ကွန်နက်သေ…….

အင်တာနက်..အမြင်မှာသာမက်စရာကွဲ့

မြန်မာပြည်တွက်ဝိုင်မက်…ဖိုင်ဘာတွေနဲ့လည်းဆက်ပေးထားတယ်

ADSL,SKYNET, …..ဘာတွေမှမက်မနေနဲ့

တပ်ဆင်ခCharges ယူပြီးရင်…..မင်းဖင်ပူအောင်ထိုင်စောင့်လည်း

ကော်နက်ရှင်ကတော့………မင်းကိုဖြဲပြလိမ်မယ်….

အခုလဲ….

သူတိုပဲတပ်ပေးတဲ….့ကွန်နက်သေလေးနဲ့

ရပ်ဝေးကသူငယ်ချင်း..မိဘဆွေမျိုးအရင်းတွေဆီတို့ဆက်

သာကြောင်းမာကြောင်း…..သတင်းကောင်းမကောင်းကို

သူတို့တွေအကြောင်းပြ…ဆက်သွယ်ရေးဝင်ငွေကျသတဲ့

အဲဒီကဝင်ငွေက……သူတိုအိပ်ထဲကထွက်ကျတဲ့

ကလေးမုန်ဘိုးအခတောင်မရှိဘူး

ကျောက်စိမ်းရောင်းဓါတ်ငွေရောင်း….တောင်တွေမှာကတုံးဖြစ်

တို့မြန်မာပြည်သစ်ပင်စစ်စစ်ကိုတောင်မြင်ဘူးဘို့ခက်မယ်…

အဲဒီကအခတွေ….ဘယ်ငတတွေမသွားလို့လဲ

အဲဒီအခထဲကနည်းနည်စိုက်…..ပြည်သူစိတ်ကြိုက်လုပ်ပေးလိုက်ပါလား

အခုတော့အာဖြဲ..လူသေပါစပ်ထဲကလည်းဆွဲထုတ်

ပဲပြုပ်နဲ့မှိတ်ပီးတုတ်နေတဲ့သူလည်းအခွန်ကောက်

ကွန်နက်ရှင်ပျောက်တဲဆိုင်တွေလည်းလိုက်ကိုင်.နိုင်ရာကိုအသေသတ်

မင်းတို့ပေးတဲဒီမိုကရေစီဖိနပ်က..ကြိုးတစ်ဖက်ပြတ်နေတယ်ကွ

ငါတိုစီးလို့မရဘူး……

အခုတော့တို့ဘဝတွေက…

မီးလာပါသည်မကိုင်ရသေတတ်သည်..ဗို့အား 10v

ဖုန်းလာပါသည်…သို့သော်ဆက်သွယ်မှုဧရိယာပြင်ပ

အင်တာနက်သုံးကြပါ..သို့သော်..ကွန်နက်သေ..ဘယ်တောမှပြန်ရှင်မလာတော့ပါ

အဲဒါတွေအကုန်သုံးနေရပေမယ်မဲ့

ဗို့အားကျလိုပြင်မပေး…ဆက်သွယ်ရေးလဲဒီလောက်မဟုတ်

ကွန်နက်သေလောက်နဲမဆုတ်ယုတ်ပေမဲ့

အဲဒါတွေလစဉ်ကြေး..မင်းမှန်မှန်မပေးရင်တော့

လာဖြုတ်လိပ်မယ်….ကြပ်ကြပ်သတိထားကြ.

 

 

 

ို