ကချင်ပြည်နယ်သွား တောလား

Mg OggaMarch 27, 20111min55

ကချင်ပြည်နယ် ကို လေ့လာရေးခရီးသွားဖို့ ကျွန်တော်ပါဝင်ခွင့် ရလိုက်တော့ ပျော်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကချင်ပြည်ကို တစ်ခေါက်ရောက်ဖူးခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်ကိစ္စနဲ့ MMRD က ဝန်ထမ်းတွေနဲ့ ကိုညီလင်းဆက်၊ ကိုယောသားတို့နဲ့ အတူသွားခဲ့ ဖူးတယ်။ အခုတစ်ခေါက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ် ကွန်ရက် အစီစဉ်နဲ့ ဒေသအသီးသီးက အခြေခံ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို သွားရောက်လေ့လာအတုယူပြီ်း ကိုယ့်ဒေသက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ  ပြန်လည် အသုံးချလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။

ကျွန်တော်နဲ့အတူ ဗုဒ္ဓဘာသာလူငယ်အစီစဉ်ရဲ့ သင်တန်းတာဝန်ခံ ပပ၊ ကရင်ပြည်နယ်က နော်သိန်းသန်းထွေး၊ ဧရာဝတီတိုင်း ဒေးဒရဲက သန့်ထွဋ်ဦး၊ ကယားပြည်နယ် လွိုင်ကော်က နှင်းအိသွယ်၊ ဒီးမော့ဆိုက ကြည်သာဝင်း၊ ဖယ်ခုံက ခွန်းထွန်းလွင်၊ မိုးဗြဲက ခွန်းမျိုးအောင်၊ ကွတ်ခိုင်က နန့်စိုးစန္နာ၊ မန ္တလေး က ဝေဖြိုးအောင် ကျွန်တော်ကတော့ ရန်ကုန် ကိုယ်စားပြုပေါ့။ ဒေသအသီးသီးက ဗုဒ္ဓဘာသာ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူသွားခဲ့ရတဲ့ ခရီးဆိုတော့ ပျော်လည်းပျော် ရင်လည်းခုန်တယ်။ဒီလိုနဲ့ မနောမြေကို ကျွန်တော် ဒုတိယံပ္မိ ရောက်ခဲ့ပြန်တယ်။

1/10/2010

ကျွန်တော်တို့ အားလုံး မန္တလေးမှာ ဆုံတွေ ကြပြီး မန္တလေးကနေ မြစ်ကြီးနား ရထားစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်ကို ခဏဝင်ကြမယ်။ အင်း… မြစ်ကြီးနားရထား စီးရမှာတော့ ခပ်လန့်လန့်ပဲ ကျွန်တော်တို့ ထဲမှာ ရထား တစ်ခါမှမစီးဖူးတဲ့ သူငယ်ချင်းတွေ ပါတယ်။ မြစ်ကြီးနား ရထားကတော့ ဆိုးဝါးမှန်း ကျွန်တော် အရင်ထဲက သိထားတော့ သူငယ်ချင်းတွေ ရှော့ မရအောင် ကြိုပြောထားရတယ်။ (ပထမတစ်ခေါက် ရထားစီးရတဲ့ အတွေ အကြုံကို သိချင်ရင် ဒီမှာဖတ်)

ဒါပေမယ့် မန္တလေး ကချင်နှစ်ခြင်း အသင်းတော်က ကူညီပေးလို့ အထက်တန်း လက်မှတ်မရပေမဲ့ ပထမတန်း လက်မှတ်ရတယ်။ အရင်တစ်ခေါက်က ရိုးရိုးတန်းဆိုတော့ အခုအခေါက်က အရင်အခေါက်ထက်စာရင် အများကြီးသက်သာလှတယ်။ ဒါတောင် အချို့ သူငယ်ချင်းတွေ အတော်ပင်ပန်းကြတယ်။

မန္တလေးကနေ နေလည် ၁၂နာရီမှ စထွက်တယ် ရထားက ထူးဆန်းစွာ အချိန်မှန်မှန် ထွက်လို့ ကျွန်တော် အံဩမိတယ်။ မြစ်ကြီးနား ရထားကို အကြိမ်းပေါင်းများစွာ စီးဖူးပေမဲ့ တစ်ခါမှ အချိန်မှန်မှန်ထွက်တာ မကြုံဖူးဘူး။ ဒီလိုနဲ့ ည ၁၂နာရီ လောက်မှာ အင်းတော်ကို ရောက်တယ် ပုံမှန်ဆိုရင် ၁ဝနာရီးလောက် ရောက်ရမှာ ၂နာရီ နောက်ကျပြီး ဝင်တယ် မဲဇာ ဘုံချောင်းနားမှာ ရထားလမ်း ပျက်နေလို့ ဖြေးဖြေး မောင်း ရလို့ နောက်ကျ တာတဲ့ အထွက် အချိန်မှန်ပေမဲ့ အဝင်တော့ ရိုးရာမပျက် နောက်ကျတယ်။ ထူးခြားဖြစ်စဉ်လို တော့ မထင်မိပါ။

2/10/2010

အင်းတော်ဘူတာမှာ မေတ္တာဖွံဖြိုးရေးဖောင်ဒေးရှင်းက ဆရာ ဇကရော်ဆန်း နဲ့ နားခါ ကျေးရွာ က ရွာခံတွေ လာကြိုကြတယ်။ ၂မိုင်လောက် လမ်းလျှောက်ပြီး နားခါ ကျေးရွာကို ရောက်တယ်။ ရောက်ရောက်ချင်း ရွာခံတွေက ဆန်ပြုတ် နဲ့ဧည့်ခံကြတယ်။ဖော်ဖော်ရွှေရွှေရှိလှတယ်။ အင်းတော်မှာ တောင်သူ လယ်ကွင်းကျောင်း( Farmer Field School(FFS)) ကို အဓိကလေ့လာဖို့ ပါ။

နားခါကျွေးရွာက ကနန်းဆိုတဲ့ လူမျိုးတွေအများဆုံးနေထိုင်ကြ တကောင်း၊အင်းတော်၊ကသာ၊ဗန်းမောက် ဘက်မှာ ဂဒူး၊ကနန်း လူမျိုးတွေ အများဆုံးနေထိုင် ကြတယ်။ မြန်မာအစ တကောင်းကလို့ မှတ်ယူတယ်ဆိုရင် ဂဒူး ကနန်း လူမျိုးတွေဟာ မြန်မာ အစလူမျိုးတွေလို့ ဆိုရမလားပဲ ။ ဒါပေမယ့်ပြောတဲ့ စကားကတော့ ကချင် စကားနဲ့ အတော်လေး ဆင်တူတယ်။ သူတို့ကတော့ ပျူလူမျိုးတွေ ကနေ ဆင်းသက်လာတာလို့ ပြောကြတယ်။

နားခါကျေးရွာက တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်တွေချဥ