ထိုင်းနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်

klnApril 28, 20101min591

ထိုင်းနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာမြန်မာနိုင်ငံဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုအဖွဲ့(BOI)မှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနယူးစ်အေဂျင်စီ(TNA)တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာနိုင်ငံတွင်အများဆုံးဖြစ်ပြီး ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ ဗြိတိန်ဖြစ်ကာ တတိယအများဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်ကြောင်း ထိုသတင်း၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံစရာ စီးပွားရေးလုပ်ကွက်များ အများအပြားရှိပြီး ၁၉၈၈ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ရ ဒသမ ၄၁ဘီလီယံ(ဒေါ်လာသန်း ၇၄၁၀)ရှိပြီဖြစ်ကြောင်း ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အကြံပေးအရာရှိ မစ္စဝါဆာနာကပြောသည်။ ထိုရင်းနှီးမြှုပ်နှံမှုပမာဏတွင် ၈၁ ဒသမ ရရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် မြှုပ်နှံထားပြီး ၈ ဒသမ ၃၃ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မြှုပ်နှံထားကာ ၃ဒသမ ၁ရာခိုင်နှုန်းမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားပါသည်။ www.khitlunge.org.mm

One comment

  • susunosuki

    April 28, 2010 at 6:06 am

    ဟုတ်မှာပါ
    အိမ်နီးချင်းဆိုတော့ ကြားလမ်းကတရားမဝင် ပဲဝင်တဲ့ပစ္စည်းတွေတောင်အများကြီးရှိတယ်

Leave a Reply