Libya events, What have Than Shwe learned?

timothyMarch 28, 20111min1297

လစ်ဗျားမှာမဟာမိတ်လေတပ်ရေတပ်များရဲ့လေစာနဲ့ပြစ်မှတ်ကိုချိန်ပြီးတဒိန်းဒိန်းမဆန့်ရင်ကာဆော်ပလော်တီးနေပြီ။

ဂဒါဖီးရဲ့လက်ပါးစေတပ်များလဲအစပိုင်းကတပ်ပြေးများကိုမီးလောင်တိုက်သွင်းသုတ်သင်တဲ့အာဏာရှင်ရဲ့နည်းအောင်မြင်ပေမဲ့၊

အခုတော့ဂဒါဖီးထက်အဆပေါင်းများစွာကြောက်စရာ၊ဝေဟင်နဲ့ရေပြင်ကလေစာနဲ့ချိန်ပြီးပြစ်နေတဲ့မဟာမိတ်တပ်များနဲ့ရင်ဆိုင်ရပြီ။

လက်နက်ချတဲ့သူ၊အချင်းချင်းနောက်ကနေပြစ်တဲ့သူ၊သူပုန်များကမိသွားရင်လဲနှိပ်စက်ခေါင်းဖြတ်ခံရသူတွေနဲ့သွေးပျက်ကုန်ပြီ။

ဒီဇာတ်သိမ်းခန်း End Game of Gaddafi ကတော့အာဏာရှင်အပေါင်းကမ္ဘာတလွှားမှာတော့အတော်တုန်လှုပ်ကုန်ပြီ။

ပြည်သူလူထုရဲ့ဆန္ဒကိုအကြမ်းဖက်နည်းနဲ့အစုလိုက်အပြုံလိုက်ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတဲ့

အာဏာရှင်အပေါင်းကိုပြတ်သားစွာသတိပေးခြင်းပါဘဲ။

အာဏာရှင်ကသူ့ပြည်သူလူထုကိုရက်ရက်စက်စက်သတ်ဖြတ်နေတာကိုလွတ်လပ်သောကမ္ဘာကလက်ပိုက်ကြည့်မနေနိုင်ဘူး၊

လို့အမေရိကန်သမ္မတကပြောတယ်။ ဗိုလ်သန်းရွှေ၊ဒါကိူလေးလေးနက်နက်သတိချပ်စေချင်ပါတယ်။

ယီမင်ကစစ်ဗိုလ်ချုပ်များကဒီသင်ခန်းစာကိုယူပြီးပြည်သူလူထုဘက်ကိုကူးလာကြတယ်။

ဆီးရီးယားမှာလဲပြည်သူလူထုကိုပြစ်ခတ်နှိမ်နင်းပြီးအာဏာရှင်အာဆတ်ဘာလုပ်ရမှန်းမသ်ိတော့ဘူး။

အရေးပေါ်အခြေအနေကိုရုပ်သိမ်းမယ်တဲ့၊နိုင်ငံရေးအကျင်းသား၂၆ဝကိုလဲလွှတ်လိုက်တယ်။

အာဏာရှင်တွေရောက်ရက်ခတ်ဖြစ်ကုန်ကြပြီ။

တရုပ်နဲ့ရုရှားလဲပြည်သူလူထုကိုအစုလိုက်အပြုံလိုက်သတ်နေတဲ့အာဏာရှင်ကိုကမ္ဘာ့ဇာတ်ခုံပေါ်တက်ပြီးမကာကွယ်နိုင်ဘူး။

ဗမာပြည်မှာလဲလစ်ဗျားလိုကိစ္စမျိုးမကြာခင်ဖြစ်လာမယ်။

လူမှုရေးမညီညာမှု၊စီးပွါးကပ်ဆိုက်မှုများကြောင့်လူထုဒေါမာန်အုံကြွမှုပေါက်ကွဲမယ်။

ဗိုလ်သန်းရွှေတယောက်ဒီအဖြစ်အပျက်များမှဘာသင်ခန်းစာယူမိလဲ။

လူထုအင်အားသာလျင်အဓိက၊ပဒါန၊အကမ္ဘာလုံးကလျစ်လျူရှုလို့မရတဲ့၊

ကုလသမဂ်ဂကအရေးမယူဘဲမနေနိုင်တဲ့၊

အရုပ်၊ကုလား၊ရုရှားတို့လဲမကယ်နိုင်တဲ့၊

လေစာအနုမျူဗုံးတို့ရဲ့အရှင်သခင်ပြည်သူလူထုအင်အားသာလျင်ကိုးကွယ်ရာဘုရားသခင်ဘဲဖြစ်ပါတယ်။

 

 

 

7 comments

  • ငှက်ကြီး

    March 28, 2011 at 1:58 pm

    ဟုတ်ပါတယ်။မြန်မာပြည်သူလူထုပေါက်ကွဲတဲ့အချိန်အမြန်ဆုံးရောက်ရှိပါစေ။
    လူသတ်သမား၊အာဏာရူးကြီးအမြန်ဆုံးကျဆုံးပါစေ။
    တရားမျှတလွတ်လပ်ချင်းနဲ့မသွေ…တို့ပြည်..တို့မြေ
    များလူခပ်သိမ်းငြိမ်းချမ်းစေဖို့..စိတ်တူညီမျှဝါဒဖြူစင်တဲ့ပြည်….တို့ပြည်..တို့မြေ
    ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ..အဓိဌါန်ပြုမလေ..ထိန်းသိမ်းစို့မသွေ……………

  • bigcat

    March 29, 2011 at 3:04 am

    အားပေးတယ်ဗျို့။
    ဆရာတင်မိုသီရေ စာရေးတဲ့အခါ စာလုံးတွေကို စကားပြောသလို သူ့အစုနဲ့အစု အဖြတ်အတောက် လုပ်ပေးရင် ဖတ်ရတာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ ဆက်ပြီး update ပို့စ်တွေ ရေးပေးပါအုံး။

  • rocky

    March 29, 2011 at 5:57 am

    သန်းရွှေဆီကိုဒီထက်ပိုဆိုးတာတွေလာမှာ။

  • kai

    March 29, 2011 at 5:59 am

    တရုတ်သမ္မတ ယူအက်စ်လာတော့ ..လျှို ့ဝှက်သဘောတူညီချက်များယူသွားသလားတောင်မသိဘူး…။
    တရုတ်ရဲ့ ကိုးအင်ထရက်စ်. တိဘက်၊ ထိုင်ဝမ်၊ မြန်မာ။ မြောက်ကိုရိးယား ကို ယူအက်စ်က လာတို့မထိရင်.. ကျန်တာအကုန် အိုကေ… သဘောမျိုး…။

    ကျုပ်တော့ ..အဲဒီ အာရပ်ရီဗော်လူးရှင်းတွေကို တရုတ်လက်ရှောင်ပုံကြည့်ပြီး.. “သေပြီဆရာ “တ, နေမိတာပဲ..။

  • timothy

    March 29, 2011 at 8:43 pm

    Response to Protection ဆိုတဲ့ Clause ကိုသုံးပြီး( တနည်းအားဖြင့်)
    လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာကို၊
    လွတ်လပ်သောကမ္ဘာက(ယဉ်ကျေးသိမ်မွေ့တဲ့လောကမှာ) ဒီတိုင်းလက်ပိုက်ပြီးကိုယ်နဲ့မဆိုင်သလို၊
    ခပ်တည်တည်နဲ့နေလို့မရပါဘူး။
    လူရိုင်းအများစုနေထိုင်တဲ့အရှေ့တောင်အာရှမှာတော့သူ့တိုင်းပြည်မှာသတ်နေလဲငါနဲ့မဆိုင်၊
    ငါ့တိုင်းပြည်မှာငါ့ဟာငါသတ်ချင်သတ်တာ၊ငါ့ပြည်တွင်းရေးဝင်မပြောနဲ့ဆိုပြီးရေငုံနှုတ်ပိတ်နေတာ၊
    လူရိုင်းများရဲ့အကျင့်ဆိုးများဘဲဆိုရမယ်။၁၇-၁၄ရာစုကလူရိုင်းများရဲ့စရိုက်မပျောက်သေးလို့ပေါ့။
    အရိုင်းအစိုင်းတရုပ်အစိုးရ၊ရုရှားအစိုးရတို့လဲ၂၁ရာစုလူယာဉ်ကျေးများစုဝေးရာကမ္ဘာ့အစည်းအဝေးမှာ
    လစ်ဗျား Gaddafi က ဘင်ဂါဇီတမြို့လုံးမီးလောင်တိုက်သွင်းလုဆဲဆဲ၊
    မဲပေးဆုံးဖြတ်ပြီးကုလသမဂ်ဂ ကအရေးယူတော့၊
    လူယာဉ်ကျေးအများစုထဲမှာမျက်နှာပြောင်တိုက်ပြီးဗီတိုပါဝါမပြရဲ၊ရှက်ရှက်နဲ့ပဲမပေး၊
    အရိုင်းစိတ်မပျောက်တပျောက်ဘဲ။
    ဗိုလ်သန်းရွှေကသာGaddaafi လိုတမြို့လုံးအစုလိုက်အပြုံလိုက်သတ်ဘို့လုပ်လို့အတော့၊
    ၁)ဗမာပြည်ဟာမူဆလင်တိုင်းပြည်မဟုတ်လို့ America အနေနဲ့ဘာမှနောက်ဆံတင်းစရာမရှိဘူး။
    ၂)ဗမာပြည်မှာပြည်သူလူထုမဲနဲ့ရွေးထားတဲ့နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်ကမ္ဘာကျော်၊
    ပြည်သူ့အချစ်တော်အမေစုရှိတော့ဘာမှခေါင်းစားစရာမရှိဘူး၊စစ်အာဏာရှင်ဖက်ဆစ်ဘီလူး
    ကိုကန်ထုပ်၊ အမေစုကအမျိုးသားစည်းလုံးညီညွတ်ရေး၊ပြန်လည်သင့်မြတ်ရေးတွေလုပ်နိုင်တာကမ္ဘာကယုံတယ်။
    ၃)တရုပ်၊ကုလား၊ရုရှားအရိုင်းအစိုင်းအစိုးရများလဲအခုလိုဘဲခွေးနေရာမရ၊ဘာမှမတပ်နိုင်ဘူးဖြစ်မယ်။
    စိတ်မပျက်ကြပ်နဲ့။
    အခုအချိန်မှာInternational Criminal Court ကလူအမြောက်အများသတ်မှုနဲ့တရားစွဲမလား၊
    အမေရိကန်၊အင်းဂလိပ်၊ပြင်သစ်တပ်များရဲ့လေစာတပ်ဒုံးကျည်စာမိပြီးဇီဝိန်ချုပ်မလား၊
    တော်လှန်ရေးအင်အားစုများကဘဲငါ့ကိုအရှင်လတ်လတ်ဖမ်းမလားနဲ့၊
    ဗိုလ်သန်းရွှေတယောက်စိတ်ဓါတ်ပျက်ပြားပြီး၊အိပ်ရွေ့မရသောညများမှာထထအော်နေရမဲ့အချိန်ပါဘဲ။
    အာဏာရှင်များအတွက်လူ့ယာဉ်ကျေးများခေါတ်မှာ၊သမိုင်းမှာနေရာမရှိကြတော့ဘူး။
    အမျိုးဘာသာသာသနာက်ုစော်ကားတဲ့သရဲသဘက်များကိုတိုက်ခိုက်မဲ့လူထုအင်အားအတွက်
    သတင်းကောင်းတွေဖြစ်ကြောင်းပါဘဲ၊ဝမ်းသာကြပါ။

  • nature

    March 30, 2011 at 12:44 am

    ဒါကြီးတော့မန့်ရမှာကြောက်တယ်၊အဆင်မပြေရင် ၅ညလောက် ထမင်းအလကားစားရနိုင်တယ်။

  • zaw min

    March 30, 2011 at 8:46 am

    သူပြုခဲ့တဲ့ အကုသိုလ်ကံတွေဟာ နောက်ဘဝကိုမကူးစေပါဘူး….အာဏာရှင်တွေရဲ့ ဇတ်သိမ်းခန်းကို စောင့်မျှော်ကြည့်ကြပါ။

Leave a Reply