    ဆေးစွမ်း ကြောင့် အချစ်ရေးအောင်မြင်သွားတဲ့သူတွေလဲ ရှိပါတယ်။ လက်တွေ့ ကျနော်သူငယ်ချင်းတစ်ယောက် ဆိုရင် ဆေးစွမ်း ကြောင့် သူချစ်တဲ့သူနဲ့ ပေါင်းဖက်ခွင့် ရသွားပြီး ကျနော်ကို တွေ့တိုင်းကျေးဇူးတင်ကြောင်းပြော လေ့ရှိပါတယ်။
    ပီယာဆေး ရဲ့ ဆေးညွှန်းက တော့……..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 23, 2011 at 12:19 pm

    မင်္ဂလာစုံတွဲ
    အစုံ ရှစ်ဆယ်ကျော်ပေါက်ထားတယ်ဗျို ့
    အခြေနေကြည့်ပြီးထုတ်ရလိမ့်မယ်
    ပီယဆေးနဲ ့တော့ ဘယ်လို ပတ်သက်လဲမသိဘူး

  • naywoonni

    March 23, 2011 at 2:13 pm

    ပြောတိုင်းယုံတဲ့ ဘာဆိုလား ပဲ

  • nigimi77

    March 23, 2011 at 3:47 pm

    အောင်မလေးလေးးးးးးးးးးးးးးးးးးး။ အဲဒါတွေကို လဲ ပြောပြတယ်။ ဟတ်လား။
    တလောက မိန်းကလေးတွေ သတိထားဖို ့ အကြောင်း ဆေးခတ်၊ ဘာခတ် ညာခတ်တွေ အကြောင်း တော်တော်တွေ ့လိုက်ရတယ်။
    ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ ့ပေါ့ ဟတ်လား။

    ကျေးဇူး ကျေးဇူး…. မါတုဂါမတွေကို အဲဒီနည်းတွေနဲ ့ …ဟဲ ဟဲ ဟဲ ဟဲ…။
    (ဦးကျောက်လုံး ရီ(ရယ်) သံဖြင့်)…။

  • Ko Ko Aung

    March 23, 2011 at 5:29 pm

    အဲဒီတော့ ကိုယ်မကြိုက်တဲ့သူဆီကဆို သတိထားရှောင်စရာတွေက လက်ကိုင်ပုဝါရယ် ကွမ်းရယ် ရေရယ်ပေါ့နော်။

  • MaMa

    March 24, 2011 at 12:47 am

    မိုက်မိုက် မမိုက်မိုက်၊ ပုပု မပုပု၊ ဆေးဖော်စရာလည်းမလို၊ ကြော်ငြာကကောင်းလွန်းလို့ ပီယဆေးတွေထဲမှာ အစွမ်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်။

  • manawphyulay

    March 24, 2011 at 3:33 am

    ဖူးစာရှင်မတွေ့ရင်နေပါစေ သရဲတော့ အရင်မတွေ့ပါရစေနဲ့… ဟိုအပေါ်က နည်းကတော့ အောက်လမ်းများ ဆန်နေလားဟင်
    ဘဲဥက အလုံးလိုက်ကို အာမထိ လျှာမထိ မျိုရမှာလား………. အလုံးလိုက်တစ်ခါထဲစားဖို့ လွယ်မယ်မထင်….. ဒီနည်းတွေက တစ်ခုမှ မေတ္တာတရားမပါသလိုပဲနော်……….. ပြောတိုင်း လျှောက်မလုပ်ကြနဲ့ဦးနော် သိလား

  • etone

    March 24, 2011 at 3:36 am

    မှန်ထဲပေါ်လာတာ ဖူးစာရှင်မဟုတ်ပဲ သူရဲပုံဖြစ်နေမှာ အဲ့ဒီနေရာတင် အသက်ထွက်မယ် … ။

  • char too lan

    March 24, 2011 at 6:03 am

    မန်ကျည်းတစ်အိတ် ဆားတစ်အိတ် ရောပီးနာနာကြိတ်
    ကြိတ်ပီးတဲ့အခါလုံးလိုက်ပါ သပိတ်လောက်ရမှာ
    တနေ့တစ်လုံး မှန်မှန်သုံး သွားတော့ သင်္ချိူင်းကုန်း……..
    အဲ့ဒါကျောင်းတုန်းက ခေတ်စားခဲ့တဲ့ ယောနယ်ဘက်က ပီယဆေးပဲ စွမ်းတယ်
    စမ်းကြည့်

  • meelay

    March 24, 2011 at 7:10 am

    ဟီး …. အပျိုကြီးပဲ လုပ်တော့မယ် ….. 🙂

  • nozomi

    March 24, 2011 at 7:27 am

    မြန်မာပြည်မှာ ပထမဆုံးအောင်သွယ် ကုမ္မဏီ ဖွင့်ပါတော့မည်
    ကိုယ်လိုချင်တဲ့ အချက်အလက်များဖော်ပြြ့ပီး စာရင်းပေးသွင်းနိုင်ပါသည် အစောဆုံး အယောက်(၁၀၀)အား ဝန်ဆောင်ခ မယူပဲ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2011 at 7:36 am

    ဟယ်…
    အပျိုဂျီးဒေါ့
    မလုပ်ဘာနဲ ့ဟယ်
    နှမြောဇရာဂျီး

  • Gong Zhu

    March 24, 2011 at 7:58 am

    အာမထိလျှာမထိနဲ့ မျိုရမှာလားဆိုလို့ မျက်လုံးထဲမှာတောင်သွားမြင်နေတယ် … ဟီးဟီး … ဝါးစားရမှာပါ … ဟားဟား ရယ်ချင်လို့

  • ဆူး

    March 26, 2011 at 5:22 pm

    အမျိုးသမီး ရဲ့ သွေးနဲ့ ကွမ်းထဲ ထည့်ကျွေးတာလား ဘာလားတော့ မသိဘူး.. တနေ့က ရွာဘက်ကို လေ့လာရေး သွားတာ ဆရာ တယောက် ဗိုက်ပွတ်လိုက်တာ လက်ထဲမှာ ကွမ်းဝါးထားတာတွေ အထွေးလိုက် ပါလာတယ်။ နင့်ကို ကြိုက်လို့ လုပ်ထားတာတဲ့.. ပြောတာတောင် ကြားခဲ့သေးတယ်။

  • Gong Zhu

    March 28, 2011 at 5:55 am

    ဟုတ်လားမမဆူး … သူတို့က လင်မယားတွေလား …

  • rabbit

    March 28, 2011 at 10:56 am

    အမှတ်စဉ် ၅ ရဲ့ နည်းကြီးကကြောက်စရာကြီး….ကိုယ်ကြိုက်တဲ့သူက ပြန်မကြိုက်ရင်လည်းနေပါစေ။ အဲလိုနည်းနဲ့တော့ဆွဲ မထားချင်ပါဘူး။ သံသရာပါပြီးငရဲကြီးမဲ့အလုပ်…:(

  • nature

    March 28, 2011 at 1:50 pm

    ပီယဆေးအားကိုးနဲ့အောင်သွယ်ကုမ္ပဏီဖွင့်ကြတော့မယ်ပေါ့။ပီယဆေးအားကိုးနဲ့ အဆင်ပြေသာွးရင်ကော်မရှင်ပေးရမယ်။

Leave a Reply