မေးကြည့်ဖြေကြည့်ပဟေဋ္ဌိ???

moonpoemMarch 24, 20111min17524

ကဲဒီနေ ့တော့ သူငယ်ချင်းတွေ အပျင်းပြေအောင် မြန်မာနိုင်ငံရဲ ့ မြို ့လေးတွေနဲ့  သစ်သီးဝလံတွေ

ရဲ ့နာမည်ကို တတ်နိုင်သလောက် စဉ်းစားပြီး ပဟေဋ္ဌိဖွက်လိုက်ပါတယ်။ ဒါပေမယ့် မေးခွန်းတွေကိုပဲ

မေးထားပြီးတော ့အဖြေတွေကိုတော့ ထည့်ရေးပေးမထားပါဘူး။ ဘာဖြစ်လို ့လဲဆိုတော့ အပြင်မှာ

ကျွန်မတို ့တွေဆော့ကြတဲ့အခါ မေးတဲ့လူက ဖြေတဲ့လူ ဟိုကုတ်ဒီကုတ်နဲ ့ ဖြေမှာကို စောင့်ရင်း၊

ဖြေတဲ့လူကလည်းမေတ္တာတွေပို ့ရင်း စဉ်းစားကြတယ်။ ဖြေတဲ့သူက ပန်းပေးတော့မှ မေးတဲ့သူက အဖြေကို ပြောပြတာကမှ ပဟေဋ္ဌိဖွက်တာရဲ ့အရသာ ကရှိတာပါ။ အဲဒီတော့ ဒီမေးခွန်းလေးတွေရဲ ့ အဖြေကို စဉ်းစားလို ့မရတော့ဘူးဆိုတောမှ့ လှမ်းမေးလိုက်ပါ။ ဒါပေမယ့် သေချာတာကတော ့

မန ္တလေးဂေဇက်သတင်းစာကသူငယ်ချင်း တွေက Master Brain တွေ ဆိုတော့ ကျွန်မကပဲ ရှူံးပြီး ဆရာခေါ်ရမှာ များမယ်နဲ ့တူပါတယ်။ ဘာပဲပြောပြောပါ ။ ပျော်ပျော်ပါးပါးဖြေကြည့်လိုက်ကြရအောင်။

ဥပမာ၁= အမြဲတမ်းငြင်းနေတဲ့အသီး အဖြေ ဘူးသီး

ဥပမာ၂=လူကြီးမရှိတဲ့မြို ့အဖြေ ကလေးမြို ့

 

ကဲစပြီနော်။

၁။  ယောက်ျားအပြင်သွားခါနီး  မိန်းမက စိုးရိမ်တကြီးနဲ  ့ သူမကြိုက်တာတစ်ခုကို

မလုပ်ခဲ့ဖို ့ မှာလိုက်ပါတယ်။ သူက စကားလုံး၃လုံးနဲ ့ပဲ မှာလိုက်တာပါ။

အဲဒီစကားလုံး၃လုံးက  မြန်မာနိုင်ငံရဲ ့ မြို ့တစ်မြို ့ပါပဲ ။ဘာပါလိမ့်နော်။

၂။ တိရစာ္ဆန်တစ်ကောင်ပဲများနေတဲ့ မြို ့

၃။ ယောက်ျားတစ်ယောက်ရထားတဲ့မြို ့

၄။ အလုပ်တစ်ခုစလုပ်နေပါပြီလို ့ပြောနေတဲ့မြို ့

၅။ ယောက်ျားလေးတွေက ကြန် ့ကြာတယ်နှေးကွေးတယ်လို ့အဓိပါ္ပယ်ရတဲ့မြို ့

၆။ ဖြောင့်နေတဲ့မြို ့

၇။မိန်းကလေးဆန်တဲ့မြို ့

၈။မင်းက သိပ်ကိုကောင်းပါတယ်လို ့ပြောနေတဲ့အသီး

၉။အာမထိရှာမထိတဲ့ဥတစ်မျိုး

၁၀။သူ ့မှာအဲဒီအရသာရှိပေယ့် အဲဒီအရသာမရှိပါဘူးလို ့ငြင်းနေတဲ့အရွက်

၁၁။မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးအမည်နဲ ့မြို ့

၁၂။တန်ဖိုးကြီးတာနဲ ့တန်ဖိုးနည်းတာကို တွဲထားတဲ့မြို ့တစ်မြို ့ရဲ ့အမည်

၁၃။အင်္ဂလိပ်စာလုံးတစ်လုံးပါတဲ့မြို ့အမည်

၁၄။သံစဉ်တွေပါတဲ့ မြို ့အမည်(ဒိုရေမီဖာကိုဆိုလိုခြင်းမဟုတ်ပါ)

၁၅။ ပူပါတယ် လို ့ပြောနေတဲ့ မြို ့

၁၆။ နောက်ကျရင် ချဉ်မှာ မဟုတ်တော့ပါဘူးလို ့ပြောနေတဲ့ မြို ့

၁၇။ တိရစာ္ဆန်တစ်မျိုး ပြပွဲ လုပ်နေတဲ့ မြို ့

၁၈။ တိရစာ္ဆန် တစ်ကောင် လက်ဝှေ ့ကျင့် နေတဲ ့မြို ့

၁၉။ အရပ် မျက်နှာ တစ်ခု နာမည်ပါတဲ့ မြို ့

၂၀။ ပိုက်ဆံ ရှိ မှသွား လို ့ရမယ့် မြန်မာနိုင်ငံ ရဲ ့ ကမ်းခြေတစ်ခု

 

ဒီလောက်ဆိုရင် သူငယ်ချင်းတို ့တွေ ခေါင်းတွေရော လက်တွေရော အားရပါးရ ကုတ်ပြီးစဉ်းစားလို ့ရပါပြီ

နော်။

 

24 comments

  • search123

    March 24, 2011 at 4:09 am

    ၁၉။တောင်ကြီး (သို့) မြောက်ဦး

  • good

    March 24, 2011 at 4:19 am

    ၁၅။ မချမ်းဘော
    ၁၆။ နောင်ချို

  • etone

    March 24, 2011 at 4:27 am

    11. ပုဂံမြို့ …

  • dream

    March 24, 2011 at 4:28 am

    ရ။ မေမြို့
    ၁၈ ။ နွားထိုးကြီး
    ၁၉။ တောင်မြို့

  • dream

    March 24, 2011 at 4:30 am

    ၇။ မေမြို့
    ၁၈။ နွားထိုးကြီး
    ၁၉။ တောင်မြို့

  • meelay

    March 24, 2011 at 4:40 am

    ၁၄။ သာယာဝတီ
    ၁၂။ သံဖြူဇရပ်

  • moonpoem

    March 24, 2011 at 4:50 am

    နံပါတ် ၁၂ရဲ ့အဖြေက မြောင်းမြပါ။ ၁၄ကတော့ တီးတိန်မြို ့ကိုဖွက်ထားတာပါ။
    တခြားမြို ့တွေရဲ ့အဖြေတွေကမှန်ပါတယ်။ မှန်တော့ ဆရာလို ့ခေါ်ရမလား ဆရာမလို ့ခေါ်ရမလားဟင်။တခြားနံပါတ်တွေကျန်နေသေးတယ်ဆိုတော့
    ကြိုးစားပြီးဖြေပေးကြပါဦးနော်။

  • bigcat

    March 24, 2011 at 5:03 am

    ၉ – အာတာလွတ်အသီး (အာတာလွတ်မြို့စားကြီးစားသောသစ်သီး) မယုံရင် သမိန်ပေါသွပ်နဲ့ နှမတော်ရှင်ဂွမ်းဂွိကိုမေးကြည့်။

  • bigcat

    March 24, 2011 at 5:04 am

    ၁ဝ ရှောက်ချိုသီး

  • moonpoem

    March 24, 2011 at 6:16 am

    dream ရေ နံပါတ်၃က ဘုတလင်မှန်ပါတယ်။ဒီတော့ဆရာမလို ့ခေါ်လိုက်ပါမယ်နော်။
    ကိုကြောင်ကြီးရေနံပါတ်၁ဝ ကချဉ်ပေါင်ရွက်ပါ။ ကိုကြောင်ကြီးက ရှောက်ချိုသီးလို ့ဖြေထားတော့မှားသွားပါတယ်။ ဟဲဟဲ ဒီတော့ ဆရာခေါ်ခံရပြီပေါ့။

  • Gong Zhu

    March 24, 2011 at 7:36 am

    ၁။
    ၂။ မြင်းမူ
    ၃။ဘုတလင်
    ၄။ ရေစကြို
    ၅။
    ၆။မကွေး ၊ ဖြူးမြို့
    ၇။ မေမြို့
    ၈။မင်းဂွတ်သီး
    ၉။ဝက်မြေဥ
    ၁၀။ ရှောက်ချိုသီး
    ၁၁။ပုဂံမြိုှု
    ၁၂။မြောင်းမြ
    ၁၃။ မတူပီ
    ၁၄။တီးတိန်
    ၁၅။ မချမ်းဘော
    ၁၆။ နောင်ချို
    ၁၇။
    ၁၈ ။ နွားထိုးကြီး
    ၁၉။ တောင်ကြီး ။မြောက်ဦး
    ၂၀။ငွေဆောင်

    အဖြေမှန်တွေကို ပြီးရင် အဲ့လို အစဉ်လိုက်ပြန်ဖြေပေးနော် မမ ။

  • moonpoem

    March 24, 2011 at 7:51 am

    ဟုတ်ကဲ့Gong Zhuပြောသလို်ပဲ ပြန်ဖြေပေးလိုက်ပါ့မယ်ရှင့်။
    ၁။ကျုံမငေးမြို ့(ကျုံတိုင်းမငေးပါနဲ ့လို ့မိန်းမကမှာလိုက်ပါတယ်)
    ၂။ မြင်းမူ
    ၃။ဘုတလင်
    ၄။ ရေစကြို
    ၅။မန္တလေးမြို ့(Man=ယောက်ျားလေးတွေက Delay=ကြန့်ကြာနေတဲ့ Mandalayမြို ့)
    ၆။မကွေးမြို့
    ၇။ မေမြို့
    ၈။မင်းဂွတ်သီး
    ၉။အာတာလွတ်ဥ
    ၁၀။ ချဉ်ပေါင်ရွက်
    ၁၁။ပုဂံမြိုှု
    ၁၂။မြောင်းမြ
    ၁၃။ မတူပီ
    ၁၄။တီးတိန်
    ၁၅။ မချမ်းဘော
    ၁၆။ နောင်ချို
    ၁၇။လားရှိူးမြို ့(လားတွေကို ရှိူးပွဲ ပြနေတာလေ)
    ၁၈ ။ နွားထိုးကြီး
    ၁၉။ မြောက်ဦး
    ၂၀။ငွေဆောင်

    ဘာပဲပြောပြောဆရာ၃ခါတော့ခေါ်ခံရသေးတာပေါ့နော့်။

  • naywoonni

    March 24, 2011 at 11:21 am

    တတ်လည်းတတ်နိုင်တယ်………. လကဗျာရယ်…..

  • unclegyi1974

    March 24, 2011 at 4:27 pm

    ၂ မြင်းခြံ
    ၄ စလေ

Leave a Reply