မင်းသားဝီလျှံ ၏ မင်္ဂလာပွဲကို တက်ရောက်ရန် ဗိုလ်ချုပ်မှုးကြီး မိသားစု ပြင်ဆင်နေ

onlinezzMarch 29, 20111min18812

FNGဧပြီလ ၂၉ ရက်နေ ့ တွင် ကျင်း မည့် အဲလိဇဘက် ဘုရင် မကြီး ၏ မြေးတော် ဝေလ မင်းသား ဝီလျှံနှင့် ၎င်း ၏ ကြင်ယာဖက် ကိတ် မီဒယ်(လ)တန် တို ့၏ လန်ဒန် ဝတ်မင်စတား အက်ဘီ ဘုရား ကျောင်း တွင် ကျင်းပမည့် စုလျှား ရစ်ပတ် လက် ထက် မင်္ဂလာ အခမ်း အနား ကို မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မိသားစု ဝင် တစ်ဦးဦး က လန်ဒန် ရှိ မြန်မာ သံရုံး ဝန်ထမ်း အနေဖြင့် တက်ရောက်မည် ဟု နိုင်ငံခြား ရေး ဝန်ကြီး ဌာ န မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Group သို ့ပြောသည်။

“ပုံမှန် အားဖြင့် ဆိုရင်တော့ Royal Wedding ပေါ့၊ ဘုရင်း အချင်းချင်း၊ တော်ဝင်မျိုးရိုး၊ မင်းမျိုး မတ်နွယ်တွေ ကိုပဲ ဘုရင်မကြီးရဲ ့အိမ်တော် ကဖိတ် မှာ ပေါ့၊ စပိန် ဘုရင် တို ့၊ ဂျပန် ဘုရင် တို ့ ထိုင်း ဘုရင် တို ့၊အခု အစိုးရက နေ သံ ရုံး ကို ဖိတ်တာ  ပေါ့ လူဦးရေ အကန် ့အသတ် နဲ ့ ဖိတ်တာ။ အဲဒါ ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ ့သမီး က တက်ချင်တယ် ဆို လို ့ လန်ဒန် သံရုံး လည်း ခေါင်းစား နေတယ် ” လို ့ ပြောပါတယ်။

ကိတ်မီဒယ်တန် အား ပါပါရာဇီ တို ့က သူမ၏ ယောက္ခမကြီး ဒိုင်ယာနာထက် ပို၍ အာရုံကျနေသည် 

ဝေလ မင်းသား သည့် ၁၉၉ရ ခုနှစ် ဩဂုတ် လ ၃၁ ရက်နေ ့က မော်တော်ကား တိမ်းမှောက်မှု ဖြင့်ကွယ်လွန် သွား ခဲ့သည့်

ဒိုင် ယာနာ နှင့် ဝေလ မင်း သား ချားလ် တို ့၏ အကြီး ဆုံးသား ဖြစ်ပြီး ၁၉၈၂ခုနှစ် ဇွန်လ ၂၁ ရက်နေ ့တွင် မွေးဖွား ခဲ့သည်။

ဝီလျှံ နှင့် ကိတ်မီဒယ်(လ)တန် တို ့သည် ၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ ့တွင် စေ့စပ် ခဲ့ကြသည်။

မင်းသား ဝီလျှံ သည် ဗြိတိသျှ နန်းညွှန် ့နန်းလျှာ ကို ဆက်ခံ ရန် အတွက် ဖင်ဖြစ်သူ ထက် ရေပန်းစားနေသည်။

ဝေလ မင်းသား နှင့် ဒိုင်ယာ နာ တို ့ မင်္ဂလာ ဆောင် စဉ်က သတင်းများ ကို မြန်မာ့ ရေဒီယို နှင့် သတင်းစာများ တွင် ဖော်ပြရန် အတွက် သမ္မတ ဦးနေဝင်း ထံ ခွင့်တောင်း ခံခဲ့ရသည်။ ဦးနေဝင်းသည ်ဝေလမင်းသား ၏ မင်္ဂလာ ဆောင် ကို ဖိတ်ကြားခြင်းမခံ ရသော် လည်း ထို နှစ် တွင် အင်္ဂလန်နိုင်ငံ ကို သွားရောက် လည်ပတ် ခဲ့ရာ  ထိုအချိန်က ဝန်ကြီးချုပ် ဖြစ်သည့် မာဂရက် စသက်ချာ ၏ လက်ထောက် တစ်ဦး နှင့် တွေ ့ဆုံခဲ့သည်။

မြန်မာ စစ်ခေါင်း ဆောင် ၏ မိသားစု သည် အနောက် နိုင်ငံ မှ တော်ဝင် မိသားစု များ ကို အားကျပြီး ပဒေသရာဇ် ရူး ရူး နေ သူများ ဖြစ်သည်။ဗိုလ်ချုပ်မှုး ကြီး သန်းရွှေသည် ၎င်း ၏ သမီး တစ်ဦး ၏ လက်ထပ်မင်္ဂလာ အခမ်းအနား အား ငွေကြေး မြောက်မြား စွာ အကုန် အကျ ခံပြီး မင်္ဂလာ ဆောင် ခဲ့ရာ စိန်စီသော ည အဖြစ် နာမည် ကြီးသည်။

၎င်း၏ သားမက် ဖြစ်သူ ဦးတေဇ သည် ချားလ်မင်း သား ဆွစ်ဇာလန် တွင် နှင်း လျှော စီးသည် ကို အားကျပြီး ပူတာအို နှင်းလျှောစီး ရာ ရဟတ်ယာဉ် ပျက်ကျပြီး ပေါင်ကျိုးခဲ့သည်။

 

Source:Freedom News Group

12 comments

  • fatty

    March 29, 2011 at 11:14 am

    kai ခင်ဗျား … sniper ဘယ်ဈေးရှိပါသလဲ

  • onlinezz

    March 29, 2011 at 12:19 pm

    ဦးဖက်က စနိုက်ပါ ဈေးတောင်မေးနေပြီ ။ ဘယ်ဈေးလောက်ရှိလဲ ဆိုတာ လက်တို့ လိုက်ပါအုန်း 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 29, 2011 at 12:29 pm

    ဘဲကြီး
    ဟို. အိမ်မီးလောင်တဲ့အမှုကို
    ဒီနေရာမှာ ပြန်ဆက်ဘို ့
    ဆန္ဒရှိလား
    🙂 🙂 🙂

  • ယောလေး

    March 29, 2011 at 2:41 pm

    သူ့ခေတ် ကိုယ့်ခေတ်ပဲ….. သူ့ဘာသာသွားတာ ဘာဖြစ်ဒုန်းးးးးး
    တို့တွေဆုတောင်းနေရမှာက လေယာဉ်ပျက်ကျပြီး သေပါစေဆိုတာပဲ မဟုတ်လား…….

  • nature

    March 29, 2011 at 4:05 pm

    ဘာဖြစ်လို့သွားချင်ရပါလိမ့်၊ကိုယ်နဲ့အဆင်ပြေတဲ့နိုင်ငံလဲမဟုတ်ဘဲနဲ့၊ ဆွဲစိထားမှဟုတ်ပေ့ဖြစ်နေဦးမယ်။

  • kai

    March 29, 2011 at 4:24 pm

    ဖြစ်နိုင်တဲ့ သတင်းမှန်လို့…မထင်..။
    ရွဲ ့ရေးထားတာဖြစ်မယ်..။

    စကားမစပ်..ဒိုင်ယာနာက.. Princess of Wales ပါ..။ ဝေလမင်းသမီးခေါ်ရမလားပဲ..။ ကားမှောက်သေတာ..သူပေါ့..။
    အသတ်ခံရတယ်..ထင်ရတာပါပဲ..။

    မြန်မာပြည် အင်္ဂလိပ်အောက်ကျွန်ဖြစ်နေရတုံးကတော့ ..ဝေလမင်းသား.. ရန်ကုန်..ပုဂံ..စသဖြင့်လည်လည်လာဖုးတယ်..။

  • nature

    March 29, 2011 at 4:37 pm

    ဝေလမင်းသမီးဘွဲ့ကရုပ်သိမ်းခံရတယ်လို့ကြားဘူးတယ်။ ဒိုင်ယာနာဟာအသတ်ခံရတယ်လို့ကျွန်တော်လဲထင်တယ်။ အိမ်ထောင်ရေးကံ မကောင်းရှာဘူး ၊သနားပါတယ်။

  • nigimi77

    March 29, 2011 at 4:55 pm

    ဟဲ့ ငမိုက်သား မဟုတ်ရင် ငမိုက်သမီး။
    အားအားယားယား သနားပြန်ပီ။
    နင့်ကိုနင် ပြန်သနား။

    ဘာလဲ ဘိုဆန်ဆန် What a pity လား

  • Yangon

    March 30, 2011 at 3:18 am

    မြန်မာပြည်က အမျိုးသမီးတစ်ဦးကိုတော့ လူမျိုးခြားနဲ့အိ်မ်ထောင်ပြုတယ်ဆိုပြီး ဝိုင်းကဲ့ရဲ့ ဖိနှိပ်လိုက်တာ သတင်းစာထဲမှာ အမြဲပါတယ်…….ခုကျတော့ ကိုယ့်ကိုကျွန်ပြုခဲ့တဲ့နိုင်ငံဆီ မဖိတ်ပဲနဲ့ သွားချင်နေတာ အရှက်တော်လေးတော့ထိန်းလိုက်ပါဦးလား …..ကြည့်လုပ်ကြပါဦး

  • Machitsu

    March 30, 2011 at 9:27 am

    တကယ်ပါဟယ်။ အရှက်ကိုု မရှိကြဘူး။ သတင်းစာထဲမှာများ အနောက်နိုုင်ငံတွေက ဟိုုလိုု ဒီလိုုနဲ ့ ပြီးတော့ သူများမင်္ဂလာဆောင်တာကိုုများ ဖျတ်ဖျတ်လူး သွားနန် ့ချင်သေးတယ် သူတုို ့လိုု ခွေးလှည့်သေးမပန်းတဲ့ ရုုပ်တွေနဲ ့။ စိတ်ညစ်တယ်။ အိန္ဒြေလေးတောင် မရှိဘူး။

  • nature

    March 30, 2011 at 2:41 pm

    တကယ်တော့ nigiimi77ကိုပြန်စမလို့ -သနားကြပါခင်ညာ သနာကျပါခင်ညာ ပါမစ်လေး မြေကွက်လေး တိုက်ကလေး ကားကလေး လေယဉ်ပျံကလေး ၅စီးမျိုး ၁ဝစီးမျိုး သနားကြပါလို့။ မရှိလို့ပါ။ ရွာသားတွေကိုလည်းဝေပေးချင်လို့ပါ(သူတောင်းစားစစ်ကူခေါ်တာ)
    ဒါပေမဲ့သူ့ရဲ့လေသံကနာဂစ်မုန်တိုင်းထက်ပြင်းနေလို့ ကြောက်လို့ မစတော့တာ။ 😀

Leave a Reply