HIV/AIDS ကုပေးသော ဆရာတော်နှင့်တွေ့ဆုံခြင်း။

mGMarch 28, 20111min19613

ခေါင်းစဉ်ကိုသာ အဲ့လိုရေးထားရတာ ဟုတ်မဟုတ်တော့ သေချာမသိရသေးဘူး။
ဒီ HIV/AIDS ရောဂါကိုတော့ ပျောက်အောင်လုပ်ပေးတယ်လို့တော့
ပြောထားတာ မတွေ့ဘူးဗျ။ကုပေးတယ်ဆိုတာလောက်ပဲတွေ့ရတယ်။နောက်ပြီးတော့ ပိုထူးဆန်းတာက ဘုန်းကြီးလုပ်တာတဲ့။ဆရာတော်ဟာ
ဒီပဲယင်းမြို့မှာ၊တောင်ပြင်ရပ်၊ဒကိ္ခဏရာမကျောင်းတိုက် မှာသီတင်းသုံးဆောင်တယ်
လို့လည်းသိရတယ်ဗျ။ဆရာတော့ ဖုန်းနံပါတ်လည်းပါတာတွေ့ရတယ်။ရန်ကုန်ကလူတွေ
အတွက်လည်း ဆက်သွယ်လို့ရအောင် . . . . . . . . . .
ယုဇနဥယျာဉ်မြို့တော်၊(၅-လမ်း)-ဘီ၊ပွိုင့်မုန့်ဟင်းခါးဆိုင် မှ (မမိုး) ဆိုသူထံမှာ စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ရောဂါကျွမ်းနေတဲ့လူတွေကိုတော့ ပျောက်ကင်းဖို့အတွက် လုံးဝတာဝန်
မယူဖူးလို့လည်းဆိုထားတယ်ဗျ။အဲ့တော့ ဝေသနာရှင်တွေ အနေနဲ့ ကံစမ်းမဲနှိုက်ရမဲ့ပုံ
ပဲဗျ။ဆရာတော်ဟာ နှစ်(၃၀) လုံးလုံး ဖော်စပ်ထားတဲ့ အာယုဝတ္ထနဆေးကို စားသုံးနေတာဖြစ်တဲ့ အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိကြောင်းကိုလည်း အာမခံထားပါသေးတယ်။

မှတ်ချက် ။ ။ အောက်မှာဆရာတော်ရဲ့ လက်ကမ်းစာစောင်လေးကို တင်ပြလိုက်ပါတယ်။

13 comments

  • bigcat

    March 29, 2011 at 3:08 am

    သဂျီးကတော့ မြန်မာပြည်ပြန်ပြီး ဆေးဖော်မြူလာ အပိုင်ဝယ်ဖို့ လုပ်နေပြီဗျို့။ သဂျီးရေ ခဏဆိုင်းပါအုံး။ သတင်းလေးဘာလေး နားစွင့်ပြီးမှ သွားလည်း နောက်မကျသေးပါဘူး။

  • ယောလေး

    March 29, 2011 at 3:31 am

    တစ်ကယ်ဆိုရင်တော့ မြန်မာပြည်သားတွေ ကမ်းကုန်အောင်မိုက်ကြဦးမယ်ထင်ပါရဲ့…..

  • kai

    March 29, 2011 at 5:46 am

    သာသနာတော်ကို .. ပြန့်ပွားအောင်.. ဘာသာစကားမတူ..၊ ယုံကြည်မှုမတူသူတွေကြား စွန့်စားသာသနာပြုကြရတဲ့ ရဟန်းတော်တွေ .. ရပ်တည်နိုင်ဖို့.. သာသနာပြုနိုင်ဖို့.. ကားမောင်းခွင့်နဲ့.. ငွေကြေးစီမံခွင့်ကြတော့ ..ကားဆီးခံပြောရက်တဲ့ ရွာသားတွေ.. ဒီလို ပေါက်တတ်ကရကို.. ဝိနည်းမညီလုပ်..လူတွေရဲ့အကျင့်စာရိတ္တပျက်စီးတာအပြင်..အသက်ပါ ပေးရအောင်လုပ်တဲ့. ဘုန်းကြိးမျိုုးကျ… ဘာများပြောပေးကြမလဲ မသိဘူးနော…။
    အားကိုးပါရဲ့…။ 🙂

  • eros

    March 29, 2011 at 7:35 am

    ဒါကတော့ အဆင်မပြေဘူးဗျာ။ ဘုန်းကြီးများ ဆေးကုခွင့် မရှိပါ။

  • MaMa

    March 29, 2011 at 2:16 pm

    ဆက်သွယ်ဖို့ ဖုံးနံပါတ် တင်ပေးနိုင်ရင် ကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ဆက်သွယ်ချင်သူတွေကို လက်ဆင့်ကမ်းလို့ လွယ်တာပေါ့။

  • unclegyi1974

    March 29, 2011 at 4:24 pm

    ဘုန်းကြီးဆေးကုတာအတော်များများတွေ့ဖူးပါတယ်
    မန္တလေးကဆင်တဲဆရာတော်ဆိုအနာစိမ်းကုအလွန်
    စွမ်းဆိုပဲ
    အချို့ကကြော်အောင်ငြာတာပါ
    ဒါကအသက်နဲ့ဆိုင်ပါတယ်
    တကယ်စွမ်းရင်လည်းမြန်မာတင်မက
    ကမ္ဘာကပါအကျိုးရှိတာမို့
    သက်ဆိုင်ရာများကသေချာစိစစ်
    ပေးရင်ကောင်မှာပါ
    မဟုတ်ရင်လည်းအချိန်ကုန်ငွေကုန်အသက်ကုန်
    ကိစ္စမို့သက်ဆိုင်ရာများကအချိန်မှိီတားဆီးကြ
    ပါအုန်းလို့

  • mkz9

    May 4, 2011 at 11:15 pm

    ံHIV ကုပေးတဲ့ဆရာတော်နဲ့ကျွှန်တော်သိတယ်……နတ်က္ခတရောင်ခြည်မဂ္ဂဇင်းထဲမှာတွေ့ဆုံမေးမြန်းခန်းတွေပါတယ်
    လေ့လာချင်ရင်ပြောလေ…..
    ဆရာတော်ရန်ကုန်ရောက်လာရင်ပြောပါမယ်……
    email လိပ်စာပေးလေ…..ဆရာတော်ပုံတော်နဲ့…ကြေညာပိုစတာပို့ပေးမည်…

  • bigcat

    May 5, 2011 at 12:09 am

    သဂျီးမှာ အတွေးအခေါ် ကိုယ်ခံအားနည်းတဲ့ ရောဂါဖြစ်နေတယ်။ ကုပေးပါအုံး….တော်ကြာနေ မန်းဂေဇက် ဒေါ်လာဘီလျံနဲ့ချီ တန်လာမယ့်အချိန်ကို သူမမြင်လိုက်ရပဲ ဖြစ်မှာစိုးလို့….

  • etone

    May 5, 2011 at 6:17 am

    အမှန်တိုင်းပြောရလျှင် HIV/ AIDS ပျောက်အောင် ကုနိုင်တယ်ဆိုတာ လုံးဝမယုံပါဘူး ။ ကျော်အောင် ညာတာပဲဖြစ်ပါလိမ့်မယ် … အနောက်တိုင်းဆေးတွေမှာတောင် လုံလောက်အောင် ဈေးကွက်ထဲ ချမပြနိုင်သေးဘူး ။ ကျမတွေ့ဖူးပါတယ်…

  • moethidasoe

    May 5, 2011 at 6:34 am

    သူက စုံစမ်းရန် ဆိုတာမှာ လိပ်စာထည့်ထားတာလေ .. ကိုယ်တိုင် ကုတယ်လို့မှ ရေးထားတာ မဟုတ်တာ ..
    တိုင်းရင်းဆေး ညီလာခံတွေမှာတော့ .. ဓါတ်ပြာ ချတယ်ဆိုတာ ကြားခဲ့ မှတ်ခဲ့ဘူးတယ် .. ပြဒါး ပါများ ပါသလား မသိပါ .. ဝါးကို ပြာချပြီး လုပ်တယ် လို့လဲ မှတ်ခဲ့ဘူးတယ် (၂၀၀ဝ ကျော်ကျော်လောက်မှာ ထင်တယ်)

  • Maung Dae`

    May 5, 2011 at 9:55 am

    HIV အကူးခံရပြီး စောစောစီးစီး သေသွားတယ်ဆိုတာ အဲ့သည်လူညံ့လို့… ကိုယ့်ဆီမှာ ပိုးရှိတယ် ဆိုတာသိလိုက်တာနဲ့ ဆင်ဆင်ခြင်ခြင် နေသွားရင် နောက် ၁၅ နှစ်ဆိုလည်း အသာလေးနေနိုင်တယ် နှစ် ၂ဝ လည်းအသာလေးနေနိုင်တယ်.. အာရွှီးတာတော့မဟုတ်ဘူး.. တကယ်တွေ့ဖူးလို့ပြောပြတာ…… အခုခေတ်က HIV/AIDS ကိုကြောက်ရမယ့်ခေတ်မဟုတ်တော့ဘူး.. သူ့ထက်ဆန်းပြားပြီး ငေါက်ကနဲ သေသွားနိုင်တဲ့ရောဂါတွေအများကြီးပဲ…

    သည်တော့ ကိုယ့်မှာ ပိုးရှိပြီဆိုတာသိတာနဲ့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပါ… နှစ်သိမ့်ဆွေးနွေးမှုခံယူပါ.. ဆေးမြီးတိုတွေနဲ့ လုံးဝ (လုံးဝ) မကုပါနဲ့.. ငါးပါးတင်မကဘူး သံဃာစင်ပါမှောက်သွားမယ်…

  • ရဲစည်

    December 17, 2011 at 2:31 am

    “etone says:အမှန်တိုင်းပြောရလျှင် HIV/ AIDS ပျောက်အောင် ကုနိုင်တယ်ဆိုတာ လုံးဝမယုံပါဘူး ။ ကျော်အောင် ညာတာပဲဖြစ်ပါလိမ့်မယ် … အနောက်တိုင်းဆေးတွေမှာတောင် လုံလောက်အောင် ဈေးကွက်ထဲ ချမပြနိုင်သေးဘူး ။ ကျမတွေ့ဖူးပါတယ်။”…………

    မယုံတာကိုတော့ ပြောရခက်ပါတယ်။HIV ကနေ AIDS မရောက်ခင်မှာ
    ၁။ပျားရည်စစ်စစ်(မွေးပျားရည် မဟုတ်)၊ကြက်သွန်ဖြူ (ဗမာကြက်သွန်ဖြူအမွှာပါ)၊ရွှေအနည်းငယ်(လုံနှင့်ကြိုသောရွှေ)ရောစပ်ပြီး နေ့စဉ်သောက်ပေးနိူင်ပါတယ်။
    ၂။အာနာပါနကဲ့သို့(စိတ်ကုထုံး) တနေ့၂နာရီခန့် ၂ကြိမ်လောက် လုပ်ပေးပါ။
    ၃။ရာသီဥတု၊အနေအထိုင်၊အစားအစာ အနည်းငယ်ဆင်ခြင်ရပါမယ်။
    ၄။ငါ(မသေနိူင်သေးဘူး၊မသေရဘူး)ဆိုတဲ့ စိတ်ဓာတ်လေးလဲ နှလုံးသွင်းနိူင်ရပါမယ်။
    ၅။ခန္ဒာကိုယ်အရမ်းမလှုပ်ရှားရတဲ့ အလုပ်မျိုး (စာဖတ်၊ပန်းချီဆွဲ၊ပန်းထိုး….စသဖြင့်)လုပ်ပေးပါ။
    မှတ်ချက်။ ။(သေကံမရောက်သေးသူများအတွက်သာ)၆၀%ပျောက်ကင်းနိူင်ပါတယ်။

  • moethidasoe

    December 17, 2011 at 11:14 am

    ပျောက်တယ် လို့ ပြောကြတာထက် .. အသက်ရှည်အောင် ဆွဲဆန့်လို့ ရတယ် လို့ ပြောကြတာ ပို မှန်မယ် ..

Leave a Reply