အစွယ်ရှိတိုင်းလည်း အသားမစား Saber-toothed Vegetarian

Saber Tooth Vegetarian

လက်တွေ့ရုပ်ဝါဒီဘီလူးများကို ဘယ်လိုချေချွတ်ရပါ့မလည်း အကြံထုတ်နေတုန်း ရာဟူးသတင်းမှာ သက်သတ်လွတ်နဲ့ဆိုင်တဲ့ သတင်းတပုဒ်တွေ့လို့ ဘာသာပြန်ပို့စ် တင်လိုက်ပါသည်။ ရေးထားတဲ့ပို့စ်ရှေ့မှာ ဘာသာပြန်သူ ကိုကြောင်ကြီးရဲ့ အာဘော်ကို မေတ္တာရှေ့ထားပြီး ၎င်းတို့အပ္ပါယ်လေးဘုံမှ လွတ်ကင်းစေရန် ရေးထားသည်။ မီညောင် မီညောင်….

ရွာသားအချို့ လက်တွေ့အားကိုးပြီ သိပ္ပံပညာကို ကိုးကွယ်ကြသည်။ ရုပ်ဝါဒီအစွန်း ရောက်ကုန်တာကို မှန်တယ်၊ အမြော်အမြင်နှင့် ပြည့်စုံတယ် ထင်ကြသည်။ သဒ္ဓါလွန်အစွန်းဝါဒကို ဆန့်ကျင်ရင်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး ပြောင်းလဲမှုသဘောတရားကနေ သွေဖီကုန်ကြသည်။ သက်သတ်လွတ်စားခြင်းသည် သတ္တဝါတွေရဲ့ မူလအကျင့်စရိုက် ဟုတ်မဟုတ်ကို ရုပ်ဝါဒီများက အစွယ်ရှိတဲ့ သတ္တဝါမှန်ရင် အသားစားသည်။ အသားစားနိုင်ဖို့ သဘာဝတရားက အစွယ်ထည့်ပေးထားသည်။ အစွယ်မရှိသော သတ္တဝါသာ အပင်သီးနှံများ စားကြသည်ဟု ဆိုကြသည်။ ၎င်းတို့နှင့် ဆန့်ကျင်ဖက်များကို သက်သေပြနိုင်သောအခါ လက်တွေ့ပြနိုင်တိုင်း အမှန်မဟုတ်ခြင်း ထင်ရှားလာသည် (ဤကားဝှိုက်လက်သီးတည်း)။ ယနေ့ကမာ္ဘရှိ တိုက်ကြီးများ တသီးတခြား တည်နေပုံကိုကြည့်ပြီး ကျွန်းကြီးလေးကျွန်းဆိုတာ အလကား။ အဲဒီမှာတင် မရပ်တော့ဘဲ ကိုယ်လိုက်မမှီသော အရာများကိုပါ ပုတ်ခတ်မှုပြုတော့သည်။ အဆုံးတွေးလျင် ကမာ္ဘလုံးသလား ပြားသလား၊ ကမာ္ဘလည်သလား နေလည်သလား။ လုံးခြင်း လည်ခြင်းသည် အမြဲမှန်တဲ့ သစ္စာမဖြစ်နိုင်တော့ (ဤကားထောက်လက်သီးတည်း)။
လောကတွင် ရုပ်၊နာမ်၊ စိတ်စေတသိက်၊ နိဗ္ဗာန် သာမြဲပြီး ကျန်အရာတွေကတော့ အစဉ်ဖောက်ပြန် ပြောင်းလဲခြင်းသာရှိသည်။ မတူတိုင်းလည်း မှားတယ်မထင်နှင့်၊ တူတိုင်းလည်း မှန်သည်မမှတ်နှင့်။ သင်္ခါရကို မသိတောင် သစ္စာတရားကို မမေ့အပ်။ လောကမှာနေတတ်ဖို့ အရေးကြီးသည် (ဤကားပင့်လက်သီးတည်း)။ ဒီလိုပြောလို့ သိပ္ပံပညာနှင့် လက်တွေ့ဆင်ခြင်တုံခြင်းကို အလကားလို့ စော်ကားခြင်းမဟုတ်ဘဲ ကာလသုံးပါး စပ်ဆက်လျက် ဓမ္မဓိဌာန်ကျကျ သိမြင်ကြစေရန်ဖြစ်သည် (ဤကား အလဲထိုးခံလိုက်ရသူကို မင်းညံ့တာထက် ငါတော်လို့ဟု နှစ်သိမ့်စကားဆိုခြင်းတည်း)။ ဒီနေ့မှန်လို့ မနေ့က မှားတယ်လို့ မထင်နဲ့၊ မနေ့ကမှန်လို့ မနက်ဖြန် မမှားတော့လို့လည်း မယူဆနဲ့။ ဗုဒ္ဓဘုရားဟော အစဉ်ပြောင်းလဲပျက်ဆီး၊ မမြဲခြင်း သင်္ခါရတရားကို အမှတ်ထင်ထင် ရှိကြကုန်။ (ဤကား ဂုရုကြောင်ကြီး၏ အမှာစကားတည်း။ ဒန်တန့်တန်….)

ရှေးဟောင်းသုတေသနပညာရှင်များ ချွန်ထက်သောအစွယ်ရှိ သက်သတ်လွတ်စား သတ္တဝါကို ဖော်ထုတ်တွေ့ရှိ

အသီးအရွက်စား ချွန်ထက်သောအစွယ်ရှိ သတ္တဝါရုပ်ကြွင်းကို ရှာဖွေတွေ့ရှိလိုက်လို့ သိပ္ပံပညာရှင်များ အလန့်တကြား ဖြစ်ကုန်သည်။ ခွေးကြီးတကောင်အရွယ်ရှိ အရွက်စားတိရစာ္ဆန်သည် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၆ဝလောက်က ဘရာဇီးနိုင်ငံ တည်ရှိရာ နေရာမှာ နေထိုင်ခဲ့တယ်လို့ သောကြာနေ့ထုတ် သိပ္ပံဂျာနယ်တွင် ဖော်ပြသည်။ ၎င်းသတ္တဝါ၏ ခွေးစွယ်လို အပေါ်ဖက်သွားချွန်သည် ငါးလက်မနီးပါးရှည်သည်။
ယင်းကဲ့သို့ ကြီးမားသော သွားများသည် သားကောင်များကို ဖမ်းဆီးသတ်ဖြတ်ရန်ဖြစ်ပြီး အသားစား သတ္တဝါများ၏ အမှတ်အသားအဖြစ် မကြာခဏ ပြောဆိုကြသည်။
အပင်စား သတ္တဝါများသည် ဧရာမခွေးစွယ်လို သွားချွန်များကို တကောင်နှင့်တကောင် တိုက်ခိုက်ရန် (သို့မဟုတ်) ရန်သူများမှ အကာအကွယ်ပြုရန် အသုံးပြုသည်။ ဥပမာ – ဆင်စွယ်ကဲ့သို့ သွားအစုံလိုက်ရှိသော ဒရယ်ကြီးများသည် နယ်မြေ၊ အမအဖော်၊ အရင်းအမြစ်လုသော တိုက်ပွဲများတွင် အသုံးပြုသည်။
ဒီဖြစ်ရပ်များဟာ တဦးချင်းရှင်သန်မှုနဲ့ မျိုးနွယ်စိတ်တခုအောင်မြင်ဖို့ အလွန်အရေးကြီးသည်။ သဘာဝ တရားသည် ဘဝရှင်သန်နေထိုင်ရန် လုပ်စရာများကိုု ပြုလုပ်ရန် ထူးထူးခြားခြား တီထွင်ဖန်တီးပေးထားကြောင်း ယခုတွေ့ရှိချက်က ပြသလိုက်သည်။
ခွေးစွယ်လို သွားချွန်မျိုးအပြင် အသစ်တွေ့ရှိထားသော Tiarajudens eccentricus (tee-AH-ruh-HOO-denz ek-SIN-trik-us) တိရစာ္ဆန်၏ ပါးစပ်ထိပ်ပိုင်းတွင် အစာများချေဝါးရန် သွားအတန်းလိုက်ရှိသည်။ အောက်ဖက်မေးရိုးသည် ပြည်စုံခြင်းမရှိသော်လည်း အလားတူ သွားအတန်းဖြစ်မည်ဟု မျှော်လင့်ရသည်။
Tiarajudensသည် anomodonts အမည်ရ နို့တိုက်တွားသွားသတ္တဝါအုပ်စု၏ တစိတ်တပိုင်းဖြစ်ပြီး သူတို့ခေတ်ကာလတွင် အပင်စားသုံးသော အဓိက သတ္တဝါဖြစ်သည်။
ယခုစူးစမ်းလေ့လာအောင်မြင်မှုသည် ရှေးဟောင်းတိရစာ္ဆန်များ၏ အစောပိုင်းသွားများ ကွဲပြားချက်၊ အပင်စားသတ္တဝါ ပြောင်းလဲမှုဖြစ်စဉ်နှင့် ၎င်းတို့၏ ခက်ခဲရှုပ်ထွေးသော အချင်းချင်း ဆက်ဆံရေးတို့အတွက် ပဓါနကျသော ထူးခြားပြောင်မြောက်သည့် တွေ့ရှိချက်ဖြစ်သည်ဟု ပြင်ပပညာရှင်တဦးက မှတ်ချက်ပြုသည်။
ခွေးစွယ်လိုချွန်တဲ့သွားများရဲ့ ပြောင်းလဲမှုဖြစ်စဉ်သည် အပင်စားတိရစာ္ဆန်တွင် မဖြစ်နိုင်လောက်အောင် အလွန်အမင်း တွေ့ရခဲသည်။
သူတို့သည် အသစ်တွေ့ရှိသော anomodonts သတ္တဝါအုပ်စုဝင်ဖြစ်ပြီး Gondwana အမည်တွင်တဲ့ ရှေးခေတ် တောင်ပိုင်းတိုက်ကြီးတွင် နေထိုင်ခဲ့ကြသည်။ ယနေ့ကမာ္ဘ၏ သီးခြားတိုက်ကြီးများအဖြစ် ကွဲထွက် မဖွဲ့စည်းစဉ်က Gondwana သည် ယခု အနာ္တတိက၊ တောင်အမေရိက၊ အာဖရိက၊ မဒက်ဂက်စကားနိုင်ငံနှင့် ဩစတေးလျတိုက်တို့ တည်ရှိရာ နေရာတွင် ပါဝင်ခဲ့သည်။

သဂျီးရေ ဖတ်ဖတ် ..

နောက်မကျသေး ပြင်ပြင် …

သက်သတ်လွတ် စားစား ….

ရှေးဘဝနောက်ဘဝ ရှိရှိ …..

အဘိညာဉ်တန်ခိုး ဟုတ်ဟုတ် ……

သိပ္ပံရုပ်ဝါဒ လွဲလွဲ …….

အရေးတော်ပုံ ……..

အောင်ရမည် (၃ကြိမ်) ………

Archaeologists discover saber-toothed vegetarian

By RANDOLPH E. SCHMID, AP Science Writer Randolph E. Schmid, Ap Science Writer – Thu Mar 24, 7:04 pm ET

http://news.yahoo.com/s/ap/20110324/ap_on_sc/us_sci_saber_tooth_vegetarian

WASHINGTON – Surprised scientists have discovered the remains of a saber-toothed vegetarian. The leaf-crunching animal — about the size of a large dog — lived 260 million years ago in what is now Brazil, researchers report in Friday’s edition of the journal Science. Its upper canine teeth were nearly 5 inches long.
Such large teeth are more often the mark of a meat-eating animal, used to capture and kill prey.
The enormous canines were likely used by the plant-eating animals to fight each other or protect against predators, said research leader Juan Carlos Cisneros of the University of Piaui in northeastern Brazil.
For example, they might have fought for territory, resources or females, like the modern musk deer, which also have a pair of large, tusklike teeth, he said via email.
“These situations are extremely important for the survival of an individual and the success of a species,” he said. Discovering animals like this “shows us how nature is extremely creative in providing solutions for several life tasks.”
In addition to its saber shaped fangs, the newly discovered animal named Tiarajudens eccentricus (tee-AH-ruh-HOO-denz ek-SIN-trik-us) had rows of teeth on the roof of its mouth for chewing, the researchers said. The lower jaw was incomplete, but they expect it would have had similar rows of teeth.
Tiarajudens was part of a group of animals known as anomodonts, sometimes called “mammal-like reptiles” and a major plant eater of their time.
The discovery provides novel insights into early tooth differences in these ancient animals and the evolution of plant eating and its complex social interactions, commented Joerg Froebisch of Humboldt University in Berlin, who was not part of Cisneros’ research team.
The evolution of saber teeth is exceedingly uncommon in plant-eating animals, said Froebisch, calling the canines in the Brazilian anomodont “extraordinary.”
He said the animal seems to belong to a new, unusual group of anomodonts that lived on the ancient southern supercontinent now called Gondwana. Before drift formed the present continents, Gondwana included what is now Antarctica, South America, Africa, Madagascar and Australia.

9 comments

  • nigimi77

    March 26, 2011 at 2:58 am

    ကိုကြောင်ကြီး တော့ သွားရှာပြီ….။ အမျှအမျှ……..

  • ဆူး

    March 26, 2011 at 3:06 pm

    ရုပ်ဝါဒ သမား တယောက် အနေနဲ့ တကယ် လက်တွေ့ ထူးခြားဆန်းပြား မြင်ကွင်း လေးတွေ မြင်ခဲ့တာတွေ ပိုစ်တင်ပေးမယ်။ နေပြည်တော် တနေ့က သွားတော့ ရွာပတ်ရင်း ဘိုးတော် တယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒါလေး ဖောက်သည်ချပြိး ပိုစ်တင်ပေးမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2011 at 4:24 pm

    ကိုကိုကြောင်ကတော့
    နှစ်လုံးထည်းနဲ ့ဘောင်းဘီကျပ်နေပြန်ပါပကောလား
    အစွယ်ဆိုတာ အသားဝါးဘို ့လို ့ပြောတာက
    ရုပ်ဝါဒရဲ ့အမြင်မဟုတ်ဘူးလား
    နာမ်ဝါဒမှာက အစွယ်ကို သွားလို ့ဘဲဖွင့်ဆိုပြီး အရိုးလို ့သင်္ခ ါရနဲ ့ပြန်သုံးသပ် နှလုံးသွင်းတဲ့အတွက်
    သုံးဆယ့်နှစ်ကွတ်ထာ အနိစ္စ ဆီကို ပြန်လည်တယ်လေ
    ဆိုတော့ကာ
    ကိုယ်က နာမ်ဝါဒ ဘက်ကနေရပ်တည်နေပါလျှက်
    အစွယ်ဆိုတာ အသားဝါးဘို ့ဆိုတဲ့ ရုပ်ဝါဒ ကိုလက်ကိုင်ထားနေတယ် ဆိုတော့ဂါ

  • Gong Zhu

    March 26, 2011 at 5:15 pm

    nigimi77 … အမျှကို ဘာလို့ သုံးခါမဝေတာလဲလို့ … ( ကန်တော့နော် ) တစ်ကြိမ်ပေါင်း အမျှ

  • kai

    March 26, 2011 at 10:43 pm

    ဪ..
    မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ .. သတ္တဝါအကြောင်းပြောပြတာကိုး..။
    မှတ်ထားကြနော… သဘာဝကို ဆန့်ကျင်ရင်.. အဲဒီလိုပဲ..မျိုးသုဉ်းပျောက်ကွယ်လိမ့်မယ်..။
    လူသတ္တဝါလည်း..ဒီအတိုင်း လုပ်ရင်..ဒီအတိုင်းဖြစ်မယ်တဲ့..။
    ကိုရင်ကြောင်ကြီး..ဘာသာပြန်တာနော..။ 🙂
    (ဤကား.. လဲကျနေရာမှ ..အောက်ပိုင်းကို ကန်ကာ.. ပွဲသိမ်းလိုက်သော.. မြန်မာ့ဗန်တိုသိုင်း၏တိုက်ကွက်တည်း..။)
    ္ပ္ပ့

  • လူတွေရဲ့သွားဖွဲ့စည်းပုံနဲ့ နွားတွေရဲ့ သွားဖွဲ့စည်းပုံ၊ အခြားသော .. သတ္တဝါများစွာရဲ့ သွားဖွဲ့စည်းပုံကို ကျောင်းနေစဉ်တုန်းက လူတိုင်းသင်ကြားခဲ့ဖူးပြီးသားမို့ သိပ်ပြီး အကျယ်တစ်ဝင့် မပြောလိုတော့ပါဘူး။ ဒီတော့ လူဆိုတာ အစုံစား သတ်တဝါတစ်မျိုးပဲဆိုတာ လူတွေရဲ့သွားဖွဲ့စည်းပုံတွေအရ လေ့လာသိရှိရပါတယ်။ အမှန်တစ်ကယ်လဲ (လက်တွေ့ပိုင်းအရ) မှန်ကန်ခိုင်မာမှုရှိကြောင်းကို လူတိုင်းနီးပါးသိပါတယ်။ ဒီတော့ ကိုကြောင်ကြီးပြောခဲ့တဲ့ အမျိုးအနွယ်တွေက ကိုခိုင်ပြောသလို သဘာဝက ဖန်တီးပေးထားတဲ့အတိုင်း မနေနိုင်လို့ မျိုးသုဉ်းပျောက်ကွယ်သွားတယ်ဆိုတာ ကိုယ်တိုင် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ဝန်ခံထားသလိုပါ။

    ဆိုတော့ကာ အသားစားခြင်း၊ မစားခြင်းအကြောင်းက အဓိက အကြောင်းအရာလို့ မဆိုနိုင်ပါဘူး။ လူတွေမှာ ကျောက်ခေတ်က ထွန်ယက်စိုက်ပျိုးစားသောက်တဲ့ အတတ်ပညာကို မသိလို့ အသားပဲရှာစားခဲ့ကြတာပါ။ တစ်ဖြည်းဖြည်းနဲ့ လူသားတွေ အသိဉာဏ်မြင့်တက်လာတော့ ယဉ်ကျေးမှုတွေပါ အတူယှဉ်တွဲမြင့်တက်လာကြပါတယ်။ ဒီတော့ အသား စားခြင်း/ မစားခြင်းအကြောင်းကို 3 AD လောက်ကတည်းက ကျယ်ကျယ်လောင်လောင် ငြင်းခုန်လာခဲ့ကြတာ ခုချိန်တိုင်အောင်ပဲလို့ ထင်ပါတယ်။

    ပြောရမယ်ဆိုရင် ဒီအကြောင်းကို ဒီနာမည်(အသားစားခြင်း) ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆွေးနွေး ငြင်းခုန်နေမယ့်အစား အသက်တစ်ခု ဖြစ်တည်မှုအတွက် စာနာမှုများမွေးမြူခြင်းလို့ ဆွေးနွေးကြရင် မကောင်းပေဘူးလား။

    စကားချပ်-
    (ဤကား ဖြောင့်လက်သီးတည်း။)

    • bigcat

      March 27, 2011 at 1:53 am

      ခက်တော့နေပြီ ရွာသားတို့…
      ဘုရားပွင့်ကာစ သာသနာခေတ်ဦးမှာ သံဃာတွေအားလုံး အကျင့်သီလပညာနဲ့ ပြည့်စုံလို့ ဝိနည်းနည်းနည်းလေးပဲ ထားတယ်။ သာသနာပြန့်ပွားပြီး လူအများအပြား သာသနာထဲဝင်လာတဲ့အခါ အုတ်ရောရော ကျောက်ရောရောဖြစ်ကုန်လို့ ဝိနည်းအသစ်တွေ ထုတ်ရင်းထုတ်ရင်းနဲ့ ဝိနည်းငါးကျမ်းတောင် ဖြစ်သွားတယ်။ ဝိနည်းပိုင်းလိုက်နာမှုမှာလည်း ယှဉ်မရလောက်အောင် အားနည်းလာပြီ။
      အရက်သေစာ သောက်စားခြင်း အလေ့အထ သိပ်မထွန်းကားခဲ့တဲ့ မြန်မာပြည်မှာလည်း ပြောင်းလဲသွားတဲ့ခေတ်ကြောင့် လဘက်ရည်ဆိုင် ယဉ့်ကျေးမှုကနေ ဘီယာဆိုင်၊ အရက်ဘား ယဉ်ကျေးမှု စတင်အမြစ်တွယ်နေပြီ။ အရင်က လူလတ် လူကြီးများသာ သောက်သုံးရာကနေ အခုဆိုရင် လူငယ် ယောက်ျားလေး မိန်းခလေးတွေပါ မှီဝဲသမှု ပြုကုန်ကြပြီ။
      ဒီလိုပြောင်းလဲမှုတွေသည် အရင်ကရှိတဲ့ ယဉ်ကျေးမှု ပညတ်ချက်တွေ မမှန်လို့ဖြစ်တာလို့ ပြောရင် တရားနည်းလမ်း ကြပါ့မလား။ စဉ်းစား စဉ်းစား………ပြောင်းလဲခြင်းသဘောတရား….. (ဤကားသေနတ်ဖြင့် အသေပစ်ခြင်းတည်း)

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 27, 2011 at 5:55 am

    မဖြစ်ဘူး
    မဖြစ်ဘူး
    သတ်သတ်လွတ်စားတဲ့ ဆရာကြီးက
    သေနတ်နဲ ့လိုက်ပစ်နေတယ်
    လစ်မှ..
    ဒက်ဂလောက်
    ဒက်ဂလောက်

  • nigimi77

    March 27, 2011 at 1:38 pm

    ကိုရင်အောင်ပု ခင်ဗျား အမြီးဆွဲပြီး ကျုပ်ပါ လစ်ပီဗျို ့။

Leave a Reply