ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ

moonpoemMarch 25, 20111min1436

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ ့တော့ ဆွေမျိုး တော်စပ်ရင်ခေါ်ပုံခေါ်နည်းတွေနဲ ့

ပတ်သတ်ပြီး ကျွန်မ မသိတာလေးတွေရှိနေလို ့မေးမြန်းချင်ပါတယ်။ ဒီပုံပြင်လေးကို

သိပြီးသားဖြစ်ကောင်းဖြစ်ပေမယ့်လို ့တကယ်တမ်းတော ့ ကျွန်မကိုယ်တိုင် ဆွေမျိုးမစပ်တတ်လို ့

သူငယ်ချင်းတွေ ကို မေးရခြင်းသာဖြစ်ပါတယ်။ ပုံပြင်လေးက ဒီလိုပါ။

 

အိနိ္ဒယ လူမျိုးတစ်ယောက်နဲ ့ အမေရိကန်လူမျိုး တစ်ယောက် အချင်းချင်း ဆွေးနွေးနေကြပါတယ်။

အိနိ္ဒယ လူမျိုး၊  ၊ ငါတော့ စိတ်ညစ်တယ်ကွာ။ အိမ်က ငါ့ကို တစ်ခါမှ မမြင်ဘူးတဲ ့ မိန်းမတစ်ယောက်နဲ ့

အခုငါ့ ကို ပေးစားတော့မလို ့တဲ ့။ ငါ့နိုင်ငံပြန်ရောက်ရောက်ချင်း မင်္ဂလာဆောင်ရမှာ ဆိုတော့ ငါစိတ်ညစ်နေတယ်။ ငါ့မှာချစ်သူ ရှိတယ်ကွ။ သူ ့ကိုပစ်ပြီး တခြားမိန်းကလေးကို မယူချင်ဘူးကွာ။

 

အမေရိကန်လူမျိုး၊   ။မင်းကိစ္စနောက်ထားလိုက်ပါဦး။ ငါအခုစိတ်ညစ်နေတယ်။ ငါပြောတာလေးကို

မင်းအရင်နားထောင်ပေးပါ။ ငါ့အိမ်တွင်းရေး ပြဿနာတွေနဲ ့ပတ်သတ်ပြီး ငါရင်ဖွင့်ချင်တယ်ကွာ။ ဒီလိုကွ။

လွန်ခဲ့တဲ့၃နှစ်ကငါနဲ ့ငါ့ငယ်ရည်းစားပြန်တွေ ့တော့ သူ ့မှာ မြီးကောင်ပေါက်အရွယ်

သမီးလေးပါလာပေမယ့် နားလည်မှုရှိစွာနဲ ့ ငါတို ့လက်ထပ်ဖြစ်ခဲ့ကြတယ်။ ဒါက သာမန်ပါကွာ။

ခက်တာက အဲဒီသမီးလေးကို ငါ့အဖေက မျက်စိကျသွားပြီး သူတို ့နှစ်ယောက်ယူလိုက်ကြရာက

နေစပြီး ပြဿနာတက်တာပဲ။ အဲဒီသမီးလေး ကို ယူလိုက်တဲ့အတွက်ကြောင့် ငါ့အဖေက ငါ့သားဖြစ်သွားတယ်။ အဲဒီသမီးလေးက ငါ့အမေဖြစ်သွားတယ်။ ငါ့မိန်းမကငါ့အဖွား ဖြစ်သွားတယ်။

ထားပါတော့ကွာ အခုငါနဲ ့ငါ့မိန်းမ ကသားလေးမွေးတယ်။ အဲဒီသားလေးဟာ အဖေအတွက် မြေးဦးလေး

ဆိုလည်းဟုတ်သလို ညီအစ်ကိုဝမ်းကွဲ ဆိုလည်းဟုတ်တယ်။ အဖေ့ညီဝမ်းကွဲဆိုတော့ ငါ့သားက ငါ့ဦးလေး

ပေါ့ကွ။

 

နောက်ဆုံးပြဿနာက မင်းငါ့ကိုရှင်းစမ်းပါကွာ။ ငါ့အဖေနဲ ့ငါ့သမီး နဲ ့ကလည်း အခုသားယောက်ျားလေး

တစ်ယောက်မွေးတယ်။ဒီတော့ငါဆွေမျိုးမစပ်တတ်တော့လို့မင်းငါ့ကို တစ်ဆိတ်လောက်လေး

ပြောပြပေးပါလား။

 

အိနိ္ဒယ လူမျိုးကတော့ကောင်းကောင်းသဘောပေါက်သွားပါပြီ။သူရင်ဆိုင်နေရတဲ့ မိသားစုပြဿနာက

ဘာမှမဟုတ်ဘူးဆိုတာ။ ခက်တာက ကျွန်မကိုယ်တိုင်လည်း နောက်ဆုံး အမေရိကန်လူမျိုး စပ်ပြခိုင်းတဲ့

ဆွေမျိုးတော်စပ်ပုံကို ကျွန်မလည်း မသိလို ့သူငယ်ချင်းတွေကို လှမ်းပြီး စစ်ကူတောင်းလိုက်ရတာပါ။

ကူညီကြပါဦးနော်။

 

6 comments

  • naywoonni

    March 25, 2011 at 9:43 am

    သွေးမစပ်တဲ့သူကို အမျိုးထည့်မစပ်ရင်နဲနဲရှင်းသွားမှာပေါ့…။ မယားပါ သမီးဆိုတာက သူကိုယ်တိုင်တောင်ပြန်ယူရင်ရသေး တာပဲ…….။

  • လင်းဝေကျော်

    March 25, 2011 at 10:04 am

    အငြိမ့်ထဲမှာ တော့ ဒီလို ပျက်လုံးကို နောက်ဆုံးသိမ်းပေးတာက
    “မင်းတို့ ခွေးမျိုးတွေ ကိုယ့်ဖာသာ ကို အမျိုးစပ်ကြ” လို့

  • MaMa

    March 25, 2011 at 10:05 am

    လွယ်လွန်းလို့။ အဖေကမွေးတဲ့သားက သူ့ရဲ့ညီတော်ပြီး သူကမွေးတဲ့သားက သူ့အဖေအတွက် မြေးတော်ပါတယ်။ ငယ်ငယ်က ရွှေကြာကာတွန်းမှာပါတဲ့ ဉာဏ်စမ်းဖြစ်ပါတယ်။ အမျိုးတော်စပ်ပုံကို အဖေဘက်ကပဲ စပ်ရပါတယ်။ ဘာ့ကြောင့်ဆို မျိုးရိုးယူရာမှာ အဖေက မျိုးစေ့နဲ့တူပြီး အမေက မြေကြီးနဲ့တူတာကြောင့် ဖြစ်ပါတယ်တဲ့။

  • ဟုတ်ပါ့ဗျာ.. မြေကြီးဘယ်လောက်ကောင်းကောင်း မျိုးစေ့ကောင်းကောင်း အကြဲခံရမှ အပင်ကောင်းကောင်း ပေါက်နိုင်တယ်မလားဗျ…. မြေယာကောင်းကောင်းမှာ စိတ်တိုင်းကျထွန်ယက်ပြီး မျိုးစေ့ကောင်းကောင်း အကြဲခံရတဲ့သူအတွက်ကတော့……….. 😛

  • kai

    March 25, 2011 at 10:15 pm

    တကယ့်ဘဝမှာတေ့ာ.. (သာမန်)အမေရိကန်တွေ အမျိုးမစပ်တတ်ကြပါဘူး..။
    အင်မတန်အရေးကြီးတဲ့..အစိုးရနဲ့ပါတ်သက်တဲ့.. ဖောင်တွေဖြည့်တာမှာလည်း.. ဆွေမျိုးတွေအကြောင်းဝေးလို့..မိဘ အမည်ဆိုတာတောင် .. ဖြည့်စရာလည်းမလိုဘူး.. ။မေးလည်းမမေးဘူး..။

    ဆိုတော့.. You, I ပဲ..လူတိုင်းတန်းတူထား..စကားပြောနေကြတာပဲ..။
    ဒီလိုရှုပ်ထွေးနေတာကို .. ပျော်ရအောင်.. အလုပ်ကအမေရိကန်မေးကြည့်လိုက်တာ…
    Who Cares? လို့ပြောခံလိုက်ရတယ်..။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2011 at 2:24 am

    ဟုတ်ဘေသားဘဲ
    တစ်ခါတစ်လေ ဒီ..
    ရွှေမျိုးဆပ်တဲ့ကိစ္စကလည်း ပေါ့သေးသေးမဟုတ်ဘူး
    အမေရိကမှာလားမသိဘူး
    မြေးယောက်ကျားလေးက အဖွားဖြစ်သူကိုလိုက်ရှာတာ
    အဖွားနှင့်တွေ ့ပြီးနောက်
    အဖွားလုပ်တဲ့သူက ဖီးလ်းလာပြီးတော့
    မြေးလုပ်တဲ့သူကို ကလိတာ
    မြေးလုပ်တဲ့သူကလည်း ပြန်ကြုံးတယ်
    နောက်တော့ ယူလိုက်ကြတယ်
    အဖွားကြီးက အိုပြီဆိုတော့ ခလေးမရနိုင်တော့
    အငှားကိုယ်ဝန်နဲ ့ခလေးမွေးလိုက်ရတယ်
    နောက်ပြီး အာရပ်နိုင်ငံတွေမှာလားမသိဘူး
    မိဘတွေက မောင်နှမ အချင်းချင်းပြန်ပေးစားတယ်လို ့ဆိုတယ်
    ဟုတ်မဟုတ်တော့ မသေချာ
    သေချာတာကတော့
    တစ်လောက ဘော်ဒါတစ်ယောက်ပြောတာ မှတ်သားဘူးတယ်
    ရွာဂို မပြန်ဒါလဲ ကြာဘီ…ဒဲ့
    တစ်နေ ့ရွာထိပ်ရောက်တော့ ကောင်မလေးတွေကို တွေ ့တော့
    အနောက်ကနေ ရွှီးးးးးဆိုပြီး လက်ခေါက်မှုတ်ပြီးလှန်းတွန်လိုက်သေးတယ်
    ကောင်မလေးကလည်းပြန်ကြည့်သဒဲ့
    မဆိုးဘူးမိုက်ဒယ်ဘော့
    ဒါနဲ ့အိမ်ကိုရောက်တော့ မျက်လုံးပြူးသွားရဒယ်
    ခုနဂ သူမှုတ်လိုက်တဲ့ လက်ခေါက် ကောင်မလေးက
    သူ ့တူမဖြစ်နေဒယ်

Leave a Reply