အဖွဲ့ အသစ်

လင်းဝေMarch 30, 20111min12410

ဒီနေ့မနက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့အသစ်ကို အာဏာလွဲပြောင်းပေးလိုက်ပါပြီတဲ့။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင်းမှာလည်း သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော်အမတ်များရှေ့မှောက်မှာ ပြုလုပ်ခဲ့ပါတယ်။

အသက် ၆၆ နှစ်ပြည့်တော့မယ့် သမ္မတအသစ် ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ လေးနှစ်လောက် ကတည်းက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ လက်ရှိအာဏာရ ခေါင်းဆောင်တွေထဲ လာဘ်စားမှု အနည်းဆုံးလို့တော့ ပြောကြတာပါပဲ။ သူဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပါတယ်။ ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄ဝ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်မှာပါ။ ထိုဝန်ကြီးအဖွဲ့ထဲ အဓိကအားဖြင့် အငြိမ်းစား စစ်အရာရှိများနှင့် နှင့် လက်ရှိတာဝန်ထမ်းဆောင်နေကြဆဲ စစ်ဘက်အရာရှိများ အများဆုံး ပါဝင်တယ်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ ဩဇာမှာ ဆက်လက်လွှမ်းမိုးနေဦးမှာ ပါပဲလို့ အများက သံသယ ဝင်ပြီး ခန့်မှန်းပြောနေကြဆဲဖြစ်သလို ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထဲ သဘောထားတင်းမာသူများ လွှမ်းမိုးနေပြီး လာမည့် နှစ်ပေါင်းများစွာအထိ အစိုးရအဖွဲ့ကို ချုပ်ကိုင် ကြီးစိုးနေလိမ့်မယ်လို့ ခန့်မှန်းကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မတ်လ ၂၆ ရက်နေ့ စနေနေ့ ညနေတွင် အစိုးရအဖွဲ့သစ်တွင် ပါမည့်သူများကို တွေ့ဆုံအပြီး အနားယူမည့်အကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အသစ်အနေနဲ့ အောက်ပါဝန်ကြီးများကို ခန့်အပ်ကြောင်း ကြေငြာလိုက်ပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်ပါတယ်။

၁။ ဗိုလ်ချုပ်လှမင်း – ကာကွယ်ရေးဝန်ကြီးဌာန
၂။ ဒုဗိုလ်ချုပ်ကြီးကိုကို- ပြည်ထဲရေးဝန်ကြီးဌာန
၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၄။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန
၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန
၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန
၁ဝ။ ဦးတင်နိုင်သိန်း- အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၃။ ဦးအောင်ကြည် -အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန
၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန
၁၆။ ဦးဉာဏ်ထွန်းအောင်- ပို့ဆောင်ရေးဝန်ကြီးဌာန
၁၇။ ဦးတင့်ဆန်း- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန
၁၈။ ဦးကျော်စွာခိုင်- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၁၉။ ဦးစိုးသိန်း- အမှတ်(၂) စက်မှုဝန်ကြီးဌာန
၂ဝ။ ဦးအောင်မင်း- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၁။ ဦးသန်းဌေး- စွမ်းအင်ဝန်ကြီးဌာန
၂၂။ ဦးဇော်မင်း- အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၃။ ဦးခင်မောင်စိုး- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ ဒေါက်တာမြအေး- ပညာရေးဝန်ကြီးဌာန
၂၅။ ဒေါက်ဖေသက်ခင်- ကျန်းမာရေးဝန်ကြီးဌာန
၂၆။ သူရဦးမြင့်မောင်- သာသာနာရေးဝန်ကြီးဌာန
၂၇။ ဦးအေးမြင့် -သပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၂၈။ ဦးခင်ရီ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၉။ ဦးသိန်းညွန့်- သမ္မတရုံးဝန်ကြီးဌာန
၃ဝ။ ဦးစိုးမောင်- သမ္မတရုံးဝန်ကြီးဌာန

ထို့အပြင် ဒုဝန်ကြီး ၃၉ ဦးကို လည်း ကြေငြာလိုက်ပါတယ်။
ဘယ်သူတွေ ဘာတွေ ဆိုတာ နောက်မှ ထပ်ပြောပါတော့မယ်။ လောလောဆယ်တော့ ရယ်စရာအလွန်ကောင်းသော အင်္ဂလိပ်လိုမပြောတတ်တဲ့ အညာသား ဆန်ကုန်သည်က ကုန်သွယ်ရေးဝန်ကြီးတက်ဖြစ်ပြီး ပညာသည်အတု စလင်းသား မောင်ကံဇော်က စီးပွားစီမံ ဒုဝန်ကြီးတဲ့။ မရမ်းကုန်းက ကိုပွင့်ဆန်းကတော့ UMFCCI ကတည်းက သူ့ဆရာနောက်လိုက်လို့ ဒုဝန်ကြီး လိုက်လုပ်ပါဦးမယ်။ ဆည်မြောင်းက စားလို့ဝနေတဲ့ ဦးခင်ဇော်လည်း ဒုဝန်ကြီး ထပ်လုပ်စေတဲ့။

(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)
(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)
(၈) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၉) ဦးခင်ဇော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၁ဝ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)
(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)
(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)
(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)
(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)
(၁၈) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)
(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂ဝ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)
(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)
(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)
(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂၄) ဦးသန့်ရှင်း (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)
(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)
(၂၈) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)
(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)
(၃ဝ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)
(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)
(၃၂) ဒေါ်စန္ဒာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)
(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)
(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)
(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)
(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)
(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)
(၃၈) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)
(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)

10 comments

  • kai

    March 30, 2011 at 9:51 am

    ပိူ့စ်အတွက် ကျေးဇူးပါနော..။ သိချင်နေတာ..
    ဆိုတော့.. သံအမတ်တွေလည်း အပြောင်းအရွေ ့တွေဖြစ်တော့မှာပေါ့..။

  • လင်းဝေကျော်

    March 30, 2011 at 10:34 am

    လာမှာ လာမှာ သူတို့ လူတွေပဲပေါ့။
    ချီးမြှောက်ရမယ့်သူတွေ ရှိသေးတာကိုး..

  • ogre

    March 30, 2011 at 11:01 am

    ပြောင်းလဲသွားသယောင်ယောင်ပဲ
    ဒါပေမယ်ကျွန်တော့မျက်စိထဲတော့….စိမ်းစိမ်းတွေပဲမြင်နေတယ်..

  • shwepyithu

    March 30, 2011 at 2:58 pm

    တော်လိုက်တာနော် သတင်းကို ချက်ချင်းတင်ပေးနိုင်တယ်။ ကျမတို့ကခုမှ သတင်းနားထောင်နေတုန်း။ ကျေးဇူးတင်ပါတယ်။ သမ္မတကြီးလဲ မိန့်ခွန်းပြောသွားတယ်နော်။ ပြည်သူတွေက တခဲနက် အားပေး ရွေးချယ်ထားသော…. ဆိုလား ကြားလိုက်တာ။ ပြည်သူတွေဘယ်တုန်းက အားပေးလို်က်မိပါလိမ့်နော်။

  • padonmar

    March 30, 2011 at 4:13 pm

    ကျေးဇူးပါ လင်းဝေကျော်။မနက် သတင်းစာစောင့်ဖတ်ရင်တောင် ရှည်လျားထွေပြားနေတဲ့ကြားက မနည်းစုရမယ့် စာရင်းပဲ၊

  • Yangon

    March 31, 2011 at 2:17 am

    လူတွေတော့ပြောင်းကြပါတယ် မူရောပြောင်းမှာလားဟင်

  • winkyawaung

    March 31, 2011 at 5:54 am

    သတင်းဦးကို စောစောတင်ပေးတာ အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာက သိပ်ထူးခြားမည် မထင်ပါ။

  • ဆူး

    March 31, 2011 at 1:41 pm

    ဒီနေ့ သတင်းစာမှာ သမ္မတကြီးကို ဓါတ်ပုံထဲမှာ မြင်ရတယ်။
    ခေါင်းပေါင်းစောင်းနေသလိုဘဲ။ ညာချ တဲ့ အစလေးဘက်ကို စောင်းနေတယ်။

  • MaMa

    March 31, 2011 at 3:04 pm

    တို့ရဲ့သမ္မတအသစ်ကို တော်တော်လေးကို ဂရုစိုက်တာပဲနော်။ ခေါင်းပေါင်းလေး စောင်းနေတာတောင် သတိထားမိတယ်။ အဲဒါကြောင့်ပြောတာပေါ့ မြင့်လွန်းတဲ့သစ်ပင် လေတိုက်ခံရတယ်လို့။

  • ဆူး

    March 31, 2011 at 3:31 pm

    သတင်းစာ ပထမ စာမျက်နှာမှာ ပုံ အကြီးကြီး ပါတယ်။ ကြည့်တာနဲ့ အရမ်းသိသာနေတာလေ.. ခေါင်းပေါင်းက ချောင်နေလို့ ထင်ပါတယ်။

Leave a Reply