မန္တလေး ဂေဇက် သို့ မေးမြန်းပါသည်

soethuya7March 25, 20111min1829

လေးစားရပါသော mandalaygazette မှ ရွာသူရွာသား ကိုကို မမ များ မင်္ဂလာပါခင်ဗျာ……

ကျနော်ကအခုမှ mandalaygazette ထဲကို အခုမှ ဝင်ရောက်လာတဲ့ အဖွဲ့သားအသစ်လေးပါခင်ဗျာ ကျနော်က

ရန်ကုန်မှာ လူငယ်တစ်ယောက် ဂျီတော့ ပြောလို့အဖမ်းခံရတယ်လို့ ကြားပါတယ်ခင်ဗျာ

အဲဒါကို တကယ်ဟုတ်လား မဟုတ်လား ကျနော်လဲမသိပါ အဲဒါကို mandalaygazette မှ ကိုကို မမ များသိရင်ပြော ပြာပေး ပါလားခင်ဗျာ။ အဲဒီကိစ္စကြောင့် တစ်ချို့ အင်တာနက်ဆိုင်တွေ တောင် ပိတ်ကုန်ကြပြီလို့ ကြားပါတယ် သူတို့က ဂျီတော့ ပြောရုံနဲ့ ဖမ်းတာလား ဒါမှမဟုတ် ဂျီတော့သုံးပြီး သူတု့ိ မကြိုက်တာ တွေပြောလို့ဖမ်းတာလား ဆိုတာ ကျနော် အတိအကျမသိပါဘူး ဖမ်းတယ်လို့ပဲ ကြားတာပါ အတိအကျမသိလို့ သိတဲ့ ကိုကို မမ များရှိရင် ပြောပြပေးပါနော်။

ကျနော် က အခုမှရောက်တဲ့အသစ်ဆိုတော့ ဘာမှမလုပ်တတ်သေးတာမို့ အမှားပါရင် ခွင့်လွတ်ပေးပါလို့  အနူးညွတ်တောင်းပန်လိုက်ပါတယ်ခင်ဗျာ

9 comments

  • nigimi77

    March 25, 2011 at 5:17 am

    ရွာထဲမှာ ကိုကိုမမတွေတင်မကဘူး ဘဘကြီးတွေ၊ လင်ရွေးရင်း အရွေးလွန်ပြီး မရတော့တဲ့ ဂျီးတော် တွေလဲ ရှိတယ်။

    ဂျီတော့(Gtalk) ပြောလို ့ မဖမ်းဘူး။ ဂျီ (GSM) နဲ ့ တော့(Talk) ရင်တော့ မပြောတတ်ဘူး။ မင်းပြောတဲ့ လူငယ်က ငါတို ့လို ဘဘကြီးတွေကို မခံ့လေးစား
    မပြောရင် ဘာမှ မဖြစ်ဘူး။

  • အာဖျံ ကွီး

    March 25, 2011 at 6:18 am

    ကောလ ဟာလ လို.တော့ထင်တာပဲ …

    gtalk, vzo, pfingo, အစရှိတဲ့ အွန်လိုင်းဆက်သွယ်ရေးတွေကို လိုက်ကန်.သတ်တရ်ဆိုတာ .. ဆိုင်တွေကိုပဲလိုက်လုပ်တာ။
    သုံးတဲ့သူတွေကို မဟုတ်ဘူး။

    တကယ်လို. ..
    လူငယ်တစ်ယောက်ယောက် gtalk ပြောလို့အဖမ်းခံရတယ်ဆိုရင်လဲ .. သေချာတရ် .. မင်းထင်သလို သူတို. (…) မကြိုက်တာပြောလို.နေမှာကွ .. သယ်ရင်း။

  • onlinezz

    March 25, 2011 at 6:35 am

    မကြိုက်တာ ပြောလို ့(ဝါ) သတင်းပေးလို ့ဒါကြောင့်သာ ဖြစ်နိုင်ပါတယ်။ ရွှေပြည်ကြီးမှာ စားသတိ၊လာသတိ၊သွားသတိ၊ ရိုက်သတိ (ဓါတ်ပုံ) ၊ Talk သတိလေ ..

  • etone

    March 25, 2011 at 9:06 am

    ဘာမှ မကြားမိဘူး ။ မင်း သတင်းက ဘယ်က ကြားတာလဲ … ။

  • kopauk mandalay

    March 25, 2011 at 12:03 pm

    ဂျီတော့ပြောလို့သာ ဖမ်းခံရမယ်ဆိုရင် ………………
    စဥ်းစားပြီးယုံပါညီလေးရေ…………………………….

  • intro

    March 25, 2011 at 12:38 pm

    သိတ်အကြောက်မလွန်ပါနဲ့ကွာ… ဒါပေမယ့် သတိလေးတော့ ထားပြီး နားလေးတော့ စွင့်ထားပေါ့… သိတယ် မဟုတ်လား… သတိဆိုတာ ပိုတယ်တော့ မရှိဘူး၊ ဒါပေမယ့် သိတ်ပြီး အကြောက်လွန်စရာ မလိုပါဘူး…

  • ဖမ်းမယ်လို့တော့ ပြောကြတာပဲပေါ့နော်.. အဲလိုလဲ ဖမ်းတယ်လဲ ရှိတယ်လို့လဲ ကြားရတယ်ပေါ့နော်.. တစ်ကယ်တမ်း ဘယ်သူတွေလဲဆိုတော့ ဘယ်သူတွေမှန်းလဲ မသိဘူးပေါ့နော်.. ပြောချင်တာတွေ လျှောက်ပြီးပြောနေကြပြီး လူကိုခင် မူကို ပြင်၊ လူကိုမုန်း မူကိုသုံးတာလဲ ကြာပြီဆိုတော့ပေါ့နော်.. ဘယ်လိုပြောရမလဲဆိုတော့ပေါ့နော်…

    သိဘူးးးးးးးး။

    =း-))

  • Gong Zhu

    March 26, 2011 at 5:35 pm

    အိမ်နားကဆိုင်တွေအားလုံးကတော့ အိုကေနေတာပဲ …

  • cobra

    March 27, 2011 at 4:32 pm

    gtalk ပြောတိုင်းသာအဖမ်းခံရမယ်ဆိုရင်တော့သိပ်မကောင်းတော့ဘူး…
    ဘာပဲပြောပြောသတိရှိတာကောင်းပါတယ်..။

Leave a Reply