သက်သတ်လွတ်နှင့်လူ့ကျင့်ဝတ်

သက်သတ်လွတ်ကိစ္စကို ဘာသာရေးရှုထောင့်က မကြည့်ဘဲ လူသားကျင့်ဝတ်ကနေကြည့်ပြီး ရေးချင်စရာတွေ ရင်ထဲမမျှအောင်ရှိနေခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာနဲ့ရေးမှာ မဟုတ်ဘဲ မြန်မာပြည်အတိုင်းအတာကိုသာ ရေးမှာပါ။ အဓိက ခံစားရတဲ့အပိုင်းက တိရစာ္ဆန်ကို သတ်ပုံသတ်နည်းပါ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဝက်သတ်နည်းဟာ ဝက်ရဲ့နံကြားထဲကို ဓားမြှောင်နဲ့ တစ်ချက်တည်းထိုးချပြီး သတ်တဲ့နည်းပါ။ နှစ်ချက်ထိုးစရာတောင် မလိုဘူး။ တကယ့်ကို တစ်ချက်တည်းမှ တစ်ချက်တည်း။ ဝက်က အိခနဲအော်ပြီး လဲသွားတာပဲတဲ့။ ဒါက ကျွန်တော် မမြင်ဖူးဘူး။ ဝက်သတ်တဲ့လူ ပြောပြလို့သိရတာပါ။ အဲဒီလို သတ်နည်းနဲ့ သတ်ပေးရတာ ဝက်တစ်ကောင်သတ်ခ ၅ဝကျပ်ပဲ ရပါတယ်တဲ့။
အခုခေတ် ဝက်သတ်နည်းကတော့ ဝက်ကို သေအောင်သတ်တာမဟုတ်ဘဲ မသေအောင် သတ်တဲ့နည်းပါတဲ့။ ဝက်သတ်ရုံထဲမှာ ပတ်ပြေးနေတဲ့ဝက်ရဲ့ ဦးခေါင်းကို တင်းပုတ်နဲ့ အားကုန် ရိုက်ထည့်၊ ဝက်က ဆန့်ငင်ဆန့်ငင်နဲ့ လဲကျတဲ့အခါမှာ လူသုံးလေးယောက်က ဝက်ကိုတက်ချုပ်ပြီး တစ်ယောက်က ဝက်လည်ပင်းကို ဓားနဲ့လှီးတယ်။ ဓားနဲ့လှီးတာကို သေချာပြောပြပါမယ်။ ဓားကြီးရဲ့ဗြက်က တစ်ထွာလောက်ရှိပါတယ်။ အဲဒီဓားနဲ့ ဝက်လည်ပင်းကို အပေါ်ကလှီးတာမဟုတ်ဘဲ ဓားကြီးကို အောက်ကခံပြီး အပေါ်ကနေ ဝက်ခေါင်းကို လှည့်ကြိတ်တာပါ။ ဝက်လည်ပင်းက သွေးကြောကို ဖြတ်တာပါ။ ဝက်ဟာ ဝေဒနာဘယ်လောက်ခံရမလဲ တွေးကြည့်ပါ။
တစ်ယောက်က ဝက်လည်ပင်းသွေးကြော ဖြတ်နေချိန်မှာ ကျန်လူတွေက ဝက်ဗိုက်ကို အရှင်လတ်လတ်ခွဲပြီး အူတွေကို သင်အူကြိုးနဲ့လိုက်ချည်ပါတယ်။ အဲဒီလို ဝက်မသေခင် ဝက်ရဲ့အူတွေကို သင်အူကြိုးနဲ့ချည်လိုက်နိုင်မှ အဲဒီဝက်အူဟာ စားလို့အင်မတန်ချိုပါတယ်။ ဝက်သေပြီးမှ အူကိုထုတ်ရင် အူက အရမ်းခါးသတဲ့။ ဒါဘာကြောင့်လဲတော့ ဆေးပညာပိုင်းကို ကျွန်တော်မသိပါ။ မကြာခင် ဝက်သေသွားတော့မှ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးထဲ ဝက်ကို အကောင်လိုက်ထည့်ပြီး အမွေးရိတ်၊ ဝက်ဖျက်ပါတယ်။
ဝက်သတ်တာ အင်မတန်ရက်စက်တဲ့မြင်ကွင်းပါ။ ဒီနေရာမှာ လူ့စိတ် အောက်တန်းကျပုံကို ပြောပြချင်ပါတယ်။ လူတွေစားဖို့ လူတွေငွေရဖို့ ဝက်ကသေပေးရတဲ့ သတ္တဝါပါ။ ဒါကို ကိုယ်ချင်းစာနာစိတ် တစိုးတစိမှမရှိဘဲ၊ ဪ … သတ္တဝါတစ်ခုကံတစ်ခုပဲ ဆိုတဲ့ ဥပေက္ခာတရားလေးမျိုးတောင် မရှိဘဲ အလုပ်သဘောအရ ပုံမှန်သတ်ဖြတ်မှုမျိုးလည်း မဟုတ်ဘဲ၊ ဝက်သတ်တဲ့လူတွေဟာ ဝက်ကို အနှစ်နှစ်အလလက သူတို့ရဲ့ ရန်သူတော်ကြီးလို သဘောထားပြီး သရဲမရဲစီးသလို အညှိုးတကြီး ရက်ရက်စက်စက် သတ်ကြတဲ့ကိစ္စပါ။ ဗုဒ်ဓဘာသာ တိုင်းပြည်မို့သာပဲ။ ဒါကျွန်တော်ကိုယ်တိုင်မျက်မြင်။
ကျွန်တော့်အမျိုးတစ်ယောက် ရွာမှာ မင်္ဂလာဆောင်တော့ ရွာလုံးကျွတ်ကျွေးတဲ့ပွဲမှာ ဝက်သတ်တဲ့မြင်ကွင်းကို မြင်ခဲ့ရတာပါ။ မြို့ပြန်ရောက်တော့ ဝက်သတ်နည်းကို ကျွန်တော်လိုက်မေးတော့ မြို့မှာလည်း ဒီပုံအတိုင်းသတ်ကြတယ်။ (အူချိုဖို့အတွက် မသေအောင်သတ်ကြတယ်)
နောက်တစ်ခါ ကျွဲတွေနွားတွေ သတ်တာမှာလည်း လက်ကုန်ဇက်ကုန်ပါပဲ။ အလုပ်သဘောအရ သတ်တာမျိုးထက် ရန်သူတော်ကြီးကို သတ်သလိုမျိုး အရက်သောက်၊ ရဲဆေးတင်ပြီး ပျော်ပျော်ကြီးကို သတ်ကြတယ်။ ကျွန်တော် သွေးမကောင်းလို့ သွားမကြည့်ဘူး။ တဆင့်ပြောပဲ သိတာပါ။
အရှင်ဇဝန ဟောတဲ့ စာရိတ္တသတ္တိ ဆိုတဲ့တရားခွေထဲမှာ ဝက်တွေကျွဲတွေသတ်နည်း ပါပါတယ်။ ရက်စက်မှုကမ်းကုန်ပါတယ်။ မယုံရင် အဲဒီတရားခွေရှာပြီး ကြည့်ကြပါ။ အခွေထွက်တာ မကြာသေးပါဘူး။ အဲဒီခွေထဲမှာ တရုတ်ပြည်မှာ နွားသတ်တဲ့ဗီဒီယို ပါပါတယ်။ နွားသတ်ရုံထဲမှာ နွားကြီးကို ခြေထောက်တစ်ချောင်းထဲကနေ ကြိုးနဲ့ဇောက်ထိုးချည်ထားပါတယ်။ ခြေထောက် နှစ်ချောင်းစလုံးကိုချည်တာ မဟုတ်ပါ။ နွားရဲ့ body တည်ဆောက်ပုံအရ ဝမ်းခေါင်းဖောင်းဖောင်းကြီးကို ခြေထောက်တစ်ချောင်းထဲရဲ့ အားနဲ့ ဇောက်ထိုးကြီးဆွဲထားတော့ နွားခမျာ ဘယ်လောက်ခံရလိမ့်မလဲ။ အဲဒီလို ဇောက်ထိုးဆွဲထားတဲ့နွားရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး သွေးခံပါတယ်။ နွားကြီးရဲ့ နောက်ခြေထောက်တစ်ချောင်းက ရုန်းနေပါတယ်။ ပြီးရင် နွားရဲ့မျက်နှာ (နွားဦးခေါင်း) အရေပြားကို ဓားနဲ့လှီးပြီး ခွာချပါတယ်။ အရှင်လတ်လတ်လုပ်တာပါ။
ကျွန်တော် ငယ်ငယ်တုန်းက စာအုပ်ထဲဖတ်ပြီး သိထားတဲ့နည်းက နွားတွေကို တစ်ကောင်ချင်းစီ သတ်တဲ့အခန်းထဲသွင်းပြီး သံဦးခေါင်းစွပ်အုပ်ပါတယ်။ ပြီးရင် နွားနဖူးကို သံတည်ပြီး တူကြီးနဲ့ရိုက်ချတဲ့နည်းပါ။ တစ်ချက်တည်းပြီးတဲ့နည်းပါ။ ခုများဖြင့် အဲဒီလို မဟုတ်ဘူး။ မတော်မတရား မဟားဒရားကြီးကို လုပ်ကြတာပါ။
ကြက်သတ်နည်းကိုလည်း ကျွန်တော်သိသမျှပြောပြပါမယ်။ ဈေးထဲမှာ ၇၈၆ အရောင်းဆိုင်ဟာ လုံးဝနီးပါး ရောင်းမကောင်းဘူး။ အကြောင်းက ကြက်ကို ဟာလာ လုပ်ထားလို့ပါတဲ့။ ဟာလာလုပ်တယ်ဆိုတာ သတ္တဝါကို ဝေဒနာမခံစားရအောင် လည်ပင်းကို တစ်ချက်တည်းလှီးပြီး သတ်တဲ့နည်းပါ။ သတ္တဝါကို နှိပ်စက်ညှင်းပန်းခွင့် မရှိဘူးပေါ့ဗျာ။ အဲဒီတော့ ကြက်လည်ပင်းကနေ သွေးထွက်လွန်ပြီး မျောရင်းသေသွားတယ်။ ကြက်သားကတော့ သိပ်မချိုဘူးတဲ့။ ကျွန်တော်တု့ိ ဗုဒ်ဓဘာသာဝင်များရဲ့ ကြက်သတ်ပုံသတ်နည်းလေးကတော့ ကျိုက်ကျိုက်ဆူနေတဲံ ရေနွေးအိုးထဲ ကြက်ကို အရှင်လတ်လတ် ခြေထောက်နှစ်ချောင်းကနေကိုင်ပြီး နှစ်သတ်တဲ့နည်းပါ။ အဲဒီလိုမှ ကြက်သားက ချိုတယ်တဲ့။
တိရစာ္ဆန်တွေ အချင်းချင်းတောင် ဒီလောက်ရက်ရက်စက်စက် သတ်ပြီးမစားကြပါဘူး။ Discovery မှာ ခြင်္သေ့တွေ ကျားတွေက သူတို့ရဲ့သားကောင်ကို သတ်ပြီးစားကြပုံ အားလုံး ကြည့်ဖူးကြမယ် ထင်ပါတယ်။ လူကတော့ တိရစာ္ဆန်အပေါ်တောင် တိရစာ္ဆန်တစ်ကောင်လို သဘောမထားနိုင်ဘဲ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သတ်ကြတယ်။ ဒီကိစ္စကို ဆိုင်ရာက အရေးယူပေးရင်ကောင်းမယ် ထင်မိပေမယ့် မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့လုပ်ဖို့က တကယ်မလွယ်ပါဘူး။
သူများက ကျွန်တော့်ကိုမေးတယ်။ ဘာဖြစ်လို့ သက်သတ်လွတ်စားသလဲ။ တိရစာ္ဆန်တွေကို သနားလို့ပါလို့ ကျွန်တော် အလွယ်ဖြေတယ်။ တကယ်က တိရစာ္ဆန်ကို သနားမိတာထက် ဒီလောက် ယုတ်ယုတ်မာမာ သတ်ကြတာကို လက်သင့်ခံနိုင်စွမ်းမရှိပါဘူး။ စားတဲ့လူရှိလို့ ရောင်းတဲ့လူရှိတာပါ။ ရောင်းတဲ့လူရှိလို့ သတ်တဲ့လူရှိတာပါ။ လူဆိုတာကလည်း အခြားသတ္တဝါ အခြားသက်ရှိတွေထက် အာဟာရပိုလိုအပ်တယ်။ အသားစားမှဖြစ်မယ်။ အာဟာရမပြည့်ဝရင် လူညွန့်တုံးမယ်။ မြတ်စွာဘုရားကိုယ်တိုင် အသားမစားရလို့ မပညတ်ထားပါဘူး။
ဘုရားဟောတွေရယ် ခေတ်စံနစ်ရယ်ကြားမှာ အစွန်းနှစ်ဖက်မထွက်အောင် လုပ်ဖို့တကယ် မလွယ်ပါ။ ကျွန်တော့်နည်းကို မျှဝေချင်ပါတယ်။ ဆရာလုပ်တာမဟုတ်ပါ။ ကျွန်တော် သက်သတ်လွတ်စားတာ တစ်လလောက်မှာ မခံနိုင်ပါဘူး။ အလုပ်လုပ်နေတဲ့လူအတွက် အာဟာရလိုပါတယ်။ ဒါကြောင့် ကျွန်တော် ခြေလေးချောင်းသားနဲ့ ခြေနှစ်ချောင်းသား မစားဘူး။ ခြေရှစ်ချောင်းသားပဲစားပါတယ်။ (ပုဇွန်နဲ့ ကင်းမွန်၊ ပြည်ကြီးငါး၊ ပုဇွန်လုံး၊ လက်ညှိုးလောက်ရှိတဲ့ငါးလေးတွေ) ခြေရှစ်ချောင်းသားကို နှိပ်စက်ပြီးသတ်လို့ မရဘူးလေ။
တိရစာ္ဆန်ဘဝနဲ့ လူသားဖြစ်အင် ဘယ်ဟာ ပိုအရေးကြီးပါသလဲ။ လူသားဖြစ်အင်က ပိုအရေးကြီးတယ်ဆိုရင် ဘာကြောင့် အဟိတ်တိရစာ္ဆန်ကိုတောင် အလွတ်မပေးနိုင်ရမှာလဲ၊ အာဟာရပြည့်ဖို့ စားသင့်တယ်ဆိုရင် ဒီလောက်ရက်ရက်စက်စက် သတ်စရာလိုသလား။ သေချာတာကတော့ ကျွန်တော် မြန်မာပြည်မှာ နေနေသရွေ့ သားကြီးငါးကြီးစားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး။

15 comments

  • kai

    March 24, 2011 at 8:55 pm

    ဒီလို တိရိစ္ဆာန်တွေအပေါ်ရက်စက်တာတွေကို.. ဆန့်ကျင်ပြီး ဥပဒေကြောင်းအရ စံနစ်တကျဖြစ်အောင်လုပ်နေတဲ့ အဖွဲ ့တွေတွေ့ဖူးတယ်..။
    သူတို့က.. လူစည်ကားတဲ့နေရာတွေမှာ.. ညဆို.. ပိတ်ကားထောင်..ဆလိုက်ထိုးပြီး ..ရက်စက်မှုအပေါင်းရှင်းပြတာ..။
    ယူအက်စ်က တရက်တရက်.. နွား၁သိန်း သတ်စားနေတော့… အဲဒီသတ်နည်းတွေမှာ.. အင်မတန် ရက်စက်တာတွေပါနေတယ်..။
    တနှစ်ကို အကောင် ၃၅သန်း သတ်ရတယ်တဲ့..။
    အဲဒါကို … စလိုက်ရှိုး၊ ရုပ်ရှင်နဲ့ ပြတာ..။ သူတို့ကန်င်ပိန်း အားပေးပြီး ..ငွေလှူ၊ လက်မှတ်တောင် ထိုးပေးဖူးတယ်..။

    စိတ်ဝင်စားရင် .. အောက်ကဝက်ဘ်ဆိုက်မှာ သွားကြည့်ပေါ့..။
    http://www.animalsuffering.com/animal-cruelty.php
    http://www.thebeefsite.com/news/23276/us-livestock-slaughter-statistics


    ရက်ရက်စက်စက်မလုပ်ဖို့ .. လူတွေကိုကြိုစားရှင်းပြ.. ပညာပေး..။ စာရေး.. ဗီဒီယိုဖြန့် .. စတာတွေလုပ်တာက ..လက်တွေ့ကျတယ်..။
    ပိုဖြစ်စေချင်ရင်တော့ .. ဥပဒေပြု လွှတ်တော်အမတ်တွေ ချည်းကပ်ပြီး ..အောက်က ယူအက်စ်ဥပဒေမျိုး..မြန်မာပြည်မှ အတည်ပြုဖြစ်အောင် ကြိုးစားပေါ့..။
    http://en.wikipedia.org/wiki/Humane_Slaughter_Act
    http://en.wikipedia.org/wiki/Animal_slaughter

    ဆိုတော့..
    သက်သတ်လွတ်နဲ့တော့ .. တိရိစ္ဆာန်ညှင်းပန်းသတ်ဖြတ်တာနဲ့.. ရောထွေးမပါတ်သက်စေချင်ဘူး..။

    • bigcat

      March 25, 2011 at 2:08 am

      သဂျီးက အားအားရှိ တလွှတ်တော်ထဲလွှတ်တော်နေလို့ လွှတ်တော်အမတ်မင်းများ ဘယ်လောက်အားကိုရသလဲလို့ ရှာကြည်လိုက်တာ ဧရာဝတီမဂ္ဂဇင်းမှာ သတင်းတပုဒ်တွေ့လိုက် မန်းလို်က်တယ်။ သဂျီးရေ ကြည့်လုပ်အုံးဗျ……
      http://www.irrawaddy.org/bur/index.php/news/6026-2011-03-23-08-52-32
      ဗုံးကွဲမှု သံသယဖြင့် ရခိုင်တိုင်းရင်းသားများကို ဖမ်းဆီးနှိပ်စက်
      ဆက်လင်း Wednesday, 23 March 2011 15:49
      E-mail Print
      ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာတွင် ဖေဖော်ဝါရီလ ၂ရ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှု သံသယဖြင့် ရန်ကုန်တိုင်း မြို့နယ်များရှိ ရခိုင်တိုင်းရင်းသား ၁၀ဝ ခန့်ကို အာဏာပိုင်များက ဖမ်းဆီး နှိပ်စက် စစ်မေးကြောင်း သိရသည်။

      Home-made-bomb

      ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ၏ အိမ်ခန်းတွင် ရှာဖွေတွေ့ရှိပြီးနောက် အသက်မဲ့အောင် ပြုလုပ်ထားပြီးဖြစ်သော လက်လုပ်ဗုံးတလုံးဟုဆိုကာ စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည့်ပုံ (ဓာတ်ပုံ – မြန်မာ့အလင်း)
      ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်အစိုးရ သတင်းစာများက တရားခံဟု ဖော်ပြသူနှင့် အောင်ဇေယျ အိမ်ရာတွင် အတူနေထိုင်သူမှာ ရခိုင်တိုင်းရင်းသား တဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက် သွားသဖြင့် အင်းစိန်၊ လှိုင်သာယာ အပြင် တခြားမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများကိုပါ လိုက်လံဖမ်းဆီး စစ်မေးနေခြင်းဖြစ်သည်။

      လှိုင်သာယာမြို့နယ် ရခိုင်မောင်မယ်အသင်း ဥက္ကဋ္ဌ ဦးစောလှအောင်ကို လှိုင်သာယာမြို့နယ် ရဲစခန်းက ၄ ရက်ကြာ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ်အတွင်း လူမျိုးရေး စော်ကားသည့် အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ကြောင်း ဦးစောလှအောင်နှင့် နီးစပ်သူတဦးက ပြောသည်။

      ရခိုင်အမျိုးသားများဖြစ်သည့် ကိုကျော်လှစိန် (၂ရနှစ်)၊ ကိုအောင်မြသန်း (၃၁နှစ်) တို့ ညီအစ်ကိုနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကိုအောင်မြသန်းကို ၄ ရက်ကြာတွင် ပြန်လွွှတ်ပေးခဲ့သော်လည်း ကိုကျော်လှစိန်ကို ၁ဝ ရက်ကြာ နှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ ထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စိတ်မူမမှန်ဖြစ်နေကြောင်း ၎င်းတို့၏ မိသားစုဝင်တဦးက ဆိုသည်။

      ၎င်းက “လတ်တလောမှာ စိတ်မူမှန်တော့ဘူး။ ဘယ်သူလာလာ ကျနော့်ကို မရိုက်ပါနဲ့၊ မဟုတ်ပါဘူးဆိုပြီးပဲ ပြောနေတယ်။ လောလောဆယ်တော့ စိတ်ရောဂါ အထူးကုဆရာဝန်တွေနဲ့ ပြနေရတယ်။ ဒါမှ မရရင်တော့ စိတ်ကျန်းမာရေးဆေးရုံ တင်ရမယ်ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

      တခြားသော ရခိုင်တိုင်းရင်းသားများဖြစ်သည့် ကိုသက်တင်ဟန် (၂၆နှစ်) ကို ၄ ရက်ကြာ၊ မောင်စောရွှေ ( ၂ရ နှစ်) ကို ၁ဝ ရက်ကြာ၊ ကိုသက်တင်ဟန်၏ ဖခင်ဖြစ်သူ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဝေကို ၂ ရက်ကြာ အသီးသီး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရခိုင်မောင်မယ် အသင်းဝင်များထံမှ သိရသည်။

      ဖမ်းဆီး စစ်ဆေးမှုများကို လှိုင်သာယာနှင့် လှည်းကူးမြို့နယ် ရဲစခန်းတို့မှ ပြုလုပ်ခြင်းဖြစ်ပြီး လူမျိုးရေး စော်ကားသည့် စကားများပြောဆိုကာ ရိုက်နှက်ခဲ့သူများတွင် လှိုင်သာယာမြို့နယ် ရဲအထူးသတင်းတပ်ဖွဲ့မှ မြင့်ဦး၊ စခန်းမှူး လှအောင်၊ လှည်းကူးမြို့နယ်မှ ဒုရဲမှူး အောင်မြင့်၊ ဖောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့က ငါ ဘယ်သူကွဟု ပြောဆိုပြီး ရိုက်နှက်ဆဲဆိုသဖြင့် မှတ်မိခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

      စစ်ဆေးနေစဉ်တွင် လှည်းကူးရဲစခန်းမှ ဒုရဲမှူး အောင်မြင့်နှင့် အဖွဲ့က လူမျိုးရေး စော်ကားမှုများ ပြောဆိုပြီး အဖွဲ့လိုက် ဝိုင်းဝန်းရိုက်နှက်ကြောင်း၊ ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်ခြင်း၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲ၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

      အမည်မဖော်လိုသည့် ဖမ်းဆီး စစ်မေးခံရသူတဦးက “ကျနော်တို့ မခံနိုင်ဆုံးကတော့ မအေ၊ နှမတွေနဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲတယ်။ တချက်ရိုက်တိုင်း လူမျိုးကို စော်ကားတယ်။ ဆဲတယ်။ ကျနော်တို့နဲ့လည်း ဘာမှ မပတ်သက်ဘူး။ တရားခံလည်း မဟုတ်ဘူး။ တရားခံ မဟုတ်လို့ လက်ထိပ်မခတ်ပါနဲ့ဆိုတော့ သူတို့က မင်းတို့တွေကို နှိပ်ကွပ်ချင်နေတာကြာပြီ၊ အမှုနဲ့တကယ် မပတ်သက်လည်း ထောင် မကျ ကျအောင် ချမယ်၊ ကြည့်မရတာကြာပြီဆိုပြီး ပြောတယ်” ဟု ဆိုသည်။

      ဗုံးဖောက်ခွဲရာတွင် ဒဏ်ရာရခဲ့သည့် တရားခံဆိုသူ ခေါ်ယူအသုံးပြုလေ့ရှိသော ရခိုင်တိုင်းရင်းသား အငှားယာဉ်မောင်းတဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်သဖြင့် ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရပြီး လမ်းမလျှောက်နိုင်တော့ကြောင်းလည်း သိရသည်။

      ဖမ်းဆီး စစ်မေးခံရသူများကို အကူအညီပေးနေသူတဦးက ဤကိစ္စများကို သက်ဆိုင်ရာသို့ တိုင်ကြားမည့် ကိစ္စနှင့် ပတ်သက်၍ “စစ်ဆေးခံရတဲ့သူတွေအားလုံး ဘာမှပတ်သက်မှုမရှိလို့ ပြန်လွှတ်ပေးလိုက်ပြီ။ ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေကိုတော့ သူတို့ပြန်တာဝန်ယူရမှာပါ” ဟု ပြောသည်။

      ယင်းကဲ့သို့ ရခိုင်တိုင်းရင်းသားများ အနိုင်ကျင့်စော်ကားခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်လူမျိုးစုလွှတ်တော်အတွက် ရခိုင်တိုင်းရင်းသားများ မဲပေးရွေးချယ်ထားသည့် ဦးဇော်အေးမောင်ကို အကြောင်းကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

      လှိုင်သာယာမြို့နယ်မှ ရခိုင်တိုင်းရင်းသား တဦးက “ရခိုင်အမျိုးသားတွေရဲ့ အရေးကိစ္စတွေကို ကာကွယ်ဖို့ ရခိုင်အမျိုးသားတွေက မဲပေးရွေးချယ်ထားတာပါ။ ဒါပေမယ့် ဒီကိစ္စကို ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်တာ မတွေ့ရဘူး။ ဒီလိုဖြစ်နေတာတောင် ကျနော်တို့ ဖုန်းဆက်အကြောင်းကြားမှ သိတယ်။ သူဘာမှ မသိဘူး” ဟု ဆိုသည်။

      ၂၀၁ဝ အတွင်း နိုင်ငံအနှံ့ ၈ နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉ဝ နီးပါး ရှိခဲ့သည်။

      စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပါက ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုစွပ်စွဲလေ့ရှိသည်။

      • kai

        March 25, 2011 at 7:53 am

        (လှိုင်သာယာမြို့နယ်မှ ရခိုင်တိုင်းရင်းသား တဦးက “ရခိုင်အမျိုးသားတွေရဲ့ အရေးကိစ္စတွေကို ကာကွယ်ဖို့ ရခိုင်အမျိုးသားတွေက မဲပေးရွေးချယ်ထားတာပါ။ ဒါပေမယ့် ဒီကိစ္စကို ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်တာ မတွေ့ရဘူး။ ဒီလိုဖြစ်နေတာတောင် ကျနော်တို့ ဖုန်းဆက်အကြောင်းကြားမှ သိတယ်။ သူဘာမှ မသိဘူး” ဟု ဆိုသည်။)

        (“in a democracy, the people get the government they deserve. ”
        de Tocqueville)

        ဆိုတော့.. သူတို့ရွေးတာမှားတာပဲ..။..ကျန်လူတွေလည်း.. ဒုက္ခရောက်တာပေါ့..။
        ဒါပေမဲ့… ပြန်ပြင်နိုင်ပါတယ်.. နောက်ရွေးကောက်ပွဲအလှည့်စောင့်ပေါ့..။ ကံဆိုးသွားတာက ..တရားရေး..။
        တရားရေးကို .. ပါတီတခုထဲနဲ့ မလွတ်ကင်းတဲ့သူ အကုန်ဝင်သွားတာ ..တချိန်ချိန်မှာ ..အတိုက်အခံကအင်မတန်ဒုက္ခရောက်လိမ့်မယ်..။
        အစိုးရကို တရားစွဲတာမှန်တမျှ.. တန်းဒေါင်းလုပ်ချနေမှာပဲ..။
        ယူအက်စ်မှာဆိုရင်တော့ .. စူပရင်းကုတ်..။ အဲဒီမှာ အထဲကတရားသူကြီးတွေအတွက်.. သက်တန်းမရှိဘူးလေ..။

  • ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ဖြင့် လောကမှာ သက်ရှိတိုင်းရဲ့ ရှင်သန်မှုတစ်ခုကို လေးစားပါတယ်.. သို့သော်လည်း လူ့လောကကို အဘယ်မျှ အကျိုးပြု၊ မပြုဆိုတာနဲ့ ပြန်လည်တိုင်းတာရပါတယ်.. နွားတွေကို လူသားတွေအတွက် စားနပ်ရိက်ခါ(စာလုံးဆင့်မရပါ)၊ သယ်ယူပို့ဆောင်ရေးတွေမှာ ယခင်က အသုံးပြုခဲ့ပါတယ်။ ခုချိန်မှာတော့ အသုံးပြုတာ သိပ်နည်းသွားပါပြီ။ ဝက်တွေကတော့ ရှေးယခင်ကတည်းက ဘယ်နေရာမှ အသုံးမဝင်ခဲ့တာပါ။ အဲလို အဲလို အစရှိတဲ့ Animals တွေကို လူတွေအတွက် အစားအစာ ဖူလုံစေဖို့ ရည်ရွယ်ပြီး မွေးမြူခဲ့တာဆိုတော့ သူတို့ရှင်သန်ခဲ့ခြင်းက လူ့လောကကို အကျိုးပြုခဲ့တာပါ။

    ရက်စက်စွာ သတ်ဖြတ်ခြင်းကတော့ အားမပေးကောင်းတဲ့အရာပါ။ လျှာအရသာကောင်းစေဖို့အတွက်ကိုတော့ မတရားမှုတွေကို လျှာဖျားတင်လို့ ချိုမြိန်မှုကို ခံစားရမယ် မထင်ပါဘူး။ ကျွန်တော်တို့တွေ အသားစားကြခြင်းမှာလည်း ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းကို တွေးတော အရသာခံစားကြခြင်းမဟုတ်ပါ။ လက်ရှိအနေအထားတစ်ခု( အသားတုံး တစ်ခုအနေနဲ့ပဲ ) ကြည့်ရှူစားသုံးကြခြင်းပါ။ သိပ်ပြီးလေးနက်စွာ တွေးတောနေမယ်ဆိုရင်တော့ (ဥပမာ – ဘာသာရေးအပိုင်းကဆိုရင်တော့) လက်သင့်မခံနိုင်စရာ ဖြစ်နေပေမယ့် ဗုဓ်ဒဘာသာမှာတောင် မြတ်စွာဘုရားရှင်က သက်သက်လွတ်စားဖို့ မပညတ်ခဲ့ပါဘူး။ အဇာတသတ်ရဲ့ လမ်းစဉ်တစ်ခုသာ ဖြစ်တယ်ဆိုတာ ဘာသာရေးအကြောင်း သေချာလေ့လာလိုက်စားသူများဆို သိကြမယ်ထင်ပါရဲ့။

    မြန်မာနိုင်ငံမှာ ယခင်က အမည်းသား(နွားသား)ကို တော်တော်များများ စွန့်ပယ်ခဲ့ကြဖူးပါတယ်.. ဝက်သားဆိုတာကျတော့ နတ်ကိုးကွယ်တဲ့သူတွေနဲ့ တစ်ခြားဘာသာခြားတွေက ရှောင်ကြဉ်ကြပါတယ်.. ကြက်သားဆိုတာကိုတော့ သူဌေးစာအနေနဲ့သတ်မှတ်ခဲ့ပါတယ်။ ဆိတ်သားကိုတော့ ညှီတဲ့အတွက် လူတိုင်းမချက်တတ်လို့ဆိုပြီးမစားကြဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာတွေ ရှေးယခင်က ဂျပန်တွေကို ဂျပန်ငပုတွေလို့ ခေါ်ဆိုခဲ့ကြရာကနေ ခုတော့ ဂျပန်ပြည်မှာ မြန်မာငပုတွေ ဖြစ်နေကြပါပြီ။

    ခုချိန်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ နို့နှင့် နို့ထွက်ပစ်စည်းတွေ၊ အသားတွေ မစားကြတာ (၂)ကြောင်းရှိပါတယ်။
    (၁)အချက်က ဈေးကြီးလို့ပါ၊
    (၂)အချက်က ဘာသာရေးကြောင့်ပါ။

    အများစုကတော့ နံပါတ်(၁)အချက်ကြောင့်ပါ။ ဒါကြောင့် International Standard အရပ်အမောင်းမှီတဲ့ မြန်မာလူမျိုးတွေ နည်းလာကြခြင်းပါ။ အသီးအရွက်စားခြင်းက အသားအရေလှပေမယ့် Physically မှာတော့ အားနည်းပါတယ်။ မြန်မာယောကျာ်းလေးတွေဆိုရင် ၅ပေ ၆ လက်မက ပျမ်းမျှအရပ်၊ မိန်းကလေးတွေဆို ၅ပေ ၃ လက်မက ပျမ်းမျှအရပ်ဖြစ်နေတော့ တစ်ကယ်လို့များ အရေးကြုံလာလို့ မြန်မာနိုင်ငံကို ကာကွယ်ကြရမယ်ဟေ့ဆိုရင် ဘယ်လိုများကာကွယ်ကြမလဲ? ပြီးတော့ ကျန်းမာသန်စွမ်းတဲ့ မိခင်တွေမှသာ ကျန်းမာသန်စွမ်းတဲ့ သားသမီးတွေကို မွေးထုတ်ပေးနိုင်တာလေ။ ကျွန်တော်ကတော့ ကိုယ့်ဖာသာ လေ့လာသိရှိခဲ့ဖူးတဲ့ ဟစ်တလာရဲ့ ဂျာမနီပြည်ကြီးကို ပြုပြင်ပြောင်းလဲခဲ့တဲ့ ပုံစံမျိုးကို သဘောကျတယ်။ လူကို သဘောကျတာ မဟုတ်ပါဘူး။ သူပြုပြင်ပြောင်းလဲခဲ့တဲ့ မျိုးဆက်တစ်ခုကို သဘောကျခြင်းပါ။ သေချာကိုတော့ သူ့အကြောင်းရေးထားတဲ့စာအုပ်တွေ ဖတ်ကြည့်ကြစေချင်ပါတယ်။ ဘယ်လိုဘယ်ပုံမျိုး မျိုးဆက်တစ်ခုကို ပြုစု ပျိုးထောင်ခဲ့တယ်ဆိုတာကို။

    ဒီတော့ကာ ဆိုလိုရင်းကို ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေ ဘာသာရေးကို အလေးအနက်ထားကြတာ ချီးကျူးပါတယ်၊ ဂုဏ်ယူပါတယ်။ သို့သော်လည်း အာဟာရချို့တဲ့လို့ လူကောင်သေးညှက်နေကြခြင်းဟာ အဖက်ဖက်မှ ကျရှူံးနေကြတဲ့ (ဥပမာဆိုရင် ဘောလုံးအားကစား) အဖြစ်တွေကို နာကျည်းခံပြင်းစိတ်ရှိမယ်ဆိုရင် နောင်မျိုးဆက်တစ်ခုမှာ ဂျပန်တွေလို ဖြစ်အောင် ကျင့်နိုင်ခဲ့ကြမယ်ဆိုရင် သိပ်ကောင်းမှာပါ။

    အသားစားခြင်း၊ မစားခြင်းနဲ့ ပါတ်သက်လို့ အသားမစားကြခြင်းရဲ့ အပြစ်တွေ သီးသန့်ပဲ ဖော်ပြလိုက်ပါတယ်။ အသားမစားခြင်းရဲ့ အကျိုးတွေအကြောင်းကို လူတော်တော်များများ ပြောတတ်ကြတဲ့အတွက် မတူညီတဲ့ အမြင်တစ်ခုကနေ ကိုယ်ပိုင်နားလည်သလောက် ဝင်မန့်လိုက်ပါတယ်။

    လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။

  • bigcat

    March 25, 2011 at 2:14 am

    ထောက်ခံပါတယ်ဗျို့။ ကိုယ်အစားကြူးတိုင်း သက်သတ်လွတ်စားဖို့ စိတ်မချုပ်တီးနိုင်တိုင်း ဘုရားဟောတွေကို လိုရာသုံးနေတဲ့သူတွေကို ပညာပေးဖို့ ကျုပ်တို့မှာ တာဝန်ရှိတယ်ဗျို့။ ဒေဝတတ်က လောကီအဘိညာဉ်တောင်ရတယ်။ ငရဲကလွတ်ရင် ပစ္စေကဗုဒ္ဓါဖြစ်ဖို့ ဘုရားကဗျာဒိတ်ပေးပြီးသား။ ဒေဝတတ် ဒေဝတတ်နဲ့ ပြောနေသူတွေက တော်တော်ပါရမီ ပြည့်နေကြပြီနဲ့တူတယ်။ နောင်ကိုလည်း အခုလို တိရာစာ္ဆန်ညှင်းပန်းမှုပပျောက်ရေး ပို့စ်တွေ သတင်းတွေ တင်ပါအုံး။ အယူမှားနေတဲ့ ဘီလူးအနွယ်ဝင် သဂျီးနဲ့ ရွာလူမိုက်တွေကို မျက်နှာလွဲခဲပစ် မလုပ်သင့်ပေဘူး။

  • Bayote

    March 25, 2011 at 3:05 am

    သတ်သတ်လွတ် စားလို. body သေးတယ်ဆိုတာ မှားယွင်းတဲ့ အယူအဆပါ။ India တိုင်းသားတွေ သတ်သတ်လွတ်များပါတယ်။ ဒါပေမဲ့ သူတို့တွေ အရပ်အမောင်းက West ကိုယှဉ်နိုင်ပါတယ်။

    နွားတွေက မြက်စားပါတယ်။ နွားတွေဘယ်လောက်ခွန်အားရှိတယ်ဆိုတာ လူတွေစားတဲ့ ဆန်ကို မြန်မာပြည်မှာ ထွန်ယက်ပေးနိုင်တာ အားလုံးအသိပါဘဲ။

    India ကလူတွေ ဂျုံစားမှု၊နွားနို့ ထောပတ် အသုံးပြုမှုများလို့ထင်ရပါတယ်။ အသားများများစားပြီး ပုညက်နေတဲ့ သူအများကြီးပါ။ ဥပမာ ပြောရယင် (ဦးကျော်ဆန်း) ကြီးပေါ.။ သားသားမပါဘူးနော်။

    • kai

      March 25, 2011 at 7:33 am

      အိန္ဒိယက ဟိန္ဒူတွေဟာ.. သက်သတ်လွတ်..တချိ ့မီးတောင်လွတ်ကြတယ်..။ ဒါက ဂေါတမဘုရားမပွင့်ခင်ကတည်က သူတို့လုပ်နေကြတာပါ..။
      ဘုရားပွင့်တော့လည်း .. ဒေဝဒတ်ကဦးဆောင်ပြီး ဂိုဏ်းဖွဲ ့လို့.. ရဟန်းတွေ သက်သတ်လွတ်စားစေဖို့.. ဘုရားကိုအကြပ်ကိုင်… ဝိနည်းထုတ်ခိုင်းတယ်လေ..။
      ဗူဒ္ဓက ..သံဃာဂိုဏ်းအကွဲခံလိုက်ရပြီးတော့ကို ငြင်းတာပဲ..။

      ဆိုတော့… အိန္ဒိယန်းတွေ. သက်သတ်လွတ်က…
      နို ့ထွက်ပစ္စည်းစားစရာတွေတော့ မျိုးစုံလုပ်စားကြတယ်.။ ဒိန်ခဲ။ ဒိန်ချဉ်၊ မလိုင်ခဲ၊ ဂိုလ်ဖီ။ ဖာလူဒါ.. (ပြောရင်း..ဗိုက်ဆာလာပြီ..။) 🙂
      ပဲလည်း အရမ်းစားကြတာပေါ့..။ ဂျုံကလည်း သူတို့တွေကို အဟာရမှာ တော်တော်လေး အထောက်အကူပေးပါတယ်..။

      ထားပါတော့…။
      ပြောချင်တာက.. အောက်ကဆောင်းပါးပဲ..။ ခေါင်းစဉ်အရကို အဓိပါယ်ပေါက်လောက်မှာပါ..။
      မြန်မာပြည်အခြေအနေနဲ့.. ဆန်ကို အဓိကစားတာနဲ့.. နို ့မသောက်တာနဲ့..။ ပဲသိပ်မစားကြတာနဲ့.. သက်သတ်လွတ်ဂိုဏ်သားတွေအနိုင်ရရင်.. မြန်မာတွေ.. ကမ္ဘာမှာ နလံတောင်ထူနိုင်တော့မှာမဟုတ်ဘူး.။
      အသားမစားပေမဲ့.. စားအုံးဆီလို ဆီတွေစွတ်စားတော့ ..ဗိုက်မှာပဲအဆီတွေစုပြီး .. ဗိုက်ပူ..အရပ်ပု..နဲ့.. မျိုးရိုးလိုက်ကို .. ချို ့တဲ့သူတွေဖြစ်ကုန်မှာပဲ..။
      ကျောင်းတွေမှာ .. ကလေးတွေကို ..အဟာရတွက်ပေး..ကြွေးတဲ့.. အစီအစဉ်မျိုးကလည်းမရှိနဲ့..။

      တကယ်တော့ ..အသက်ကြီးလာရင်.. သက်သတ်လွတ်ကကောင်းပါတယ်..။
      အဲ..သက်သတ်လွတ်ဆိုတဲ့…စာ-စကားကကို အစွဲတွေပါပြီး.. မှားယွင်းနေတာ..မဟုတ်တာ..။
      ဆိုတော့ ..ဗက်ဂျီတေးရီးယန်း..အသီးအရွက်နို ့စားသူ.ဖြစ်ရင်ကောင်းပါတယ်..။
      red meat ခေါ်တဲ့ ခြေ၄ချောင်းသားတွေ တတ်နိုင်သလောက်ရှောင်တာကောင်းတာပဲ..။
      အဲ.. ဘာသာရေးအရ အယူသည်းတာမဟုတ်.. ကျမ်းမာရေးအရပေါ့..။

      Without Meat Children Are Damaged, Say Scientists
      Rubbish, reply vegetarians – led by Paul McCartney. Some say meat is murder, while others dismiss a meal without animal products as rabbit food. Now a leading US nutritionist has given both sides something to chew on with a claim that parents who refuse to feed children meat are acting unethically.
      Some say meat is murder, while others dismiss a meal without animal products as rabbit food. Now a leading US nutritionist has given both sides something to chew on with a claim that parents who refuse to feed children meat are acting unethically.

      Professor Lindsay Allen of the University of California said that to deny growing children animal products during the critical first few years of life could cause permanent damage.

      She said foods made from meat contain some nutrients not found anywhere else and are hard to replace in the diet of vulnerable groups.

      “If you’re talking about feeding young children and pregnant women and lactating women I would go as far as to say it is unethical to withhold these foods during that period of life,” she said. “There’s a lot of empirical research that will show the very adverse effects on child development of doing that.”

      She was especially critical of parents who imposed a vegan lifestyle on their children, which denied them milk, cheese and butter as well as meat. “There’s absolutely no question that it’s unethical for parents to bring up their children as strict vegans,” she told the annual meeting of the American Association for the Advancement of Science in Washington. There are an estimated 250,000 vegans and up to 4m vegetarians in the UK, but there are no figures on how many children are brought up on such diets.

      Prof Allen made the claims after her research showed that adding just two spoonfuls of meat to the daily diet of poverty-stricken children in Africa transformed them physically and mentally. Over two years the children almost doubled their muscle development, and showed dramatic improvements in mental skills. They also became more active, talkative and playful at school.

      “Meat provides a concentrated source of essential micronutrients such as zinc, vitamin B12, calcium, iron and vitamin A, which cannot easily be obtained solely from plant foods,” she told the conference.

      Studies of vegetarians in both the United States and Europe have shown that missing out on meat and dairy products can permanently impair a child’s development. Researchers in Holland found that by the time children were 16 years old it was too late to help them by re-introducing meat and milk into their diets. They remained impaired.

      Prof Allen accepted that adults could avoid animal foods if they took the right supplements, but said the risks were too great for developing children.

      The African study involved 544 children in Kenya, typically aged about seven, whose diet chiefly consists of starchy, low-nutrition corn and bean staples lacking these micronutrients. Over a period of two years, one group of the children was given a daily supplement of two ounces of meat. Two other groups received a cup of milk a day or an oil supplement containing the same amount of energy. A fourth group ate their normal diet.

      “The group that received the meat supplement showed the biggest improvement in fluid intelligence over the two years, and those who had either milk or energy supplements were better than the controls. The group that received the meat supplements were more active in the playground, more talkative and playful, and showed more leadership skills,” she said.

      Other nutritionists questioned how relevant the results were to the developed world. “This study was conducted in a very different environment so it’s difficult to apply the findings to the UK because they’re talking about malnourished children,” said Nilani Sritharan of the Medical Research Council’s human nutrition unit in Cambridge.

      “I wouldn’t say [a vegan diet for children] is unethical. I would say if someone is giving their child a vegan diet they need to be given a lot of guidance and you would need to monitor the child quite carefully.”

      She said the danger areas are the energy and iron content in the diet of vegan children, who also need supplements of vitamin B12, which is missing altogether.

      Alex Bourke, chair of the Vegan Society, dismissed Prof Allen’s remarks as “propaganda” for the US meat and dairy industries. Prof Allen is director of a research centre run by the US Agricultural Research Service, part of the Department of Agriculture.

      He said: “This is a very unfair comparison. You do need to eat a healthy, balanced vegan diet as with any other system. These African villages were subsisting on corn and beans – that is not a balanced diet.” Vegan parents must also give their children leafy vegetables, nuts and seeds, he said.

      Sir Paul McCartney, whose first wife Linda put her name to a meat-free range of food, telephoned the BBC yesterday to dismiss Prof Allen’s claims as “rubbish”. He told the BBC Radio 2 Jeremy Vine Show that he had been a vegetarian for 20 years and raised his children the same with no ill-effects. “I really do think this is rubbish. I suspect these things are engineered by livestock people who have seen sales fall off. It has been a good thing for me and my children who are no shorter than other children.”

      © Guardian News & Media 2008

  • ယောလေး

    March 25, 2011 at 3:19 am

    ကောင်းလိုက်တဲ့ စာလေးတစ်ပုဒ်ပါပဲဗျာ….

  • etone

    March 25, 2011 at 6:22 am

    ဝက်တွေ နွားတွေ ဘယ်လို သတ်တယ်ဆိုတာ ဂျစ်တူက ပြောဖူးတယ်… ။
    အရမ်းကို သနားဖို့ကောင်းပါတယ် ။ လူလုပ်သမျှ ခုခံနိုင်စွမ်းမရှိတော့လည်း ခံကြရရှာတာပါ ။ အတတ်နိုင်ဆုံးတော့ အသားရှောင်စားပါတယ်… နာနာကျင်ကျင်သေသွားရတဲ့ သတ္တဝါရဲ့ အသားကို မစားရက်လို့ပါ ။ အသားမစားပဲနေရင် အလှူအတန်းတွေ ၊ ပါတီ ၊ ဒင်နာတွေ သွားတဲ့အခါ ကိုယ့်အတွက် သီးသန့်စီစဉ်ရမှာစိုးလို့ …. အနည်းကျဉ်းတော့ စားဖြစ်တယ် …. ။ အခုနောက်ပိုင်းတော့ အရွက်ကိုပဲ ဦးစားပေးစားဖြစ်တယ်… ။ အပိုတွေ ဘုရားဟောမှာ မပါဘူး ဘာညာပြောကြပေမဲ့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါ … ။ စားနိုင်ရင် စား ၊ မစား နိုင်ရင် မစားနဲ့ ဒါပဲပေါ့…. ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 25, 2011 at 7:35 am

    ဒီအသားစားတဲ့ကိစ္စကတော့
    နည်းနည်းတိုလာပြီနော်
    သဘာဝဆိုတာကို နားလည်ရပါမယ်
    သဘာဝထဲမှာ ရှိတဲ့သတ္တဝါတွေဟာ ကိုယ်ကျရာ နေရာကနေ အသက်ရှင်နေထိုင် သေဆုံးနေကြတာပါဘဲ
    နောက်ပြီး တစ်လောကလုံး စားနေကြတဲ့
    သတ္တဝါတွေ အကုန်လုံးဟာ အသေဆိုးနဲ ့အသတ်ခံရပြီးတော့မှ
    လူတွေစားတာကို ခံရပါတယ်လို ့ အကြမ်းဖျင်းပြောနိုင်ပါတယ်
    ဥပမာ
    နိယာမရဲ ့သဘောအရကတော့ အေ တစ်ခု တစ်ကောင် တစ်ယောက်
    ရဲ ့တစ်သီးပုဂ္ဂလ ကိုယ်ပိုင်အကြောင်းတွေရှိတာဘဲလေနော
    ဆင်က အကောင်ကြီးလို ့သားကြီးငါးကြီးပါ ပြောတော့
    ပုရွက်ဆိတ်ကရော အသက်မရှိဘူးလား
    ကဲ ကြက်၊ ဝက်၊ နွား တွေကို သတ်တာဟာ ရက်စက်လို ့ပါဆိုပြီး
    ငါးသေးသေးလေးတွေကို စားမယ်ဆိုပါတော့
    ရေထဲကငါးကို သတ်တာကရော ဘယ်လိုနားလည်ဘူးသလဲ
    ခင်ဗျားတို ့အသက်မရှူဘဲနဲ ့နေကြည့်လေ ဘယ်လိုခံစားရမလဲ
    အသက်မွန်းကျပ်ပြီး သေရတဲ့သတ္တဝါတစ်ကောင်ရဲ ့ဒုက္ခ ကိုကြတော့
    မပြောဘဲနဲ ့သွေးသံရဲရဲ ပညက်ကို ကြည့်ပြီးပြောတယ်ဆိုတာ
    ဘယ်ဝါဒလဲ
    ဘယ်နိယာမလဲ
    ဘယ်လိုင်းထဲကနေပြောဆိုနေကြတာလဲ
    တိုလာပြီနော် တိုလာပြီ
    ပြောကြစတမ်းဆို အင်္ဂုလိမာလ လဲလူသတ်တာဘဲ
    ဘာဖြစ်လို ့ငရဲမကျလဲ
    ဇော …. ဆိုတဲ့စကားကိုခင်ဗျားတို ့ဘယ်လောက်နားလည်သလဲ
    အသားမစားတာ မေတ္တာရှင်လား
    ပရဟိတ လုပ်တဲ့လူတွေကို ဘာလို ့ခေါ်မလဲ
    အသားစားတဲ့ လူတွေကို ရက်စက်သူတွေလို ့ခေါ်မလား
    ယနေ ့မြန်မာပြည်က ခွေးမသားတွေ ပြည်သူ ့သယံစာတတွေကို သူတို ့အာဏာရဘို ့အတွက်
    တိုင်းတပါးကို ရောင်းချ ကိုယ်ကျိုးရှာတဲ့ ကောင်တွေကို ဘယ်လိုခေါ်မလဲ
    ဘာသာရေးနဲ ့ပြန်ပြောရင်
    သူခိုးတွေ ဓါးပြတွေ လည်း ရဟန်းတာတွေဖြစ်ကြတာဘဲလား
    ဇော … ဆိုတာကို ဘယ်လောက်နားလည်သလဲလို ့ထပ်မေးပါမယ်

  • intro

    March 25, 2011 at 1:14 pm

    ကျွန်တော့်အထင်ပြောရရင် အစားစားတာ မစားတာထက် မြန်မာတွေ စားတာ ဆန်ကို အဓိက စားတယ် လို့ ထင်မိပါတယ်… ဥပမာပြောရရင်။ တစ်ချို့ အိမ်ထောင်စုတွေမှာ ဘဲဥဟင်းလေး တစ်ခွက် ကန်စွန်းရွက်ကြော်လေး တစ်ခွက်နဲ့ မနက်၊ ည စားကြတာ ရှိပါတယ်၊ မနက်ကို ဘဲဥတစ်လုံး၊ ညကို ဘဲဥတစ်လုံး၊ ကန်စွန်းရွက်ကြော်လေး နည်းနည်းပေါ့၊ ထမင်းကိုသာ အဓိက ထားပြီး စားကြတယ်လို့ ထင်ပါတယ်။ အများစုကတော့ စားတဲ့အခါမှာ ဟင်းက ၂ဝ ရာခိုင်နှုန်းလောက် (အကြမ်းဖျင်းပြောတာပါ၊ အနည်းနဲ့အများ ကွဲလွဲနိုင်ပါတယ်) ထမင်းက ၇ဝ ရာခိုင်နှုန်းကျော်လောက် စားကြတာကို တွေ့ရပါတယ်၊ ဆိုလိုတာက ဆန်မှာ ပါတဲ့ ကာဗို ဟိုက်ဒရိတ်ဓါတ်ကိုပဲ အဓိက ရကြပါတယ်၊ အထက်က ဥပမာအရ အဲသည့်မိသားစုမှာ အပိုသားရေစာ သိတ်ပြီးတော့ ဟုတ်တိပတ်တိ မစားဖြစ်ဘူး၊ ဒီလိုပဲ နေ့စဉ်နေ့စဉ် စားသောက်မယ်ဆိုရင် သူတို့အနေနဲ့ ရသင့်ရထိုက်တဲ့ အာဟာရ ဓါတ်ကို မရနိုင်ဘူး ထင်မိပါတယ်၊ တစ်နေကုန်နေလို့ ထမင်းမှာ ပါတဲ့ ကစီဓါတ်ကလွဲရင်၊ ဘဲဥလေး ၂လုံး၊ ကန်စွန်းရွက်လေး နည်းနည်း ဟာ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် လုံလောက်တဲ့ အာဟာရ မရနိုင်ပါဘူး၊ ဒါကြောင့် အကြံပြုချင်တာကတော့ လူငယ်တွေကို တတ်နိုင်သလောက် အာဟာရ ပြည့်ဝတဲ့ ဟင်းလျာတွေ များများ ကျွေးဖို့ပါပဲ၊ ထမင်းတွေချည်း အများကြီး မစားခိုင်းပဲ ဟင်းတွေကို တတ်နိုင်သလောက် များများချက်မယ်၊ များများစားမယ် ဆိုရင် ပိုပြီးတော့ ခန္ဓာကိုယ် ကြီးထွားဖို့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ အသားစားတာ၊ မစားတာထက် တတ်နိုင်သလောက် အာဟာရ ပြည့်ဝအောင် စားသောက်ကြဖို့ အကြံပြုလိုက်ပါတယ်…

  • nigimi77

    March 25, 2011 at 4:15 pm

    အဲဒိ အကောင် ဗရုတ်က နာမည်နဲ ့လိုက်တယ်။
    လူက နွားလား။ နွားက မြက်စား သတ္တဝါ။
    လူက အစုံစား သတ္တဝါ။ အစုံကို မျှတအောင် စားမှ အားရှိမယ်။
    ကုလားက ပဲစားတာ ပဲမှာ အသားဓါတ်ပါတာ ပဲတောင်မှ ကုလားပဲ လို ့အမည်တောင်ရှိတာ ဒင်း မသိရိုးလား။
    ကျုပ် အလုပ်ထဲက ကလေးတွေ နေ ့လည်စာစားရင် ဟင်းခွက်တွေ လိုက်ကြည့်တယ်။
    ထမင်း ၂ ချိုင့်မှာ မျှစ်ကျော် ၁ ချိုင့်။ နနွင်းတွေက ဝင်းလို ့။ နောက် တယောက်က သရက်သီး ငပိချက်။
    နောက်တယောက်က ဘဲဥ တစ်ခြမ်း ရေကျဲ။ နောက်တစ်ယောက်က ဂေါ်ဖီကြော်။ နောက်တစ်ယောက်က ချဉ်ပေါင်ကျော်။ နောက်တစ်ယောက်က…နောက်တစ်ယောက်က …နောက်တယောက်က……….။

    ကျုပ် အဒေါ် ကုလားပြည်မှာ တိုင်းရင်းဆေး ပညာ ၁ဝ နှစ်သင်ပြီး ဗမာပြည်မှာ သိမ်ဖြူမှာ ဆေးရုံအုပ်လုပ်တော့
    အတူသွားနေရရော။ အားအားယားယား သူတတ်တဲ့ ကုလားစာတွေကို နည်းပေါင်းစုံ လှည့်ပတ်ချက်ကြွေးတာ
    မရိုးနိုင်အောင်ပဲ။ ပါဝင်တာက ပဲ နဲ ့ အာလူး၊ ဂျုံ ….ဒါပဲ။

    လူလဲ ၅ လလောက်နေတော့ မြင်မကောင်းအောင် ပြည့်တက်လာရော။

    ဗမာပြည်မှာ တွေ ့ဖူးပါရဲ ့။ အိမ်မှာ အိမ်သားတွေများလို ့ ဟင်းမလောက်ပဲ ကုန်သွားရင် ထမင်းကို ဆီဆမ်း အချိုမှုန် ့တွေ ဆားတွေဖြူးပြီး စားကြရော။ ပြီးတော့ မြန်မာ့ရိုးရာ လက်ဖက်တဲ့။ ဘာကောင်းကျိုးပေးမပေးတော့မသိ။
    ဘယ်ဆိုင် သွားသွား လက်ဖက် ထမင်းတဲ့။ ဘာ အဟာရဓါတ်မှ မရှိတဲ့ဟာတွေ။ မိန်ရေရှက်ရေ…။

    အပေါ်ကို ပြန်ကောက်မယ်ဆိုရင်…..ဟင်းတွေက ဒီလို ဟာတွေ စားသောက်နေကြတဲ့ အထဲ….မွေးနေ ့တိုင်း သက်သတ်လွတ် စားတဲ့သူ… သောကြာနေ ့တိုင်း ကိုးနဝင်းဆိုတာကြောင့် အသားလွတ်တဲ့သူ…
    ဆင်းရဲချို ့တဲ့လို ့ မစားနိုင်တဲ့သူတွေရှိတယ်။

    ခက်တာက စားမဲ ့ပိုက်ဆံကို နှစ်လုံးထိုးတယ်။ သူတောင်းစား ကယ်ပါတွေ တွေ ့ရင် သနားလို ့ဆိုပြီး ကိုယ် မစားပဲ ပေးတယ်။ ပေးတဲ့ရည်ရွယ်ချက်က တကယ် သနားလို ့ပေးတာ နဲတယ်။ ထုံးစံ အတိုင်းးးးးး………….။

    သောက်သုံး မကျတဲ့ ဦးဏှောက်မရှိတဲ့ လူထီးနဲ ့လူမတွေက မိဘနေရာရောက်လာပြီး သောက်သုံးမကျတဲ့
    အတွေးအခေါ်တွေကို အပြစ်မဲ့တဲ့ သားသမီးတွေရဲ ့ဦးဏှောက်ထဲကို ရိုက်သွင်း။
    အဲဒီ သားသမီးတွေက မိဘ နေရာကို ထပ်ရောက်လာ။ သောက်သုံးမကျတဲ့ အတွေးအခေါ်တွေကို အပြစ်မဲ့တဲ့ သားသမီးတွေကို ထပ်ရိုက်သွင်း……………။

    ခံကြ…..ကုသိုလ်တွေရဘို ့ အခု လက်ရှိ ဘဝကို ခံကြ။ နောက် ဘဝ ကောင်းစားဖို ့ အခုဘဝကို ဒုက္ခ ခံကြ။

    ကောင်းလေစွ ကောင်းလေစွ။

  • ကျွန်တော် မန်းဒလေးအွန်လိုင်းကို အမြဲကျေးှဇူးတင်ပါတယ်။ ကျွန်တော်သိသလောက် နည်းနည်းလေးကို ဖော်ပြလိုက်ပြီဆိုတာနဲ့ ကျွန်တော် မသိတာတွေ အများကြီးကို ထပ်သိလာရတာပါပဲ။ စဉ်းစားချင့်ချိန်စရာတွေလည်း ပေါ်လာတော့တာပါပဲ။ ဦးကြီးပု မေးတဲ့ ဇော ဆိုတာကို ကျွန်တော် မသိပါ။ ဆင်မှာလည်း အသက်တစ်ချောင်း၊ ပုရွက်ဆိတ်မှာလည်း အသက်တစ်ချောင်း၊ ဒါပေမယ့် အသက်ဆိုတာကလည်း မရှိ၊ ရုပ် နာမ် နှစ်ပါးပဲရှိတယ်လို့ သိထားရပါတယ်။ ဒီတော့ အကောင်ကြီးရင် ကြီးသလောက် အာရုံခံစားနိုင်စွမ်း ကလာပ်စည်းတွေများမယ်။ ဝေဒနာပိုခံစား ရမယ်လို့တွေးမိတာပါပဲ။ ပုရွက်တစ်ကောင်ကိုသတ်ဖို့ စိုက်ထုတ်ရတဲ့ အားအင်နဲ့ ဆင်တစ်ကောင်ကိုသတ်ဖို့ စိုက်ထုတ်ရတဲ့အားအင် မတူသလို ရမယ့်ငရဲလည်း မတူဘူးလို့ ရိုးရိုးပဲတွေးမိပါတယ်။
    ဆရာခိုင်ပြောသလိုပဲ၊ သက်သတ်လွတ်ဆိုတဲ့ အခေါ်အဝေါ်ကိုက မှားနေသလားပဲ။ ပြီးတော့ ဆရာခိုင်ပြောသလိုပဲ သက်သတ်လွတ်နဲ့ တိရစာ္ဆန် ညှင်းပန်းနှိပ်စက်ခြင်း မတူတာကို သတိထားရပါမယ်။ ကျွန်တော့်သမီးကို ကျွန်တော် သက်သတ်လွတ် ဘယ်တော့မှ မကျွေးဘူး။ ကျွန်တော်ကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် စားဖြစ်ပါလိမ့်မယ်။ သက်သတ်လွတ်စားတာကလည်း မမှားဘူး။ အသားစားတာကလည်း မမှားဘူးလို့ ထင်မိပါတယ်။ မြန်မာတွေ နာလံမထူတာကတော့ သက်သတ်လွတ်ကြောင့်၊ ဘာသာရေးကြောင့်လို့ပြောရင် နည်းနည်းလွန်မယ် ထင်ပါတယ်။ မြန်မာတွေ နာလံမထူတာက မကောင်းတဲ့လူတွေများပြီး ကျွန်တော်တို့လို ညံ့တဲ့လူတွေလည်း များလို့ပါ။

  • anewgenerationbone

    March 25, 2011 at 6:19 pm

    ညီ အစ်ကို မောင်နှမ သူငယ်ချင်း တို ့ရေ
    အစ်ကိုကြီး မိုက်ကယ်ဂျော်နီအောင်ပု ( နာမည်ကလည်းရှည်လိုက်တာနော် 🙂 )
    ပြောတဲ့ ဇော..ဆိုတာက အလိုရှိမှု အားထုပ်မှု ့လို ့ပြောရင် ရနိုင်မလား
    အနီးစပ်ဆုံပြောရရင် စေတနာလေ
    သေစေလိုမှုစေတနာလို ့ပြောတာလားမသိဘူးနော်
    စိတ်ဖြင့် အသေခြာ သတ်လိုမှု ့ကြောင့် အားထုပ်တဲ့လုံးလ ကိုဆိုသလားဘဲ
    လမ်းလျှောက်ရင်းသတ္တဝါ တစ်ကောင်ကို
    နင်းမိတယ်ဆိုပါတော့
    စိတ်ဆန္ဒ မရှိရင် အပြစ်မရှိဘူးလို ့ဆိုတယ်
    အလိုရှိလို ့အားစိုက်တဲ ့စိတ်ဇောကြောင့်ဆိုရင် အပြစ်ဖြစ်တယ်လို ့ဆိုမလား
    နောက်
    သတ္တဝါရဲ ့သဘောမှာတော့
    ကြီးသည် ငယ်သည်ထက်
    ထိုသတ္တဝါရဲ ့
    အသိတရားမှသည်
    သီလ၊ ကုသိုလ်ရှိသော ခန္ဓာရဲ ့
    သီလ၊ ကုသိုလ် အတိုင်းအတာကို မှီ၊ တည်မလား
    ဥပမာ
    သီလ၊ ကုသိုလ်မဲ့သော
    အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့်ခြင်းထက်
    ရဟန္တာဘိက္ခုနီမကို ပြုမူခြင်းက ပိုပြီး
    အပြစ်ကြီးမယ်ထင်တယ်
    ပြုသူရဲ ့ စိတ်ဆန္ဒ အတိမ်းအနက်မှာလည်းမှီမယ်ထင်တယ်
    နောက်တစ်ခုက
    ပြုသူအသစ် ဖြစ်သူ အဟောင်း
    ဆိုတာ လည်း သပ်သပ်ရှိပါသေးတယ်နော်
    သတ္တဝါတွေကို သတ်တာကတော့ ဘယ်လိုဘဲသတ်ပါစေ
    ကာယကံ၊ ဝစီကံ၊ မနောကံ
    တော့ထိုက်မှာဘဲလား
    လုပ်ပါလို ့ပြောတိုင်း လုပ်ကြမှာ မဟုတ်သလို
    မလုပ်ပါနဲ ့လို ့ပြောရင်လည်း လုပ်ကြမှာပါဘဲ
    ဒီနေရာမှာတော့ ကျွန်တော်က
    ဥပက္ခာကို ပိုပြီးစိတ်ဝင်စားတယ်
    ကိုယ်ကသိရင် မလုပ်မိဘို ့ကတော့ အရေးကြီးဆုံးဘဲထင်ပါတယ်ဗျာ
    ကျွန်တော်တို ့မမြင်နိုင်တဲ့ သံသရာ ရဲ ့သဘောကရှိပါသေးတယ်နော်
    ဘာရယ်တော့မဟုတ်ပါဘူးခင်ဗျ
    ကျွန်တော့် အမြင်ကို ရိုးသားစွာပြောတာပါ။

  • anewgenerationbone

    March 25, 2011 at 6:28 pm

    ဒါနဲ ့
    အစ်ကိုကြီး မိုက်ကယ်ဂျော်နီအောင်ပု ရေ ့
    အင်္ဂုလိမာလ က လူတွေသတ်ပြီး
    ငရဲမခံရတာက
    လူတွေကို သတ်တဲ့အချိန်မှာ
    လူ ့အသက်ထက်
    လက်ညှိုးကို စိတ်တည်ထားပုံရတယ်နော်
    ဒဿန သဘောနဲ ့တွေးကြည့်တာပါ
    ကျွန်တော်တို ့လည်း ဘာလုပ်လုပ် ဝိနည်းရှောင်ရင်တော့
    ဆရာကြီး ဦးသုခပြောတဲ့
    ဥဇူစ = ဖြောင့်မတ်ရမည် သူတစ်ပါးကို မလိမ်းခြင်းမျှ မဟုတ်ဘဲ
    မိမိကိုယ်ကိုယ် မလိမ်ခြင်းထိ ဖြောင့်မတ်ရမည် လို ့ပြောရင် ကျေနပ်ကြမလားမသိဘူးနော်

Leave a Reply