သဘာဝတရားမှာ ထိန်းညှိခြင်း သီးသန့်ရှိတယ်..။ ဂေဟစံနစ်တမျိုးခေါ်ချင်ခေါ်ပေါ့..။

အဲဒီစံနစ်အရ… ကောလဟလ ကြိုက်တဲ့လူတွေ အများစုနေကြရ ဒေသ၊နိုင်ငံဖြစ်ရင် ကောလဟလ တွေမရပ်မနားထွက်လာတတ်တယ်..။

ဂမ္ဘီရတွေ.. သဘာဝလွန်တွေ..နှစ်သက်ကိုးကွယ်သူများရင် မှားတဲ့အတွေးအခေါ်တွေပို့ ချသင်ပြတဲ့ ဘိုးတော်နတ်ကတော်ဘုန်းကြီးတွေ များလာတတ်တယ်..။

တဦးဦး..တဖွဲ့ တစု… တဂိုဏ်းက .. ပြောသမျှလုပ်သမျှကို .. ဝေဖန်ဆန်းစစ်တာမရှိပဲ.. လက်ခံနေရသူများလာရင်.. လူတန်းစားအလွှာတွေ ကွာဟမှုကြီးလာတတ်တယ်..။

သစ္စာဆိုတာအမှန်တရားပဲ..။ အမှန်တရားက လွဲချော်လာပြီဆိုရင်.. ပျက်စီးခြင်းဆီဦးတည်တယ်..။ ဒါက သဘာဝရဲ့ထိမ်းငြိခြင်းပဲ..

ဆိုတော့… ကောလဟလတွေ ထွက်တာများရင်.. ကောလဟလကအမှန်တရားဖြစ်တာနည်းရင်.. အဲဒါကို လက်ခံသူများတဲ့နယ်၊ဒေသ နိုင်ငံဟာ ပျက်စီးခြင်းကို ဦးတည်လာတယ်..။

မှားယွင်းတဲ့အတွေးအခေါ်တွေ လူတွေကျင့်ကြံအားထုတ်ကြတာများရင်.. အမှားအယွင်းလုပ်တာတွေများပြီး .. အဲဒီလူတွေစုနေတဲ့ အသိုင်းအ၀ိုင်း.. ယဉ်ကျေးမှု.. နိုင်ငံ ..ပျက်စီးခြင်းစီဦးတည်တယ်..။

လူတန်းစားကွာဟတာများလာရင်… အာဏာရှင်အုပ်ချုပ်မှုပုံသဏ္ဍန်ရှိတဲ့ အစိုးရလက်အောက်မှာ နေကြရတော့တယ်..။

ကလေးအသေအပျောက်နှုံးမြင့်တက်လာရင်..။ လူတွေရဲ့သက်တန်းအသက်တွေတိုလာရင်..။ လူတွေရဲ့ ဘုန်းကံ တန်ခိုးတွေကျလာရင်..။ သဘာဝဘေးအန္တရယ်ကျတာများလာပြီး ကျတိုင်း လူအသေအပျောက်တွေများလာရင်..။ ဒါတွေ..ဒါတွေကို .သဘာဝတရားရဲ့ သတိပေးချက်လို့ မှတ်ယူသင့်တယ်..။ မှားတဲ့လမ်းကို လျှောက်တဲ့သူများနေပြီဆိုတာ.. လောကပါလနတ်မင်းတွေ.. သတိပေးပြောပြနေပြီ လို့ မှတ်နိုင်ပါတယ်..။

ဒါဟာ.. သစ္စာနဲ့..သစ္စာရဲ့တန်ခိုးသတ္တိပဲ..။ အမှန်တရားဖက်ကနေ .. သဘာဝရဲ့ထိန်းညှိပေးခြင်းပဲ..။

ဒီသတိပေးချက်ကို .. လက်မခံပဲနေသူတွေများရင်… မျက်စိစုံလုံးပိတ်ပြီး ..မိမိတို့သာမှန်နေဆဲပဲအော်နေရင်… အဲဒီလူတွေများတဲ့ အသိုင်းအ၀ိုင်း၊ ဒေသတိုင်းပြည်ဟာ .. (Failed State )ကျဆုံးသောတိုင်းပြည်ဆီဦးတည်သွားတော့တယ်..။

ဒီလိုသဘာဝရဲ့သတိပေးချက်ကို .. ဘာအစွဲမှမပါပဲ ကြည့်ချင်ရင် .. အချက်အလက် Factsနဲ့ကြည့်ရပါတယ်..။ အင်္ဂလိပ်လိုမှာတော့ .. ပြောစကားတခုရှိတယ်..။ ကြောက်ရွံချင်းနဲ့ နိုင်ငံရေးကင်းပြီး အချက်အလက်နဲ့ကြည့်ရတယ်တဲ့..။

အချက်အလက်နဲ့ကြည့်တယ်ဆိုတာ.. ဒေတာတွေ၊ ကိန်းဂဏန်းတွေနဲ့ ကြည့်တာ ဆုံးဖြတ်တာကို ခေါ်တာပါ..။ ဥပမာ.. မြန်မာပြည်ချမ်းသာသလားကြည့်ချင်ရင်.. ဂျီဒီပီ(လူတွေရဲ့ ကုန်ထုတ်စွမ်းအား)ဂဏန်းတွေကြည့်တာမျိုးပေါ့..။

လူတွေ ပျော်နေသလား စိတ်ချမ်းသာနေသလားသိချင်ရင်.. စံညွှန်းကိန်းတွေနဲ့တိုင်းတာတာမျိုးပေါ့..။ ရှေးကတည်းက လူသားတိုင်းလက်ခံထားတဲ့ ဆိုရိုးတခုကတော့.. ဂဏန်းတွေဟာ မလိမ်ပါဘူးတဲ့လေ..။

ဆိုတော့ ..နည်းပညာ..အင်ဂျင်နီယာရင်းနဲ့ပြောရရင်တော့ .. reverse engineering နည်းနဲ့ အဖြေထုတ်တာပါ.၊ ဥပမာ.. ဂဏန်းတွေကမလိမ်ဘူးဆိုတာလက်ခံရင်..ဂဏန်းတွေ.အချက်အလက်တွေကနေ.. ဘာမှားခဲ့သလည်း..ပြောင်းပြန်ရှာကြည့်တာမျိုးပေါ့..။

ကဲ.. စဉ်းစားဝေဖန်သုံးသတ်ကြပါဦး..။ မြန်မာပြည် ဘယ်မှာနေသလဲ.. ဘာတွေလုပ်သင့်သလဲ.. ဘာတွေမှားနေသလဲ ..ဆိုတာ..။

kai

About kai

Kai has written 979 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.