ခက်လွန်လွန်းလို့ …… ( not so tight .. man ..)

fattyMarch 31, 20111min1286

ဒီခေတ်လူငယ်တွေ အတော်ခက်ကြသကိုး ….
လူကြီးတွေ ပြောဆိုဆုံးမပြန်ရင်လည်း .. ပြန်မပြောနားမထောင်။
ပြန်မပြောနားမထောင် တာ အပြင်တခုတိုးလာတယ်ဗျ ..
ပြုံးစိစိလုပ်နေလိုက်သေးတယ် ..။
အစကတော့ကျုပ်နားမလည်ဘူး …
ကျုပ်သားကိုကျုပ် တခုခုဆုံးမလိုက်ရင်
ပြန်လဲမပြော နားလဲမထောင် ပြုံးစိစိနဲ့မို့
သူ့ကိုမေးယူရတယ် .. ဘာလုပ်တာလဲကွ
မင်းဟာက ပြုံးစိစိနဲ့ … ဘာအဓိပ္ပါယ်လဲ ..။
ဆိုတော့ .. ဒီလိုဖေကြီးရ .. တဲ့
ဖေကြီးတို့ခေတ်မှာ management သင်ခဲ့ရလို့လား …။
leadership ကောသိရဲ့လားတဲ့ ….။
အတော်ကြီးကြယ်တဲ့အကောင် ….။
ငါသာသောက်ဖြစ်မရှိလို့ ပြည်နယ်ဝန်ကြီးတို့ဘာတို့မဖြစ်တာ .. ပါကွာ ..
ငါနဲ့သောက်ဖော်သောက်ဖက်တွေ ဖဲရိုက်ဖော်ရိုက်ဖက်တွေ ..
ရွာတုန်းကကြက်တိုက်ဖော်တိုက်ဖက်တွေ အခုကြီးပွါးနေကြတာမှ ဒုနဲ့ဒေး …။
အဲသလိုပြောလိုက်တော့ … ကျုပ်သားက အဖေ့ကိုဥပမာတခုပြောမယ်တဲ့ ..။
တာချီလိပ်က ငလျှင်ဘေးသင့်တွေကယ်တင်ကြတော့ ဘယ်နှစ်ယောက်များ
အဆောက်အဦတွေအောက်က ဆွဲထုတ်ကယ်နိုင်တာရှိလို့လဲတဲ့ ..။
ဟိုနိုင်ငံလိုများ မြေကြီးထဲကမိုင်းလုပ်သားတွေကို ခဲရာခဲဆစ် ကယ်ကြရမယ်ဆိုဘယ်လိုလုပ်မလဲတဲ့ …။
အဲဒါ management ပေါ့တဲ့ဗျား …။
………. အောင်မလေး ကျုပ်သားကကျုပ်ကိုပညာပြန်ပြနေလိုက်တာ ..
……….. ကျုပ်လဲမနေသာတော့ဘူး .. သတင်းတွေရှာ
အဲဒီဒေသက ဘော်ဒါတွေ လှမ်းချိတ် လုပ်ရတာပေါ့ …….။
……… တွေပါပြီ ကျုပ်တို့ခေတ်က management …
……………… ဘာများခက်လို့လဲ .. အပေါ်ကနေ ဘူဒိုဇာနဲ့ထိုးပြီး
မြေညှိလိုက်တာပေါ့ … လူကြီးတွေလာကြည့် ဘော်လုံးကွင်းထက်တောင်ညီနေစေရမယ်။
လူကြီးတွေက လက်ညှိုးထိုးပြီး ဒီနေရာဘာဆောက် ဟိုနေရာဘာအကောင်အထည်ဖေါ်
စသည်ဖြင့် လိုအပ်သည်များကိုညွှန်ကြားရုံဘဲ …။
…………. ခက်လွန်လွန်းလို့ ………….။

6 comments

  • eros

    March 31, 2011 at 1:47 pm

    ဦးဖက်သားက မလွယ်ဘူးဗျို့ ။ ဦးဖက်ကလည်း မီဒီယာသမားဟောင်း သိပ်သိသာတာပဲ။

  • ဆူး

    March 31, 2011 at 2:19 pm

    ဘူဒိုဇာ နဲ့ ညှိလို့ ရတော့…

  • nature

    March 31, 2011 at 4:02 pm

    အဖေထက်သားတလကြီးနေတာများလား။

  • nigimi77

    March 31, 2011 at 7:54 pm

    ပြန်မပြောတာက အဖေဖြစ်နေလို ့။ နားမထောင်တာက သောက်သုံးမကျမှန်းသိလို ့။
    ဒီလို ဖေကြီးရ ဆိုတာက မရှိတဲ့ ဇာတ်ကောင်ကို ဆွဲထုတ်မလို ့။ နောက်ဆက်တွဲကတော့ စေတနာ ဒေါသတွေ။

  • kai

    March 31, 2011 at 8:23 pm

    အသစ်ဂျင်နရေးရှင်းတွေမှာ… ကွန်ဆာဗေးတစ်..လက်ယာစွန်းတွေများရင်တော့.. လူယဉ်ကျေးမှုအပါအဝင်..နိုင်ငံရေးက နောက်ပြန်ဆုတ်သွားမှာပဲ..။
    အခုမြန်မာပြည်လိုပေါ့..။

    ဒီလိုသားမျိုးတွေရှိတာ… ကံကောင်းတယ်မှတ်ပါ..။
    တော်ကြာ..သက်သတ်လွတ်နဲ့.. ရိပ်သာဝင်ချင်တာနဲ့.. မိန်းမမလိုချင်ပဲ.. နောင်ဘဝမှ.. နတ်ပြည်တက်.. နတ်သမီးယူမှာနဲ့.. ဆိုတာတွေနဲ့ဆို… မလွယ်ရေးချ. မလွယ်…

  • bigcat

    April 1, 2011 at 2:32 am

    ဦးဖက်မှာ သမီးမရှိဘူးလား။ မရှိလည်း တူမဗျာ။ အရင်းမရှိလည်း ဝမ်းကွဲတွေတော့ ရှိမှာပါ။

Leave a Reply