12 comments

  • MaMa

    August 17, 2011 at 6:33 am

    ရွှေမင်သားရယ်- ဓာတ်ပုံကို စာလေးနည်းနည်းလောက် ဖြည့်စွက်ပေးရင် ပိုကောင်းသွားမယ်။ ရွှေမင်းသားဓာတ်ပုံမို့ ကြည့်လိုက်ပါတယ်။ ရွာထဲကနေ ဘယ်မှမရောက်ဖူးတဲ့လူကို ဓာတ်ပုံပဟေဠိ အဖြေညှိခိုင်းသလို ဖြစ်နေတယ်။
    🙂

  • mr.lone

    August 17, 2011 at 8:27 am

    သာယာလှပသော မြင်ကွင်းလို့မပြောပဲ အထီးကျန်ဆန်သောမြင်ကွင်းဆိုပိုမှန်လိမ့်မယ်နဲ့တူတယ်နော်။
    ရေပြင်အပြာကြီးရယ် ဂန္တာရလို သစ်ပင်တစ်ပင်မှမရှိတဲ့တောင်ကုန်းတွေရယ် ကားကလည်း တစ်စီးတည်းရယ်
    အထီးကျန်နေသလိုပဲ … နောက်ပြီး အင်္ဂလိပ်ကားထဲကလို လူသတ်ကောင်တွေ ထွက်လာရင်ဘယ်လိုလုပ်
    မလဲ …. ဒါပေမယ့် ဟိုးဝေးဝေးမှာတော့ ရေခဲတောင်ကြီးလားမသိဘူး။ ရေခဲတောင် လူသတ်သမားကား
    ကြည့်ဖူးလား …. ဟိဟိ … နောက်တာနော် … … 🙂

  • pan pan

    August 17, 2011 at 9:21 am

    ဟိုးဝေးဝေးကဟာက ရေခြတောင်ကြီးဆိုရင်
    ရေခဲတောင်ကြီးရယ်
    အပင်တစ်ပင်မှမပေါက်တဲ့ တောင်ကုန်းတောင်တန်းတွေရယ်
    အလယ်က မြစ်လားချောင်းလား ပြာပြာကြီးရယ်
    ဓါတ်ပုံအောက်ဆုံးက ရွက်ကြွေတွေလား ဘာတွေလဲမသိ (ရွက်ကြွေဆိုရင်လည်း သစ်ပင်မှမရှိတာ)
    ပြီးတော့ ကားလမ်းလည်းပါသေးတယ်
    ဘယ်လိုဆက်စပ်တွေးရပ့ါ

  • fatty

    August 17, 2011 at 10:01 am

    ရွှေမင်းသား မအားတဲ့ကြားက ထင်ပေးတာကျေးဇူးပါ။ ပြည်တွင်းက scene shots တွေတင်ရင်သိပ်ကောင်းမှာဘဲ …။ ကျနော်တော့ အဲဒီလမ်းကြီးတလျှောက် အပြေးလေ့ကျင့်ရရင်
    ဗိုက်တော်တော်ကျသွားမယ်လို့ စိတ်ကူးယဉ်မိတယ် …။

  • weiwei

    August 17, 2011 at 10:07 am

    တိဗက်ဒေသက ကျောက်စိမ်းရေကန်ပါ … နမ်ဆိုရေကန် …

  • manawphyulay

    August 17, 2011 at 10:35 am

    ပုံက လူပါ ပါရင် ပိုပြီး ကြည့်ကောင်းမယ့်ပုံတစ်ပုံပါပဲ ရွှေမင်းသားရေ…. ဘယ်နေရာကလဲ ဆိုတာ မဝေပြောမှပဲသိတော့တယ်။

  • mr.lone

    August 17, 2011 at 11:37 am

    ဗိုက်ကျအောင် ပြေးစရာမလိုပါဘူး ကို fatty ရယ် … ဘီယာဆိုင်ဆီပြေးတာ နဲနဲလျော့လိုက်ရင်အဆင်ပြေသွားလိမ့်မယ် …

  • thit min

    August 17, 2011 at 3:55 pm

    ရွှေမင်းသား နော် ပုံချည့်ပဲ……….ဟင့်

  • မီးမီး သော်

    August 18, 2011 at 12:02 am

    လှပါတယ်ရှုခင်လေးက။ဒါပေမယ့် လွင်တီးခေါင်ဆန်ဆန်ဖြစ်နေတယ်။မြန်မာပြည်မှာ ခုလို လမ်းမျိ ုးဘယ်ခါများတွေ ့ရပေ့ါမလဲနော်။မျှော်တော်ယောင်. မျှော်တော်ယောင်ပေါ့. အချိန်တွေရယ်—-

  • ရွှေ မင်း သား

    August 18, 2011 at 6:35 am

    ဟုတ်ပါတယ်။ ….. weiwei ပြောသလို တိဘက်က ရေအိုင်ကြီးဘေးမှာ ရိုက်ထားတာပါ။
    သာယာလှပသော ရှုခင်းလေးတစ်ခု လို့ ခေါ်စဉ်ပေးထားသော်လဲ စိမ်းစိမ်းစိုစို အပင် ဆို တစ်ပင်မှ မပါ။
    မြေကြီးအရောင်ကလဲ မွဲခြောက်ခြောက် ဖြစ်နေပါတယ်။
    သို့သော်လဲ ကျနော်အမြင်မှာတော့ သူ့အရပ်သူ့ဒေသ သူ့သဘာဝ အရှိတရားတွေထဲမှာ သာယာလှပလို့ နေပါတယ်။

  • ဆူး

    December 22, 2011 at 9:13 am

    ပုံကလေးက ပန်းချီကားလေးကျနေတာပဲနော်.. တော်တော် လှတယ်။ ရွှေမင်းသားရေ.. တိဘက်က လှပ့ါတဲ့ ပုံလေးတွေ တင်ပေးပါအုန်း။ အမြင်ကျယ်အောင်လို့။

Leave a Reply