ငှက်ပျောသီးအရက်ကြောင့် ယူဂမ်ဒါတွင် လူ ၈ဝ ကျော်သေဆုံး

BayoteApril 28, 20101min913

ယူဂမ်ဒါနိုင်ငံတွင် ငှက်ပျောသီးမှ ထုတ်လုပ်သော ဝါရာဂီ အမည်ရှိ ဂျင်အရက်ကို တရားမဝင်သောက်သုုံးကြသဖြင့် လွန်ခဲ့သော ရက်သတ္တ သုံး ပတ်အတွင်း ကာဘာလေးခရိုင်တွင် လူ ၈ဝ ကျော် သေဆုံးခဲ့သည်ဟု ကျန်းမာရေး အရာရှိများက ထုတ်ဖော်ပြောဆိုသည်။ လူအများစုသည် စက် မှုနည်းပညာဖြင့် ထုတ်လုပ်သော အဆင့်အတန်းမြင့် အရက်သေစာကို မသောက်သုံးနိုင်သဖြင့် ဈေးပေါသော ဝါရာဂီအရက်ကိုသာ သုံးစွဲကြရ သည်။ ထို့ကြောင့် နိုင်ငံတွင်းတွင် အရက်အဆိပ်သင့်၍ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ ယင်းသို့ အဆိပ်သင့်သောအခါ အသဲနှင့် ကျောက်ကပ်ကို ထိခိုက်၍ မျက်စိကွယ်ပြီးလျှင် နောက်ဆုံး သေဆုံးကြရသည်။ (ဘီဘီစီ)

3 comments

  • susunosuki

    April 28, 2010 at 4:46 am

    ကျွန်တော်တို့ဆီမှာလည်း အရက်တွေကိုဆိုးဆေးတွေ
    ဓာတုဗေဒ ပစ္စည်းတွေရောထုတ်နေတာကို ကန့်သတ်ရင်ကောင်းမယ်

  • moethiha

    May 22, 2010 at 10:01 am

    ဟုတ်တယ်ဗျို့။အရက်ကိုမရောင်းရအမိန့်ချရင်တောင်ပိုကောင်းသေးတယ်။

  • winne

    July 13, 2010 at 6:11 am

    အရက်ဆိုလို့ နယ်ဘက်မှာ တခုကြားမိသေးတာ တခုရှိသေးတယ် လူကြီးတယောက်ကဆို အရက်ဆို မီးတောက်မှ သောက်တာတဲ့ အရက်မစစ်လို့ မပြင်းရင် ပိုးသတ်ဆေးပုံးထဲကို နှီးပြားလေး ထည့်ပြီးတော့ အရက်ထဲကို နှီးပြားထိပ်ကလေး ထည့်လိုက်တာနဲ့ အရက်ကပြင်းသွားရောတဲ့ အဲဒီလို မျိုးမှ သောက်တာလို့ ကြားမိတယ်။ အခု သိတာတော့ အဲဒီလူကြီးလည်း သေရှာပြီ အသက် ၄၅ ဝန်းကျင်လောက်နဲ့သေသွားတာ။ အရက်ဆိုလည်း အရက်သမားက ပြင်းမှကြိုက်တာဆိုတော့ ပြင်းလေ သေဖို့နီးလေဘဲ။

Leave a Reply