မင်းသမီးကြီး အက်လစ်ဇဘက် တေးလာ ကွယ်လွန်

mGMarch 26, 20111min1184

ဂန္ဓဝင် ရုပ်ရှင်မင်းသမီးကြီး အသက် ၇၉နှစ်ရှိပြီဖြစ်တဲ့ အက်လစ်ဇဘက် တေးလာ ဟာ မတ်လ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျယ်လစ်မြို့ စီဒါ စိုင်နိုင် ဆေးရုံမှာ ခြောက်ပတ်ကြာ ဆေးကုသမှု ခံယူပြီး ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

လှပချောမောပြီး လိင်ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသမီး၊ စိတ်ဆတ်တဲ့သူ၊ သွက်လက်ဖြတ်လတ်တဲ့သူ၊ အိမ်ထောင်ဆက်တွေ များတဲ့သူ စသဖြင့် နာမဝိသေသနပေါင်း များစွာနဲ့ နာမည်ကြီးခဲ့တဲ့ တေးလာဟာ အော်စကာ အကယ်ဒမီဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၆ဝ ခုနှစ်တွေတုန်းက ကလီယိုပတ်ထရာ၊ ဘတ်တားဖရီဒ်အိတ်၊ ဟူးစ်အဖရိတ်အော့ဗာဂျင်းနီးယားဝုဖ် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။

သူမ အောင်မြင်ကျော်ကြားခဲ့တဲ့ အချိန်တုန်းကတော့ ကမ္ဘာ့အလှဆုံး အမျိုးသမီး လူတိုင်း အဖြစ်ချင်ဆုံးနဲ့ အလိုချင်ဆုံး အမျိုးသမီးတယောက် အဖြစ်နဲ့လည်း အောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပြင် လူမှုအကျိုးဆောင် လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ သူတယောက် အနေနဲ့လည်း လူသိများကြပါတယ်။

လိင်တူချင်းချစ်တဲ့ သူတွေအတွက် အက်လစ်ဇဘက် တေးလာဟာ မမေ့သင့်တဲ့ သူတယောက် ဒါမှမဟုတ် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တယောက်အနေနဲ့ အသိမှတ်ပြုသင့်တဲ့ သူတယောက် ဖြစ်တယ်လို့ amFar လူမှုအကျိုးဆောင် အဖွဲ့ကလည်း ပြောကြားခဲ့ပါတယ်။

တေးလာဟာ လူတော်တော်များများက အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် အကြောင်းကို အများပြည်သူအရှေ့မှာ ပြောဖို့မသင့်တဲ့ အကြောင်းအရာလို့ သတ်မှတ်ခဲ့တဲ့ အချိန်ကာလမှာ “ကျမကတော့ ဒီအကြောင်းကို နှုတ်ပိတ်ပြီး ငြိမ်မနေနိုင်ဘူး။ ဒါလူတိုင်း ဝိုင်းဝန်းပြီး တိုက်ဖျက်ရမယ့် ရောဂါဆိုးပါ” ဆိုပြီးတော့ သတ္တိရှိရှိ ဖော်ထုတ်ခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။

အဲဒီနောက် သူချစ်ရတဲ့ သူငယ်ချင်း ရွတ်ဟဒ်ဆန် အိတ်ချ်အိုင်ဗွီနဲ့ သေဆုံးပြီးချိန်မှာတော့ တေးလာအေအိုင်ဒီအက်စ် ဖောင်ဒေးရှင်း တစ်ခုကို ထူထောင်ခဲ့ပြီး အိတ်ချ်အိုင်ဗွီရောဂါသည်တွေကို ကူညီပံ့ပိုး ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီ အဖွဲ့အစည်းဟာ အမေရိကန် ဖောင်ဒေးရှင်းဖော် အေအိုင်ဒီအက်စ်အမ်ဖား ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အစပြုခဲ့တဲ့ လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Source: http://edition.cnn.com

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2011 at 4:08 pm

    လင်များတာမများတာကတော့
    ကိုယ်ရေးကိုယ်တာကိစ္စပါ
    ပရဟိတ အလုပ်တွေလုပ် တာအတွက်ကတော့
    ဂုဏ်ယူစရာကောင်းလှပါတယ်
    ဒါနဲ ့ဒေါက်တာမောင်တစ်ယောက် မတွေတာတောင်အတော်ကြပါပေါ့လား
    A ကန္တ လွှတ်တော်ထဲမှာ
    နိုင်ငံရေးအကျဉ်းသားတွေ အကြွင်းမဲ့လွှတ်ပေးဘို ့သွားအော်နေတယ်ထင်တယ်
    🙂 🙂 🙂
    သဂျီးကို အဖော်ခေါ်သွားလေ
    ဆန်ရှင်ဖွင့်ပေးဘို ့ အင်အားသွားပြဂျဘို ့ဂိုလေ

  • maungmoenyo

    March 28, 2011 at 12:10 am

    စက်ရပ်သတင်း————မောင်မိုးညိုတယောက်မနဲကြီးကို နှာနှပ်လိုက်ရကြောင်းပါ….။

  • ဆူး

    March 28, 2011 at 4:15 pm

    တွေးတာ မမှားဘူးဆိုရင် ဦးမိုးညို က ဆူး အဖေ အရွယ်လောက် ရှိမယ် အဖေတို့ ခေတ်က သဘောကျကြတဲ့ မင်းသမီးတွေ ထဲမှာပါနေလို့။

  • maungmoenyo

    March 29, 2011 at 3:17 am

    ကိုယ်ဖြစ်ကိုယ်ခံပေါ့နော်…ဟုတ်ပ၊ ခုထိထမင်းမစားနိုင်သေးဘူး…သူလေးဆုံးကတည်းက…..ဆူးတို့လိုသမီးအရွယ်တွေရဲ့ဗဟုသုတဟင်းလေးအိုးထဲမှာ Liz တို့ရှိနေသေးတယ်ဆိုတော့ ဝမ်းသာရတာပေါ့။
    လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ရုပ်ရှင်းမင်းသမီးကြီး ခင်သန်းနု ကသူ့ထက်ဝက်လောက်ငယ်သူကိုယူသွားတယ်ဆိုတာကြားတုံးကလဲ
    မောင်မိုးညိုတို့တသိုက်ဓါတ်ပျက်ကြသေးတယ်လေ…။

Leave a Reply