တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ပြည့်နှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကို Yangon Entertainment မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၁၁ရက်မှ စတင်ကျင်းပမည့် ကမ္ဘာ့ဖားဘောလုံးပြိုင်ပွဲ ၆၄ပွဲအား Yangon Entertainment မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ “အရင် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလဲ ကျွန်တော်တို့ပြသခဲ့ပါတယ်။ အခုလဲ ဘောလုံးပွဲ ၆၄ပွဲပြသဖို့အတွက် အစီအစဉ်တွေဆောင်ရွက်နေပါတယ်” ဟု Yangon Entertainment ဥက္ကဋ္ဌ ဦးလှဝင်းကပြောသည်။ Yangon Entertainment က တောင်အာဖရိကတွင် ကျင်းပမည့်ဘောလုံးပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်များအပြင် ပြိုင်ပွဲမကျင်းပမီကာလအတွင်း အသင်းပေါင်းစုံ၏ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပုံအဆင့်ဆင့်အား ပြသသွားမည်ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများ တိုက်ရိုက်၊ နောက်ကျထုတ်လွှင့်မှုများအား ပြသနိုင်ရန်အတွက် မြ၀တီရုပ်မြင်သံကြား၊ မြန်မာ့အသံ/ ရုပ်မြင်သံကြားတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ www.khitlunge.org.mm

About kln

k ln has written 409 post in this Website..