အားနာမိတာမှား…. မှား… မှား….

cherrywineMarch 30, 20111min1368

အဖြစ်အပျက်လေးကတော့ဒီလိုပါ ။ ။ …အများသုံး အိမ်သာတစ်ခုထဲ ဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်
“ဟေ့လူ. နေကောင်းလား…”
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

“ကောင်းပါတယ်. ကျေးဇူး”

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

“ခင်ဗျားလိုပဲပေါ့ဗျာ.”

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

“မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

“နောက်မှပဲ ပြန်ဆက်တော့မယ်ကွာ. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”

ပျော်ရွှင်ရယ်မောနိုင်ပါစေနော်……….. ( သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ရသည့်ရီစရာအဖြစ်အပျက်လေးတစ်ခုပါ )

8 comments

  • naywoonni

    March 30, 2011 at 12:13 pm

    ဟားဟား ကြားဖူးပါသကော…. ဖုန်းရူးနဲ့ လှေလူးဆိုတာဒါမျိုးပေါ့..။

  • kopauk mandalay

    March 30, 2011 at 12:44 pm

    အသံကြားတိုင်းကိုယ့်ကိုခေါ်တယ်မထင်နဲ့ဆိုတာ ဒါမျုးိပြောတာနေမှာနော်
    ကြုံဘူးပေါင် ဆိုတာမျိုးပါဘဲ………………………..

  • nature

    March 30, 2011 at 1:41 pm

    ဖုန်းနဲ့ပြောနေတာမဟုတ်ပဲတကယ်လာရင်ဒုက္ခပဲ၊ငြင်းလိုက်လို့ရှက်သွားတယ်ထင်တယ်။

  • တညင်သား

    March 30, 2011 at 2:43 pm

    အိမ်သာထဲ မှာတောင် ဖုန်းလိုင်းမိနေတယ် တယ်ကောင်း…ကျွန်တော်တို့ဖုန်းဆက်ရင် ..ဆက်သွယ်မှု့ ဧရိယာအပြင် ရောက်နေတယ် …မမေးလိုက်ဘူးလား cdma လား gsm လားလို့….

  • shan

    March 30, 2011 at 3:34 pm

    ဝါးဟားဟား ရေခဲမုန်

  • Yangon

    March 31, 2011 at 2:30 am

    သူများရေးပြီးသားပါ အဟောင်းကြီးပဲ

  • char too lan

    March 31, 2011 at 9:15 am

    အဟောင်းကြီးလည်း ခုမှသိတော့ ရီရတယ် 🙂 🙂 🙂

  • nature

    March 31, 2011 at 4:41 pm

    ကျနော်က ဝင်တာမကြာသေးတော့ char too lan eနဲ့တူတူပါဘဲ။

Leave a Reply